ဘယ်နိုင်ငံတွေရဲ့ ပတ်စ်ပို့တွေက သြဇာအရှိဆုံးလဲ

ပြည်ပနိုင်ငံတွေကို ခရီးသွားလာတဲ့အခါမျိုးမှာ ပတ်စ်ပို့ လို့ခေါ်တဲ့ နိုင်ငံကူးလက်မှတ်ဟာ အရေးပါဆုံး မရှိမဖြစ်လိုအပ်တဲ့အရာတခုဖြစ် ပါတယ်။ ယနေ့ခေတ်ပတ်စ်ပို့တွေကို စတင်ဖြစ်ပေါ်စေခဲ့သူကတော့အင်္ဂလန်ပဉ္စမဟင်နရီဘုရင်ဖြစ်ပြီးအေဒီ ၁၅ ရာစုအစောပိုင်းကတည်း က ရှိနေခဲ့ပြီလို့သိရပါတယ်။ နိုင်ငံတိုင်းမှာမိမိနိုင်ငံသားတွေတခြားပြည်ပနိုင်ငံတွေကိုသွားလာနိုင်စေဖို့အတွက်ပတ်စ်ပို့တွေကိုထုတ်ပေး ထားကြပေမယ့်နိုင်ငံအလိုက်ရရှိတဲ့အခွင့်အရေးချင်းတော့မတူညီကြပါဘူး။

ပတ်စ်ပို့ချင်းတူပေမယ့် ကိုင်ဆောင်ထားတဲ့ပတ်စ်ပို့အလိုက်ဗီဇာကင်းလွတ်ခွင့်နဲ့ သွားလာနိုင်တဲ့နိုင်ငံအရေအတွက်ချင်းက မတူညီကြပါ ဘူး။ ငြိမ်းချမ်းလုံခြုံပြီး စီးပွားရေးတောင့်တင်းခိုင်မာတဲ့ နိုင်ငံတွေဟာ ပိုမိုအခွင့်အရေးရလေ့ရှိပါတယ်။

ပတ်စ်ပို့အလိုက် ဗီဇာကင်းလွတ် (သို့) ဆိုက်ရောက်ဗီဇာနဲ့ သွားလာနိုင်တဲ့နိုင်ငံအရေအတွက်စစ်တမ်းကို Henley Passport Index ကနေ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့ကနေရရှိထားတဲ့အချက်အလက်တွေပေါ်မှာ အခြေခံထားတာဖြစ် ပါတယ်။ဒီတခါတော့ ၂၀၂၀ ခုနှစ်ရဲ့ သြဇာအရှိဆုံးပတ်စ်ပို့နဲ့အဆိုးဆုံးပတ်စ်ပို့ ၁၀ ခုစီကိုဝေမျှသွားပါမယ်။

ဒီစာရင်းမှာနိုင်ငံနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအပါအဝင် ပတ်စ်ပို့ပေါင်း ၂၀၀ ရဲ့ အဆင့်သတ်မှတ်ချက်ကိုဖော်ပြထားပါတယ်။ သြဇာအ ရှိဆုံးပတ်စ်ပို့ရဲ့ ထိပ်ဆုံးနေရာကိုရထားသူကတော့ဂျပန်နိုင်ငံဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာသူတို့ရဲ့ပထမဆုံးပတ်စ်ပို့ကို ၁၈၈၆ ခုနှစ်ကတည်းကစတင်သုံးစွဲခဲ့တာဖြစ်ပြီးဂျပန်နိုင်ငံသားတွေရဲ့ပတ်စ်ပို့ဟာနိုင်ငံပေါင်း ၁၉၁ နိုင်ငံအထိဗီဇာမလိုပဲ (သို့) ဆိုက်ရောက်ဗီဇာနဲ့သွားနိုင်တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယား ၊ အီရတ် ၊ ဆီးရီးယား ၊ လစ်ဗျား ၊ ဆူဒန်နိုင်ငံ တွေအပါအဝင်နိုင်ငံနဲ့နယ်မြေအချို့ကိုတော့သွားလာနိုင်မှာမဟုတ်ပါဘူး။

Japanese passports on the antique Europe map, retro map

သြဇာအရှိဆုံးစာရင်းမှာနံပါတ် ၂ နေရာမှာ ရှိနေတာက စင်ကာပူနိုင်ငံရဲ့ပတ်စ်ပို့ဖြစ်ပါတယ်။ စင်ကာပူပတ်စ်ပို့ကိုင်ဆောင်ထားသူတွေဟာ ကမ္ဘာ့နိုင်ငံ နဲ့ နယ်မြေပေါင်း ၁၉၀ အထိ ဗီဇာမလိုပဲ သွားနိုင်ပါတယ်။

စင်ကာပူ ရဲ့နောက်မှာတော့တောင်ကိုရီးယားနဲ့ဂျာမနီနိုင်ငံတွေရှိနေပြီးသူတို့ကတော့နိုင်ငံနဲ့ နယ်မြေစုစုပေါင်း ၁၈၉ ခုကိုဗီဇာမလိုပဲသွားနိုင် ပါ တယ်။ နံပါတ် ၄ နေရာမှာတော့ ဖင်လန် ၊ အီတလီ ၊ လူဇင်ဘတ်နဲ့စပိန်နိုင်ငံရဲ့ ပတ်စ်ပို့တွေ ရှိနေပါတယ်။ သူတို့ကတော့နိုင်ငံနယ်မြေပေါင်း ၁၈၈ ခုအထိ သွားလာနိုင်ပါတယ်။

နံပါတ် ၅ နေရာမှာ ရှိနေတာကတော့ ဒိန်းမတ် နဲ့ သြစတြီးယားနိုင်ငံတွေရဲ့ ပတ်စ်ပို့တွေပါ။ ဒီနှစ်နိုင်ငံကသူတွေကတော့ နိုင်ငံနဲ့ နယ်မြေပေါင်း ၁၈၇ ခု အထိ သွားလာနိုင်ကြပါတယ်။ ပြင်သစ် ၊ အိုင်ယာလန် ၊ နယ်သာလန် ၊ ပေါ်တူဂီ ၊ ဆွီဒင် အစရှိတဲ့ နိုင်ငံကသူတွေကတော့နိုင်ငံ ပေါင်း ၁၈၆ ခုအထိသွားလာနိုင်ပြီး ဘယ်လ်ဂျီယံ ၊ ဆွစ်ဇာလန် ၊ နော်ေ၀ ၊ ယူကေနဲ့အမေရိကန်ပတ်စ်ပို့ကိုင်ဆောင်ထားသူတွေကတော့ ၁၈၅ ခု အထိသွားနိုင်တယ်လို့သိရပါတယ်။

နံပါတ် ၈ နေရာမှာရှိနေပြီးနိုင်ငံပေါင်း ၁၈၄ခု အထိဗီဇာကင်းလွတ်ခွင့်နဲ့သွားလာနိုင်တာကတော့ချက် ၊ ဂရိ ၊ မော်လ်တာ နဲ့ နယူးဇီလန်ပတ်စ် ပို့တွေဖြစ်ပါတယ်။

သြစတြေးလျရဲ့ ကနေဒါ နိုင်ငံသားတွေကတော့ နိုင်ငံ နဲ့ နယ်မြေပေါင်း ၁၈၃ခု အထိ သွားလာနိုင်ကြပြီး နံပါတ် ၁၀ မှာ ရှိနေတဲ့ ဟန်ဂေရီ ပတ်စ်ပို့ကတော့ နိုင်ငံ နဲ့ နယ်မြေပေါင်း ၁၈၂ ခုအထိ ဗီဇာကင်းလွတ်ခွင့်နဲ့ သွားလာနိုင်ကြပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တာကတော့ ထိပ်တန်းပတ်စ်ပို့ ၁၀ ခုစာရင်းမှာ ပါဝင်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ အဆိုးဆုံး ပတ်စ်ပို့ အချို့စာရင်းကို အောက်မှာ ဆက်လက်ဝေမျှသွားပါမယ်။

အဆိုးဆုံးပတ်စ်ပို့တွေထဲက တခုကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ ပတ်စ်ပို့ဖြစ်ပါတယ်။ သူကတော့ နိုင်ငံ နယ်မြေပေါင်း ၃၉ ခု အထိပဲ သွားလာနိုင်ပြီး နံပါတ် ၁၉၁ မှာ ရှိနေပါတယ်။ လစ်ဗျား ၊ နီပေါ နဲ့ ပါလက်စတိုင်းက ပတ်စ်ပို့တွေကတော့ နယ်မြေ ၊ နိုင်ငံပေါင်း ၃၈ ခု အထိပဲ သွားလာနိုင်ပြီး သူ့နောက်မှာတော့ ဆိုမာလီယာ ၊ ယီမင် တို့ရဲ့ ပတ်စ်ပို့တွေက သွားလာနိုင်တဲ့ နိုင်ငံ ၊ နယ်မြေ ၃၃ခု စီရှိနေပါတယ်။ သူတို့နောက်မှာတော့ ကမ္ဘာ့ပဉ္စမလူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ ပါကစ္စတန် ရှိနေပါတယ်။

ပါကစ္စတန်ရဲ့ပတ်စ်ပို့ဟာနိုင်ငံပေါင်း ၃၂ခုအထိသာ သွားလို့ရပြီး သူ့နောက်မှာတော့ ဆီရီးယား ပတ်စ်ပို့က ၂၉ခု ၊ အီရတ်ပတ်စ်ပို့က သွားလာနိုင်တဲ့ နိုင်ငံနယ်မြေပေါင်း ၂၈ ခု နဲ့ ရပ်တည်နေပါတယ်။

ဒီစာရင်းမှာနိုင်ငံပေါင်း ၂၀၀ ရဲ့ ပတ်စ်ပို့စာရင်းကို ထုတ်ပြန်ထားတဲ့အနက်နောက်ဆုံး နံပါတ် ၂၀၀ မှာ ရှိနေတဲ့ ပတ်စ်ပို့ကတော့ အာဖဂ္ဂနစ္စတန်ရဲ့ ပတ်စ်ပို့ဖြစ်ပြီး သူကတော့ နိုင်ငံ နဲ့ နယ်မြေပေါင်း ၂၆ ခုသာသွားလာနိုင်ပြီးဒီစာရင်းမှာအဆိုးဆုံးပတ်စ်ပို့အဖြစ် ရှိနေပါတယ်။

အခြားနိုင်ငံတွေကပတ်စ်ပို့တွေအကြောင်း ဖတ်ရတော့ကျွန်တော်တို့ နိုင်ငံရဲ့ ပတ်စ်ပို့အဆင့်ကိုလည်းသိချင်ကြမယ်ထင်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပတ်စ်ပို့ကတော့ဒီစာရင်းရဲ့ နံပါတ် ၁၇၈ နေရာမှာအာဖရိက က Djibouti နိုင်ငံနဲ့ပူးတွဲရပ်တည်နေပါတယ်။ မြန်မာနိုင်ငံရဲ့ပတ်စ်ပို့ကိုင်ဆောင်ထားသူတွေဟာကမ္ဘာ့နိုင်ငံနဲ့နယ်မြေပေါင်း ၄၇ ခုအထိဗီဇာကင်းလွတ်ခွင့် (သို့)ဆိုက်ရောက်ဗီဇာနဲ့ သွားလာနိုင်တယ်လို့ဒီစာရင်းမှာဖော်ပြထားပါတယ်။

Ref:

Henley Passport Index 2020

Likes:
0 0
Views:
1161
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *