မှတ်သားစရာလေးများ

မှတ်သားစရာလေးများ

(၁) ရေကြည်တစ်ခွက်ထဲ ရေနောက်တစ်စက်ကျတာနဲ့ ရေတစ်ခွက်လုံး ညစ်ပတ်သွားတယ်။ ရေနောက်တစ်ခွက်ထဲ ရေကြည်တစ်စက်ရှိရုံနဲ့ ရေတစ်ခွက်လုံး မကြည်နိုင်ဘူး။

(၂) လောကမှာ ကိုယ့်ဆီကနေ သူတစ်ပါးခိုးယူလို့ မရတဲ့ပစ္စည်း သုံးမျိုးရှိတယ်။

(i) စားပြီးသား အစာအိမ်ထဲကအစားအစာ (ii) ရင်ထဲထည့်ဝှက်ထားတဲ့ စိတ်ကူးအိပ်မက် (iii) ဦးနှောက်ထဲထည့်လိုက်တဲ့ စာပေ၊ အသိပညာ

(၃) မြင်းတွေဟာ ပျော့ပျောင်းတဲ့မြေပေါ်မှာ အလွယ်တကူ ခြေခေါက်နိုင်တယ်။ လူတွေဟာ ချိုမြိန်တဲ့မုသားစကားကြားမှာ အလွယ်တကူ လဲကျနိုင်တယ်။

(၄) တကယ်လို့ စာမဖတ်ဘူး၊ ဗဟုသုတ မတိုးပွားဘူးဆိုရင် လမ်းခရီးမိုင်ပေါင်း ဘယ်လောက်လျှောက်ခဲ့လည်း သင်ဟာ စာပို့လုလင်တစ်ဦးမျှသာ။

(၅) ထိပ်နှစ်ဘက်ချွန်တဲ့ အပ်ဆိုတာ မရှိသလို စိတ်တူ၊ ကိုယ်တူတဲ့လူ နှစ်ယောက်မရှိနိုင်ဘူး။

(၆) ကံကောင်းခြင်းဆိုတာ အခွင့်အရေးနဲ့သင့်ကြိုးစားမှုတွေ ထိပ်တိုက်ဆုံတဲ့အချိန်ဖြစ်တယ်။

(၇) တကယ်လို့ စောင့်ပဲစောင့်နေခဲ့ရင် ဖြစ်လာမှာက အသက်ကြီးပြီး အိုမင်းသွားတာပါပဲ။

(၈) သေးငယ်တဲ့ ပြုလုပ်ဆောင်ရွက်ချက်က ကြီးမားတဲ့အပြောသက်သက်ကို အောင်နိုင်တယ်။

(၉) ရှေ့လူရဲ့ခြေရာကို လိုက်မရှာနဲ့။ သူ့ရဲ့ရည်မှန်းချက် ပန်းတိုင်ကိုပဲ ရှာပါ။

(၁ဝ) နှလုံးသားထဲ ကိုယ့်ကိုယ်ကို ထည့်မထားနိုင်တာဟာ အသိဉာဏ်နည်းလို့ဖြစ်တယ်။ နှလုံးသားထဲ သူတစ်ပါးကို ထည့်မထားနိုင်တာဟာ ကရုဏာတရားကင်းလို့ဖြစ်တယ်။

(၁၁) ရယ်မောခြင်းဟာ လူလူချင်းရဲ့အကွာအဝေးကို နီးသထက်နီးစေတယ်။

(၁၂) မကြာခဏခေါင်းလှည့်ပြန်သူဟာ ဘယ်တော့မှ ခရီးဝေးမရောက်နိုင်ဘူး။

(၁၃) ငယ်ငယ်တုန်းက ပျော်ရွှင်ဖို့ လွယ်ကူခဲ့တယ်။ ကြီးလာတော့ လွယ်ကူ(ရိုးရှင်း)မှ ပျော်ရွှင်တော့တယ်။

(၁၄) လူတချို့က သူတို့ဘဝ မလှပလိုက်တာလို့ မကြာခဏ ငြီးဆိုကြတယ်။ တကယ်တော့ သူတို့မှာ အလှအပကိုမြင်နိုင်တဲ့ မျက်လုံးတစ်စုံ မဲ့နေလို့ဖြစ်တယ်။

(၁၅) ငွေဆိုတာ ရေလိုပါပဲ။ ငွေခမ်းရင် ငတ်သေတတ်တယ်။ ငွေမက်လွန်းရင် နစ်သေတတ်တယ်။

နိုင်းနိုင်းစနေ

Likes:
0 0
Views:
820
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *