သွားဆရာဝန်တွေ ဘယ်အချိန်ကတည်း ကရှိခဲ့တာလဲ

သွားကိုက်သည့်အခါ(သို့မဟုတ်)သွားနှင့်ပတ်သက်သည့် ဝေဒနာခံစားရပါက အမြန်ဆုံးပျောက်ကင်းလိုခြင်း ရှိကြသည်။ ရှေးဟောင်း လူသားများသည်လည်း အလားတူသွားနှင့်ပတ်သက်သော ဝေဒနာခံစားရမည်ဖြစ်ရာ သွားဘက်ဆိုင်ရာ ကုသမှုမှာ လူသားမျိုးနွယ် စတင်ချိန်ကတည်းက တစ်စိတ်တစ်ပိုင်းရှိခဲ့ဖွယ် အနေအထားရှိသည်။

ရှေးခေတ်အချိန်အခါက သွားကိုမည်သို့ ပြောင်စင်အောင်တိုက်ရမည်စသည့်(၅၂)ချက်ပါသော စည်းကမ်းချက်များရှိခဲ့ကြောင်း ခိုင်လုံ သောအထောက်အထားများနှင့် ရှာဖွေတွေ့ရှိခဲ့သည်။ သို့ရာတွင် သေချာသည့်အချက်တစ်ခုမှာ ရှေးခေတ်အချိန်အခါက ယနေ့ခေတ်ကဲ့ သို့သွားနှင့်ပတ်သက်သည့် ဗဟုသုတ ၊ အထူးသဖြင့် ကုသမှုဆိုင်ရာကို မသိရှိကြပေ။

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့်က ရှေးဟောင်းဂရိ နိုင်ငံတွင် သွားနုတ်ပေးသောဆရာဝန်များရှိခဲ့ပြီး၊ အေဒီ ၁၄၀၀ ခန့်က ယိုင်နဲ့နေသော သွားများနုတ်ခြင်းသာပြုလုပ်ပေးကြပြီး ကိရိယာသစ်များပေါ်ပေါက်သောအခါ တခြားသွားများကိုပါနှုတ်ပေးကြသည်။ ဂရိတွင်ကလေး များသွားနာပါကသက်သာစေရန် ဆေးဖြင့်ကုသပေးကြပြီး၊

နှစ်ပေါင်း၂၀၀၀န်းကျင်ရောက်သောအခါပိုမိုကောင်းမွန်သောကိရိယာများဖြင့်ကုသပေးနိုင်လာသည်။ အေဒီ၁၁၀၀မှ၁၄၀၀ အလယ် ခေတ်ကာလသို့ ရောက်သောအခါသွားပေါက်ဖာခြင်းများ ပြုလုပ်လာကြပြီး၊ ဖယောင်း၊ ကော်စေးများ ဖြင့်ပြုလုပ်ပေးကြကာ နောက်ပိုင်းတွင် ခဲ၊ ရွှေစသော သတ္တုများကို အသုံးပြုလာကြသည်။

၁၄၉၈ ခုနှစ်တိုင်အောင်သွားပွတ်တံများတီထွင်နိုင်ခြင်းမရှိသေးသော်လည်း တရုတ်နိုင်ငံမှ သွားဆရာဝန်များကမူ ဘုရင့်မိသားစုအတွက် သွားတိုက်တံပုံစံမျိုး တီထွင်ပေးခဲ့ကြသည်။

လွန်ခဲ့သောနှစ်တစ်ရာကျော်က သွားဆရာဝန်ဖြစ်လိုသူတစ်ဦးသည် လက်ရှိလုပ်ကိုင်နေသော သွားဆရာဝန်ထံတွင် အလုပ်သင်အဖြစ် သင်ကြားလုပ်ကိုင်ကြရသည်။ ၁၈၄၀ ခုနှစ်တွင် The Baltimore College of Dental Surgery အမည်ရှိ ပထမဆုံးသွားဘက်ပညာ ကောလိပ်ကို ဖွင့်လှစ်ခဲ့သည်။

credit : thutazone

Likes:
0 0
Views:
700
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *