တိုင်းပြည် မြို့ရွာတို့၌ ကပ်၊ဥပါဒ်ဆိုက်ရောက် လိမ့်မည်ကို ကြိုတင်၍ သိနိုင်သည့် အတိတ် နိမိတ်ထူးများ

မြို့ရွာတို့ ၌ ကပ် ၊ ဥပဒ် ဆိုက်ေ ရာက် လိမ့်မည် ကို ကြိုတင် ၍ သိနိုင်သော အတိ တ် နိမိတ် ထူးများ

ယခု ခေတ်ဆေးသိပ္ပံ ပညာအရဗိုင်းရပ်စ်ပိုး၊ ရောဂါပိုးလို့ ဘယ်လိုပင်သတ်မှတ် ကြပေမယ်လို့ ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ တရားတော်အရ

ဗိုင်းရပ်စ်ပိုး၊ ရောဂါပိုးဆိုတဲ့ အရာတွေဟာရုပ်သာ ရှိ၍ နာမ်မရှိ။ စိတ်မရှိတဲ့အရာဝတ္ထုတွေသာ ဖြစ်တယ်။ ” ပါဏ ” လို့ခေါ်တဲ့အသက် မရှိတဲ့ ထူးခြားသော

ရုပ် သက်သက်သာ ဖြစ်တယ်။လောဘ ဒေါသမောဟ ကြီးမားအားကောင်းလွန်းလှတဲ့ သတ္တဝါတို့၏ အကုသိုလ်ကံပျက်စီးဖို့အကြောင်း ကံများ ဆုံစည်းလာခိုက်

ကံအားလျော်စွာ ဖြစ်ပေါ်လာတဲ့ ရုပ်အထူးများကို ယခုခေတ်ဆေးသိပ္ပံပညာရှင်တွေက ဗိုင်းရပ်စ်ရောဂါပိုးလို့သတ်မှတ်ထားကြတာ ဖြစ်ကြောင်း မဟာစည်ဆရာတော်ဘုရားကြီးမိန့်ကြားတော်မူခဲ့ဖူးပါတယ်။လယ်တီ ဆရာတော်ဘုရားကြီးကတော့ အစိမ်းသရဲသူဘက်ဟု ခေါ်ဆို အပ်သော ဘီလူး မျိုးတို့သည်သာလျင် ကြီးကျယ်သာ ဘေး ဥပဒ် ကပ်ရောဂါတို့ကို

ပြုနိုင်ကြကုန်၏ လို့မိန့်ကြားတော်မူပါတယ်။သီဟိုဠ်ကျွန်းမှာ ရှေးအစဉ်အဆက် ပရိတ်ရွတ်ခြင်းကို ပြုပုံမှာ မြို့ရွာတို့၌ ကပ်ရောဂါ ဖြစ်ခဲ့ပါက မြို့ရွာအနှံ့ သင့်တင့်ရာ နေရာ၌မဏ္ဍပ်များ ဆောက်ပြီးလျင် သံဃာတော်အရှင်သူမြတ်တို့ ကို ပင့်ဖိတ်ပြီး ရရက်ပတ်လုံး နေ့ညမစဲအလှည့်ကျ ပရိတ်ကြီးကို ရွတ်ဘတ်သရဇ္ဈာယ် ကြကုန်၏။နောက်ဆုံးနေ့၌

မဟာအာဋာနာဋိယသုတ် ပရိတ်ကြီးကိုရွတ်ဖတ် ကြကုန်၏။ငါးပါးသီလ မြဲခြင်း၊ အသားငါး စားသောက်မှုနည်းခြင်း ၊ပရိတ်ရွတ်ပုံ နေရာကျခြင်း တို့သည် ကပ်ရောဂါ အန္တရာယ်ကိုကင်းစေနိုင်၏။ နေ့ညမစဲအလှည့်ကျ ဖြင့် ခုနှစ်ရက်ပတ်လုံး ပရိတ်ရွတ်နည်းသည် ဓမ္မပဒ အဋ္ဌကထာ ဒီဃာယုဝတ္ထုမှာ လာ၏။

ဝေသာလီပြည်မှာ ကပ်ရောဂါ ဖြစ်စဉ်ကရှင်အာနန္ဒာ ပရိတ်ရွတ် နည်းကား လူသန်လူမြန် ကာလသား ထောင်သောင်းများစွာ ခြံရံ လျက် လမ်းစဉ်တလျှောက်လျှောက် သွား၍နေဝင်သည်မှ အရုဏ်တက်သည့်တိုင်အောင် ရှင်အာနန္ဒာက တိုင်၍ ဝေသာလီပြည်သားကာလသား တို့က ညီညီညာညာ ရွတ်ဆိုကြခြင်းဖြင့် ကပ်ရောဂါ တို့မှ ကင်းဝေး ကုန်၏။

မြို့ရွာတို့၌ ကပ်ဥပဒ် ဆိုက်ရောက်လိမ့်မည်ကိုကြိုတင်၍ သိနိုင်သော အတိတ်နိမိတ်ထူးများ

(၁)- ခွေးသတ္တဝါတို့ အထူးဆူ အူခြင်း၊

(၂)-နေ့အခါ၌ ကျီးသတ္တဝါတို့ အထူးဆူညံခြင်း၊

(၃)- ညအခါ၌ အိမ်နေရာသစ်ပင်တို့မှ ကျီးသတ္တဝါတို့ထကြွလှုပ်ရှားခြင်း၊

(၄)- ညအခါ၌ “ကုပ်ကရူး” ခေါ်သော ငှက်ဆိုးတို့မည်တွန်ခြင်း၊

(၅)- မြစ်ရိုးမြစ်စဉ် မြို့ရွာ တို့မှာ မိမိတို့မြို့ရွာဆိပ်ကမ်းသို့တပ်လှေ, တပ်သင်္ဘောဆိုက်ကပ်လာသည်ဟု မြင်မက်ခြင်း၊

(၆)- ကုန်းမြို့ကုန်းရွာတို့မှာ မိမိတို့ရွာသို့ ကပ်ဆိုက် လာသည်ဟု မြင်မက်ခြင်း၊

(၇)- အချို့သောမြို့ရွာတို့၌ နေဝင်ရီတရောအခါမှာမိမိတို့မြို့ရွာသို့ တပ်ချီ၍လာသည်ကိုကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ကြခြင်း၊

(၈)- မိမိတို့မြို့ရွာတွင်းသို့ သရဲခေါ်သော လူနီကြီးများဝင်လာသည်, ဘီလူးခေါ်သော လူနက်ကြီးများ ဝင်လာသည်, သားဘက်ခေါ်သော လူဖြူကြီးများ

ဝင်လာသည်,ဝက်ကောင်ကြီးများဝင်လာသည်, နွားမတန်းခန့်ရှိသောခွေးကောင်ကြီးများဝင်လာသည်, တစ်ထွာတစ်မိုက်ခန့်အမွေးရှိသော

ရေသူဘက်ကောင်ကြီးများကုန်းသူဘက်ကောင်ကြီးများ ဝင်လာသည်ဟု မြင်မက်ခြင်း၊

(၉)- အခြားအိမ်ပေါ် တိုက်ပေါ်သို့လည်းကောင်း,မိမိအိမ်ပေါ် တိုက်ပေါ်သို့လည်းကောင်းထိုအကောင်ကြီးများတက်သည်ဟု မြင်မက်ခြင်း၊

(၁၀)- ညအခါ၌ မိမိတို့မြို့ရွာတွင်းမှာ ထိုအကောင်ကြီးများ သွားလာ၍နေသည်ကို ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ကြခြင်း,မိမိတို့ဝင်းထဲ ခြံထဲ တိုက်နောက်ဖေး အိမ်နောက်ဖေးများ၌ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ကြခြင်း၊

၁၁- နေဝင်စအခါ မြို့ရွာအနီးမှာ တွေ့မြင်ကြခြင်း၊

(၁၂)- ညအခါ မြစ်ရေထဲ အင်းရေထဲမှတက်လာ၍ မြို့တွင်းရွာတွင်းသို့ ဝင်ကြသည် ကိုလည်းကောင်း အိမ်ပေါ်တိုက်ပေါ်သို့ တက်ကြသည်ကိုလည်းကောင်း မြင်မက်ခြင်း၊

(၁၃)- မြစ်ဆိပ်များ လှေနှင့်နေကြရာ နေဝင်စအခါ မြစ်ရေထဲမှ ဖွားခနဲ ဖွားခနဲ ပေါ်ကြ၍ မြို့တွင်း ရွာတွင်းသို့ဝင်ကြသည်ကို ဒိဋ္ဌ တွေ့မြင်ကြခြင်း၊

(၁၄)- ရေထဲမှပေါ်လာ၍ မိမိတို့လှေပေါ်သို့ တက်လာသည်ကိုလည်းကောင်း သူတစ်ပါးေ လှပေါ်သို့တက်လာသည်ကိုလည်းကောင်း ကိုယ်တိုင်ဒိဋ္ဌ တွေ့မြင်ကြခြင်း၊

(၁၅)- မြို့တွင်း ရွာတွင်း ဝင်းတွင်းခြံတွင်းတို့၌ မိန်းမနက်ကြီးများကို တွေ့မြင်ကြခြင်း၊

(၁၆)- လူနည်းပါးသော အိမ်ကြီး,တိုက်ကြီး, ကျောင်းကြီးများ၌ အိမ်အောက်အိမ်ပေါ် တိုက်အောက် တိုက်ပေါ်ကျောင်းအောက် ကျောင်းပေါ် တို့၌ တွေ့မြင်ကြခြင်း၊

(၁၇)- မြို့တွင်း ရွာတွင်းသို့ ဆင်တွေဝင်သည်,ကျားတွေဝင်သည်, နွားတွေဝင်သည်, ကျွဲတွေဝင်သည်ဟုမြင်မက်ခြင်း၊

(၁၈)- မြို့တွင်း ရွာတွင်းမှာ မီးလောင်သည်ဟု မြင်မက်ခြင်း၊ ဓားပြတိုက်သည်ဟု မြင်မက်ခြင်း၊ ရုပ်သေးပွဲ ဇာတ်ပွဲခံသည်ဟု မြင်မက်ခြင်း၊

(၁၉)- နေ့အခါ၌ မြို့တွင်း ရွာတွင်းသို့ ကျားဝင်ခြင်း,သစ်ဝင်ခြင်း, တောယုန် ဝင်ခြင်း,သမင်,ဒရယ်စသောတောတိရစ္ဆာန်တို့ဝင်ခြင်း, တောကြက်တွေဝင်ခြင်း၊

(၂၀)- အိမ်ပေါ် တိုက်ပေါ်မှာ အခိုးတလူလူထသည် ကိုမြင်ရခြင်း၊

(၂၁)- ညအခါ၌ မြို့တွင်း ရွာတွင်းမှာ အပုပ်နံ့လှိုင်ခြင်း၊

(၂၂)- မြို့ပေါ် ရွာပေါ်မှာ ကျီး, လင်းတများစွာ တို့ ဝဲခြင်း၊

(၂၃)- မြို့ပေါ် ရွာပေါ်မှာ မိုးတိမ်နီ၊ မိုးတိမ်ဝါတို့တောက်ခြင်း၊

(၂၄)- မြို့တွင်း ရွာတွင်းမှာ ယင်ကောင်ကြီး, ယင်ကောင်ငယ် တို့ အထူး များပြားခြင်း၊

(၂၅)- အိမ်တွင်း တိုက်တွင်းမှာ အိမ်မြောင်, ယင်ကောင်,ကြွက်သတ္တဝါတို့ကျ၍ ရုတ်တရက်သေဆုံးသည်ကိုတွေ့မြင်ကြခြင်း အသေကောင်များစွာကို တွေ့မြင်ကြခြင်း၊

(၂၆)- ကျွဲ,နွားသတ္တဝါတို့၌ ကပ်ရောဂါကျရောက်လိုသော် ညအခါ၌ ကျွဲခြံ နွားခြံတို့မှ ကျွဲ နွားတို့ တရုန်းရုန်းရှိခြင်း, နေ့အခါ တောအရပ်၌ တောချုံရှိရာတို့မှ တရုန်းရုန်း လန့်ခြင်း၊

(၂၇)- မြင်းတို့၌လည်းကောင်း၊ သိုး,ဆိတ်တို့၌လည်းကောင်း၊ ကပ်ဥပဒ် ကျရောက် လိုသော် ထိုနည်းတူ တစ်စုံတစ်ခု ဖောက်ပြန်မှု ပေါ်လာခြင်း

(လယ်တီဆရာတော်ကြီးရေးသားတော်မူသောရောဂန္တရဒီပနီမှ) ထင်းရှူးတောင် ဆရာတော်

Likes:
0 0
Views:
757
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *