စာတွေ ကဗျာတွေထဲက မဲဇာ ဆိုတဲ့နေရာ

တချို့က မဲဇာမြစ်ဟု ခေါ်ကြပြီး ကသာခရိုင် ၊ ဗန်းမောက်မြို့နယ်၊အင်းတော်မြို့နယ်နှင့်ထီးချိုင့်မြို့ကို ဖြတ်သန်းစီးဆင်းကာဧရာဝတီမြစ် အတွင်း သို့ စီးဝင်ပါသည်။ မဲဇာဟူသောအမည်ကို(မဲ+ဇာ)ဟု ခွဲခြမ်း စိတ်ဖြာသည်။ မဲ = မည်းနက်သည် ၊ ဇာ = ရေအဟောဖြစ်၏….

ထို့ကြောင့် ရေမည်းမြစ်ဟု အဓိပ္ပါယ်ရသည်။ မဲဇာမြစ်သည် ဟုမ္မလင်းမြို့နယ်၊ကချင်ပြည်နယ်နှင့်ဗန်းမောက်မြို့နယ်တို့နယ်စပ်ဆုံ (သုံးမြေဆိုင်) တောင်သုံးလုံးမှ အစပြု၍ စီးဆင်းလာပြီး ကချင်ပြည်နယ်ကိုဖြတ်လျှက်ဗန်းမောက်မြို့နယ်၊ ဗူး တောင်းရွာအထက်မှ ဗန်းမောက်မြို့နယ်အတွင်း စီးဝင်သည်။

ဗန်းမောက်မြို့နယ်၊အင်းပေါက်အုပ်စု၊မံထုံအုပ်စု၊ကျွန်းကုန်းအုပ်စု၊တုံးလှော်အုပ်စု၊ကိုင်းကြီးအုပ်စု နှင့်ကျွဲကောအုပ်စုများကိုဖြတ်၍ အင်းတော် မြို့နယ်သို့စီးဆင်းသွားသည်။ အင်းတော်မြို့နယ်ကိုဖြတ်သန်းကာတောင်ဘက်စူးစူးသို့စီးဆင်းသွားခြင်းဖြစ်သည်။ မဲဇာချောင်းသည် အလျား (၅၂) မိုင်ရှည်လျားကာ မိုးဥတုတွင် ရေအနက်(၁၂)ပေခန့်ရှိပြီးရေစီးနှုန်း (၄)မိုင်ခန့်ရှိသည်။

မဲဇာချောင်းသည်အင်းတော်မြို့နယ်မှ ထီးချိုင့်မြို့နယ်အတွင်းသို့ ဖြတ်သန်းစီးဝင်သည်။ မဲဇာ လေးရွာ၊သာယာကုန်း ၊ဇီးတောင်၊ ပေါက်ပင် ကွေ့၊ ရေပေါက်ကြီး၊ဆင်ဖြူဆိပ်၊လင်းပိုင်တင်၊မုက်ဝ၊ တောမ၊ဝဲကြီး၊ မိကျောင်းအိုက်၊ဒိုးပင်၊မယ်ဇလီ၊ ညောင်ပင်သာစသောကျေးရွာအုပ် စုများကိုဖြတ်သန်းစီးဆင်းပြီးထီးချိုင့်မြို့အောက်ဘက် (၈)မိုင်ခန့်ကွာညောင်ပင်သာ(ဂိုတောင်)အရပ်တွင်ဧရာဝတီသို့စီးဝင်သည်။မဲဇာ လေးရွာအထက်နားတွင်ကွမ်းဘောင်ချောင်းနှင့်ပေါင်းဆုံသည်။

မဲဇာဆိုလျှင် ရှေးမြန်မာမင်းများ လက်ထက်က မင်းမျက်သင့်၍ နယ်ခြားသို့ အပို့ခံရသောဒေသဖြစ်သောကြောင့်လူတိုင်းကြောက် ရွံ့ကြသည်။ လွန်ခဲ့သည့် နှစ်(၂၀၀)ကျော်က `မဲဇာသစ်တောကြီး၊ မြိုင်တောကြီးများ´ ရှိခဲ့သည်။ယခုတိုင်အချို့သည်မိမိတို့မလိုလားသောအရပ်တွင်တာဝန် ထမ်းဆောင်ရပါက “ငါတော့မဲဇာအပို့ခံရတာပဲ”ဟုခိုင်းနှိုင်းပြောဆိုတတ်ကြပါသည်။မဲဇာချောင်းကမ်းတွင် မဲဇာဟူသောအမည်ဖြင့်ရွာ(၂) ရွာတည်ရှိပါသည်။

မန္တလေး-မြစ်ကြီးနားလမ်းမီးရထားခရီးစဉ်တွင်မီးရထားဘူတာဖြစ်သောမဲဇာရွာ(အင်းတော်မြို့နယ်)နှင့် ထီးချိုင့် မြို့နယ် အတွင်းရှိ မဲဇာရွာတို့ဖြစ်သည်။ယင်းနှစ်ရွာစလုံးမှာမဲဇာချောင်း၏ အရှေ့ဘက်ကမ်းတွင် တည်ရှိနေကြပြီးတစ်ရွာ နှင့်တစ်ရွာ (၁၂)မိုင်မျှ ကွာဝေးပါ သည်။

“ကင်းစမ်းတောင်က လေဦးကျရှင့်” အလယ်တွင် ကင်းစမ်းတောင်ခြား လျှက် ရှိသည်။မဲဇာရွာများကိုရောထွေး၍ခေါ်နိုင်သဖြင့်ရထား လမ်းပေါ်ရှိ မဲဇာရွာအား သံလမ်း မဲဇာ (သို့) မဲဇာကြီး (သို့) အထက်မဲဇာ ဟုခေါ်ကြသည်။ ထီးချိုင့်မြို့နယ်အတွင်းရှိ မဲဇာရွာအားမဲဇာလေး (သို့) အောက်မဲဇာ ဟု ခွဲခြားခေါ်လေ့ ရှိကြပါ သည်။

လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံမင်းမျက်သင့်၍မဲဇာပို့သည်ဆိုသည်မှာထီးချိုင့်မြို့နယ်အတွင်းရှိမဲဇာလေးရွာပင်ဖြစ်သည်။ ဒေသခံများက မဲဇာမြစ်ရိုးမြစ်စဉ်ကိုအပိုင်းကန့် ထားရာ မဲဇာမြစ် အထက်ပိုင်းသည် ကချင်ပြည် နယ်နှင့်ဗန်းမောက်မြို့နယ်တို့တွင်ပါဝင်လျှက် မဲဇာမြစ်အ လယ်ပိုင်းသည်အင်းတော်မြို့နယ် ပါဝင်ပြီး မဲဇာမြစ်အောက်ပိုင်းသည် ထီးချိုင့်မြို့နယ်တွင်ပါဝင်ဖြတ်သန်းစီးဆင်းပါသည်။အရှေ့ဘက်တွင် `ကံ့ကော်တောင်တန်း´၊မြောက်ဘက်တွင် `ကင်းစမ်းတောင်တန်း´နှင့် အနောက်ဘက်တွင် `မင်းဝံတောင်တန်း´ကြီးများရှိသည်။

မဲဇာချောင်းကမ်းဝဲယာတွင် မဲဇာလေးရွာလက်ဝဲသုန္ဒရအမတ်ကြီးတည်ထားကိုးကွယ်ခဲ့သောစေတီတော်များမှာ- ဏဘရံဘုရား ၊ညီအမခု နှစ်ဖော်ဘုရား(မယ်ဇလီရွာ)၊ လောကမာရဇိန်ဘုရား(တောမရွာ)ဖြစ်ကြပြီး ၊ပုခန်းမင်းသားတည်ထားကိုးကွယ်ခဲ့သော- ဆုတောင်းပြည့် ကျောက်စေတီ (ပေါက်ပင်ကွေ့ရွာ) စသည့်ဘုရားများမှာသမိုင်းဝင်ဘုရားများဖြစ်ကြပါသည်။ဧရာဝတီရွှေလီမဲဇာရုပ်ပုံလွှာ (မောင်ချစ်ထွေး) စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။

Likes:
0 0
Views:
1233
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *