ထက်မြတ်တဲ့ဓါးသွားပေါ်က ချိုမြမြပျားရည်စက် ( ညီပုလေး )

ဖတ်နေကျ စာအုပ်တွေထက်နည်းနည်းပါးပါး ထူလို့ ဖတ်နိုင်ပါ့မလားဆိုတဲ့စိုးရိမ်စိတ်ကလေး နည်းနည်းပဲ၀င်မိတယ်။ ဒီထက် မြတ်တဲ့ဓါးသွားပေါ်ကချိုမြမြပျားရည်စက်စာအုပ်ကို ညီပုလေးက နာဂသိန်းလှိုင်ရဲ့ အတ္ထုပ္ပတ္တိကို ၀တ္ထုဟန်နဲ့ရေးသွားတာကို သဘောကျမိတယ်။

ဘာပြုဆိုတော့ကျနော်က စာဟန်ထက် စကားပြောဟန်ရေးတဲ့စာကို ဘယ်လိုကြောင့်မသိနှစ်သက်သဘောကျမိတယ်။ ဆေးပညာနဲ့ ပတ်သတ်သော ဆရာ၀န်တွေရဲ့အကြောင်း‌ရေးတဲ့၀တ္ထုတော်တော်များများထဲမှာဆရာ၀န်တစ်ယောက်ရဲ့ စွန့်လွှတ်စိတ် အနစ်နာခံစိတ် ကိုအများအပြားတွေ့ဖူးပါတယ်။

သို့‌သော်အပြင်မှာ လူနာကိုရည်ရည်မွန်မွန် ဆက်ဆံတဲ့ဆရာ၀န် မရှိသလောက်ရှားတယ်လို့လည်းတခါတလေထပ်တွေးမိပြန်‌ သေးတယ်။‌ ဪ အပြင်လောကဒီလိုဆရာ၀န်မျိုးတွေရှိမှရှိပါ့မလားပေါ့။လင်္ကာရည်ကျော်ရေးတဲ့ ” ကြိုးကြာတောင်ပံခတ်သံ ” ဖတ်တော့လည်း ဒီအတိုင်းပဲတွေးတာ။

စာရေးသူဟာ သူ့ဇာတ်‌ကောင်ကိုစိတ်နေစိတ်ထားစရိုက်တွေ အလွန်အကျူးရေးသားထားတယ်လို့‌ထင်မိတယ်။‌နောက် ဖတ်ဖူးသေး တယ်။နိုင်ငံရပ်ခြားကကိုယ်ကျိုးစွန်န့် ဆရာ၀န်တွေ အကြောင်း ဟင်နရီဒူးနန့်တို့ ဖလောရင့်နိုက်တင်ဂေးအကြောင်း‌တို့။ကိုယ့်နိုင်ငံမှာ အဲဒီလိုပုဂ္ဂိုလ်မရှိ‌လောက်ဘူးထင်ခဲ့မိတာ။

နာဂသိန်းလှိုင် အကြောင်းအတွင်းသိ အဆင်းသိဖတ်မိလေမှတွေးခဲ့တာမှားပါလေရောလို့ ကိုယ့်ကိုကိုယ်ပြောမိတယ်။နာဂသိန်းလှိုင်ဟာ တက္ကသိုလ်တတ်တတ်ခြင်း သိပ္ပံဘာသာတွဲယူတာမဟုတ်ပါဘူး။ တကယ်‌တော့စီးပွား‌ရေးဘာသာယူတာ။အခန်း‌ဘေးကသူငယ်ချင်းတွေက စက္ကူစွန်လေးတွေ မြားလေးတွေနဲ့လှမ်းပစ်လှမ်းစရင်း သူတို့ကျောင်း လာလည်ဖို့ခေါ်ရင်းစိတ်၀င်စားသွားတာကဘ၀တဆစ်ချိုး ‌ပြောင်းသွား တယ်လို့ ဆိုရလေမလားပဲ။ခွဲစိတ်ဆရာ၀န်ဖြစ်ချင်လွန်းလို့ခွေးတွေကိုဗိုက်ခွဲပြီးမွေးပေးခဲ့ဖူးတယ်။

ခွေးတင်မဟုတ် နွားတွေ၀က်တွေရောပဲ။သိချင်တတ်ချင်‌တော့ဆေးရုံမှာဆိုလည်းရင်ခွဲရုံမှာ ရင်ခွဲရုံစောင့်တဲ့လူကိုလက်ဘက်ရည်ဖိုးပေး မနက်အစောကြီးခွဲရင်ခွဲမခွဲရင် ညနေမှာ ခွဲတယ်။အဲလောက်ထိ စိတ်ပြင်းပြတဲ့သူ။ တစ်နေ့တော့ လူနာတစ်ယောက်ကိုသူငယ်ချင်းဆရာ ၀န်တွေဝိုင်း၀န်းစစ်ဆေးနေတုန်း ဆရာ၀န်တွေက အူအတတ်ပေါက်တာလို့ကောက်ချက်ချ မှတ်ချက်ပေးခဲ့ပေမယ့်သူကလက်မခံ ငြင်းဆန်ခဲ့တယ်။

အူအတတ်ပေါက်တာမဟုတ်ဘူး အစာအိမ်ပေါက်ခြင်းသာ ဖြစ်တယ်တဲ့သူပြောစကားလည်းပြီးရော ကျန်ဆရာ၀န်တွေမှင်သက်ခဲ့ရ လေတယ်။ဒါကို စာရေးသူက စာတစ်ချို့နဲ့ ဖြေရှင်းထားပုံက” Morning မနက် ဆိုတဲ့ စာလုံးကို ဆရာ၀န်တွေမေးကြည့်ပါ။ What is morning လို့ မေးရင်မနက်အိပ်ယာထလို့ ဖြေသူများမယ်။

ဆေးပညာမှာတော့အဲဒီလို မယူဆဘူးတဲ့။ညသန်းခေါင်းကျော်လို့ တစ်မိနစ်စွန်းရင်မနက်ပဲ။မနက်အိပ်ယာထမှာနာရင် အူအတတ်လို့ အ‌သေမှတ်ထားကြတာ အဲဒီမှာ ဒုက္ခလှလှ တွေ့ကြတော့တာ။ ” တကယ်တော့ အစာအိမ်ပေါက်တာလည်း ဖြစ်တတ်တာကိုပြောပြခြင်း သည် ဆေးပညာ ဗဟုသုတ ပြန့်ပွားစေတယ်။

သဘာ၀အတိုင်းမမွေးဘဲ ဗိုက်ခွဲပြီးကလေး‌မီးဖွားတယ်ဆိုတာတကယ်တော့ သားဖွားနဲ့မီးယပ်ပါရဂူကြီးတွေစခဲ့တာမဟုတ်ဘူး။ နူးဖားဆိုတဲ့ နွားနို့ညှစ်စားရတဲ့ လူတုပုကွကွ အမျိုးသမီးက စခဲ့တာ။သူမကမွေးရိုးမွေးစဉ်အတိုင်း မမွေးနိုင်တော့ဗိုက်ထဲကကလေးအရမ်းမြင်ချင် လွန်းတာနဲ့ သူ့ဗိုက်သူခွဲပစ်လိုက်တာ ။မိဘမေတ္တာဆိုတော့သားသမီးသံယောဇဉ်တွယ်တာတော့ တွေ့ချင်မြင်ချင်တာကိုး။

နောက်သုံးလလောက်မှာ ဓါးဒဏ်ရာဝေဒနာကြီးနဲ့ အလူးအလဲ ခံစားရင်း ကွယ်လွန်ခဲ့ရှာတယ်။ဒေါက်တာသိန်းလှိုင်းအကြောင်းပြောရရင် ကုန်မှာမဟုတ်ဘူး။သို့သော်လည်း ကြည်ညိုဖွယ် လေးစားဖွယ်ကောင်းတဲ့ခံယူချက်တစ်ခုတော့ပြောပြချင်သေးတယ်။ဆိုတော့ ခန္တီးရောက် ခါစဘာမှဆေးရယ်လို့ဟုတ်တိပတ်တိ မကုရသေးဘူး။ ဆေးမကုရခြင်းအကြောင်းအရင်းသူစဉ်းစားတယ်။

ဆေးရုံဟာ အားကိုးစရာမကောင်းလို့လား ဒါမှမဟုတ် အရင်ဆရာတွေလက်ထပ်က ဆက်ဆံရေး ညံ့ဖျင်းခဲ့လို့လားပေါ့။‌နောက်တော့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ ဆရာ၀န်တစ်ယောက်ဟာ ဆေးမကုရရင်ဘယ်လိုလုပ်အဓိပ္ပါယ်ရှိမလဲ။

ဘာအလုပ်မှ မလုပ်ရဘဲ နိုင်ငံတော် လစာ‌ကို အလကားထိုင်မစားချင်ဘူးဆိုပြီး လေယာဉ်ကွင်းအရပ်ထဲဈေးထဲမှာတွေ့မြင်နေရတဲ့လည် ပင်းကြီး ရောဂါရှင်တွေကို တွေ့တဲ့နေရာ ကခေါ်ခဲ့ကြခေါ်လာပေးတဲ့၀န်ထမ်းတွေကို လူနာတစ်ယောက်သုံးကျပ်ပေးမယ်ဆိုပြီး လူနာရှာခိုင်း သည်မှာ အံ့ဖွယ်စိတ်ဓါတ်တစ်ခုပါပဲ။

ဒေါက်တာသိန်းလှိုင်အတွတ် နာ‌ဂတောင်တန်းတွေပေါ်မှာ ခွဲစိတ်ခန်း မလိုပါဘူး။လည်ပင်ကြီး‌တွေ့ရင်တွေ့တဲ့နေရာမှာအဲဒီရွာရဲ့ သစ်ပင် အောက်တွေအိမ်ရဲ့တံစက်မှိတ်အောက်တွေမှာ ကြုံရင်ကြုံသလိုခွဲတာပဲ။ အံ့ဖွယ်။နာဂလူမျိုးဆိုတာက အင်မတန်ထူးဆန်းတဲ့လူမျိုးတစ်မျိုး ဆိုရလေမလား။ဦးနုက ပြည်တော်သာစီမံကိန်းဆိုပြီးသွပ်မိုးအိမ်အလုံး ၂၀ ဆောက်ပေးတယ်။

နတ်ကိုင်တတ်တယ်ဆိုပြီး သွပ်မိုးအိမ်မကြိုက်ကြဘူးတဲ့ ။အံ့ဩစရာ။နောက်ထပ်ထူးဆန်းမှု့တွေလည်းရှိသေးတယ်။လူနှစ်ယောက် ဦးခေါင်းမှာသန်းရှာကြတယ်ဆိုပါစို့။သန်းရှာပေးတဲ့သူသန်းတွေ့ရင် ကာယကံရှင်ကိုပေးရတာ။ကာယကံရှင်ကအဲဒီသန်း ပါးစပ်ထဲထည့် သွားနဲ့ဖိကိုက်ပစ်တယ်။

သို့ပေမယ့်လည်း သန်းရှာပေးတဲ့သူကကာယကံရှင်ကိုမပေးဘဲ သူစားပစ်လိုက်တယ်ဆိုသန်းရှာခံရသူကထပြီးခုနကသန်းရှာပေးသူရဲ့ ခေါင်းက သန်းတစ်ကောင်ရှာ ဖမ်းသူ့ကပြန်စားတယ်တဲ့ ။ဆရာ၀န်တစ်ယောက်ဟာ ဆေးကုသတဲ့အခါကုသစရိတ်လူနာရှင်ဆီက တန်ရာတန်ကြေး ရကြတာ ဓမ္မတာတစ်ခုပဲ။ဒေါက်တာသိန်းလှိုင်ကဆရာ၀န်လောကအတွတ်တော့ပြောင်းပြန်ပါပဲ။

သူခွဲစိတ်ခကသူခွဲစိတ်တာအောင်မြင်ရင်နတ်ဆရာတဲ့မအောင်မြင်ရင် ဒေါက်တာသိန်းလှိုင်ဟာ သူ့ခေါင်းကိုပေးဆပ်ရမည် ဆိုသည့် အလောင်းကစားပီပီခွဲစိတ်ခဲ့ရတယ်။နောက်တော့ နာဂလူမျိုးတစ်မျိုးလုံးက သူ့ကို ခေါ်ဝေါ်ကြတဲ့ နာမည်ကနတ်ဆရာ။ ဒေါက်တာသိန်း လှိုင်က ပြောတယ်။

ဆေးရုံတစ်ရုံတိုးတတ်ဖို့ဆို အင်္ဂလိပ်အက္ခရာ M ငါးလုံးနဲ့ ပြည့်စုံရမည် တဲ့။ပထမ အမ်က မန်းနီး _ဘတ်ဂျက်ဒုတိယအမ်က မက်တီရီးရယ်_ဆေးဝါးတတိယ အမ်က မက်သဒ် _နည်းဟန်စတုတ္ထ အမ်က မက်ရှင် _ ကိရိယာတန်ဆာပလာပစ္စည်းပဉ္စမ အမ်က မင်း_လူသားအရင်းအမြစ် ။

ဖတ်ကြည့်ပါစာရေးသူရဲ့ကောင်းမွန်သော အရေးအသားဒေါက်တာသိန်းလှိုင် ရဲ့ ခံယူချက်တာ၀န်ယူခြင်းတာ၀န်ခြင်းတွေနဲ့ ကြိုးစားမှု့ ဇွဲ လုံ့လဝီရိယတွေ့မြင်ရသည်မှာအံ့ဩရသည်။ကျနော် ရေးတတ်သလောက်သာရေးထားတာပါ။စာအုပ်ထဲဖတ်ရသည်မှာ ပို၍ခံတွင်း တွေ့နိုင်။သည်။လက်ကမချချင်လောက်ကောင်းသည်ဟု ဆိုနိုင်သည်။

ထက်မြတ်တဲ့ဓါးသွားပေါ်က ချိုမြမြပျားရည်စက် ( ညီပုလေး ) Download load here PDF file

Credit : Kyaw koko thet

Likes:
0 0
Views:
1572
Article Categories:
Books

Leave a Reply

Your email address will not be published. Required fields are marked *