ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်အမှုအတွက် ရှေ့နေအားလုံး ကိုယ်စားလှယ်လွှဲစာရရှိ

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင်တရားစွဲဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေငါးဦးလုံးပါဝါ (ကိုယ်စားလှယ်လွှဲစာ) ရပြီဖြစ်ကြောင်းရှေ့နေ ဒေါ်စန်းမာလာညွန့်ကဆိုသည်။

စစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်အက် ဥပဒေ ပုဒ်မ ၃(၁-ဂ) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီးရှေ့နေများ ဖြစ်သည့် ဒေါ်စန်းမာလာညွန့်၊ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊ ဦးဇော်တင့်လွင်နှင့်ဦးသန်းနိုင်တို့ကလိုက်ပါဆောင်ရွက်နေခြင်းဖြစ်ပြီး ယနေ့ တွင်ရှေ့နေအားလုံး ပါဝါရရှိခြင်းဖြစ်သည်။”

အမတို့အန်တီအတွက် ပါဝါတင်တယ်၊ ရန်ကုန်အမှုအတွက်ဒီနေ့မှာရှေ့နေအားလုံး ပါဝါ (ကိုယ်စားလှယ်လွှဲစာ)ရသွားပြီ၊ နောက်ထပ် ရုံးချိန်းကတော့ မေလ ၆ ရက်နေ့ပါ” ဟု ဒေါ်စန်းမာလာညွန့်က ပြောသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် အမှုပေါင်း ၆ မှုနှင့်..တရားစွဲဆိုခံထားရပြီး နေပြည်တော်၌ ငါးမှုနှင့် ရန်ကုန်၌ တစ်မှုဖြစ်သည်။

Likes:
0 0
Views:
657
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *