ကမ္ဘာပေါ်မှာအကောင်ရေ အနည်းငယ်သာကျန်ရှိတော့ တဲ့ရှားပါးမျိုးစိတ်များ

တိရစ္ဆာန်တွေ မျိုးသုဉ်းပျောက်ကွယ်ရတဲ့ အကြောင်းရင်း ကိုရှာ‌ဖွေ ကြည့်တဲ့အခါ မှာအဖြေကတော့တစ်ခုတည်းသာထွက်လာပါတယ်။ အဲ့ဒါကတော့လူသားတွေကြောင့်ပါပဲ ။

လူသားများဟာနှစ်စဉ်ငါးအကောင်ရေ ၈၅သန်းခန့်ကို ဖမ်း‌သော်လည်း ပင်လယ်သက်ရှိ ဘဝများ ကိုမျိုးမသုဉ်းစေပါဘူး။ဒါပေမယ့်လို့ နှစ်စဉ်နှစ်တိုင်းတောတွင်းနေထိုင်သည့်တိရစ္ဆာန်များ သန်းချီပျောက်ကွယ်ခြင်း ၊ သမုဒ္ဒရာတွင်း နေထိုင်သည့် ရေနေသတ္တဝါများမျိုးသုဉ်းမှုကို အကြီးကျယ် ခြိမ်းခြောက်နေခြင်းဟာ ပလက်စတစ်ပြသာနာပဲဖြစ်ပါတယ်။

(၁)Vaquita porpoise

ဒီအလွန်ရှားပါးတဲ့ အဏ္ဏဝါနို့တိုက်သတ္တဝါများကို ၁၉၅၈ ခုနှစ်တွင်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သို့သော်လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းတွင် vaquitas ဟာတရားမဝင်ငါးဖမ်းလုပ်ငန်းများရဲ့ သားကောင်ဖြစ်ခဲ့ရပါတယ်။

သူတို့ကို ပိုက်ကွန်ဖြင့် မကြာခဏ ဖမ်းမိလေ့ရှိတာကြောင့်မက္ကဆီကိုပင်လယ်ကွေ့တွင် အကောင်ရေ ၁၀ ကောင် လောက်သာကျန်ရှိပါ တော့တယ်။

(၂) Amur ကျားသစ်

ဒီထူးခြားတဲ့ မျိုးစိတ်များဟာ ရုရှားအရှေ့ဖျားရှိသစ်တောအပူချိန်တွင် အသက်ရှင်သန်‌နေထိုင်ဖို့ နည်းလမ်းတစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။ သူတို့ဟာ တော၌ အသက် 15နှစ်အထိနေထိုင်ကြပြီး အကောင်20လောက်အုပ်စုဖွဲ့နေထိုင်ကြလေ့ရှိပါတယ်။

အံသြဖွယ်ကောင်းတဲ့အချက်ကတော့ တစ်နာရီ ၃၇မိုင်နှုန်းပြေးနိုင်ပြီး အလျားပေ ၁၉ထိ ခုန်နိုင်ကြပါတယ်။သို့သော် သူတို့ရဲ့ကျက်စားရာ နေရာများဆုံးရူံးခြင်း နှင့် လူသားများကြောင့် အကောင်အရေအတွက်ဟာ ၈၄ကောင်နီးပါးသာရှိပြီး လျော့နည်းလာကြပါတယ်။

(၃)ကနေဒါဆိပ်ကမ်း က ဖျံ

Quebec တွင်တွေ့ရသောဒီမျိုးစိတ်များဟာ ရေချိုတွင်သာ အသက်ရှင်နေထိုင်ကြပြီး ငါးများဟာ သူတို့ရဲ့အစာဖြစ်ပါတယ်။နောက်ဆုံး တွက်ချက်သိရှိမှုအရ သူတို့ထဲမှ အကောင် 100 ကျော်ဟာ ထိုဒေသတွင် မနေထိုင်ကြပါဘူး။အကြောင်းရင်းမှာ လူတော်တော်များများက သူတို့ကိုဖမ်းဆီးခြင်း ၊ အမဲလိုက်ခြင်းခံရသောကြောင့်နဲပါးလာပါတယ်။ထို့အပြင်တခါတရံ ဖျံ များဟာ ငါးဖမ်းပစ္စည်းများနှင့် ညှပ်နေပြီး လွတ်မြှောက်အောင် မလုပ်နိုင်ကြပါဘူး။

(၄)kakapo

ထိုငှက်မျိုးစိတ်ကတော့နှစ်၇၀အကြာတွင် ပထမဆုံးအကောင်ရေ ၂၁၃ကောင်အထက် တိုးပွားလာပါတယ်။၂၀၁၈/၂၀၁၉ မျိုးဆက်ပွားရာသီ၌ ၇၁ ကောင်သာ အသက်ရှင်နေပြီး မျိုးစိတ်များအတွက် စံချိန်တင် အရေတွက်ဖြစ်ပါတယ်။ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များဟာ ငှက်များ ကို ကျန်းမာရေးစွာနေရန် နှင့် ရောဂါကူးစက်မှုကို ကာကွယ်ရန် ကြိုးစားခဲ့ကြပါတယ်။

သူတို့ရဲ့ နောက်ထပ် ရည်ရွှယ်ချက်ပန်းတိုင်ကတော့ ငှက်များအတွက် ပိုးမွှားကင်းစင်တဲ့ နေရာဒေသ ကိုရှာဖွေရန်ဖြစ်ပြီး ရောဂါဟာ သူတို့အတွက် အဓိက ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်။

(၅)Gharial မိကျောင်း၂၀၁၀ ခုနှစ်တွင် Bihar ရှိ Gandak မြစ်၌ထိုမိကျောင်းမျိုးစိတ် ၁၅ ကောင်သာတွေ့ရှိခဲ့ပါတယ်။

ထိုကြောင့် ၂၀၁၄ခုနစ် ပြန်လည်ထိန်းသိမ်းရေးအစီစဉ်ကို ပြုလုပ်ခဲ့ပြီး မိကျောင်း အကောင်၃၀ ကို တစ်စုခြင်းစီ မြစ်ထဲပြန်လွှတ်ပေးခဲ့ပါ တယ်။ သူတို့ရဲ့ အကောင်ရေ တိုးပွားဖို့ စတင်ခဲ့တဲ့အချိန်ပါပဲ။

Likes:
0 0
Views:
827
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *