အလှူရှင်များထံ ကျေးဇူး တင်စကား ပေးပို့လာသော ကချင်စစ်‌ရှောင်ကလေးများ

ကချင်ပြည်နယ်က စ စ် ရှော င်ကလေးငယ်တွေက သူတို့ဆီ လာလှူပေးတဲ့သူတွေအတွက် ကျေဇူးတင်စကားလေးတွေကိုစစ်ရှော င် စခန်းတစ်ခုကနေ ရေးသားခဲ့ပြီး သတင်းစကားပါးခဲ့ကြပါတယ်။

စစ်ရှောင်ကလေးငယ်တဦးက “အဝတ်အစားတွေရလို့ဝမ်းသာတယ်၊ သမီးတို့ သားတို့ကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်။

တော်ပေါ် မြေပြန့်မခွဲခြားဘဲ စည်းလုံးမယ်နော်၊ ကချင်ပြည်နယ်ကိုလာလည်နော်၊အခုလောလောဆယ်တော့ သနတ်သံ နည်းနည်းကြားရတယ်” လို့ကချင်မြေမှ သူငယ်ချင်းအမည်နဲ့ရေးသားထားပါတယ်။

စစ်ရှောင်ကလေးငယ်နောက်တဦးကလည်း “အားလုံးကို ချစ်တယ်၊ ပြန်တွေ့ရအောင်သမီးတို့ကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်- ကချင်မြေမှ” လို့ရေးသားထားပါတယ်။

လက်ရှိအချိန်ထိ ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ပြန်လည် အခြေချနေထိုင်ကတဲ့ ရွာငယ်တွေကလည်းထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ရှောင်ဦးရေ တဖြည်းဖြည်းများလာနေကာ အကူအညီများစွာလိုအပ်နေတယ်လို့လည်း IDP အရေး ဆောင်ရွက်နေသူတချို့က ပြောပါတယ်။

Likes:
0 0
Views:
687
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *