သဘာဝဓာတ်ငွေ့လုပ်ငန်းက စစ်ကောင်စီ ဝင်ငွေဆက်လက်ရရှိပုံ ပြင်သစ်သတင်းစာ ဖော်ထုတ်

ပြင်သစ်စွမ်းအင်ကုမ္ပဏီ Total အကျိုးအမြတ်နေတဲ့ရေနံပိုက်လိုင်းနဲ့ဆက်စပ်နေတဲ့ဘဏ္ဍာရေးဆိုင်ရာလျှို့ဝှက်ဆောင်ရွက်မှုကနေ တဆင့်မြန်မာစစ်တပ်ဟာသဘာ၀ဓာတ်ငွေ့ရောင်းချရငွေဒေါ်လာသန်း ရာချီရရှိနေကြောင်းပြင်သစ်သတင်းစာတစောင်က..အင်္ဂါနေ့မှာ ဖော်ပြလိုက်ပါတယ်။

ဘာမြူဒါမှာ မှတ် ပုံတင်ပြီး ၁၉၉၄ ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တဲ့မုတ္တမဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ MGTC ဟာဓာတ်ငွေ့သယ်ယူ ပို့ဆောင်ရေး အတွက်မတန်တဆဈေးသတ်မှတ်ထားတာလို့ကုမ္ပဏီရဲ့စာရင်းတွေကို..ကိုးကားပြီး Le Monde သတင်းစာကဖော်ပြပါတယ်။

ဒီလို ဘဏ္ဍာရေးပိုင်းမှာအကြံအဖန် လုပ်လိုက်တာကြောင့်နိုင်ငံအနေနဲ့ရေနံတူးဖော်ခွင့် အခကြေးငွေရတာလျော့သွားသလိုတင်ပို့တဲ့ ဓာတ်ငွေ့တွေအတွက်လည်း အခွန်နှုန်းထား လျော့သွားစေကြောင်း..ပြင်သစ်သတင်းစာ Le Monde ကဖော်ပြပါတယ်။

ဒီလိုလုပ်လိုက်တာကြောင့်စစ်တပ်အနေနဲ့ သူတို့ပိုင် ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ကုမ္ပဏီကတဆင့်ဓာတ်ငွေ့တင်ပို့ခငွေကြေးတိုက်ရိုက်ရရှိနေ ပြီး ၂၀၁၉ ခုနှစ်က ကုန်ကျစာရိတ် ဒေါ်လာ ၅၂၃ သန်း ရှိခဲ့တာကနေ..အခု အခါမှာ ကုန်ကျစာရိတ် ဒေါ်လာ၁၁သန်းဘဲကျသင့်တော့တဲ့ အခြေအနေကိုပြောင်းလဲသွားကြောင်း ပြင်သစ်သတင်းစာ Le Monde ရဲ့ ဖော်ပြချက်ကိုကိုးကားပြီး AFP သတင်းကဖော်ပြထားပါတယ်။

Total လုပ်ငန်းကြီးနဲ့စစ်တပ်ကထိန်းချုပ်ထားတဲ့..မြန်မာ့ရေနံနဲ့သဘာ၀ဓာတ်ငွေ့လုပ်ငန်းကြီးကမုတ္တမဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ MGTC ရဲ့ အစုရှယ်ယာတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး MGTC ကုမ္ပဏီကရတနာဓာတ်ငွေ့ လုပ်ကွက်နဲ့ထိုင်းနိုင်ငံကိုချိတ်ဆက်ထားတဲ့ပိုက် လိုင်းကို ပိုင်ဆိုင်ထားတာပါ။..Total လုပ်ငန်းကြီးအနေနဲ့ စစ်တပ်ကိုဘဏ္ဍာငွေပေးအပ်နေတာတွေရပ်တန့်ရေးအတွက် ဖေဖော်ဝါရီလစစ် အာဏာသိမ်းပြီးကတည်းက ဒီမိုကရေစီလိုလားသူ တက်ကြွလှုပ်ရှားသူတွေကဖိအားပေးနေကြတာပါ။..

Likes:
0 0
Views:
540
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *