မြန်မာပြည်သူတွေ ခံစားနေရတာကို စာလေးတွေ နဲ့ အားပေးစကားပြောပြီး တစ်သားတည်း ရပ်တည်ပေးခဲ့ကြတဲ့ နိုင်ငံခြားသားတချို့

လက်ရှိဖြစ်ပေါ်နေတဲ့အရေးကိစ္စတွေကြောင့် နာကျင်ခံစားနေရတဲ့ မြန်မာပြည်သူ ၊ပြည်သားတွေအတွက်လည်းနိုင်ငံခြားသားတချို့ကကိုယ် ချင်း စာနာပေးကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်းနိုင်ငံတကာမှပြည်သူတချို့က မြန်မာ့အရေးကိစ္စမှာပြည်ပရောက်မြန်မာလူမျိုးတွေ နဲ့အတူ ပါဝင်အားဖြည့်ပေးကြတာဖြစ်ပါတယ်။

အခုဆိုရင်လည်းဂျာမနီ၊ဗြိတိန်၊ပီရူး၊ရှရှား၊ပေါ်တူဂီ၊ဖိလစ်ပိုင်၊ပြင်သစ်၊အီတလီ နဲ့ ဂျပန်နိုင်ငံများမှနိုင်ငံခြားသားတချို့က မြန်မာပြည်သူ တွေအတွက် စာလေးတွေရေးပြီးအားပေးစကားပြောခဲ့ကြတာဖြစ်ပါတယ်။

သူတို့ရေးထားတဲ့စာထဲမှာဆိုရင် “ငြိမ်းချမ်းပါစေမြန်မာပြည်””မြန်မာသူရဲကောင်းပြည်သူများကိုလေးစားပါတယ်” ”မြန်မာပြည်သူ ဘက်မှာကျွန်မရပ်တည်ပါတယ် ” အားတင်းထားပါရွှေမြန်မာ” စတဲ့မြန်မာစာသားလေးတွေကိုရေးသားထားကြတာဖြစ်ပါတယ်။

မြန်မာပြည်သူတွေ ကလည်းအခု လိုမျိုးအားပေးစကားလေးတွေ နဲ့ တစ်တပ်တစ် အားရပ်တည်ပေးကြလို့အရမ်းကျေးဇူးတင်နေကြတာ ဖြစ်ပါတယ်။ပြည်ပရောက်နေကြတဲ့ မြန်မာလူမျိုးတွေကိုလည်းနိုင်ငံခြားသားတွေက အားပေးနှစ်သိမ့်ပြီးတတ်နိုင်သလောက်ကူညီဖေးမ ပေးကြတာဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကတော့ဧပြီလကုန်ရင် (၃)လပြည့်တော့မှာဖြစ်ပေမယ့် ပြည်သူလူထုကဇွဲ၊လုံ့လ၊ဝီရိယတို့နဲ့ ဆက်လက်ချီတက်နေကြဆဲဖြစ်ပါတယ်။

အခုလိုမျိုး နိုင်ငံခြားသားတွေကပါ အားပေးနေကြတာကြောင့်မြန်မာပြည်သူတွေကလည်း ခွန်အားအပြည့်နဲ့အကောင်းဆုံးအခြေအနေဖြစ် အောင်ရင်ဆိုင်နေကြတာဖြစ်ပါတယ်။

မြန်မာလူမျိုးတွေရင်ဆိုင်နေရတဲ့ အခက်အခဲကိုနိုင်ငံခြားသားတွေကပါ အတူတူရပ်တည်ပေးနေကြတဲ့ပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေး လိုက်ပါတယ်။

Photo Credit: Original Uploder

Likes:
0 0
Views:
672
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *