ရောမကမိန်းမပျက်-နတ်နွယ်

ရောမကမိန်းမပျက်-နတ်နွယ်

ကျွန်မဒီစာအုပ်လေးကိုreview လေးတစ်ခုကြောင့် ဖတ်ဖို့ရည်ရွယ်ခဲ့တာပါ။အခုဖတ်ကြည့်ပြီးတော့ နောင်ဖတ်မယ့်သူတွေကိုမှာချင်တာက ၁၈နှစ်ပြည့်ပြီးမှသာဖတ်ရန်ဖြစ်ပါတယ်ရှင်။

ဖူးပွင့်ကာစပန်းကလေးတစ်ပွင့်လို့နှိုင်းရမယ့်၁၈နှစ်အရွယ်ကောင်မလေး နာမည်ကအက်ဒါရီကာ၊ အစပထမမှာတော့ သူမအမေရဲ့တွန်းအား ပေး လှုံ့ဆော်မှုကြောင့် ကောက်ကြောင်းအလှကိုပြရတဲ့ ကိုယ်ဟန်ပြမယ်အလုပ်နဲ့စတင်ခဲ့ပြီး ဂျီနိုဆိုတဲ့ဒရိုင်ဘာတစ်ယောက်နဲ့

မေတ္တာသက်ဝင်ကာ ပျော်ရွှင်စရာမိသားစုလေးပိုင်ဆိုင်ချင်တဲ့ ရည်ရွယ်ချက်နဲ့မိခင်ဖြစ်သူက သဘောမတူသည့်ကြားက ဇွတ်မိုက်ကာ အချစ်နယ်ကျွန်ခဲ့တဲ့အမိုက်မလေး၊ မိခင်ကဘယ်လောက်တားတား ဂျီနိုအပေါ်ထားတဲ့ယုံကြည်မှုက တစ်ပြားမှမလျော့ခဲ့တဲ့ ကောင်မလေး၊

သူမဆီကိုဆိုးရွားတဲ့မုန်တိုင်း တနည်းအားဖြင့် မနာလိုမုန်းတီးတတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ဝန်တိုမှုက သူမကိုအက်စတာရီဒါဆိုတဲ့ အရာရှိ အာဏာပိုင်တစ်ယောက်နဲ့ ငြိစွန်းမှောက်မှားစေခဲ့တယ်.. ။အဲ့လူရဲ့တစ်ဇွတ်ထိုးအချစ်ကြောင့်ပဲဂျီနိုဟာမိသားစုနဲ့ဆိုတာကိုသိခဲ့ရပြီး နောက် ဆုံးသူမဟာ ပြည့်တန်ဆာဘဝရောက်ရှိခဲ့ရတယ်… ။

ပြည့်တန်ဆာအလုပ်လုပ်ရင်းနဲ့ပဲ သူမအင်မတန်ချစ်ရတဲ့မီနိုဆိုသူကို တစ်ဖက်သတ်ချစ်ကျွမ်း ဝင်မိပြန်ပြီးမျှော် လင့်ချက်ရောင်ခြည်လေး သန်းရပြန်တယ်။(မိန်းမတွေချစ်ရင် ယောကျ်ားတွေလိုက်မမှီဘူးလို့ ဒီနေရာကကျွန်မကမှတ်ချက်ချတယ်)။

ဘာလို့လဲဆိုတော့ သူမမီနိုကိုထားရှိတဲ့ချစ်ခြင်းတရားဟာဆိုရင် မီနိုကသေဆိုသေ ရှင်ဆိုရှင်မယ့်အချစ်မျိုးနဲ့ပေါ့… ။အက်စတာရီတာချစ်တဲ့ အချစ်ကလည်း ထိုနည်းတူစွာပဲ။သို့ပေမဲ့ သူ့ရဲ့ချစ်ခြင်းမှာ ရမ္မက်တွေပါနေတယ်။

အဲ့မေ့လိ့ု… အက်ဒါရီကာပတ်သက်ခဲ့တဲ့ယောကျ်ားတွေထဲမှာ သိပ်ကြောက်စရာကောင်းတဲ့ လူဆိုးကြီးတစ်ယောက်လည်းပါတယ် သူ့နာမည်က ဆွန်ဇာနိုတဲ့…။ကျွန်မကတော့သူ့ကိုဗီလိန်ကြီးလို့သတ်မှတ်ထားတယ်။ ဘာလို့ဆို သူမဘဝအေးချမ်းပျော်ရွှင်ခါနီးကို သူကဖျက်ဆီးပစ်လို့လေ။

သို့ပေမဲ့ နိဂုံးအဆုံးသတ်ကတော့ ရင်ခုန်စိတ်လှုပ်ရှားမှုကိုပေးနေတာတော့အမှန်ပါပဲ မှန်းမရတဲ့ဇာတ်ကွက်တွေပေါ်လာပြီး ခံစားမှုကို တစ်မျိုးတစ်ဖြုံဖြုံကွဲသွားစေတယ်။ စာအုပ်ပြီးဆုံးသွားတဲ့အခါမှာတော့ မိခင်တစ်ယောက်ရဲ့သမီးအပေါ်ထားတဲ့မေတ္တာကို နွေးထွေးစွာ ခံစားရပါတယ်။

ပြီးယောကျ်ားတွေကလူလိမ်တွေ၊ကြောက်စရာကောင်းပါလားလို့လည်း တွေးမိပြီး ရောမယဉ်ကျေးမှုနဲ့ကိုးကွယ် ယုံကြည်မှုကိုခံစား မိပါတယ်လို့ ဝေမျှလိုက်ပါတယ်ရှင်… ။

ရောမကမိန်းမပျက်-နတ်နွယ် Free Download PDF file Here

review ပန်းသွေးယု

Likes:
0 0
Views:
1206
Article Categories:
Books

Leave a Reply

Your email address will not be published. Required fields are marked *