အရွယ်လေးတွေနဲ့မလိုက်အောင် ရဲရင့်ကြပြီး အားမာန်အပြည့်နဲ့ ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ယင်းမာပင်မြို့နယ်က Gen Alpha လေးများ

အရွယ်လေးတွေနဲ့မလိုက်အောင် ရဲရင့်ကြပြီး အားမာန်အပြည့်နဲ့ ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ယင်းမာပင်မြို့နယ်က Gen Alpha ေလေးများလူငယ်တွေကတော့ တိုင်းပြည်ရဲ့အနာဂတ်အတွက် အဆုံးအစွန်အထိ ပါဝင်လှုပ်ရှားဖို့ကို ဝန်မလေးကြတဲ့သူတွေပဲ ဖြစ်ပါတယ် ။

လူငယ်တွေက ပြည်သူတွေကို ဦးစီးဦးဆောင်ပြုနိုင်စွမ်းရှိသလို အရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး ကာကွယ်ပေးဖို့အတွက်လည်း အမြဲအသင့်ရှိနေကြတာ ဖြစ်ပါတယ် ။

လူငယ်တွေဦးဆောင်တဲ့ သပိတ်ကြောင်းတွေကတော့ နေ့တိုင်းလိုလို လမ်းပေါ်မှာရှိနေတတ်ပြီး သူတို့က လူထုလှုပ်ရှားမှုတွေကို မပျက်မကွက် ပြုလုပ်နေကြတာ ဖြစ်ပါတယ် ။

လူငယ်တွေသာမက “Gen Alpha” လို့ခေါ်တဲ့ တိုင်းပြည်ရဲ့အနာဂတ်မျိုးဆက်သစ်လေးတွေလည်း လူထုလှုပ်ရှားမှုပွဲတွေမှာ တက်တက် ကြွကြွ ပါဝင်နေကြတာ ဖြစ်ပါတယ် ။

Gen Alpha လေးတွေကတော့ ပြည်သူတွေ စိတ်ခွန်အားဖြစ်စေဖို့အတွက် တစ်ထောင့်တစ်နေရာကနေသူတို့တတ်စွမ်းသလောက် ကြိုးစားပါဝင်ပေးနေကြတာလည်း ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ရက်ကဆိုရင်လည်းယင်းမာပင်မြို့နယ်မှာရှိတဲ့ ကလေးတွေကကျောင်းဝတ်စုံလေးတွေကိုယ်စီဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။သူတို့ကတော့ “ကျွန်ပညာရေးစနစ် အလိုမရှိ” ဆိုပြီးရေးသားထားတဲ့ စာရွက်တွေကိုကိုင်ဆောင်ပြီးလမ်းတစ်လျှောက် လှည့်လည် ကြွေးကြော်ခဲ့ကြတာဖြစ်ပါတယ် ။

အရွယ်လေးတွေနဲ့မလိုက်အောင် ရဲရင့်ကြပြီး အားမာန်အပြည့်နဲ့ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ဒီကလေးတွေကို ပြည်သူတွေကပါ ချီးကျူးခဲ့ရတာပဲ ဖြစ်ပါတယ် ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဘိန်းနွယ်ချောင်ရွာက Gen Alpha လေးတွေရဲ့ဆန္ဒထုတ်ဖော်ပွဲပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit to original writing

Likes:
0 0
Views:
571
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *