အိမ်ကခွေးလေး အထီးမကျန်ရအောင် နေ့တိုင်း သူမရဲ့အလုပ်သို့ခေါ်သွားလေ့ရှိတဲ့ ကြင်နာတတ်တဲ့ လမ်းသန့်ရှင်းရေးသမား

အိမ်မှာ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ရှိနေခြင်းရဲ့ ဆိုးကျိုးတစ်ခုက သင် အလုပ်သွားတဲ့အခါ နေ့တိုင်းလိုလို ၎င်းတို့ကို အိမ်မှာ ထားခဲ့ပြီး စွန့်ခွါဖို့ဘဲ ဖြစ်ပါတယ်။ကောင်းပါပြီ ခွေးပိုင်ရှင်တစ်ယောက်ကတော့ ၎င်းပြဿနာကို ဖြေရှင်းဖို့ အဖြေတစ်ခုရှိနေတာကြောင့် သူမအတွက် ၎င်းပြဿနာက ရှိလာမှာမဟုတ်ဘူးလို့ ယုံကြည်ထားပါတယ်။

Social media မှာ သူမရဲ့ဇာတ်လမ်းက ပျံ့နှံ့သွားပြီးနောက် ထိုင်းနိုင်ငံရှိ အသက်၂၈နှစ်အရွယ် Thitirat Keowa-ram အမည်ရှိအဆိုပါ လမ်းသန့်ရှင်းရေးလုပ်သားအမျိုးသမီးဟာ လူအများထံမှ ချစ်ခြင်းမေတ္တာတွေ များစွာ ရရှိခဲ့ရပါတယ်။

တိရိစ္ဆာန်ချစ်သူတစ်ဦးဖြစ်တဲ့ Thitirat ဟာ သူမရဲ့ ၁နှစ်အရွယ် Mazda လို့ခေါ်တဲ့ခွေးလေးကို နေ့တိုင်း အလုပ်လုပ်ဖို့ သူမနဲ့မခွါဘဲ တစ်သားတည်းခေါ်ဆောင်သွားလေ့ရှိပြီး အမြဲတစ်တွဲတွဲရှိနေခဲ့ကြပါတယ်။

ဓာတ်ပုံထဲကအတိုင်း Thitirat ဟာ Mazda ကိုသယ်ဖို့ ကျောပိုးအိတ်ပုံစံအိတ်ကို အသုံးပြုထားပြီး သူမနှင့်အတူ ဘန်ကောက်မြို့ရှိ လမ်းတွေပေါ်မှာ သန့်ရှင်းရေးလုပ်နေတာကို တွေ့ရမှာပါ။အနက်နဲ့အဖြူရောင်စပ်ထားတဲ့ Mazda ကလည်း ကလေးလေးတစ်ယောက်နဲ့ တူနေပါတယ်။

Thitirat ရဲ့အဆိုအရ သူမက သူမရဲ့ချစ်သူကောင်လေးအား ခွေးလေးတစ်ကောင်ပေးရင် သူမအထီးကျန်မှာမဟုတ်ဘူးလို့ ပြောကြား ခဲ့ပါတယ်။“ ကျွန်မရဲ့ရည်းစားကလည်း ကျွန်မရဲ့အခြေအနေကို လက်ခံပေးခဲ့လို့ ခွေးလေးကို အလုပ်မှာ ခေါ်ထားလိုက်တာ” လို့ သူမက ရှင်းပြခဲ့ပါတယ်။

သူမဟာ သေးငယ်တဲ့အရာတစ်ခုကိုဘဲလုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သူမနဲ့ခွေးလေးက အတော်လေး နာမည်ကြီးသွားခဲ့ပါတယ်။ အင်တာ နက်သုံးစွဲသူတွေကလည်း သူတို့စုံတွဲကို သဘောကျမဆုံးဖြစ်ခဲ့ရပြီး Thitirat ရဲ့အိမ်မွေးတိရိစ္ဆာန်အပေါ် ချစ်တတ်တဲ့နှလုံးသားကိုလည်း ချီးကျူးခဲ့ကြပါတယ်။

ထို့နောက် SCMP ရဲ့ post မှာ ကြည့်ရှုသူတစ်ဦးက “ ခွေးလေးတွေ အလုပ်မှာရှိနေခြင်းက ကိုယ့်ရဲ့အလုပ်ကို ပိုပြီး ပျော်ရွှင်သွားအောင် လုပ် ပေးနိုင်တယ်” လို့ မှတ်ချက်ပေးခဲ့ပါသေးတယ်။

Credit : Mia (Mckzone Daily)

Likes:
0 0
Views:
606
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *