အအိပ်လွန်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေ

အိပ်စက်ခြင်းဆိုတာ သက်ရှိသတ္တဝါတိုင်းရဲ့ လိုအပ်ချက်တစ်ခုပါ။ ကျန်းမာရေးလို့ပြောလာပြီဆိုရင် အိပ်စက်ခြင်းက အလွန်အရေး ကြီပါတယ်။ဒါကြောင့် ကျန်းမာရေး နဲ့ အညီ အိပ်စက်တတ်ဖို့လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အအိပ်လွန်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေ အကြောင်းပါပဲ။

လူတစ်ဦးနဲ့တစ်ဦးမှာ အသက်အရွယ်ကိုလိုက်ပြီး အိပ်စက်ချိန်မတူကွဲပြားကြတယ်။ အိပ်စက်မှုအတိုင်းအတာက အသက်အရွယ်၊ နေ့စဉ်လှုပ်ရှားနေမှုပုံစံနဲ့ နေထိုင်မှုအလေ့အထတွေအပေါ်မှာ မူတည်လေ့ရှိပါတယ်။ ဥပမာပြောပြရရင် စိတ်ဖိစီးနေတဲ့အခါမျိုး (သို့) နေထိုင်မကောင်းတဲ့အခါမျိုးတွေမှာ အိပ်စက်ချိန်ကပုံမှန်ထက်ပိုမိုလိုအပ်တယ်လို့ ခံစားရနိုင်ပါတယ်။

အိပ်စက်ချိန်မလုံလောက်တဲ့အခါ ရောဂါလက္ခဏာရပ်တွေ၊ ကျန်းမာရေးဆိုင်ရာ   ပြဿနာတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ အိပ်စက်ချိန်က အသက်အရွယ်ပေါ်မှာ များသောအားဖြင့်မူတည်နေတာဖြစ်ပါတယ်။ အိပ်စက်ချိန် တအားနည်းနေတယ်ဆိုရင် ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲ ဖို့လိုအပ်နေပါပြီ။

အိပ်ရေးဝဝအိပ်စက်ခြင်းက ကောင်းတဲ့အချက်ဆိုပေမယ့် အိပ်ချိန်အရမ်းများတာကတော့ ကျန်းမာရေးတစ်ခုခုချို့ယွင်းနေပြီဆိုတာကို ပြသတဲ့လက္ခဏာရပ်လည်းဖြစ်နိုင်ပါတယ်။ အိပ်ချိန်တအားများတာက ရောဂါခံစားရမှုတွေအထိဖြစ်ပေါ်စေနိုင်ပါတယ်။

ညဘက်မှာ  ကောင်းကောင်းအိပ်ပျော်တာက ကျန်းမာရေးအတွက် အရေးပါတဲ့ အချက်တစ်ချက်ဆိုပေမယ့် အလွန်အကျွံအိပ်စက်တာကို  ဆီးချိုရောဂါ၊နှလုံးရောဂါ လိုမျိုးကျန်းမာရေး ပြဿနာရပ်တွေနဲ့ ဆက်စပ်နေသလို သေဆုံးသည်အထိတောင်ဖြစ်စေနိုင်ပါတယ်။

စိတ်ကျဝေဒနာခံစားရတာနဲ့ လူမှု့စီးပွားဆိုင်ရာ အဆင့်အတန်းနိမ့်ကျမှုက ပုံမှန်ထက်အိပ်ချိန်များခြင်းနဲ့ သက်ဆိုင်နေပါတယ်။ ဥပမာပြော ပြရရင် လူမှုစီးပွားအဆင့်အတန်းနိမ့်ကျသူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုလည်း အားနည်းသလို အိပ်စက်ချိန်များလွန်းတာကြောင့် နှလုံးရောဂါလိုမျိုး ရောဂါအမည်မဖော်နိုင်တဲ့ ရောဂါတွေကိုလည်းပိုမိုခံစားရနိုင်ပါတယ်။

အိပ်ချိန်တအားနည်းတာကြောင့် ကိုယ်အလေးချိန်တိုးနိုင်သလို အိပ်ချိန်တအားများတာကြောင့်လည်း ကိုယ်အလေးချိန်တိုးလာနိုင်ပါတယ်။ လေ့လာမှုတွေအရ ညတိုင်းအိပ်ချိန် (၉) နာရီ ကနေ (၁၀) နာရီအတွင်းအိပ်စက်သူတွေမှာ (၆) နှစ်ကျော်လာတဲ့အခါ တစ်ညကို အိပ်ချိန် (၇) နာရီ ကနေ (၈) နာရီကြားအိပ်တဲ့သူတွေထက် အဝလွန်နိုင်ခြေ (၂၁) ရာခိုင်နှုန်းပိုများနေတယ်လို့ ဆိုထားပါတယ်။

အိပ်ချိန်များခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ ဆက်စပ်နေတယ်ဆိုတာကို ကျွမ်းကျင်သူတွေက ထောက်ပြထားကြပါတယ်။ အအိပ်များတာက စိတ်ဓာတ်ကျတာကိုပိုမိုဆိုးရွားစေပါတယ်။ ပုံမှန်အိပ်စက်မှုအလေ့အထက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်ကောင်းမွန်စေရာမှာ အရေးပါလှပါတယ်။

အိပ်စက်ချိန်က ပုံမှန်အိပ်စက်နေကျအတိုင်းအတာထက် ပိုများသွားရင် အချို့သူတွေမှာ ခေါင်းကိုက်တာကိုခံစားရလေ့ရှိပါတယ်။နေ့ဘက် မှာ တအာအိပ်ထားတဲ့သူတွေမှာ ညအခါ ကောင်းကောင်းအိပ်မပျော်ဘဲ ဖြစ်တတ်တာကြောင့် နောက်တစ်နေ့မနက်မှာ ခေါင်းကိုက်နေ တာမျိုး တွေခံစားရနိုင်ပါတယ်။

Likes:
0 0
Views:
657
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *