ဖိနပ်မပါ ၊ စက်ဘီးအဟောင်းလေးနဲ့ စက်ဘီးစီးပြိုင်ပွဲကို အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကောင်လေး

မကြာသေးခင်က social media မှာ ပျံနှံနေတဲ့ ဓာတ်ပုံလေးဟာဆိုရင် လူအတော်အများရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ် ။ အကြောင်းကတော့ ကမ္ဘောဒီးယားနိုင်ငံမှာနေထိုင်တဲ့ Pich Theara အမည်ရှိတဲ့ ကောင်လေးဟာ စက်ဘီးစီးပြိုင်ပွဲတစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ ။

ကောင်လေးရဲ့ စက်ဘီးမှာတော့ ဈေးကြီးပေးဝယ်ရတဲ့စက်ဘီးမဟုတ်တဲ့အပြင် ၊ လုံခြုံစိတ်ချစေတဲ့ ဂီယာလည်းမပါရှိတဲ့ စက်ဘီး အဟောင်းလေးပါ ။

ဒါ့အပြင်ကောင်လေးဟာ အခြားစက်ဘီးသမားတွေလို အဝတ်အစားမျိုး မဝတ်ဆင်နိုင်တဲ့အပြင် ပိုဆိုးတာကတော့ ဖိနပ်လေးတောင် မပါရှိခဲ့တဲ့ တောင်တက်စက်ဘီးစီးပြိုင်ပွဲကို အားကြိုးမာန်တက်ဖြင့် ယှဉ်ပြိုင်ခဲ့တာပါ ။

ကောင်လေးရဲ့ဓာတ်ပုံဟာ social media ပေါ်မှာ အတော်လေးကိုရေပန်းစားသွားခဲ့ပြီးနောက် စက်ဘီးစီးအဖွဲ့အစည်းတွေက သတိထား မိခဲ့ပါတော့တယ် ။ ကောင်လေးကို ဆက်သွယ်ပြီး ချစ်ခင်အားပေးမှုတွေကိုပါ ဖော်ပြခဲ့ပါတယ် ။

Lang Tyleang အမည်ရှိတဲ့အမျိုးသားဟာဆိုရင် Facebook ပေါ်က အဆိုပါဓာတ်ပုံကိုမြင်မြင်ချင်း ကောင်လေးကို ခြေရာခံပြီးလိုက် လံရှာဖွေကာ ကောင်လေးကို စက်ဘီးအသစ်တစ်စီးလက်ဆောင်ပေးခဲ့ပါတယ် ။

Lang တစ်ယောက်ထဲတင်မကပါဘူး online ပေါ်က လူအတော်အများဟာ ကောင်လေးကိုကူညီဖို့ရောက်ရှိလာကြပြီး ၊ အဝတ်အစား ၊ ဖိနပ် နှင့် စာအုပ် အစရှိတဲ့ လက်ဆောင်တွေကိုပေးခဲ့တဲ့အပြင် အချို့ဆိုရင် ထောက်ပံ့ငွေတွေပါ ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ် ။

မည်သို့ပင်ဖြစ်စေကာမှု ကောင်လေးရဲ့ကြိုးပမ်းအားထုတ်မှု နှင့် ရည်မှန်းချက်ကို လူအတော်အများက အသိအမှတ်ပြုပေးပြီး ဝိုင်းဝန်းထောက်ခံအားပေးနေလျက်ရှိကြပါတယ်လေ ။

Jasmine (Mckzone Daily)

Source : storypick

Likes:
0 0
Views:
757
Article Categories:
KNOWLEDGESocial Media

Leave a Reply

Your email address will not be published. Required fields are marked *