လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂,၅၀၀ခန့်ကရေးဆွဲထားခဲ့တဲ့ ကျောက်ဆောင်ပန်းချီကားတွေကို အမေဇုန်တောမှာ ရှာဖွေတွေ့ရှိခဲ့

လူတိုင်းဟာ မိမိနေထိုင်တဲ့ကမ္ဘာကြီးအကြောင်းကို ကောင်းကောင်းသိပြီး အံ့ဩစရာကောင်းတဲ့အရာ အနည်းငယ်သာရှိတယ်လို့ ခံစားလာရတဲ့အခါ သမိုင်း နှင့် သဘာဝအံ့ဖွယ်အမှုတွေက ကျွန်တော်တို့အား မှားနေကြောင်း သက်သေပြနေတတ်ပါတယ်။

မကြာသေးခင်က José Iriarte အမည်ရှိအမျိုးသားဦးဆောင်တဲ့ ဗြိတိသျှ-ကိုလံဘီယာ သုတေသနအဖွဲ့ဟာ ကမ္ဘာပေါ်ကလူသားအားလုံးကို အံ့အားသင့်သွားစေမယ့် သတင်းတစ်ခုကြောငြာပေးခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂,၅၀၀ ခန့်ကဖန်တီးရေးဆွဲခဲ့တဲ့ ထောင်ပေါင်း များစွာ သော ဂူပန်းချီကားတွေကို ဝေးလံခေါင်သီတဲ့ အမေဇုန်မိုးသစ်တောမှာ တွေ့ရှိခဲ့ကြပါတယ်။

အဆိုပါ ပန်းချီကားတွေဟာ ၈မိုင်ခန့်ရှည်လျားတဲ့ ကျောက်ဆောင်ပေါ်တွေမှာ အပြည့်ရေးခြယ်ထားပြီး မျောက်၊လိပ်၊ မြွေ နဲ့ မိကျောင်းတွေ ၊Ice Age ကားတွန်းထဲက ဆင်တွေနဲ့ မျိုးသုန်းသွားပြီဖြစ်တဲ့ ဇာတိတိရိစ္ဆာန်ပေါင်းများစွာ ပါဝင်နေပါတယ်။

သိပ္ပံပညာရှင်တွေက အဆိုပါပန်းချီကားတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁,၈၀၀ မှ ၁၂,၅၀၀ ဝန်းကျင်အတွင်းမှာ ရေးဆွဲထားကြောင်း ဆိုထားပါတယ်။ထူးခြားတာက ပန်းချီကားအားလုံးဟာ ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့ပြီး မယုံနိုင်လောက်အောင်လည်း အသေးစိတ် ကျနေပါတယ်။”ဒီပုံတွေက သဘာဝကျပြီး ကောင်းမွန်စွာ ဖန်တီးထားတာပါ၊

ဥပမာ ကျွန်တော်တို့ မြင်းတစ်ကောင်ဆိုတာကို တန်းပြီး သိနိုင်တယ် သူ့ဆံပင်တွေ မျက်နှာပေါက်တွေကို အသေးစိတ်ဆွဲပြ ထားသလို ပေါ့”လို့ အဖွဲ့ဝင်တစ်ဦးက ဆိုထားပါတယ်။José Iriarte က အဆိုပါ ပန်းချီကားတွေက ရှေးခေတ်လူသားတို့ရဲ့ မြေယာကို ဘယ်လိုပြန်လည်တည်ဆောက်ခဲ့ပုံ၊ ၎င်းတို့ရဲ့နေထိုင်မှုပုံစံ နဲ့ ဘယ်လိုအမဲလိုက်ကျက်စားခဲ့ကြပုံ တို့ကို ဖော်ပြနေပြီး

“အနုပညာဟာ ယဉ်ကျေးမှုရဲ့ အားကောင်းတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူတွေကို လူမှုရေးအရ ဆက်သွယ်နိုင်တဲ့အရာတစ်ခုဖြစ်တာ ကြောင့် အခုကျောက်ဆောင်ပန်းချီကားတွေက နောင်လာမယ့်လူသားတွေကို ပြသဖို့ သူတို့တွေရေးဆွဲထားခဲ့ပုံဘဲ”လို့လည်းဆိုထားပါ သေးတယ်။

နှစ်ပေါင်းများစွာကြာခဲ့ပြီဆိုပေမယ့် အခုထိ မပျက်စီးသေးတဲ့အဆိုပါပန်းချီကားတွေက အတော်လေးစိတ်ဝင်စားစရာကောင်းနေပါတယ်။

Mia (Mckzone Daily)

Source : boredpanda

Likes:
0 0
Views:
1054
Article Categories:
KNOWLEDGETravel

Leave a Reply

Your email address will not be published. Required fields are marked *