ရေခဲမှတ်အောက် အပူချိန်ကြောင့် ရေခဲအဖြစ်သို့ပြောင်းသွားရတဲ့ နိုင်အာဂါရာ ရေတံခွန်

နိုင်အာဂါရာ ရေတံခွန် ဆိုတာနဲ့ အမေရိကန် နဲ့ ကနေဒါ နယ်စပ် နိုင်အာဂါရာမြစ်ပေါ်မှာတည်ရှိတဲ့ ကမ္ဘာကျော်ရေတံခွန်ကြီးဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။

နယူးယောက် ဘတ်ဖဲလိုးမြို့ရဲ့ အနောက်မြောက်ဘက် ၁၇မိုင်အကွာ နဲ့ ကနေဒါ အွန်တေရီအိုမြို့ရဲ့ အရှေ့တောင်ဘက် ၇၅မိုင်အကွာမှာ တည်ရှိတဲ့ ရေတံခွန်ဖြစ်ပါတယ်။

မြောက်အမေရိကရဲ့ အားအပြင်းဆုံးသော ရေတံခွန်လည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာမှာတော့ အပူချိန်ရေခဲမှတ်အောက် အနှုတ် ၁၄ကနေ ၁၆ဒီဂရီဆဲစီးယပ်အောက် ရောက်ခဲ့တဲ့အတွက် ဒီရေတံခွန်ကြီးရဲ့ စီးဆင်းနေတဲ့ အချို့အစိတ်အပိုင်းတွေဟာ ရေခဲအဖြစ်သို့ ပြောင်းလဲသွားရပါတယ်။

အမေရိကန်ဘက်ခြမ်းက အပိုင်းတွေရေခဲ အဖြစ်သို့ပြောင်းလဲသွားတာဖြစ်ပါတယ်။ဒီလိုဖြစ်ခဲ့တာဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အထိ ဖြစ်ခဲ့တာပါ။

နယူးရီးယားနေ့ရဲ့ ညနေမှာတော့ အပူချိန်ဟာ ၈ဒီဂရီဆဲစီးယပ် ပြန်ဖြစ်လာတဲ့အတွက် ရေတံခွန်ဟာ ပုံမှန်အတိုင်း ပြန်လည်စီးဆင်းနေပြီဖြစ်ပါတယ်။

ဒီထူးခြားတဲ့ဖြစ်စဉ်အတွင်းမှာ နိုင်အာဂါရာရေတံခွန်ကို သွားရောက်လည်ပတ်သူ ဦးရေများပြားခဲ့ပြီး ရေခဲနေတဲ့ နိုင်အာဂါရာရေတံခွန်ရဲ့ တစ်မျိုးဆန်းတဲ့ အလှပုံံရိပ်တွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပလူပျံနေပါတော့တယ်။

Niagara Frozen

ရေခဲနေတဲ့ နိုင်အာဂါရာရေတံခွန်ရဲ့ ပုံရိပ်တွေကိုအောက်မှာကြည့်ရှု့နိုင်ပါတယ်။

Likes:
0 0
Views:
874
Article Categories:
Travel

Leave a Reply

Your email address will not be published. Required fields are marked *