အပြောင်းအလဲတွေကို လိုလားသူတွေအနေနဲ့ လုပ်ဆောင်ပေးရမယ့် အဆင့်များ

လက်ရှိအခြေအနေထက် ပိုကောင်းမွန်အောင်ကိုယ့်ကိုယ်ကိုပြောင်းလဲချင်တဲ့ အတွေးမျိုးရှိနေပြီလား။ ကိုယ့်ရဲ့ စတိုင် ၊စိတ်အခြေအနေ ၊ ဘဝရပ်တည်မှု အားလုံးကိုတိုးတက်ပြောင်းလဲချင်တယ်ဆိုရင်တော့သင့်အနေနဲ့လုပ်ဆောင်ရမယ့်အခြေခံအဆင့်လေးတွေရှိပါတယ်။ ကဲဘယ်လိုအဆင့်လေးတွေဖြစ်မလဲ ဆက်ဖတ်ကြည့်ရအောင်ပါ။

(၁) မနက်ခင်းအလေ့အထတွေပြောင်းလဲပါ

သင့်ကိုယ်သင်ပြောင်းလဲဖို့ နေ့တစ်နေ့ရဲ့အစမနက်ခင်းအလေ့အထတွေကိုအရင်ဆုံးပြောင်းလဲရပါမယ်။ မနက်ခင်းစောစောအိပ်ရာထပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုကိုအနည်းဆုံး မိနစ် ၂၀ လောက်မပျင်းမရိလုပ်ပေးပါ။

လေ့ကျင့်ခန်းလုပ်ပြီးရင်ရေအေးနဲ့ ရေချိုးပါ။ ထို့နောက်အာဟာရပြည့်ဝတဲ့ မနက်စာစားပြီးသတင်းစာဖတ်တာ ၊ စာအုပ်ဖတ်တာမျိုး လုပ်ပေးပါ။ တစ်နေ့တာကိုစိတ်ကြည်လင်လန်းဆန်းစွာနဲ့ တက်ကြွစွာဖြတ်သန်းနိုင်ဖို့ဒီအဆင့်လေးတွေကကူညီပေးနိုင်ပါတယ်။

(၂) ဝတ်စားဆင်ယင်မှုအမြင်ရှိပါ

အဝတ်အစားကလူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကိုအများကြီးပြောင်းလဲစေနိုင်သလိုစိတ်ခံစားမှုကိုပြောင်းလဲပေးနိုင်ပါတယ်။ ဒါကြောင့် မိမိခန္ဓာကိုယ်အချိုးအစားနဲ့ ကိုက်ညီမှုရှိတဲ့အဝတ်အစားမျိုးကိုသေချာရွေးချယ်ပြီးဝတ်ဆင်ပါ။

အဓိကအားဖြင့် ကာလံဒေသံနဲ့ကိုက်ညီမှုရှိအောင်ဝတ်ဆင်တက်ဖို့နဲ့ သပ်သပ်ရပ်ရပ် ၊သန့်သန့်ပြန့်ပြန့်ဝတ်ဆင်တက်ဖို့က အရေးကြီးပါတယ်။ ဒါဆိုရင်အရင်ကထက် သင့်ကိုသင်ယုံကြည်မှုပိုရှိလာမှာဖြစ်ပြီးစိတ်ခံစားမှုလည်းပိုကောင်းနေပါလိမ့်မယ်။

(၃) ကိုယ့်ကိုယ်ကိုပိုဂရုစိုက်ပါ

ပိုကောင်းတဲ့ သူတစ်ယောက်အဖြစ်ပြောင်းလဲချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုပိုပြီးဂရုတစိုက်နေထိုင်ဖို့လိုမှာပါ။အရင်ကထက် ရုပ်ရောစိတ်ပါကျန်းမာရေးကိုဂရုစိုက်ရမှာဖြစ်ပြီး

ကျန်းမာရေးထိခိုက်စေတဲ့နေထိုင်မှုပုံစံတွေ ၊ အစားအသောက်တွေ ၊ အတွေးတွေကို ဂရုတစိုက်ရှောင်ကြဉ်သွားရမှာဖြစ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့အသားအရေထိန်းသိမ်းခြင်း လုပ်ငန်းစဉ်တွေကလည်းမေ့မထားလို့မရတဲ့အဆင့်တွေပဲဖြစ်ပါတယ်။

(၄) လေ့လာမှုတွေအမြဲလုပ်နေပါ

သင့်ရဲ့လေ့လာမှုစွမ်းရည်က သင့်ဘဝရပ်တည်မှုအတွက်အပြောင်းအလဲတွေကို ယူဆောင်လာပေးနိုင်ပါတယ်။ လူတစ်ယောက်ဟာ လေ့လာသင်ယူမှုတွေနဲ့အကျွမ်းတဝင်ရှိနေပြီးအသိပညာဗဟုသုတတွေကြွယ်ဝနေမယ်ဆိုရင် တခြားသူတွေထက် ခြေတစ်လှမ်းသာနေမှာ ဖြစ်ပါတယ်။

ဒါကြောင့် တိုးတက်ပြောင်းလဲချင်သူတစ်ယောက်အနေနဲ့ လုပ်ငန်းခွင် ဒါမှမဟုတ် သက်ဆိုင်ရာနယ်ပယ်မှာ အမြဲလေ့လာသင်ယူမှု တွေလုပ်ဆောင်နေသင့်ပါတယ်။

Photo : Freepik

Likes:
0 0
Views:
631
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *