တစ်ဖက်သက်ချစ်ရတဲ့အဖြစ်က လွတ်မြောက်နိုင်မယ့်နည်းလမ်းများ

တချို့က ချစ်နေရုံနဲ့ကျေနပ်ပါတယ်လို့ပြောကြပါတယ်။ သို့သော် ကိုယ်ကိုပြန်မချစ်နိုင်တဲ့သူတစ်ယောက်ကို တစ်ဖက်သက်ချစ်နေရတာက သေချာစဉ်းစားကြည့်ရင် ဝဋ်ကြွေးတစ်ခုပါပဲ။ ကိုယ့်ကိုပြန်မချစ်နိုင်မယ့်သူထက် ကိုယ့်အချစ်နဲ့ထိုက်တန်နဲ့ကို ရှာဖွေလိုက်တာကပိုပြီးသင့် တော်ပါတယ်။ ဒီနေ့တော့ ကိုယ့်ကိုပြန်မချစ်နိုင်တဲ့ လူကိုမေ့ပစ်နိုင်မယ့် နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

မိမိကို ပြန်မချစ်နိုင်တဲ့ လူတစ်ယောက်ကို စောင့်မျှော်နေရတာဟာ အလွန်ပင်ပန်းပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင်ဟာ သင့်ကိုယ်သင် လျစ်လျူ့ရှုလာတက်ပါတယ်။ မိမိကိုယ်ကိုလည်း ဂရုမစိုက်တော့ဘဲ ကျန်းမာရေးပါ ချူချာလာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာ တစ်ချို့တွေက စိတ်သက်သာရာရအောင် ဆေးလိပ်တွေသောက်တက်ကြတယ်။

မူးယစ်ဆေးဝါးတွေ သုံးစွဲပြီး မိမိကိုယ်ကို ဖျက်စီးတက်ကြပါတယ်။ ပြီးတော့ ကိုယ်ချစ်တဲ့သူက ဒီလိုဖြစ်နေတာကို မြင်ရင် ပြန်ချစ်လာမ လားဆိုပြီး မျှော်လင့်တက်ကြပါတယ်။ သေချာတာကတော့ သူတို့သင့်ကို ပြန်မချစ်လာပါဘူး။

ဒါကြောင့် မိမိကိုယ်ကို ဖျတ်စီးနေမဲ့အစား သူ့အကြောင်းကို မေ့ပြီးကိုယ့်အတွက်အကျိုးရှိတာကို အာရုံစိုက်ပေးပါ။ အားကစားလုပ်ပါ။ ရုပ်ရည်ကို ပိုပြီးဂရုစိုက်ပေးပါ။ ဆံပင်ပုံစံတွေ ပြောင်းပြီး ကျန်းမာရေးကို ဂရုစိုက်ပေးပါ။

(၂) အာရုံပြောင်းပါ

အမြင်အာရုံနဲ့ စိတ်အာရုံကနေ ထုတ်ပစ်နိုင်အောင်ကြိုးစားပါ။ ကိုယ့်ကိုပြန်မချစ်နိုင်တော့တဲ့ လူတစ်ယောက်ကို မေ့ပစ်ဖို့ အကောင်းဆုံး နည်းလမ်းပဲဖြစ်ပါတယ်။ တက်နိူင်သမျှ သူနဲ့ဝေးဝေးမှာ နေပေးပါ။ သူနဲ့ ဝေးဝေးမှာ နေဖို့အဆင်မပြေဘူးဆိုရင်တော့ အတွေးထဲကနေသူ့ကို ထုတ်ပစ်ဖို့ ကြိုးစားပါ။ ကိုယ့်ရဲ့အတွေးအာရုံကို ကိုယ့်ရဲ့ စိတ်ကူးအိပ်မက် တွေဖက်လှည့်ပေးပါ။ ဒီအချိန်မှာ relationship ဆိုတာကြီးကို မေ့ထားလိုက်ပါ။

(၃) အားကစားလုပ်ပါ

စိတ်ကိုပြန်လည်တည်ငြိမ်အောင်လုပ်ဖို့ နည်းလမ်းတွေများကြီးရှိပါတယ်။ အထိရောက်ဆုံး နည်းလမ်းတွေထဲကတစ်ခုကတော့ လေ့ကျင့် ခန်း လုပ်ခြင်းပါပဲ။လေ့ကျင့်ခန်းလုပ်ခြင်းကအဆိုးမြင်ဝါဒကိုဖယ်ရှားပေးနိုင်ပါတယ်။

မနက်တိုင်းထပြေးပါ (သို့) gym သွားပြီး လေ့ကျင့် ခန်းလုပ်ပေးပါ။ ရေကူးခြင်းကလည်းအထူးသင့်တော်ပါတယ်။ ဒီလိုအားကစားတွေ ပြုလုပ်ပေးခြင်းကခန္ဓာကိုယ်ကျန်းမာရေး အတွက်သာ မက စိတ်ဓာတ်ခွန်အားလည်း ဖြစ်စေပါတယ်။

(၄) ခံစားချက်ချင်းတူတဲ့သူရှာပါ

ဒီလိုပြဿနာရှိတာသင်တစ်ယောက်ထဲမဟုတ်ပါဘူး။ လူတော်တော်များများ ဒီလိုပြဿနာတွေကြုံဖူးပါတယ်။ ဒီလိုပြဿနာတွေနဲ့ ကြုံရတဲ့ အချိန်မှာသူတို့ဘယ်လိုရင်ဆိုင်ဖြေရှင်းခဲ့သလဲဆိုတာကိုသိအောင်ကြိုးစားပါ။ ဒါမှမဟုတ်သင့်ရဲ့အနီးကပ်ဆုံးသူငယ်ချင်းတွေကိုသင့်ရဲ့ခံစား ချက်တွေကိုရင်ဖွင့်ပါ။သူတို့အနေနဲ့သင့်ကိုအကြံဉာဏ်ကောင်းတွေပေးနိုင်မှာပါ။

Source : Freepik

Likes:
0 0
Views:
674
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *