အိန္ဒိယသမိုင်းထဲက သပ်စ်တို့အကြောင်း

၁၃ ရာစုနှစ် အိန္ဒိယ နိုင်ငံ၌ ကာလီ (Kali) ကို ကိုးကွယ်သော လူဆိုးဂိုဏ်းတစ်ဂိုဏ်း လျှို့ဝှက်စွာ ပေါ်ပေါက်ခဲ့သည်။ ကာလီ ၏ အဓိပ္ပါယ်မှာ အဖျက်အဆီးများကို ကိုယ်စားပြုသည့် နတ်ဘုရား မယ်တော်ပင်ဖြစ်သည်။ ကာလီအား ကိုးကွယ်သည့် လျှို့ဝှက် ဘာသာရေးဂိုဏ်းသည် အင်အားအလွန်ကြီးမားပြီး နှစ်ပေါင်း ၅၀၀ ကျော် ကာလအထိ ဆက်လက်တည်ရှိခဲ့သည်။

ကာလီနတ်ဘုရားအားကိုးကွယ်သောဂိုဏ်းဝင်အားလုံးမှာ တစ်နှစ်ပတ်လုံး သာမန်လူနေမှု ဘဝဖြင့်ပင် ရှင်သန်ရပ်တည်ကြရသည်။ သို့ သော် ဆောင်းဦးရာသီရောက်သည်နှင့်ဂိုဏ်းဝင်မှန်သမျှ ကျေးလက်တောရွာမကျန် နီးစပ်ရာအလိုက်စုဝေး၍ အဖွဲ့ဖွဲ့ကာချမ်းသာကြွယ် ဝသူ ခရီးသွားများအား ရှာဖွေတတ်ကြသည်။ သူတို့၏ ယုံကြည်ချက်အရ ခရီးသွားအား သတ်၍ သူတို့၏ နတ်ဘုရားကာလီမယ်တော်အား ယဇ်ပူဇော်ကြရန် ဖြစ်သည်။

ယဇ်ပူဇော်မည့် အစီအစဉ်အတွက် လုပ်နည်းကိုင်နည်းများမှာ အဖွဲ့မှ ပစ်မှတ်ထားသည့် ယဇ်ကောင် (victim) အား တစ်ဦးက ခင်မင်ရင်း နှီးလာအောင် မိတ်ဖွဲ့စကား ပြောဆိုနေစဉ် အခြားဂိုဏ်းဝင် တစ်ယောက်က ယဇ်ပူဇော်ခွင့်ရရန် အခွင့်အရေးကို ချောင်းမြောင်းစောင့်ကြည့် နေရမည် ဖြစ်သည်။

တစ်နည်းအားဖြင့် ယဇ်ပူဇော်မည့် အစီအစဉ်အတိုင်း ယဇ်ကောင်အား ဖြားယောင်းမြူဆွယ်ပြီး သတ်မှတ်ရွေးချယ်ထားသည့် အနေအထား ရောက်သည်နှင့်ကျောဘက်မှနေသည့် တစ်ယောက်ကပုဝါဖြင့်လည်ပင်းကိုစည်းကာ သတ်ပေးရမည် ဖြစ်သည်။ထိုသို့သောဂိုဏ်းဝင်တို့ အကြောင်းသိထားသည့်သူတို့က Phansigars (the stranglers = လည်မျိုညှစ်သူ) များအဖြစ် သတ်မှတ်ထားကြသည်။

အိန္ဒိယသည် ဗြိတိသျှတို့၏ လက်အောက်ကိုလိုနီအဖြစ် ကျရောက်ချိန်မှစ၍ သက်ဆိုင်ရာ အာဏာပိုင်တို့က ကာလီကိုးကွယ်သည့် လူဆိုးဂိုဏ်းအား ဖျက်ဆီး ဖယ်ရှားပစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

၁၈၃၃ မှ ၁၈၃၇ ခုနှစ်အထိ ကာလီကိုးကွယ်သည့် ဂိုဏ်းဝင်ပေါင်း ၃၀၀၀ ကျော် လက်ရဖမ်းဆီး ခံခဲ့ရသည်။ဂိုဏ်းဝင်များအနက် နာမည် ကျော်သူတို့အား အရေးယူ ဆောင်ရွက်မှု ပြင်းထန်သောကြောင့် ဂိုဏ်းဝင် ၅၀၀ ကျော် ကြိုးပေးခံခဲ့ရသည်။အချို့သော ဂိုဏ်းဝင်များအား တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ရာ၌ ဂိုဏ်းဝင်ပေါင်း ထောင်ချီ၍ တစ်ကျွန်းစံ ဖြစ်ခဲ့ရသည်။

နောက်ဆုံးမှ သိရှိ၍ဖမ်းဆီးရမိသူအား ၁၈၈၂ ခုနှစ်၌ သေဒဏ်ပေးခဲ့ပြီး ဖြစ်သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသောဂိုဏ်း၏ အမည် မှာ Thugs ဟူ၍ဖြစ်ပြီး လူမိုက်အဖွဲ့ဟူ၍ အဓိပ္ပါယ်ရှိသည်။ကာလီမယ်တော်နတ်ဘုရားသည်သွေးစွန်းခြင်းကိစ္စမှန်သမျှအားတွေ့လိုမြင်လို သူမဟုတ်သောကြောင့် ဂိုဏ်းသားများက သွေးထွက်သံယိုမဖြစ်စေသည့်လည်မျိုညှစ်သတ်ခြင်းမျိုးဖြင့်ယဇ်ပူဇော်နို င်အောင်စီစဉ် ပေးကြခြင်း ဖြစ်သည်။

တစ်ဖန်ချမ်းသာကြွယ်ဝသူများအား အဓိကရွေးချယ်ပစ်မှတ်ထားရခြင်းမှာနတ်ဘုရားအတွက်သာမက ဂိုဏ်းဝင်တို့အတွက်လည်း ဘဏ္ဍာငွေအဆင်ပြေစေရေးအစီအစဉ်ပင်ဖြစ်သည်။

အဆိုပါ ဂိုဏ်းဝင်တို့သည်အမျိုးသမီးများ၊ဂီတပညာရှင်များဖြစ်ပါကလုံးဝတိုက်ခိုက်ခြင်း မပြုဘဲအထူးအခွင့်အရေးအဖြစ်လွတ်ငြိမ်းချမ်း သာခွင့်ပြုပေးကြသည်။အိန္ဒိယ၏မြို့တစ်မြို့ဖြစ်သောကာလကတ္တားအမည်၏အဓိကဇစ်မြစ်အဓိပ္ပါယ်မှာ Kalighata ဖြစ်ပြီးကာလီနတ် ဘုရား၏အမည်အား ယူထားခြင်းဖြစ်သည်ဟု လေ့လာတွေ့ရှိရပေသည်။

ကာလီနတ်ဘုရားမယ်တော်အားလူမိုက်အဖွဲ့ (thugs) မဟုတ်သည့်လူပေါင်းများစွာကကိုးကွယ်ရှိခိုးလျက် ရှိနေဆဲဖြစ်သည်။၎င်းပြင် ကာလီနတ်ဘုရားသွေးဖြင့်ယဇ်ပူဇော်သည့်ဓလေ့ထုံးစံသည်လည်းယနေ့ထိရှိနေဆဲဖြစ်သည်။သို့သော်အတိတ်ကာလခေတ်များကဲ့သို့ လူကိုမသုံးတော့ဘဲဆိတ်များကိုသာယဇ်ကောင်အဖြစ်သုံးစွဲကြတော့သည်။

သမိုင်းကပြောသော အံ့ဖွယ်ဇာတ်လမ်း – အောင်လှိုင်

Post By Ko Kyel Sin (ဗဟုသုတကြယ်စင် ဂရု)

Likes:
0 0
Views:
1106
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *