အီဂျစ် နတ်ဘုရားများအကြောင်း

ဂရိနိုင်ငံကဲ့သို့ပင်အီဂျစ်နိုင်ငံသည်လည်းနတ်ဘုရားပေါင်း ရာနဲ့ချီပြီးရှိခဲ့ပါတယ်။ နှစ်ထောင်ပေါင်းများစွာ ရှည်ကြာခဲ့သည့်နိုင်ငံဖြစ်တာနဲ့အညီ လူနေ့မှုစနစ်အမျိုးမျိုးနှင့် အတူနတ်ဘုရားအမျိုးမျိုးလည်းပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်။

ဘုရင်အဆက်ဆက် နတ်ဘုရားနတ်ဘုရားမပေါင်းအမျိုးမျိုးကိုပြောင်းလဲကိုးကွယ်ခဲ့ပါတယ်။ နတ်ဘုရားပေါင်းများစွာထဲမှအထင်ကရ နတ်ဘုရား ၁၇ပါးကိုဖော်ပြရသည်ရှိသော်

Amun – အာမန်

သိုးချို လိုပုံစံရှိတဲ့ဦးထုပ်ကိုဆောင်းထားတဲ့ အီဂျစ်လူမျိုးတွေ ရဲ့တန်ခိုးကြီး နတ်ဘုရားတစ်ပါးပါ။ သူ့ကိုနတ်ဘုရားတွေ ရဲ့ဘုရင်လို့လည်း ခေါ်ပါတယ်။

သူဟာအီဂျစ်တွေ ရဲ့ ဒဏ္ဍာရီသမိုင်းမှာ ထင်ရှားကျော်ကြားတဲ့နတ်ဘုရားဖြစ်ရုံမျှမကနေနတ်ဘုရား ရာ ( Ra ) နဲ့ပေါင်းစပ်ပြီး ရှင်သန်တဲ့ အခါအာမန်ရာ ( Amun-Ra ) ဆိုပြီးပိုမိုတန်ခိုးကြီးတဲ့ နတ်ဘုရားတစ်ပါးဖြစ်လာခဲ့ပါတယ်။

Anubis – အနုဘစ်

ခွေး – ဝံပလွေ ခေါင်းရှိတဲ့လူပုံစံနဲ့နတ်ဘုရားတစ်ပါးပါ။ အသေကောင်တွေကို စီမံအုပ်ချုပ်ရတဲ့နတ်ဘုရား တစ်ပါး လို့လည်း တစ်ချို့က ဆိုပါတယ်။

တော်ဝင်မျိုးနွယ်တွေသေသွားတဲ့ အခါ မံမီရုပ်အလောင်းအဖြစ်စီမံခြင်း နဲ့အသေကောင် တွေနဲ့သက်ဆိုင်တဲ့အရာအားလုံးကို သူကပဲကြိုး ကိုင်ရပါတယ်။ယခုအချိန်ထိအီဂျစ်ဘုန်းတော်ကြီး တစ်ချို့ဟာအသုဘ အခမ်းအနားတွေမှာအနုဘစ်ရဲ့မျက်နှာဖုံး ခေါင်းဆောင်းတွေ ဝတ်ဆင်လေ့ ရှိတယ်လို့ဆိုပါတယ်။

Atum – အက်တမ်

သရဖူ နှစ်ခု ဆောင်းထားတဲ့အမျိုးသား ပုံစံနဲ့နတ်ဘုရားဖြစ်ပါတယ်။ သူ့နာမည်ရဲ့အဓိပ္ပါယ် ကတော့အရာအားလုံး ပြီးပြည့်စုံခြင်း လို့အဓိပ္ပါယ် ရပါတယ်။ သူကကမ္ဘာလောကရဲ့ပထမဦးဆုံးနတ်ဘုရားလည်းဖြစ်ပါတယ်။သူကပဲအခြားနတ်ဘုရားတွေအားလုံးကို ဖန်ဆင်းခဲ့တာလို့ လည်းယုံကြည် ကြပါတယ်။

Bastet – ဘေးစတက်

ကြောင်ခေါင်း နဲ့ အမျိုးသမီး ပုံစံ ရှိတဲ့ နတ်ဘုရားမ ပါ။ နူးညံ ညင်သာပြီး အကာ အကွယ် ပေးတတ်တဲ့ နတ်ဘုရားမ လို့ လည်း ယုံကြည် ကြ ပါတယ်။ ကြောင်တွေ ဟာလည်း သူမ ရဲ့ သင်္ကေတ ပါဘဲ။ သူမ ဟာ နေနတ်ဘုရား ရာ ရဲ့ သမီးတော် ဖြစ်ပြီး လူတွေ ကို အကျိုးပြု ကာကွယ် စောင့်ရှောက် တတ်သူ လို့လည်း ဆိုပါတယ်။

Geb – ဂက်ဘ်

ကောင်းကင် နတ်ဘုရားမ နပ် အောက်မှာလဲလျှောင်းနေတဲ့နတ်ဘုရား ပါ။ တစ်ခါတစ်ရံမှာ ခေါင်းပေါ်မှာ ဝန်ကို တင်ထားတဲ့ ပုံစံ လည်း ရှိပါတယ်။ ဂက်ဘ် ဟာ ကမ္ဘာမြေကြီး ရဲ့နတ်ဘုရားလည်း ဖြစ်ပါတယ်။ကောင်းကင်နတ်ဘုရားမ နပ် ရဲ့ မောင်တော်သူလည်း ဖြစ်ပါတယ်။ သူ ရယ်မော လိုက်ရင် မြေငလျှင် တွေ လှုပ်ခတ်သွား တတ်တယ် လို့ အယူရှိကြ ပါတယ်။

Thoth – သိအိုထိ

ခရုစုပ် ငှက်ခေါင်း နဲ့ လူကိုယ် ရှိတဲ့ နတ်ဘုရား ဖြစ်ပြီး စာရေး ကိရိယာ တစ်ချို့ကို ကိုင်ထားလေ့ ရှိပါတယ်။ သူ ဟာ စာအရေးအသား နဲ့ ဉာဏ်ပညာ ရဲ့ နတ်ဘုရား ဖြစ်သလို လ ကို ကိုယ်စားပြုတယ် လို့လည်း ဆိုပါတယ်။

Tawaret – တာဝါရတ်

ရေမြင်းခေါင်း ၊ ခြင်္သေ့ ခြေလေးချောင်း ၊ မိကျောင်း အမြီး ကိုယ်ဝန်ဆောင် မိန်းမဗိုက် ကိုယ်ထည် ရှိတဲ့ နတ်ဘုရားမ ပါ။ သူမ ဟာ မိန်းမတွေ ရဲ့ ကိုယ်ဝန်ဆောင်ချိန် နဲ့ ကလေးမွေးဖွား ချိန်မှာ စောင့်ရှောက်ပေးတဲ့ နတ်ဘုရားမ ဖြစ်ပါတယ်။ တာဝါရတ် နဲ့ ဘက်စ် တို့လို နတ်ဘုရား တွေကို လူတွေ က အိမ်တွင်း မှာသာကိုးကွယ် ထားရှိကြပြီး တခြား နတ်ဘုရားများ ကိုတော့ နန်းဆောင် အဆောက်အဦးတွေ တည်ဆောက် ကိုးကွယ်လေ့ ရှိတယ် လို့ဆိုပါတယ်။

Bes – ဘက်စ်

ခြင်္သေခေါင်း နဲ့ လူပုလေး ကိုယ်ထည် ရှိတဲ့ နတ်ဘုရားငယ် တစ်ပါး ဖြစ်ပါတယ်။ သူဟာ ကိုယ်ဝန်ဆောင် နဲ့ ကလေးငယ်တွေ ကို စောင့်ရှောက်ပေးတဲ့ သူလည်း ဖြစ်ပါတယ်။ သူဟာ မြွေတွေ နဲ့ ကင်းမြီးကောက် ရန်ကနေ ကာကွယ်ပေးနိုင်တယ် လို့လည်း တချို့တွေ က အယူရှိကြ ပါတယ်။

Seth – ဆက်သ်

အမျိုးအမည် ဖော်ပြလို့မရတဲ့သတ္တဝါဦးခေါင်း နဲ့ လူကိုယ်ထည်ရှိတဲ့နတ်ဘုရားဖြစ်ပါတယ်။ သူဟာ အိုဆိုင်းရစ်နဲ့အိစစ်တို့ရဲ့မွေးခြင်း မောင်နှမ ဖြစ်ပြီး ငြိမ်းခြမ်းမှု့မရှိခြင်း နဲ့ပရမ်းပတာဖြစ်ခြင်း တို့ရဲ့နတ်ဘုရားလည်းဖြစ်ပါတယ်။ ဒဏ္ဍာရီအဆိုအရသူဟာသူ့အကို အိုဆိုင်းရစ်ကိုသတ်ပြီး တူဖြစ်သူ ( အိုဆိုင်းရစ် သားတော် ) ဟောရက်စ်နဲ့စစ်ခင်းကာလူ့လောကကိုအုပ်ချုပ်ချင်သူ ဖြစ်တယ်လို့ဆိုပါတယ်။

Osiris – အိုဆိုင်းရစ်

ဂရိနတ်များအနက်အရေးပါဆုံးနတ်ဟု ဆိုနိုင်ပါတယ်။ မြေအောက်ကမ္ဘာ၏ နတ်ဘုရားဖြစ်ပြီးသေဆုံးခြင်း ၊ ရှင်သန်ထမြောက်ခြင်းနှင့် နိုင်းမြစ်ရေကိုအလိုလျှောက် အတိုးအလျှော့လုပ်နိုင်ခြင်း စသည်တို့ကိုပိုင်စိုးသည့်နတ်ဘုရားဖြစ်သည်။ မံမီပုံစံဝတ်ဆင်ထားပြီးခေါင်းပေါ်မှာ ငှက်မွှေးပါခေါင်းဆောင်းတစ်ခုကိုဆောင်းထားသည်။ အိစစ်(Isis) နတ်ဘုရားမရဲ့အကိုလည်းဖြစ်ပါတယ်။ သူဟာမံမီဘုရင်ကိုကိုယ်စား ပြုပြီး အစိမ်းရောင်အသားအရေဖြစ်နေတဲ့ မျက်နှာနဲ့လက်ကလွဲရင်တစ်ကိုယ်လုံးကို မံမီကဲ့သို့ထုတ်ပိုးထားပါတယ်။

Nut – နပ်

ကြယ်တွေ ကိုစီချယ်ထားတဲ့ဝတ်စုံကို ဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ဦး ကောင်းကင်ကို ကျောပေးပြီး မှောက်လျှက်နေနေတဲ့ပုံစံ ရှိပါတယ်။ ဆိုလိုရင်းကတော့သူမဟာကောင်းကင်နဲ့စကြာဝဠာ ရဲ့နတ်ဘုရားမ ဖြစ်ပြီးသူမရဲ့ကိုယ်ထည်ဟာကမ္ဘာပေါ်ကိုဖုံးလွှမ်းကာမိုးကောင်းကင် ဖြစ်လာတယ်လို့ဆိုလိုပါတယ်။ အီဂျစ်တွေရဲ့ယုံကြည်ချက် အရသူမဟာညအချိန်မှာနေနတ်ဘုရားကိုမျိုချပြီး နေ့အချိန်မှာပြန်လည် မွှေးဖွားပေးလေ့ ရှိတယ်လို့ဆိုပါတယ်။

Ma’at – မေးရတ်

ဦးခေါင်းပေါ်မှာငှက်မွှေး ပန်ဆင်ထားတဲ့အမျိုးသမီး တစ်ယောက် ပုံစံရှိပါတယ်။ သူမ ဟာအမှန်တရား တရားမျှတခြင်း ရဲ့နတ်ဘုရားမ ဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့အရာတိုင်းနဲ့ကိစ္စအားလုံးကို ညီမျှမှုရှိအောင်ဆောင်ရွက်ပေးရပါတယ်။ သူမဟာ လည်းနေနတ်ဘုရားရာရဲ့ သမီး ဖြစ် ပါတယ်။

Isis – အိစစ်

မင်းပုလ္လင် ပုံစံ ခေါင်းဆောင်း ဆောင်းထားပြီးလက်ထဲမှာတုတ်တံရှည် တစ်ခုကိုကိုင်ထားလေ့ရှိပါတယ်။ သူမဟာတန်ခိုးစွမ်းအား ကြီးမားတဲ့ အစီအရင်တွေ နဲ့ လူတွေ ကို ကာကွယ်ပေးလေ့ရှိသူပါ။ဟောရပ်စ်ရဲ့မိခင်ဖြစ်ပြီး အလွန်အရေးပါတဲ့နတ်ဘုရားမလည်း ဖြစ်ပါတယ်။

Horus – ဟောရပ်စ်

ကောင်းကင် နဲ့ လေနတ်ဘုရား ဖြစ်ပါတယ်။ သူ့နာမည်က အပေါ်ဆုံးမှာ ရှိသူလို့ အဓိပ္ပါယ် ရပါတယ်။ သိမ်းငှက် ဦးခေါင်း နဲ့ လူပုံစံရှိပြီး အီဂျစ်ကိုကာကွယ် စောင့်ရှောက်တဲ့အဓိကအုပ်ချုပ်သူလည်းဖြစ်ပါတယ်။ အီဂျစ်တွေက ဖာရိုဘုရင်ကိုသက်ရှိထင်ရှားဟောရပ်စ်နတ်ဘုရား အဖြစ် သတ်မှတ် ကြပါတယ်။ ဟောရပ်စ်ဟာစစ်ပွဲအတွင်း မျက်စိ တစ်ဖက် ကွယ်သွားခဲ့ရပြီးသူရဲ့မျက်လုံးကိုအစွဲပြုကာမျက်လုံးတစ်ဖက် ပုံစံသင်္ကေတတွေနဲ့ရှေးအီဂျစ်တွေဟာအကာအကွယ်တွေစီမံလေ့ရှိကြပါတယ်။

Hathor – ဟက်သာ

ဦးခေါင်း တွင် နွား နားရွက် အစုံရှိပြီး နေပုံစံရှိတဲ့ အဝိုင်းပြားတစ်ခုကိုခေါင်းပေါ်မှာတင်ထား ပါတယ်။ သူမဟာ ချစ်ခြင်း နဲ့ပျော်ရွှင်ခြင်းကို ကိုယ်စားပြုတဲ့ နတ်ဘုရားမ ဖြစ်ပြီး လူတွေကိုစောင့်ရှောက်တဲ့နတ်ဘုရားမလည်းဖြစ်ပါတယ်။တချို့ ကတော့သူမဟာဖာရိုဘုရင်ရဲ့မိခင် ဖြစ်တယ် လို ဆိုကြ ပါတယ်။

Hapy- ဟပီး

ရေကြီးခြင်း နဲ့ သီးနှံလယ်ယာ ဖြစ်ထွန်းခြင်း ကို စောင်ရွက်ပေးတဲ့နတ်ဘုရားတစ်ပါးဖြစ်ပါတယ်။ ဗိုက်ပူပူနဲ့ခေါင်းပေါ်မှာကန်စွန်းရွက် တွေကိုပန်ဆင်ထားလေ့ ရှိပါတယ်။ သူဟာ အီဂျစ် လူမျိုးတွေအတွက် အလွန်အရေးပါတဲ့နတ်ဘုရား တစ်ပါးဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နှစ်စဉ်နှစ်တိုင်း ရေရရှိပြီး သီးနှံတွေဖြစ်ထွန်းလာအောင် သူကပဲတန်ခိုး နဲ့ ဖန်ဆင်းစွမ်းဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

လောကီဝိဇ္ဇာ မှ

Likes:
0 0
Views:
2760
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *