ဘေးပတ်လည် သမုဒ္ဒရာဝိုင်းရံထားပြီး ကမ္ဘာ့အထီးကျန်ဆုံးအိမ်လို့ လူသိများနေတဲ့ အိမ်လေး

အခုတစ်ခေါက်မှာတော့ ကမ္ဘာ့အထီးကျန်ဆုံးအိမ်လို့ လူသိများတဲ့ Iceland နိုင်ငံ ရဲ့တောင်ဘက်ကမ်းရိုးတန်းရှိ Elliðaey ကျွန်းငယ်လေးပေါ်မှာ သမုဒ္ဒရာဘေးပတ်လည်ဝိုင်းရံနေပြီး စိမ်းလန်းတဲ့တောင်ကုန်း မြက်ခင်းလွင်ပြင်မှာ တည်ရှိနေတဲ့ အထင်ကရအိမ်လေးအကြောင်းပါ။

၁၉၃၀ ပြည့်လွန်နှစ်များမှစပြီး လူနေထိုင်ခြင်းမရှိတော့တဲ့ အဆိုပါ လူလုပ်အဆောက်အဦးကို ကောင်းမွန်စွာ ထိန်းသိမ်းထားပုံရတာက လူအများကို ပိုပြီး အံ့အားသင့်စေခဲ့ပါတယ်။နှစ်ပေါင်းများစွာတစ်လျှောက်လုံး အထီးကျန်နေခဲ့တဲ့အဆိုပါအိမ်လေးကို အများနှင့်မတူ တစ်မူထူးတဲ့စီးပွားရေးသမားတစ်ဦးက ကမ္ဘာ့ပျက်ကိန်းရဲ့အရိပ်အာဝါသတစ်ခုအဖြစ် တည်ဆောက်ခဲ့တာပါ။

ယခင်က လူဦးရေများတဲ့မိသားစုတစ်စုက အဆိုပါအိမ်မှာ ၁၉၃၀ ပြည့်နှစ်တွေအထိ နေထိုင်ခဲ့ကြပေမဲ့ နောက်ဆုံး ပိုမိုကောင်းမွန်တဲ့ Icelandရှိ လူဦးရေထူထပ်တဲ့ဒေသများသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။သို့ပေမဲ့ သူတို့က ငါးမျှားထွက်ဖို့ ကျွန်းသို့ အခါအားလျော်စွာ ပြန်လာတတ်ကြပြီး ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ အဆိုပါအိမ်ဟာ Elliðaey Hunting Association ဆိုတဲ့အမဲလိုက်သမား အဖွဲ့ရဲ့တည်းခိုခန်း တစ်ခုဖြစ်သွားခဲ့ပါတယ်။

လူအများက အဆိုပါအိမ်ကို ကမ္ဘာပေါ်ရှိအဆင်အပြေဆုံးအိမ်လို့ ဆိုကြပေမဲ့ တစ်ကယ်တမ်း ခြံစည်းရိုးတစ်ခုဘဲရှိပြီး ပြင်းထန်တဲ့မုန်တိုင်း နှင့် ပင်လယ်ငှက်များအတွက် အသိုက်လုပ်လို့ကောင်းတဲ့ ဧရိယာတစ်ခုလို ဖြစ်နေတာကြောင့် အဆိုပါကျွန်း နဲ့ အိမ်ကို သဘာဝဘေးမဲ့တောနေရာအဖြစ် သတ်မှတ်ခံထားရပါတယ်။

အခုတစ်ခေါက်မှာတော့ ကမ္ဘာ့အထီးကျန်ဆုံးအိမ်လို့ လူသိများတဲ့ Iceland နိုင်ငံ ရဲ့တောင်ဘက်ကမ်းရိုးတန်းရှိ Elliðaey ကျွန်းငယ်လေးပေါ်မှာ သမုဒ္ဒရာဘေးပတ်လည်ဝိုင်းရံနေပြီး စိမ်းလန်းတဲ့တောင်ကုန်း မြက်ခင်းလွင်ပြင်မှာ တည်ရှိနေတဲ့ အထင်ကရအိမ်လေးအကြောင်းပါ။

၁၉၃၀ ပြည့်လွန်နှစ်များမှစပြီး လူနေထိုင်ခြင်းမရှိတော့တဲ့ အဆိုပါ လူလုပ်အဆောက်အဦးကို ကောင်းမွန်စွာ ထိန်းသိမ်းထားပုံရတာက လူအများကို ပိုပြီး အံ့အားသင့်စေခဲ့ပါတယ်။နှစ်ပေါင်းများစွာတစ်လျှောက်လုံး အထီးကျန်နေခဲ့တဲ့အဆိုပါအိမ်လေးကို အများနှင့်မတူ တစ်မူထူးတဲ့စီးပွားရေးသမားတစ်ဦးက ကမ္ဘာ့ပျက်ကိန်းရဲ့အရိပ်အာဝါသတစ်ခုအဖြစ် တည်ဆောက်ခဲ့တာပါ။

ယခင်က လူဦးရေများတဲ့မိသားစုတစ်စုက အဆိုပါအိမ်မှာ ၁၉၃၀ ပြည့်နှစ်တွေအထိ နေထိုင်ခဲ့ကြပေမဲ့ နောက်ဆုံး ပိုမိုကောင်းမွန်တဲ့ Icelandရှိ လူဦးရေထူထပ်တဲ့ဒေသများသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

သို့ပေမဲ့ သူတို့က ငါးမျှားထွက်ဖို့ ကျွန်းသို့ အခါအားလျော်စွာ ပြန်လာတတ်ကြပြီး ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ အဆိုပါအိမ်ဟာ Elliðaey Hunting Association ဆိုတဲ့အမဲလိုက်သမား အဖွဲ့ရဲ့တည်းခိုခန်း တစ်ခုဖြစ်သွားခဲ့ပါတယ်။

လူအများက အဆိုပါအိမ်ကို ကမ္ဘာပေါ်ရှိအဆင်အပြေဆုံးအိမ်လို့ ဆိုကြပေမဲ့ တစ်ကယ်တမ်း ခြံစည်းရိုးတစ်ခုဘဲရှိပြီး ပြင်းထန်တဲ့မုန်တိုင်း နှင့် ပင်လယ်ငှက်များအတွက် အသိုက်လုပ်လို့ကောင်းတဲ့ ဧရိယာတစ်ခုလို ဖြစ်နေတာကြောင့် အဆိုပါကျွန်း နဲ့ အိမ်ကို သဘာ၀ဘေးမဲ့တောနေရာအဖြစ် သတ်မှတ်ခံထားရပါတယ်။

Mia (Mckzone Daily)

Source : odditycentral

Crd

Likes:
0 0
Views:
1825
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *