ကိုရီးယားနိုင်ငံကကျောင်းမှာပြုလုပ်တဲ့ မြန်မာပြည်အတွက် အထူးသတိရဆုတောင်းခြင်းပွဲမှာ တက်တက်ကြွကြွပါဝင်ခဲ့သူလေး နော်မာသာထူးဝါး

ကိုရီးယားနိုင်ငံကကျောင်းမှာပြုလုပ်တဲ့ မြန်မာပြည်အတွက် အထူးသတိရဆုတောင်းခြင်းပွဲမှာ တက်တက်ကြွကြွပါဝင်ခဲ့သူလေး ေနော်မာ သာထူးဝါး” အိမ်လေးတစ်လုံးလိုချင်တယ် ” သီချင်းနဲ့ မြန်မာပရိသတ်တွေရဲ့ အပြည့်အဝအားပေးမှုကို ရခဲ့တဲ့ ကရင်တိုင်းရင်းသူလေး နော်မာ သာထူးဝါး (ခ) ဖိုးမူကြီးဟာ တေးရေးဦးထူးဝါးရဲ့မျိုးဆက်ဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ခြေရာကိုအပြည့်အဝနင်းဖို့ ကြိုးစားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

(ထိုင်း၊ကိုရီယား၊အင်္ဂလိပ်၊မြန်မာ၊ကရင်) စတဲ့ ဘာသာစကားငါးမျိုးတတ်ကျွမ်းပြီး အသက် (၈) နှစ်အရွယ်ထိထိုင်းနိုင်ငံမှာနေထိုင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူဦးထူးဝါးဆုံးပြီးနောက်မှာတော့ ကျန်ခဲ့တဲ့မိသားစုတွေဟာကိုရီးယားနိုင်ငံကိုပြောင်းရွှေ့နေထိုင်ခဲ့တာယနေ့ထက်ထိပါပဲ။လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အရေးအခင်းနဲ့ပတ်သက်ပြီးသူမတတ်နိုင်သလောက်ပါဝင်ပေးခဲ့ပါသေးတယ်။

ဒီနေ့မှာလည်း ဖိုးမူကြီးတို့ကျောင်းမှာကျင်းပတဲ့ မြန်မာပြည်အတွက် အထူးသတိရဆုတောင်းခြင်းအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ပုံရိပ်တွေကိုသူမ ရဲ့လူမှုကွန်ယက်မှာဝေမျှပေးခဲ့ပါတယ်။အသက်ငယ်ပေမယ့်ကိုယ့်နိုင်ငံအရေးအတွက်ရတဲ့ဖက်ကတတ်နိုင်သလောက် ကြိုးစားပေးနေတဲ့ ခံယူချက်နဲ့စိတ်ဓာတ်ကတော့ တကယ်ကိုလေးစားစရာပါ။

မောင်နှမသုံးယောက်ထဲမှာလည်းအကြီးဆုံးသမီးဖြစ်တာနဲ့အညီ မိခင်ဖြစ်သူအားကိုးရအောင်လိမ္မာတဲ့သမီးလေးတစ်ယောက် ဖြစ်ပေးခဲ့ ပါတယ်။

အစီအစဉ်ပြုလုပ်စဉ်က မှတ်တမ်းတင်ခဲ့တဲ့ ပုံရိပ်တွေကို ” ဒီနေ့ဖိုးမူကြီးတို့ကျောင်းမှာမြန်မာပြည်အတွက်အထူးသတိရဆုတောင်းခြင်း အစီအစဉ်ပြုလုပ်ခဲ့ပါတယ်။မြန်မာပြည်ကြီးကအခက်အခဲကိုကမ္ဘာအရပ်ရပ်ကပြည်သူတွေမေ့မထားပါဘူး။

သတိတရဆုတောင်းပေးနေတာကြောင့်မြန်မာပြည်သားတွေလည်း အားတင်းထားပေးပါ။ အောင်ပွဲကိုရောက်အောင်ချီတက်ပါ။ အရေး တော်ပုံအောင်ရမည်။ ” ဆိုပြီးဝေမျှခဲ့ပါတယ်။

Credit to original writing

Likes:
0 0
Views:
695
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *