တိရိစ္ဆာန်ရုံကြီးမှ ခိုးယူခံလိုက်ရတဲ့ လီမာမျောက်လေးကို ပြန်လည်ရှာဖွေပေးနိုင်ခဲ့တဲ့ အသက်၅နှစ်အရွယ် ကျောင်းသားလေး (ရုပ်သံ)

California ပြည်နယ် Dalyမြို့ရှိ San Francisco တိရိစ္ဆာန်ရုံကြီးမှ ခိုးယူခံလိုက်ရတဲ့ ၂၁နှစ်အရွယ် Makiခေါ် လီမာမျောက်အမျိုး အစားမျောက်တစ်ကောင်ကို အသက်၅နှစ်အရွယ် အာရှအမေရိကန်ကပြားကလေးငယ်တစ်ဦးက Hope Lutheran Day ကျောင်းရဲ့ ကားရပ်နားရာနေရာတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။

SFPDရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ မနက်မှာ တိရိစ္ဆာန်ရုံရှိဝန်ထမ်းတွေဟာ လီမာမျောက်ပျောက်ဆုံးနေကြောင်းကို သိရှိခဲ့ပြီးနောက် သက်ဆိုင်ရာကို ဆက်သွယ်ခဲ့ကြကာ အရာရှိများက အခင်းဖြစ်ပွါးရာ မျောက်လေးရဲ့ခြံဝင်းထဲကို ဝင်ရောက်စစ်ဆေးခဲ့ကြကြောင်း အာဏာပိုင်တွေကဆိုထားပါတယ်။

အဆိုပါ တိရိစ္ဆာန်ရုံက မျောက်လေးကို မည်သူမဆိုရှာတွေ့နိုင်ပါက ဒေါ်လာ ၂,၁၀၀ဆုချီးမြှင့်မည်ဖြစ်ကြောင်း social mediaပေါ်မျှဝေကာ ပြည်သူရဲ့ အကူအညီကို တောင်းခံခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ Hope Lutheran Dayကျောင်းမှ သူငယ်တန်းကျောင်းသား James Trinhmက မျောက်လေးကို ဘေးကင်းလုံခြုံစွာ တွေ့ရှိခဲ့ပါတယ်။

သူဟာ မိခင်ဖြစ်သူ လာအကြိုကိုစောင့်နေရင်း ကားရပ်နားရာနေရာတစ်ခုမှာ Makiကို ပထမဆုံးတွေ့ခဲ့သူဖြစ်ကြောင်း ABC7 Newsက ဖော်ပြထားပါတယ်။တိရိစ္ဆာန်လေးကိုမြင်တော့ Trinhmဟာ သူငယ်ချင်းတွေကို ချက်ချင်းဖုန်းဆက်ခဲ့ကာ သူတို့မိဘတွေပါ လိုက်လာခဲ့ကြပြီး ကစားကွင်းမှာ ခိုလှုံနေတဲ့ Makiကို စောင့်ကြည့်နေခဲ့ကြရင်း မိဘတွေက ရဲတွေကို ဆက်သွယ်အကြောင်းကြားပေးခဲ့ကြပါတယ်။

ရဲများက မျောက်လေးအား စိတ်ချရတဲ့သူ့နေရာကို ပြန်ပို့ပေးခဲ့ကြပြီး တစ်ချိန်တည်းမှာဘဲ ခိုးယူဖောက်ထွင်းမှုနဲ့ ဆက်နွယ်နေတဲ့ လူတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ ၁၀နာရီခန့် San Refael မှာ ထရပ်ကားတစ်စီးခိုးယူမှုဖြင့် အဖမ်းခံထားရတဲ့ အသက် ၃၀အရွယ် Los Angelesမှာ နေထိုင်တဲ့ Cory McGillowayဟာ Makiမျောက်လေးအား ဖောက်ထွင်းခိုးယူမှုနှင့်ဆက်နွယ်နေကြောင်းကို ရဲများက သူ့ဖုန်းအား စစ်ဆေး ရင်း သိရှိခဲ့ရပြီး လက်ရှိ Marin Countyမှာရှိနေတဲ့ McGillowayအား ဖောက်ထွင်းမှု၊

တိရိစ္ဆာန်ခိုးယူမှု၊လုယက်မှုနှင့် ဖျက်စီးမှုတို့အတွက် ကြိုတင်စစ်ဆေးမေးမြန်းခံရရန် San Francisco တိရိစ္ဆာန်ရုံသို့ လွှဲပြောင်းရန် စီစဉ်ထား ကြပြီး သူဘာကြောင့်တိရိစ္ဆာန်ရုံထဲဝင်ရောက်ကာ Makiအား သူ့ရဲ့ခြံဝင်းမှ ခေါ်ထုတ်ခဲ့လည်း ဆိုတာကိုတော့ သေချာမသိရှိရသေးပါဘူး။

တိရိစ္ဆာန်ရုံညွှန်ကြားရေးမှူးTanya Petersonက Hope Lutheran Day ကျောင်းကို ဒေါ်လာ ၂,၁၀၀ချီးမြှင့်ခဲ့ပြီး Trinhmရဲ့ မိသားစုကို တသက်တာတိရိစ္ဆာန်ဥယျာဉ်အသင်းဝင်အဖြစ် ကမ်းလှမ်းခဲ့ကြောင်းကို ဖော်ပြကြောငြာခဲ့ပါတယ်။

Video

Jasmine (Mckzone Daily)

Source: nextshark

Likes:
0 0
Views:
1357
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *