အမှုစစ်ဆေးဖို့ ကြန့်ကြာနေတဲ့အပေါ် အမေစု က တရားရုံး မှာမေးခွန်း ထုတ်

အကြ မ်း ဖ က် စစ်ကောင်စီရဲ့ တရားစွဲဆိုခြင်းကိုခံထားရတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အမှုစစ်ဆေးဖို့ ကြန့်ကြာနေ တဲ့ အပေါ် ဒီက နေ့ ရုံးချိန်းမှာ မေးခွန်းထုတ်ပြောဆိုခဲ့သည်။နေ ပြည်တော်ဇမ္ဗူသီရိမြို့နယ်တရားရုံး မှာ

ဧပြီလ ၂၆ ရက်နေ့ Video Conferencing စနစ်ဖြင့် ရုံးထုတ်ခဲ့ချိန်မှာပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။ “အမှုက ဒီလိုပဲကြာနေတယ်။ အမှုစစ်ဖို့တောင်မစစ် နိုင်ပဲ နဲ့ကြာ နေတယ်။ ဒါတွေကမပြီးနိုင်သေးဘူးလား ။အမှုသွားအမှုလာစစ်ဖို့နေနေသာသာ လုပ်ငန်းစဉ်တွေက

မပြီးသေးဘူးလား “ ဟုဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း တရားလွှတ်တော်ရှေ့နေဦးကြည်ဝင်းကပြောသည်။ ထို့အပြင်ယ နေ့ရုံးချိန်းတွင်တရားလွှတ်တော် ရှေ့နေတွေက ဒေါ်အောင်ဆန်းစုကြည် နှင့်လူချင်းတွေ့ဆုံပြီးအမှုညွှန်ကြားချက်ရယူလိုသည့်

အတွက် တရားရုံးသို့စာတင် တောင်းဆိုခဲ့ကြောင်းလည်း ၎င်းကဆိုသည်။နောက်တစ်ခါ ရုံးချိန်းကို မေလ ၁၀ ရက်နေ့ သို့ပြန်လည်ချိန်းပြီး ဒေါ်အောင်ဆန်းစုကြည့်နှင့် လူချင်းတွေ့ဆုံခွင့် ရ၊ မရကို ယင်းရုံးချိန်းမှသိရမည် ဖြစ်ကြောင်း တရားလွှတ် တော်ရှေ့နေဦးကြည်ဝင်း ကပြောသည်။

လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ခြောက်ခု နဲ့တရား ရင်ဆိုင်နေရတာဖြစ်ပြီး နေပြည်တော်မှာငါးမှု နဲ့ ရန်ကုန်မှာ တစ်မှု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန် သွင်းကုန် ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ၆၇ နှင့် နိုင်ငံတော်အကြည်အညိုပျက် စေမှု ပုဒ်မ ၅၀၅(ခ) ၊ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅ တို့ဖြင့်နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်တရားရုံးတွင်တရားစွဲ ဆိုထားသည်။

နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) နဲ့ကတော့ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်တရားရုံးတွင် စွဲဆိုထားခြင်းဖြစ် သည်။ နိုင်ငံတော် လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ဖြင့် တရားစွဲဆို ခံရမှုတွင်ဒေါ်အောင်ဆန်းစုကြည်နှင့်အတူဩစတေး လျနိုင်ငံသားစီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနဲလ်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊

ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နှင့် ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့အပါအဝင်ငါးဦးတို့ ဖြစ်ပြီး အမှုတွဲဖိုင်ကို ကူး ယူ ပြီးပြီဖြစ်ကြောင်း လိုက်ပါဆောင်ရွက်ပေးနေသည့်ရှေနေ့များက ဆိုသည်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေများအဖြစ် ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊ ဒေါ်စန်းမာလာညွန့်၊ ဦးသန်းနိုင်နှင့် ဦးကျော်စိန်လွင် တို့က လိုက်ပါဆောင်ရွက်ပေး နေ ကြခြင်းဖြစ်သည်။

Likes:
0 0
Views:
648
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *