အတိတ်ကာလက လူသားတွေရဲ့ ထူးခြားတဲ့ တီထွင်မှုများ

လူတွေကိုအံ့ဩစေမဲ့ အရာများကို ဖန်တီးဖို့အတွက် အံ့အားသင့်လောက်စရာ ကျွမ်းကျင်မှုသာမက ဖန်တီးနိုင်စွမ်းလည်း မြင့်မားဖို့လိုပါတယ်။ သို့ပေမဲ့ တချို့အထင်ကြီးလောက်တဲ့ အရာများဟာ အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားတတ်ကြပြီး အဲ့ထဲကတချို့ကတော့ ယနေ့တိုင် တည်ရှိရှင်သန်နေဆဲဖြစ်ပါတယ်။

(၁) ၁၅၅၅ ခုနစ်ကဖန်တီးခဲ့သော မယုံနိုင်စရာ အသေးစိတ်ဖန်တီးထားတဲ့ သံချပ်၀တ်စုံ

၁၅၅၅ ခုနှစ်တွင် Archduke Maximilian II အတွက် Hercules Armor ဟုခေါ်သော ဒီရှုပ်ထွေးပြီး အ‌ေသးစိတ်ကျသော သံချပ်ကာကိုပြု လုပ်ခဲ့ပါတယ်။ သံချပ်အင်္ကျီပေါ်တွင်ရှေးဒဏ္ဍာရီပုံရိပ်အမျိုးမျိုးကို ထွင်းလုပ်ထားပြီး ရှေးအလယ်ခေတ်ပြင်သစ် သံချပ်ကာများရဲ့သိသာ ထင်ရှား တဲ့ စွမ်းရည်များကိုမြင်တွေ့ရပါတယ်။

(၂) နှစ်ပေါင်း ၃၄၀၀ သက်တမ်းရှိ အီဂျစ် အနုပညာရှင်တစ်ဦး၏ ရောင်စုံပန်းပုလက်ရာ

၎င်းကိုဆင်စွယ်တစ်ချောင်းဖြင့် ထွင်းထုထားပြီး ထိုအရာနှင့် ပတ်သက်၍ တခြားစိတ်၀င်စားစရာကောင်းတဲ့ အချက်မှာ ထိုပစ္စည်း၏ အတွင်းအပြင်တွင် ဆေးရောင်စုံသုတ်ဆေးများ ကျန်ရှိနေသေးသည် ဟူသော အချက်ပင်ဖြစ်ပါတယ်။

(၃) ဘီစီ ၁၀၇၀-၁၇၁၂ ခန့်က ကြောင်ပုံစံနှင့် အနီရောင်ကျောက်နီ ရှေးအီဂျစ်လက်စွပ်

လွန်ခဲ့သောနှစ်ပေါင်း ၂,၇၀၀ ခန့်က အီဂျစ်ပြည်တွင် ဖန်တီးထားသော carnelian ကျောက်ထိပ်ပေါ်တွင် ကြောင်ထိုင်နေ‌သော ရွှေလက် စွပ်တစ်ကွင်းဖြစ်ပါတယ်။ လက်စွပ်၏ အတွင်းပိုင်းတွင် အီဂျစ်နတ်ဘုရား Horus ရဲ့မျက်လုံးလည်းပါ၀င်ပြီး အဓိပ္ပာယ်မှာ အကာအကွယ် ကျက်သရေ အဆောင် အဖြစ်အသုံးပြုခဲ့ပါတယ်။

(၄) နှစ်ပေါင်းနှစ်ထောင် ၀န်းကျင်ခန့် ရှိပြီဖြစ်သော Caligula ၏ လက်စွပ်

နီလာကျောက် တစ်မျိုးတည်းနှင့်သာထွင်းထုထားတဲ့အေဒီ ၃၇ မှ ၄၁ အထိ အုပ်ချုပ်ခဲ့သည့် ရောမ ဧကရာဇ် caligula  ပြုလုပ်ထားသော လက်စွပ်ဟု ယူဆကြပါတယ်။

လက်စွပ်၏ ထိပ်ပိုင်းတွင်ထွင်းထုထားသော မျက်နှာဟာ caligula ၏ စတုတ္ထမြောက် ဇနီးရဲ့ပုံ ဖြစ်ပါတယ်။ အဆိုပါလက်စွပ်ကို ၂၀၁၉ ခုနစ်တွင် လေလံတင်ရောင်းချခဲ့ရာတရားဝင်လေ‌လံဈေးကို မထုတ်ဖော်သော်လည်း လူများကြားတွင် $600,000 ဟုကောလဟာလထွက်ခဲ့ ပါတယ်။

(၅) ယနေ့တိုင် အသုံးပြုနေသော ဘီစီ ၁၁၉၀ နှင့် ၁၃၀၀ ကြားတည်ဆောက်ခဲ့တဲ့ Arkadiko တံတားဂရိနိုင်ငံတွင်ရှိသော Arkadiko တံတား အမည်ရှိတဲ့ကျောက်တံတားဟောင်းဟာ အမှန်တကယ်တွင်ယနေ့အထိအသက်ရှင်ကျန်ရစ်ခဲ့သောရှေးအကျဆုံးတံတားများအနက်မှ တစ်ခု ဖြစ်ပါတယ်။

၎င်းကိုလွန်ခဲ့သောနှစ်ပေါင်း ၃,၃၀၀ ခန့်ကတည်ဆောက်ခဲ့ခြင်းဖြစ်ပြီးအစပိုင်းတွင် Tiryns နှင့် Epidaurus မြို့များ အကြားကူး သန်းသွားလာသည့်ရထားများအတွက်တည်ဆောက်ခဲ့ပါတယ်။

Likes:
0 0
Views:
1107
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *