ပညာရှင်များ အဖြေရှာ၍မရနိုင်သောအံ့ဖွယ် အီစတာကျွန်း (သို့) ကမ္ဘာမြေကြီး၏ ချက်

ချီလီနိုင်ငံ ရဲ့ Concepcion မြို့ရဲ့တောင်ဘက်ပိုင်းမှာ ရှိပြီး ချီလီနိုင်ငံ နှင့် တီဟီတီရဲ့အလယ်လောက် မှာရှိတဲ့တြိဂံပုံသဏ္ဍာန်ရှိမီးတောင် ကျွန်းလေးပါ။ ထိုနေရာလေးသည် ကမ္ဘာပါ်တွင် အခြားနေရာများ နှင့်အလွန် ကွာဝေးကာ အလွန်ပင် အထီးကျန်ဆန်လှသောနေရာတစ်ခု ဖြစ်ပါသည်။ သို့သော် ထိုကျွန်းလေးပေါ်တွင်ရှေးပဝေသဏီ က အသိရခက်သောမျိုးနွယ်စုတစ်စုသည်တန် ၉၀ ကျော်လေးသောကျောက် သား ကြီးများကိုထူးဆန်းသောပုံပန်းသဏ္ဍန်ရှိသော ရုပ်ထုကြီးများ ထုဆစ်ကာနှောင်းလူသားတို့အတွက်ပဟေဋ္ဌိများကို ထားရှိခဲ့ကြ လေသည်။

အီစတာကျွန်း၏အဓိကထူးခြားချက်မှာ ၈၈၇ ခုသော ဧရာမ မီးတောင်ချော်ရုပ်ထုခေါ် မွိုင်တွေပါပဲ။ထိုမွိုင်များသည် ၁၂ ပေမှ ၁၅ ပေအထိ အမြင့်ရှိကာပျမ်းမျ အလေးချိန်သည် တန် ၂၀ ခန့် အထိရှိကြောင်း တွေ့ရှိရပါသည်။ ဤကျွန်းလေးကိုရှေးယခင်က ‘Te Pito o te Henua’ လို့ခေါ်ဆိုခဲ့ပြီး ကမ္ဘာကြီးရဲ့ချက်လို့အမည် တွင်ခဲ့တာကလည်းပိုမိုထူးခြားဆန်းကြယ်စေတဲ့အချက်တစ်ချက်ပါ။

ကျွန်းအနှံ့အပြား မှာပလက်ဖောင်းတွေ ထုဆစ်ခဲ့ကြပြီးထိုအပေါ်မှာမွိုင်တွေဟာပင်လယ်ဘက်ကိုမျက်နှာမူပြီးရပ်တည်နေခဲ့ကြတာပါ။ မွိုင်အများစု ကိုအဝါရောင် မီးတောင်ကျောက်သားနဲ့ထုဆစ်ခဲ့ကြပြီးလက်ရာကလည်း အင်မတန်ညက်ညောပြေပြစ်တာကိုတွေ့ရမှာ ဖြစ်ပါတယ်။

ထူးခြားတာကတော့ ဘေးအန္တရာယ် တစ်ခုခုကြုံတွေ့ခဲ့ရပြီး ကျွန်းပေါ်မှာမပြီးပြတ် သေးသောထုဆစ်လက်စမွိုင်ရုပ်ထုတွေကိုလည်း တွေ့မြင် နေရတာပါ။ ကျောက်တုံး အစအနတွေ ကို ကြည့်ခြင်း အားဖြင့်ကျွန်းသူ ကျွန်းသားတွေ ဟာ ဘေးအန္တရာယ် တစ်ခုခုကြောင့်ထုဆစ်လက်စ မွိုင် တွေကို စွန့်ပြစ် ထွက်ပြေး ခဲ့ ကြတယ် လို့ ယူဆစရာ ရှိနေခဲ့ ပါတယ်။

ဒါ့အပြင်အီစတာကျွန်းပေါ်က Rongorongo အမည် ရသောအရေးအသားဟာလည်း သမုဒ္ဒရာဒေသပိုင်း မှာတွေ့ခဲ့ရတဲ့တစ်ခုတည်းသော ရှေးဟောင်းစာ အရေးအသားဖြစ်ပြီးယခု ထက်ထိဘာသာပြန်ပုံဖော်နိုင်ခြင်းမရှိသေးတာကလည်း အီစတာကျွန်း ကိုပိုမို ထူးဆန်းလေးနက် စေခဲ့တာပါ။

ဒီတော့ အီစတာကျွန်း မှာ ဘယ်လူမျိုးစုတွေ ကြီးစိုး နေထိုင် ခဲ့လဲ….

ကမ္ဘာ့ လူမှု ဂေဟစနစ် နှင့်အဝေးကွာအထီးအကျန်ဆုံး ဖြစ်သောအီစတာကျွန်းကို အေဒီ ၇၀၀ မှ ၁၁၀၀ ကြား ကာလများတွင်ပိုလီနီးရှန်း မျိုးနွယ်စု မှ မတော်တဆရှာဖွေ တွေ့ရှိခဲ့ပြီးလက်မှုပညာအလွန်ခေတ်မှီထွန်းကားခဲ့ဟန် ရှိသည်ကိုမွိုင်ရုပ်ထုများကိုကြည့်ခြင်းဖြင့်သိရှိနိုင် ပါသည်။ အစပိုင်းတွင် လူဦးရေ ၁၅၀၀၀ ခန့်ရှိသည်ဟုခန့်မှန်းရပြီး နောက်ပိုင်းတွင်ပိုလီနီးရှန်းကြွက်များ Outbreak ဖြစ်လာခြင်း,လူဦးရေ အဆမတန်ထူထပ်လာခြင်းနှင့် သဘာဝအရင်းအမြစ်များနှင့်သစ်တောများပြုန်းတီးလာခြင်းတို့ကြောင့်အေဒီ ၁၇၂၂ ခုနှစ် တွင် လူဦးရေသည် ၂၀၀၀ မှ ၃၀၀၀ ကြားအထိကျဆင်းလာခဲ့သည်ဟုသိရှိရသည်။

အေဒီ ၁၈၆၀ မှ စတင် ၍ရောဂါဘယများဆိုးရွားလာခြင်း နှင့်ကျွန်ပြုခိုင်းစေခံရမှုတို့ကြောင့် အေဒီ ၁၈၇၇ ခုနှစ် တွင်ကျွန်းသူကျွန်းသားဦးရေ ၁၁၁ ယောက်သာကျန်ရှိသည်အထိ လူဦးရေလျော့ကျခဲ့ရပါသည်။ လေ့လာသူအများစုသည် ကျွန်းသူကျွန်းသားတို့ ၏ရာဇဝင်သမိုင်းကြောင်း ကို ဤမျ အထိ ခြေရာခံ လေ့လာနိုင်ခဲ့ကြသော်လည်းယင်းကျောက်ရုပ်ထုကြီးများကိုမည်သည့်ရည်ရွယ်ချက် နှင့် ထုဆစ်ခဲ့ကြပါသနည်း…..
ထုဆစ်ခဲ့ ကြသောပညာရှင်များ သည်အဘယ်ကြောင့် သဲလွန်စမကျန်ပဲပျောက်ကွယ်သွားကြသနည်း… ဆိုသည့်မေးခွန်းများ၏အဖြေကို ရှာဖွေလေ့လာနိုင်ခဲ့ခြင်းမရှိခဲ့ပါ။

ထို့အပြင်ရေဒီယို ကာဗွန်နည်း အရ ကျောက်ရုပ်ထုများ ကိုစမ်းသပ်စစ်ဆေးရာတွင် ကျွန်းသူကျွန်းသားတို့ ၏ ကျောက်ဆစ်ထုဆစ်ခြင်း မှာ အေဒီ ၁၆၅၀ ခုနှစ် တွင်လုံးဝ ရပ်ဆိုင်းသွားခဲ့ကြောင်း အံ့ဖွယ် တွေ့ရှိခဲ့ရပါသည်။ ဤအချက် ကိုကြည့်ခြင်း အားဖြင့်ကျွန်းသူကျွန်းသားတို့ ၏ ကျောက်ဆစ်ထွင်းထုခြင်းအတတ်မှာလွန်စွာခေတ်လွန်နေကြောင်းကိုသိရှိရမည်ဖြစ်ပါသည်။

ဤ ကြီးမားသော ကျောက်ဆစ် ရုပ်ကြီးများ ကိုမည်သည့်နည်းဖြင့် ထွင်းထု ၍ တစ်နေ ရာ မှ တစ်နေရာ ရွေ့ပြောင်းကာကျွန်းအနှံ့စိုက်ထူ ခဲ့သနည်းဟူသောမေးခွန်း မှာ ဒဏ္ဍာရီ တစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့မည် ဖြစ်ပါတော့ သည်။လွန်ခဲ့သောမကြာမီ နှစ်များအတွင်းအသစ်ရှာဖွေ တွေ့ရှိမှုများကလည်းအီစတာကျွန်းပေါ် မှ သံသယမေးခွန်းများကိုထပ်ဆင့်တိုးပွားစေမည်ဖြစ်ပါသည်။

အသစ်ရှာဖွေတွေ့ရှိမှုများအရအီစတာကျွန်း ပေါ်မှ မွိုင် ရုပ်ထုကြီးများ သည် မြေပြင် ပေါ်တွင် ထိုးထွက် နေသော ရုပ်ထု အစိတ်အပိုင်း မျသာ ဖြစ်ပြီးတူးဖော် လိုက်ပါကအောက်ဘက် ပိုင်းတွင်ဧရာမ ကိုယ်ထည်တစ်ခုပါထွက်ပေါ်လာကြောင်း အံ့ဖွယ် တွေ့ရှိရမည်ဖြစ်သည်။ ‘Art within Art’ ဆိုသည့်အတိုင်း ထိုကိုယ်ထည်ပိုင်း၏ကျောဘက်တွင် မူအသေးစိတ်ထွင်းထုထားသောကျောက်ဆစ်ကနုတ်များ ကိုထင်ရှားစွာ ရှာဖွေတွေ့ရှိခဲ့ရပါသည်။

ထို့ကြောင့် အီစတာကျွန်းကိုလေ့လာနေသူပညာရှင်များ အဖို့ယခင်မေးခွန်း ၏ အဖြေများ ကိုရှာဖွေတွေ့ရှိခြင်းမရှိသေးပဲ အသစ် အသစ်သော ပဟေဠိများသာဆက်လက် ရှာဖွေတွေ့ရှိခဲ့ပါကြောင်းနှင့်…….မွိုင်ခေါ်ဧရာမကျောက်ဆစ် ရုပ်ထုကြီးတွေကိုဘယ်လိုသယ် ဆောင်ထွင်းထုပြီး အဘယ်အကြောင်းကြောင့် ကိုယ်ထည်တွေဟာ မြေကြီးအောက်ရောက်ခဲ့ရပါသလဲပိုလီနီးရှန်း လူမျိုးစုတွေရဲ့ ဗိသုကာလက်ရာဟာ အေဒီ ၁၅၀၀ မတိုင်မီနှစ်များကတည်းကဘယ်လိုဖြစ်ပြီး အဲ့ဒီလောက်ခေတ်လွန်နေခဲ့ရတာလဲ ….

သုံးထပ် တိုက်လောက် အမြင့်ရှိနေတဲ့မွိုင်တွေက ကျွန်းသူကျွန်းသားတွေရဲ့လက်ရာ မဟုတ်ပဲအခြားဂြိုလ် ကမ္ဘာကလာတဲ့ဂြိုလ်သားတွေရဲ့ လက်ရာ လေလား ….

လူ အများ တွေးထင် နေကြ သလို အီစတာကျွန်းဟာကမ္ဘာ့ မြေကြီးတစ်ခုရဲ့ ရေပေါ်တင်ကျန်ခဲ့တဲ့အစိတ်အပိုင်းတစ်ခုသက်သက်လား
ဆိုတဲ့ပဟေဠိများ၏အဖြေကား အီစတာကျွန်းပတ်ပတ်လည် တွင်ပင်လယ်ဘက် သို့ မျက်နှာမူလျက်ရှိသောမွိုင်ရုပ်ထုကြီးများမှလွဲ၍ အခြားသူများအဖို့အံ့ဖွယ်ပုစ္ဆာတစ်ပုဒ်အဖြစ်ကျန်ရှိနေဦးမည်ဖြစ်ပါကြောင်း…….

Dr.Aung

ရေးသားသူ – Dr.Aung

thutazone

Likes:
0 0
Views:
993
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *