ရန်ကုန်လမ်းမပေါ်က ATM တို က် ပွဲ များ

စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွေကို မြို့လယ်ခေါင်အပါအဝင်ရန်ကုန်တမြို့လုံးနီးပါးမှာလူစုလို့မရအောင် စစ်ကောင်စီက အင် အား သုံး ပ စ် ခ တ်နှိ မ် န င်းထားတာပါ။ဒါပေမဲ့ရန်ကုန်မြို့လယ်ခေါင်အပါ အဝင် မြို့ရဲ့နေရာတချို့မှာတော့ လူစုလူဝေးနဲ့ ..တန်းစီစောင့်ဆိုင်း နေတဲ့လူအုပ်ကြီးတွေကသြင်္ကန်မတိုင်ခင်ကစလို့ ရန်ကုန်မြို့လမ်းမကြီးတွေပေါ်မှာနေရာယူလာပါတယ်။

ဒီလူတွေဟာ မိမိတို့ပိုင်ဆိုင်တဲ့ငွေကိုအေတီအမ်စက်ထဲကနေပြန်ထုတ်ဖို့အတွက်နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေ ကြသူတွေ ဖြစ်ပါတယ်။

လူပုဂ္ဂိုလ်တွေ ကိုယ့်ဘဏ်ထဲမှာ အပ်ထားတဲ့ ငွေထုတ်ယူတဲ့အခါအေတီအမ်ကနေ ငွေသားထုတ်ယူမှုကိုတစ်ရက်ကိုအများဆုံးကျပ် ၅ သိန်းနဲ့ ၊ ဘဏ်ကိုသွားပြီးကိုယ့်ရဲ့ဘဏ်စာရင်းတွေကငွေထုတ်မယ်ဆိုရင်တော့လူတစ်ဦးကိုတစ်ပတ်အများဆုံးကျပ်သိန်း..၂၀ အထိသာ ထုတ်ခွင့်ပေးဖို့ဘဏ်တွေကိုဗဟိုဘဏ်ကနေ မတ်လ ၁ ရက်နေ့ကစတင်ပြီးကန့်သတ်ခဲ့ပါတယ်။

စီးပွားရေး ကုမ္ပဏီတွေ၊ စီးပွားရေးဆိုင်ရာ အဖွဲ့ အစည်းတွေကိုတော့ သီတင်းပတ် တစ်ပတ်မှာ အများဆုံးကျပ် သိန်း ၂၀၀ အထိ ထုတ်ယူ နိုင်ကြောင်း.ကန့်သတ်ခဲ့ပါတယ်။ငွေသားစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေဖို့အတွက် ဘဏ်တွေအနေနဲ့ မတ်လ ၁ ရက်နေ့က စတင်ပြီး လိုက်နာ ဆောင်ရွက်သွားဖို့ ဗဟိုဘဏ်ကနေ ညွှန်ကြားချက်ထုတ်တဲ့အထဲမှာ ပါပါတယ်။

ဘဏ်မှာစာအုပ်နဲ့ငွေထုတ်ဖို့ ဘဏ်တွေက ထုတ်ပေးတဲ့ တိုကင်တွေ..ရအောင် ညမထွက်ရအမိန့်ထုတ်ထားတဲ့ အချိန် မနက် လေးနာရီမတိုင် ခင် သက်စွန့်ဆံဖျား စွန့်စားပြီး ထွက်လာတန်းစီသူတွေလည်း ရှိနေသလို ငွေလာဖြည့်တယ်လို့ သတင်းကြားတဲ့အေတီအမ်စက်တွေရှေ့ မနက်မိုးမလင်းခင်တည်းက ရာနဲ့ချီစောင့်ဆိုင်းနေသူတွေလည်း..ရှိနေပါတယ်။

“နေ့တိုင်း ကိုယ့်ပိုက်ဆံကို ကိုယ် ဒီလို ဒုက္ခခံပြီးထုတ်နေရတာ။ နေကပူ၊ လူတွေကလည်းအရမ်းများတော့ တစ်နေကုန်တန်းစီရတာ နေပူမိ၊ ခေါင်းတွေကိုက် ၊ ခြေတွေတောင့်နေတာပဲ။ ခု ကိုဗစ်တွေကလည်း ပြန်ဖြစ်နေတော့ လူစုလူဝေးတွေနဲ့..

ခုလိုတန်းစီနေရင်းနဲ့ ကိုဗစ်တွေ ပြန်ဖြစ်နေတော့ ကိုဗစ်များကူးလာမလား။ သောကတွေနဲ့ တကယ့်ကိုစိတ်ဒုက္ခရောက်ရတယ်။ ဒီကိစ္စက လည်း အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကြုံရတဲ့အထဲက တို က် ပွဲ တစ်ခုပဲ” လို့ ရန်ကုန်မြို့က အေတီအမ်စက်တွေမှာ..

‌တန်းစီငွေထုတ်သူတစ်ဦးက ပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ စစ်ကောင်စီဘက်က မေလ ၃ ရက်က စလို့ အကောင့်သစ်ဖွင့် တဲ့သူ တွေအနေနဲ့ အကန့်အသတ်မရှိ ငွေထုတ်ယူခွင့်ပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။ဒါ က လက်ရှိကြုံနေရတဲ့ ငွေကြေးထုတ်ယူတဲ့ .. အခက် အခဲကို ဘယ်လောက်ထိ လက်တွေ့ကျကျ ဖြေရှင်းနိုင်မလဲဆိုတာလည်း မေးခွန်းတွေက ရှိနေဆဲဖြစ်ပါတယ်။.

Likes:
0 0
Views:
687
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *