ရေခဲသေတ္တာထဲမထည့်သင့်တဲ့ အစားအသောက်များ

လူတော်တော်များများဟာ အစားအသောက်တွေ ပျက်စီးမပုပ်သိုးသွားအောင် ရေခဲသေတ္တာထဲ ထည့်ကြပါတယ်။ ဒါပေမယ့် တစ်ချို့သော အစားအစာတွေဟာရေခဲသေတ္တာထဲမှာထည့်သိမ်းထားဖို့ မသင့်တော်ပါဘူး။ တစ်ချို့သောအစားအစာတွေဟာရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် အရသာပျက်စီးသွားတာမလတ်ဆက်တော့တာ တစ်ခါတစ်လေပုပ်သိုးသွားတာတွေဖြစ်သွားတက်ပါတယ်။

ဒီနေ့ရေခဲသေတ္တာထဲ ထည့်သိမ်းမထားသင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးသွားဦးမှာပါ။

ပျားရည်

Source: El Camino Health

ပျားရည်ကို အအေးခံလိုက်မယ်ဆိုရင် အရသာပြောင်းလဲသွားပါလိမ့်မယ်။ ပြီးတော့ အေးခဲတောင့်တင်းပြီးတော့ စားဖို့အတွက် အချိန်ယူရပါလိမ့်မယ်။ ပျားရည် ကိုလေ့လုံတဲ့ ဗူးထဲမှာ ထည့်သိမ်းထားမယ်ဆိုရင် အချိန်အကြာကြီးအထားခံပါတယ်။ ရေခဲသေတ္တာထဲ ထည့်သိမ်းစရာမလိုအပ်ပါဘူး။

ခရမ်းချဉ်သီး

Source: digitalbanglabazar.com

ခရမ်းချဉ်သီးတွေဟာ ရေခဲသေတ္တာထဲမှာ သိုလှောင်ထားတဲ့အခါ သူတို့ရဲ့အရသာနဲ့ ဖွဲ့စည်းပုံတွေ ဆုံးရှုံးသွားတတ်ပါတယ်။ အကောင်းဆုံးကတော့ ခရမ်းချဉ်သီးကို သဘာဝအတိုင်း သိုလှောင်သိမ်းဆည်းခြင်းပါပဲ။

ကြက်သွန်ဖြူကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင် အထားခံတယ်ဆိုတဲ့အယူအဆဟာ မှားယွင်းနေပါတယ်။ အမှန်က ကြက်သွန် ဖြူကိုပုံမှန်ထက်ပိုပြီး သက်တမ်းတိုသွားစေပါတယ်။ ပြီးတော့ရေခဲသေတ္တာထဲမှာထည့်သိမ်းထားမယ်ဆိုရင်အနံ့အရသာလျှော့ကျစေပါ တယ်။ ကြက်သွန်ဖြူကိုအပြင်မှာသဘာဝအတိုင်းထားတာကအကောင်းဆုံးပါ။ ပြီးတော့ (၁၀) ရက်အတွင်း ကုန်အောင်စားဖို့ အကြံပေးချင်ပါတယ်။

ပေါင်မုန့်

Source: BBC

ပေါင်မုန့်ကို ရေခဲသေတ္တာထဲထည့်ထားတာဟာ အလျင်အမြန်ခြောက်သွားစေပါတယ်။ လေးရက်အတွင်းစားမယ့်ပေါင်မုန့်ကိုအခန်းအပူ ချိန်မှာထားသင့်ပါတယ်။ ကြောင်အိမ်ထဲမှာဒါမှမဟုတ်ပေါင်မုန့်ဘူးထဲမှာသိမ်းထားပါ။

အာလူး

Source: Technology networks

အာလူးတွေကို ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့အခါ အာလူးမှာပါတဲ့ကစီဓာတ်ဟာ ပြိုကွဲပြီး အာလူးရဲ့အရသာကိုပျက်စီးစေပါတယ်။ ဒါကြောင့် ခြောက်သွေ့တဲ့စက္ကူအိတ်ထဲမှာသိမ်းထားတာအကောင်းဆုံးဖြစ်ပါတယ်။

Likes:
0 0
Views:
643
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *