မိုးလေဝသပညာရှင် ဆရာကြီး ဦးထွန်းလွင်၏ အတ္ထုပ္ပတ္တိ

ဦးထွန်းလွင်အား ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင်စစ်ကိုင်းတိုင်း ငါန်းဇွန် မြို့နယ် ကုလကျေးရွာာ၌ အဖ ဦးသိန်းမောင် အမိ ဒေါ်အေးကြီးတို့ကမွေးဖွားခဲ့သည်။မွေးချင်းနှစ်ဦးအနက်အကြီးဖြစ်သည်။

၁၉၆၄ ခုနှစ်တွင်မန္တလေးတိုင်း လဖုန်း အထိမ်းအမှတ် အထက်တန်းကျောင်းမှ အခြေခံပညာအထက်တန်း အောင်မြင်ခဲ့ပြီးမြန်မာနိုင်ငံလုံး ဆိုင်ရာသင်္ချာလူရည်ချွန် (ရွှေတံဆိပ်ဆု) ကိုရရှိခဲ့သည်။ ပညာမင်းကြီး ဦးဘိုးသုန်ပေးသောပညာမင်းကြီး ဆုတံဆိပ်ကို ရရှိသည်။

၁၉၆၅-ခုနှစ်တွင် မန္တလေးမြို့ အ.ထ.က(၁၄)ကျောင်း (ယခင်- ဖာသာလဖုန်းကျောင်း)တွင်ဆယ်တန်းအောင်မြင်သည်။ ၁၉၆၅-ခု၊ မေလ(၃)ရက်တွင် မန္တလေးမြို့ရှိ မိုးလေဝသဌာန၌ အောက်တန်းစာရေးအဖြစ်အသက်(၁၇)နှစ်(၄)လအရွယ်မှစတင်တာဝန်ထမ်း ဆောင်ခဲ့သည်။ အမှုထမ်းဘဝဖြင့် မန္တလေး၊ဝိဇ္ဖာနှင့်သိပ္ပံတက္ကသိုလ်၊တိုးချဲ့ညနေသင်တန်းမှသိပ္ပံဘွဲ့(ရူပဗေဒဘာသာအဓိက)ကို ဘာသာစုံဂုဏ်ထူး၊ အထူးအောင်ဖြင့်အောင်မြင်ခဲ့သည်။

၁၉၇၁-ခုနှစ်တွင် B.Sc (ရူပဗေဒ)ဘွဲ့ ရရှိခဲ့သည်။ ဘာသာစုံ ဂုဏ်ထူးဖြင့် အထူးအောင်မြင်ခဲ့သည်။ ထို့ကြောင့် တက္ကသိုလ်တွင် သရုပ်ပြ တိုက်ရိုက်ခန့်သည်။ သို့သော် ဝင်ရောက်လုပ်ကိုင်ခြင်းမရှိဘဲမိုးလေဝသဌာနတွင်သာ ဆက်လက်အမှုထမ်းခဲ့၏။ ၁၉၇၃-ခုနှစ်တွင် အမေရိကန်ပြည်ဖလောရီဒါတက္ကသိုလ်သို့ပညာသင်လွှတ်ခြင်းခံရသည်။ နှစ်နှစ်တက်ပြီး ၁၉၇၅-ခုနှစ်တွင် B.Sc(မိုးလေဝသ) ဘွဲ့ရခဲ့သည်။ ၁၉၈၇-ခုနှစ်တွင်လည်းမဟာသိပ္ပံဘွဲ့အတွက် ဒုတိယအကြိမ်အမေရိကန် ဖလောရီဒါတက္ကသိုလ်ကိုပညာသင်သွားရပြန်သည်။

၁၉၈၉ ခုနှစ်တွင်ယင်းတက္ကသိုလ်မှပင် မဟာသိပ္ပံဘွဲ့ (မိုးလေဝသ) ကို လည်းကောင်းအောင်မြင်ရရှိခဲ့ကာပါရဂူဘွဲ့ သင်တန်းတက်ရောက် ခွင့်သုံးနှစ်ပညာသင်ဆုကို အမေရိကန်ပြည်ထောင်စုအမျိုးသားအဏ္ဏဝါနှင့် လေထုအုပ်ချုပ်ရေးအဖွဲ့ကချီးမြှင့်ခြင်းခံခဲ့ရသည်။ သို့သော် မတက်ရောက်ဖြစ်ခဲ့ပေ။ ယခုအခါယင်းဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ကျမ်းပြုစုပြီးဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင်စက်မှုထူးချွန်ဒုတိယဆု ကိုရရှိခဲ့သည်။

Ph.Dဘွဲ့ကို ရန်ကုန်တက္ကသိုလ်တွင်လေးနှစ်တက်ပြီး ၂၀၀၈-ခုနှစ်၊ ဇူလိုင်လတွင်ဒေါက်တာဘွဲ့ရရှိခဲ့သည်။ ၂၀၀၉-ခုနှစ်၊ မတ်လ(၂၀)ရက်နေ့၌ ရန်ကုန်တက္ကသိုလ်ရူပဗေဒဌာနတွင်ပေးအပ်သော ထမဆုံးဆရာခရူပဗေဒဆုကိုချီးမြှင့်ခြင်းခံခဲ့ရသည်။

၂၀၀၆ တွင် နိုင်ငံတကာမိုးလေဝသနှင့် ဇလဗေဒအသင်းကြီး၏အမြဲတန်းအသင်းဝင်၊ ၂၀၀၇ တွင် အာရှဒေသသဘာဝဘေးဒဏ် ကာကွယ် ရေး နှင့်ပြင်ဆင်ရေးကောင်စီမြန်မာနိုင်ငံ၏ဥက္ကဋ္ဌအဖြစ်တာဝန်ယူလုပ်ဆောင်ခဲ့သည်။ ဒေါက်တာထွန်းလွင်မှာ ၁၉၈ဝ ခုနှစ်ခန့်မှသည်ညွှန် ကြားရေးမှူးတာဝန်ယူထားသည့်တိုင် မိုးလေဝသသတင်းကြေညာသူအဖြစ်လုပ်ဆောင်ခဲ့သူဖြစ်သည်။

နာဂစ်မုန်တိုင်းမတိုင်မီအချိန်ထိမိုးလေဝသသတင်းအတွက် အားထားရသူတဦး ဖြစ်ခဲ့ပြီး သတင်းလောကတွင်လည်း သတင်း ထုတ်ပြန်ရန် ပွင့်လင်းသူအဖြစ်ကျော်ကြားခဲ့သည်။ ၂၀၀၈ ခုနှစ် မေလနာဂစ် မုန်တိုင်းနှင့်ပတ်သက်၍အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပြီး မီဒီယာများတွင် မိုးလေဝသဌာနက သတင်းထုတ်ပြန်ရန်ပျက်ကွက်ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးထွန်းလွင်မှာလူထုစိတ်ဝင်စားမှုခံရသောပုဂ္ဂိုလ်တစ်ဦးဖြစ် လာခဲ့သည်။

တကယ်တော့ ဦးထွန်းလွင်သည်နာဂစ်မုန်တိုင်းနှင့််ပတ်သတ်သောအရေးကြီးသတင်းကို ပေးပို့တင်ပြခဲ့ပြီးဖြစ်သည်။ သို့သော် ကြားခံ ဌာနများ၏ သတင်းထိန်ချန်ခဲ့မှု နှင့် နှောင့်နှေးကြန့်ကြာမှုများကြောင့်ဆရာကြီး၏တင်ပြချက်သတင်းသည်ပြည်သူများကြားသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိခွင့် မရခဲ့ပါချေ။

၁၉၆၅ ခုနှစ်၊ မေလ ၃ ရက်နေ့၌ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတွင် တိုင်းထွာရေးမှူး အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့ပြီး  ညွှန်ကြားရေးမှူးချုပ်အဖြစ်အဆင့်ဆင့် တိုးမြှင့် တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာ့ရုပ်မြင်သံကြားသတင်းအစီအစဉ်တွင် လပတ်မိုးလေဝ သသတင်းကြေညာသူအဖြစ် ၁၉၈ဝပြည့်နှစ် အောက်တိုဘာလမှစ၍ ယနေ့ အထိ ၂၆ နှစ်ကျော် ဆောင်ရွက်ခဲ့။

လုပ်ငန်း တာဝန်ဖြင့် အမေရိကန်၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ တရုတ်၊ ဆွစ်ဇာလန်၊ ထိုင်း၊ ဩစတြေးလျ၊ ဘရူနိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဂျာမနီ၊ ကိုရီးယား၊ အိန္ဒိယ၊ ပြင်သစ်၊ ကင်ညာ၊ ကနေဒါ စသည့် နိုင်ငံများတွင် မိုးလေဝသနှင့် ဇလဗေဒ ဆိုင်ရာ သင်တန်းများ၊ အစည်းအဝေးများ၊ စာတမ်း ဖတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ ကွန်ဖရင့်များ တက်ရောက် တင်ပြခဲ့။

သုတေသန စာတမ်းပေါင်း ၆ဝ ကျော်၊ ဆောင်းပါးပေါင်း ၉ဝ ကျော် ရေးသား ပြုစု ပုံနှိပ်ခဲ့ပြီး ပြည်ပတွင် (၂၁) ကြိမ်၊ ပြည်တွင်းတွင် အကြိမ် (၁၅၀) ကျော် ဟောပြော ပို့ချခဲ့။ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နအဖ စစ်အစိုးရက စက်မှု စီးပွား ထူးချွန်ဆု (ဒုတိယ အဆင့်) ကို ချီးမြှင့်ခံခဲ့ရ။

သင်္ချာ ပုံစံသုံး မိုးလေဝသ ခန့်မှန်းနည်း၊ကမ်းရိုးတန်း ဒေသများအတွက် မုန်တိုင်း ဒီရေ ခန့်မှန်းခြင်း ဆိုင်ရာ လက်တွေ့ သုံးနည်း စနစ်၊ မိုးလေဝသ ရက်ရှည် ခန့်မှန်းခြင်း အတွက်တာဝေးဆက်နွယ်မှု နည်းစနစ် စသည့်တို့ကို ပထမ ဦးဆုံး တီထွင် အသုံးပြု နိုင်ခဲ့သူ ဖြစ်။

မိုးလေဝသနှင့် ဇလ ဗေဒ ညွှန်ကြားမှု ဦးစီး ဌာနတွင်ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၆ ခုနှစ် မှာပင် လုပ်ငန်းပိုင်း ဆိုင်ရာ အောင်မြင်မှု တရပ် အနေဖြင့် အာရှ သဘာဝဘေးစောင့်ကြည့် ပြင်ဆင်ရေး ဗဟို ဌာန (Asian Disaster Preparedness Centre, ADPC) မှ ပထမဆုံး ဖွဲ့စည်းသည့် ငါးနှစ်တာ လုပ်ငန်း စီမံချက်၏ ဦးဆောင်မှု ကော်မတီတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

အမှုထမ်းသက် နှစ် ၄ဝ ကျော်အတွင်းလုပ်ငန်းပိုင်းဆိုင်ရာစွမ်းဆောင်မှုများ အနေဖြင့် မုန်တိုင်း ဒီရေ ခန့်မှန်းနည်း ဖော်ထုတ်ခြင်း၊ အယ်လ်နီညို၊ လာနီညာဖြစ်စဉ်များနှင့် တာဝေးဆက်နွယ်မှုအားဌာနတွင်း ပထမဆုံးလေ့လာတင်ပြခြင်း၊ မြန်မာနိုင်ငံ၏ ရာသီဥတု ပြောင်းလဲပုံများကို ၁၉၇၇ ခုနှစ်မှ စတင်၍ နှစ် ၅ဝ ကြာ မှတ်တမ်းပြုကာသုတေသနပြုနိုင်ခဲ့ခြင်းစသည်တို့ကိုဆောင်ရွက်ခဲ့သည်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အားကို ရယူ၍ မြန်မာနိုင်ငံ အတွက်ရာသီဥတုနှင့်သဘာဝဘေးအန္တရာယ် ဆိုင်ရာလုပ်ငန်းများအပေါ် အကျိုး ရှိစေရန် ၂၀၀၆ ခုနှစ်အတွင်းဌာန၏ ဦးဆောင်သူအနေဖြင့်ပါဝင်ခဲ့သည်။ ရလဒ်များအနေဖြင့် UNESCO အကူအညီဖြင့် ပင်လယ် ရေမျက်နှာပြင် တိုင်းတာရေးစခန်းဖွင့်လှစ်မှုများ၊ ADPC ၏ နည်းပညာပိုင်း၊ ပစ္စည်းကိရိယာပိုင်း ထောက်ပံ့မှုများစသည်တို့ကို ရရှိခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ၏ အငြိမ်းစား ဥပဒေအရ အသက် ၆၅နှစ်ထိ တာဝန်ထမ်းဆောင်နိုင်သော်လည်း ၂၀၀၉ ခုနှစ်၊ ဇွန် ၁ ရက်နေ့တွင် အသက် ၆၁ နှစ် အရွယ်တွင် ကျန်းမာရေးအရ အငြိမ်းစား ယူခဲ့ရခြင်းဖြစ်သည်။ သို့သော် မိုးလေဝသနှင့် ဇလဗေဒလုပ်ငန်းများတွင် သုတေသီအဖြစ် ဆက်လက်လုပ်ကိုင် သွားခဲ့သည်။

၂၀ဝ၉ ခုနှစ်၊မေလ(၂၉)ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်(အကြံပေးအရာရှိ)ရာထူးဖြင့်အငြိမ်းစားယူခဲ့ရာ၊ နိုင်ငံတော်ဝန်ထမ်းအဖြစ် (၄၅)နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါက်တာထွန်းလွင်သည်ယနေ့အထိဘာသာရပ်ဆိုင်ရာ သုတေသနစာမ်း မြန်မာ/အင်္ဂလိပ် နှစ်ရပ်ပေါင်း (၈၀)ကျော်၊ဆောင်းပါးပေါင်း(၁၂၀)ကျော်နှင့်ဟောပြောပွဲပြည်တွင်း(၃၀ဝ)ခန့်၊ ပြည်ပ(၄၀)ခန့် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ဘာသာရပ်ဆိုင်ရာစာအုပ်(၃)အုပ်ရေးသားခဲ့ရာ လာနီညာဆိုသော မိန်းကလေးနှင့် အခြားသဘာဝဘေးအန္တရာယ် ဆိုင်ရာစာအုပ်များ သုတစွယ်စုံ သိပ္ပံစာပေဆု ဆွတ်ခူးရရှိခဲ့သည်။

အမှုထမ်းဘဝတွင် စက်မှုစီးပွားဒုတိယဆင့်အပါအဝင်နိုင်ငံတော်မှဆုတံဆိပ်(၅)ခု ချီးမြှင့်ခြင်းခံခဲ့ရသည်။ ဒေါက်တာထွန်းလွင်သည် လက်ရှိတွင်ထိုင်းနိုင်ငံ၊ AIT တွင်ဖွင့်လှစ်ထားသော RIMES(Regional Integrated Multi-hazard Early Warning System)၏ Technical Advisor အဖြစ်လည်းကောင်း၊ Consultant အဖြစ် MRCS, CARE Myanmar. Actionaid Myanmar, EcoDev, NAG တို့တွင်လည်း ကောင်း၊ Resouce Person အဖြစ် ICHARM(Japan), EGRESS, World Vision Myanmar, Global Green အပါအဝင်အခြားသော LNGOs, INGOs များတွင်ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆုံးရှုံးနစ်နာနိုင်မှုလျော့ပါးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

ဒေါက်တာထွန်းလွင်သည် ၂၀၁၁-ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့တွင် ထွန်းလွင်ဖောင်ဒေးရှင်းကို ထူထောင်သည်။ အစိုးရဝန်ထမ်းဘဝမှ အငြိမ်း စားယူခဲ့သော်လည်း ပြည့်သူ့ဝန်ထမ်းဘဝကိုမှု တသက်လုံးထမ်းဆောင်သွားခဲ့သည်။ မိုးလေဝသနှင့် ပတ်သတ်လျှင် တစ်နိုင်လုံး၏ အားကိုး ရာလည်း ဖြစ်ခဲ့သည်။ အသက်ကြီးလာ၍ မကျန်းမာသည့်တိုင်အောင်အခက်အခဲများကြားမှပြည်သူများအတွက်မိုးလေဝနှင့်ပတ် သက်သည် များကို မနားမနေ ထုတ်ပြန်ပေးခဲ့သည်။

ဆရာကြီး ဒေါက်တာဦးထွန်းလွင်သည်အသက် ၇၁နှစ်အရွယ်ယနေ့ (နိုဝင်ဘာ ၄ ရက်) ညနေ ၆ နာရီ ၅၇ မိနစ်အချိန်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံသူ၊သား တို့အတွက်အစားထိုးမရသောဆုံးရှုံးမှုပင်ဖြစ်သည်။ “ကျန်းမာတော် မူကြပါစခင်ဗျာ” ဟူသော နှုတ်ခွန်းဆက်သံနှင့်အတူဆရာကြီး၏ ပြောမည့်စကားများကိုနောက်ထပ်ကြားခွင့်ရှိနိုင်တော့မည် မဟုတ်ပါချေ။

Myanmar Wikipedia မှ

credit : thutazone

Likes:
0 0
Views:
1990
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *