မီးဖွင့်ပြီး အိပ်စက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်

ယနေ့အခါတွင် လျှပ်စစ်များအလွယ်တကူရလာပြီဖြစ်သဖြင့် အိမ်တိုင်းလိုလိုတွင်မီးများကိုနေ့ရောညပါထွန်းနေကြပါပြီ။အိပ်သည့် အခါတွင်လည်း မီးကို မပိတ်တော့ပဲ တစ်ညလုံးထွန်းထားတတ်ကြပါတယ်။

တချို့သူတွေဆိုရင်မီးပိတ်ပြီးတောင်မအိပ်တတ်တော့ပဲ မီးဖွင့်ပြီးအိပ်မှအိပ်ပျော်တဲ့အကျင့်ရှိတဲ့အထိဖြစ်ကုန်ပါပြီ။ မီးဖွင့်ပြီးအိပ်ခြင်းဟာ ကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်ကိုထိခိုက်စေကြောင်းဆေးတေသနတစ်ခုကစမ်းသပ်တွေ့ရှိခဲ့ပါတယ်။မီးဆိုတဲ့နေရာမှာညအိပ်မီးကို ပြောခြင်းမဟုတ်ပဲ ပုံမှန်လျှပ်စစ်မီးသီး ၊ မီးချောင်းများကိုဆိုလိုခြင်းဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ လိုင်ဒန်ဆေးတက္ကသိုလ်မှာစမ်းသပ်ခဲ့တာဖြစ်ပြီး ကြွက်များကို စမ်းသပ်ခဲ့ခြင်းဖြစ်ပါတယ်။ မီးအလင်းရောင်အောက်မှာ လပေါင်းများစွာအထားခံရတဲ့ကြွက်တွေဟာအားနည်းလာပြီး ကျန်းမာရေး ဆိုးရွားလာကြောင်းတွေ့ရှိရပါတယ်။လျှပ်စစ်မီးတွေဟာ ကျွန်တော်တို့ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်ပါတယ်။

တချို့ရုံးတွေမှာအလုပ်လုပ်စဉ်လျှပ်စစ်မီးနဲ့လုပ် ၊ အိမ်ရောက်တော့လည်း လျှပ်စစ်မီးနဲ့ နေ တတ်ကြပါတယ်။ ပြင်ပအလင်းရောင်နဲ့ပုံမှန် ထိတွေ့မှုမရှိတဲ့ အဲဒီလိုလူတွေဟာ အချိန်ကြာလာတာနဲ့ အမျှ မအီမသာဖြစ်လာတတ်ပါတယ်။ မီးအလင်းရောင်အောက်မှာပဲအမြဲနေရတဲ့ အတွက် စိတ်မကြည်လင်ပဲထိုင်းမှိုင်းလာခြင်း ၊ ရောဂါများအလွယ်တကူဖြစ်တတ်သည်အထိကိုယ်ခံအားကျဆင်းခြင်းများကိုဖြစ်လာစေ ပါတယ်။

“သဘာဝတရားရဲ့ အလင်းအမှောင် ပြောင်းလဲမှုနဲ့ သက်ရှိသတ္တဝါတွေရဲ့ ကျန်းမာရေးဟာ ဆက်စပ်နေပါတယ်” လို့သုတေသန ပညာရှင် ဂျိုဟန်နာ မိုင်ဂျာ က ဆိုပါတယ်။

ညအချိန် မီးဖွင့်ပြီး အိပ်တတ်သူများရဲ့ ဦးနှောက်လုပ်ငန်းစဉ်၇၀ ရာခိုင်နှုန်းခန့်ကမောက်ကမဖြစ်စေပြီး ၊ ကြွက်သားများ ချိနဲ့တတ်သလို ၊ အရိုးပွနိုင်ခြေ များကြောင်းလည်း တွေ့ရှိခဲ့ရပါတယ်။ မီးဖွင့်အိပ်သူများဟာမီးပိတ်အိပ်သူများလောက် မလန်းဆန်းကြသလို ၊ နိုးလာရင် လည်း အိပ်ရေးမဝတာကို တွေ့ကြရမှာပါ။

မီးဖွင့်အိပ်တာ အကျင့်ဖြစ်နေတဲ့သူများလည်း မီးပိတ်ပြီးအိပ်တဲ့အကျင့်ကို ပြန်ကျင့်ပေးလိုက်ပါက နေလို့ထိုင်လို့ ပိုကောင်းလာတာကို တွေ့ကြရမှာပါ။ ဒါကြောင့် ကျန်းမာရေး ကောင်းမွန်စေဖို့ သဘာဝအလင်းရောင် နဲ့ ထိတွေ့ပေးဖို့ ၊ ညအခါမီးပိတ်အိပ်ဖို့လိုအပ်ပါတယ်။

Likes:
0 0
Views:
746
Article Categories:
KNOWLEDGESocial Media

Leave a Reply

Your email address will not be published. Required fields are marked *