တိုက်ကားအဟောင်းတစ်စီးဝယ်ပြီး တကယ့်အိမ်သုံးကားလိုစီးလို့ရအောင် တီထွင်ခဲ့တဲ့အမျိုးသား

Covid-19 ကူးစက်ရောဂါဖြစ်ပွားနေချိန်မှာ လူတွေဟာနေအိမ်အတွင်းမှာသာအနေများကြလို့အချိန်ပိုတွေပေါများနေကြတာပါ ။ ဒီလိုအချိန်တွေမှာလူတွေဟာစမ်းသပ်တီထွင်မှုအသစ်တွေပြုလုပ်ပြီးအချိန်ကုန်ဆုံးနေကြတာပါ ။

ဒီတစ်ခေါက်မှာလည်းအမေရိကန်နိုင်ငံ Portland မြို့မှာနေထိုင်နေလျက်ရှိတဲ့ Chris Acock အမည်ရှိတဲ့အင်ဂျင်နီယာတစ်ဦးဟာ သူ့ရဲ့တီ ထွင်မှုတစ်ခုကြောင့် social mediaပေါ်မှာရေပန်းစားနေရုံသာမက ၊ အိမ်နီးချင်းတွေရဲ့လေးစားအားကျမှုတွေကိုပါခံယူခဲ့ရပါတယ် ။

အကြောင်းကတော့ Chris ဟာ အသုံးမလိုတော့လို့ဟောင်းနေပြီဖြစ်တဲ့ တိုက်ကားတစ်စီးကိုဝယ်ယူပြီးတကယ့်ကားလမ်းပေါ်မှာ မောင်းလို့ရတဲ့အိမ်စီးကားအနေနဲ့ပြုပြင်ခဲ့လို့ပါပဲ ။Chris ဟာအဆိုပါတိုက်ကားကို $39 ဖြင့် eBay မှာဝယ်ယူခဲ့တာပါ ။

ဇနီးဖြစ်သူ Zarea Lea ကိုအဆိုပါစိတ်ကူးပြောပြခဲ့ချိန်မှာတော့ ဇနီးဖြစ်သူကချက်ချင်းကိုထောက်ခံအားပေးခဲ့ပါတယ် ။

အဆိုပါကားဟာ 1နာရီကို 8မိုင်ခန့်မောင်းနှင်နိုင်ကြောင်း နှင့် ဒေသခံလူတွေအတော်လေးကိုကြိုက်နှစ်သက်ရတဲ့ ကားလေးလည်းဖြစ်နေခဲ့ပါတော့တယ် ။

” လူတွေပထမဆုံးမြင်လိုက်တော့ ၊ သူတို့တွေအံ့သြသွားတယ် ဘာလို့ဆို သူတို့မယုံကြည်နိုင်လို့ပါပဲ ၊ သူတို့တွေပုတင်းပေါက်ဖွင့်ပြီး ဓာတ်ပုံတွေရိုက်ကြပြီးတော့မိုက်လိုက်တာလို့လည်းပြောခဲ့ကြပါသေးတယ်”ဆိုပြီး Zarra ကပြောပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: elitereaders

Likes:
0 0
Views:
796
Article Categories:
NEWSTravel

Leave a Reply

Your email address will not be published. Required fields are marked *