ကျွန်တော်တို့နိုင်ငံအတွက် Democracy စနစ်က တန်ကြေးအရမ်း မြင့်မားလှပါတယ်။

ကျွန်တော်တို့နိုင်ငံအတွက် Democracy စနစ်က တန်ကြေးအရမ်း မြင့်မားလှပါတယ်။

ဓားပြတိုက်ခံရတာလဲ ခဏခဏပါပဲ။ ပေးဆပ်ခဲ့ရတဲ့ အသက်တွေကလဲ သောင်းဂဏန်းပါပဲ။ Democracyဆိုတာ 2011ကမှ ရခဲ့တာ မဟုတ်ပါ။ 1948လွတ်လပ်ရေးရပြီးတည်းကနေ 1962အထိ Democracyရထားခဲ့ပြီးသားပါ။ကျွန်တော်တို့ အခုခံစားခဲ့ရတဲ့ 2011 – 2021 (10နှစ်) တာ Democracyဆိုတာဟာ 1948မှာ ရခဲ့တဲ့ Democracyနဲ့ယှဥ္နဲ့ မဖြစ်စလောက် အမှုံအမွှားသာသာပဲရှိပါတယ်။

ဘာလို့လဲ????သတင်းမီဒီယာ အရမ်းလွတ်လပ်ပါတယ်။ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ရှိပါတယ်။ လွတ်လပ်စွာ ရေးသားခွင့်ရှိပါတယ်။ လွတ် လပ်စွာ ဝေဖန်ပိုင်ခွင့်ရှိပါတယ်။Democracyစံနှုန်းကို တိုင်းတာတဲ့ ပေတံဟာနေ့စဥ္ထုတ်ဝေတဲ့သတင်းစာပါပဲ။ အဲ့ခေတ်က သမ္မတကို ဝေဖန် လို့ ထောင်မကျပါဖူး။ ဦးနုကို ဝေဖန်လို့လဲ 505(က) မရှိတဲ့ ခေတ်ပါ။

ဖုန်းထဲကနေ လှမ်းဝေဖန်လို့လဲ 66ဃ နဲ့ ထောင်မကျပါဖူး။ ကြိုက်တဲ့ သတင်းစာက ကြိုက်သလို ဝေဖန်ပါ။ မကြိုက်ရင် မကြိုက်ဖူး ဒဲ့ပြော ဒဲ့ဖြုတ်လို့ရတဲ့ အထိကို လွတ်လပ်ခဲ့ပါတယ်။ ဒါတောင် အဲ့ခေတ်က Democracy စံနှုန်းက 100% စစ်စစ်မဟုတ်ဖူးလို့ နိုင်ငံရေးသုံး သပ်သူတွေက ဆိုကြပါတယ်။

Democracyရဲ့ တန်ကြေးဟာ ဘာ့ကြောင့် အရမ်းမြင့်မားရတာလဲ???Democracy စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံတစ်နိုင်ဟာ Democracy စံနှုန်းပြည့်လေ ခေတ်နဲ့အညီ ပိုပိုပြီး ဖွ့ံဖြိုးတိုးတက်လေပါ။ မြန်မာပြည်မှာဆိုရင် Internetက ပြောနေကျအတိုင်း Asia No.1 International Airport ရှိပါတယ်။Asia No.1 Education System ရှိပါတယ်။Asia No.1 University (Yangon) ရှိပါတယ်။

Asia No.1 Shipyards ရှိပါတယ်။Asia No.1 Economic Counrtyဖြစ်ပါတယ်။အရမ်းကောင်းမွန်တဲ့ Democracyစနစ်နဲ့ 1948ကနေ 1962အထိ ပြည်တွင်းစစ်တွေရော နေဝင်းအရှုပ်တော်ပုံတွေ ကြားထဲကနေ 14နှစ်ပဲအုပ်ချုပ်သွားနိုင်ခဲ့ပါတယ်။Burmaဟာ အာရှကျား ဖြစ်ခဲ့ပါတယ်။ထိုင်းနိုင်ငံဟာ နိုင်ငံခြားကိုသွားချင်ရင် ရန်ကုန်လေဆိပ်ကနေ တစ်ဆင့်သွားရပါတယ်။

ထိုင်းဝန်ကြီးချုပ် မြန်မာပြည်ကို အလည်လာပါတယ်။ လေဆိပ်က ဆင်းဆင်းချင်းပဲ ကားလမ်းမကြီးတွေက ကောင်းမွန်လွန်းလို့ ” ခင်ဗျားတို့ နိုင်ငံကို လိုက်မှီဖို့ နှစ်20နဲ့တောင် မှီပါ့မလား ” တဲ့။ တရုတ် ၊ ဗီယက်နမ် ၊ လာအို ၊ မလေးရှား စတဲ့ အာရှနိုင်ငံတွေဟာ ပညာတတ်ဖြစ်ချင်ရင် ရန်ကုန်တက္ကသိုလ်မှာ ပညာလာသင်ရပါတယ်။ စကင်္ာပူတည်ထောင်သူ လီကွမ်ယု မြန်မာပြည်လာပြီး ပညာရေးစနစ်ကို လေ့လာပါတယ်။

အရမ်းကောင်းလွန်းလို့ နှစ်၅၀ စီမံကိန်းနဲ့တောင် လိုက်ယူရပါတယ်။ ရန်ကုန်တက္ကသိုလ်က ဘွဲ့လက်မှတ်ရရုံနဲ့ အမေရိကန်မပြောနဲ့ တစ်ကမ္ဘာလုံးက ကြိုက်တဲ့ နေရာမှာ အလုပ်ဝင်လျှောက်လို့ရပါတယ်။ ရန်ကုန်သဘေင်္ာဆိပ်ဟာ အရှေ့တောင်အာရှရဲ့ နံပါတ်တစ် သဘေင်္ာဆိပ်ဖြစ်ပါတယ်။

ASEAN နိုင်ငံအများစုကို ရေကြောင်းကလာချင်ရင် ရန်ကုန် သဘေင်္ာဆိပ်ကို အရင်လာရပါတယ်။ စီးပွားရေးမှာဆိုလဲ ငွေကြေးတန်ဖိုး အရမ်းကြေးကြီးပါတယ်။ ရတဲ့လစာနဲ့ စားဝတ်နေရေး ကုန်ကျစရိတ်ဟာ လောက်ငှရုံတင်မဟုတ်ဖူး Shoppingထွက်ဖို့အထိပါ ပိုလျှံပါ တယ်။ 1962 နေဝင်းအာဏာသိမ်းပြီးတဲ့အချိန် ကမ္ဘာ့ဘဏ်မှာ မြန်မာနိုင်ငံရဲ့ ပိုင်ဆိုင်ငွေဟာ ဒေါ်လာ သန်း၂၂၀ကျော်ရှိပါတယ်။ အတိုး လိုအပ်လို့ ဘဏ်သွင်းထားတာ မဟုတ်ပါဖူး။

ဘယ်နေရာမှာမှ သုံးစရာမရှိတော့လို့ လုံးဝပိုလျှံနေလို့ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ဘဏ်မှာ သွားလှူထားတာပါ။Democracyစနစ်ဟာ တိုင်းပြည်အပေါ် အဲ့လောက်အထိိကို အကျိုးပြုခဲ့ပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ BIAတပ်က ရဲဘော် ၃ကျိပ်ဝင် ကာချုပ် နေဝင်းကို ယုံစားမိခဲ့လို့ နှစ်၅၀စာ ဓားပြတိုက်ခံလိုက်ရပါတယ်။

1962 Military Coup in Burma

1962ကနေ 1976အထိ နေဝင်းရဲ့ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ပါတယ်။ သူတို့ပြောတာတော့ ဆိုရှယ်လစ် တစ်ပါတီ စနစ်ပေါ့။ အာဏာစသိမ်းလိုက်တာနဲ့ ပထမဆုံး ဖြစ်သွားတာက ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဗုံးခွဲပြီး ကျောင်းသားခေါင်းဆောင်တွေကို ဖိနှိပ်ခဲ့ပါတယ်။

ပညာရေးစနစ်က ရှေ့ဆက်မတက်ပဲ ရပ်တန့်သွားပါတယ်။ အဲ့အတွက် သမဂ္ဂခေါင်းဆောင်တွေနဲ့ ကျောင်းသားအချို့ ဆန္ဒပြကြတယ်။ ကွန်မြူနစ်တောခိုတွေပါ လို့ စွတ်စွဲပြီး အကုန်ပစ်သတ်ခဲ့ပါတယ်။ လာဘ်ထိုးလာဘ်စားမှုတွေ များစွာပေါ်ပေါက်လာပြီး ရဲဘော်ချိုင်းထောက် အရာရှိတိုက်ဆောက်ဖြစ်လာပါတယ်။

ငွေကြေးတန်ဖိုးတွေ အဆမတန် ကျဆင်းသွားပါတယ်။ ငွေကြေးဖျက်သိမ်းမှု ၂ကြိမ်ဖြစ်ပြီးတော့ တိုင်းပြည်က လုံးဝ မွဲကျသွား ပါတယ်။အစိုးရဝန်ထမ်းတွေ လစာမလောက်ငှဖူး ။ နေထိုင်ရေးအဆင်မပြေမှုတွေဖြစ်လာတယ်။

လုပ်ငန်းသုံးပစ္စည်းတွေဟာ Democracyလက်ထက်တည်းက ပစ္စည်းတွေပဲဖြစ်နေပြီး မလဲလှယ်ပေးတဲ့အတွက် စက်ပစ္စည်းချို့ယွင်းမှု တွေကြောင့် အလုပ်သမားတွေ မကြာခဏသေဆုံးတယ်။ 1973/74/75/76 တောက်လျှောက် အလုပ်သမားဆန္ဒပြမှုတွေ ကျောင်းသား ဆန္ဒပြမှု ပေါ်လာတယ်။

ပြည်သူတွေ ကျောင်းသားလူငယ်တွေအမြောက်အများသေတယ်။ နောက်ဆုံး 1976ရောက်လာတယ်။ အာဏာသိမ်းပြီး 14နှစ်အကြာ ဖြစ်ပါတယ်။ ဧရာဝတီကလယ်သမားတွေဟာစားစရာဆန်မရှိတော့လို့ အစိုးရဂိုထောင်တွေကိုနေ့ခင်းကြောင်တောင်ကြီး အသက်စွန့် ဝင်ဖောက်ရတဲ့ ဘဝရောက်ကုန်ပါတယ်။ 1962မှာပိုလျှံနေတဲ့ ဒေါ်လာ သန်း၂၂၀ကျော် အကုန်ပြောင်သွားတာ ကြာပေါ့။

ဆင်းရဲသားနိုင်ငံတွေကို ဒေါ်လာသန်း ရာချီလှူဒါန်းနေတဲ့ နိုင်ငံအဖြစ်ကနေကမ္ဘာ့ဘဏ်မှာ ဆင်းရဲသားနိုင်ငံစာရင်း ခံယူပြီး မျက်နှာငယ် လေးနဲ့ ပိုက်ဆံ အကြွေးသွားချီးရတဲ့ဘဝရောက်သွားတယ်။ တိုင်းပြည်ကဆင်းရဲတွင်းနက်သထက်နက်လာတယ်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှု ယန္တရား ၊ ခေတ်ယန္တရားတွေဟာ အာဏာရှင်တွေကြောင့် ရှေ့ဆက်မလည်ပတ်တော့တဲ့ အပြင်ကိုအနောက်ပြန်လည်သွားခဲ့တယ်။

အာဏာရှင် 14နှစ်တက်ရုံနဲ့ အာရှကျားအဖြစ်ကနေ အာရှကြောင် ဘဝကို ချက်ချင်းတန်းရောက်သွားတယ်။ ကြောင်တောင် ရိုးရိုး အိမ်မွေးကြောင်မဟုတ်ပဲ ၊ လမ်းဘေးက ကြောင်ဝဲစားဖြစ်သွားခဲ့တယ်။ 1962ကနေ1976အထိ ပေါင်းလိုက်ရင် သေတဲ့ပြည်သူ ထောင်ချီတယ်။ 1988မှာ 4ထောင်နီးပါးထပ်သေတယ်။

1996,2007ပေါင်းလိုက်ရင်လဲ ထောင်ဂဏန်းထပ်သေတာပဲ။ အာဏာရှင်တွေက ပြည်သူတွေအတွက်ရော တိုင်းပြည်အတွက်ပါ လုံးဝကို အကျိူးမပေးခဲ့ဖူး။ 2011မှာ စစ်အာဏာရှင် ချုပ်ငြိမ်းပြီး ဗိုလ်ချုပ်သန်းရွှေဆင်းသွားတယ်။

မဖြစ်စလောက် Democracy လေးပေးပြီး ဗိုလ်ချုပ်သိန်းစိန်ကို သမ္မတတင်ပြီးအာဏာရူးမင်းအောင်လှိုင်ကိုကာချုပ်တင်သွားတယ်။ 2011 – 2021 (10) နှစ် ရွှေရည်စိမ် Democracy လေးနဲ့ မရမက အစိုးရ ၂ဆက်က တိုင်းပြည်ကို ဆင်းရဲတွင်းကနေဆွဲတင်ခဲ့တယ်။

2021မှာ ဖွ့ံဖြိုးမှု ယန္တရားတွေ ၊ ခေတ်ယန္တရားတွေ ပြန်လည်ပတ်လာတဲ့အပြင် ခေတ်နဲ့အညီရှေ့ဆက်တက်နိုင်ခဲ့တယ်။ ကြောင်ဝဲစား ဘဝကနေ နလန်ထူလာတယ်။ ကျားပုံစံ နည်းနည်းပြန်ပေါက်လာတယ်Least Development Countries List လွတ်တာက မကြာ သေးပါဖူး။ 2021မှာ ထပ်ပြီး အာဏာသိမ်းခံလိုက်ရတယ်။ Democracyကို နောက်တစ်ဖန် ဓားပြတိုက်ခံလိုက်ရတယ်။ ပြည်သူ ရာနဲ့ချီသေသွားတယ်။ အခုထိ ဆက်တိုက်နေရဆဲဖြစ်တယ်။

ဒီပွဲကိုအသာ နိုင်တိုက်နို်င်ခဲ့ရင် ခေတ်အဆက်ဆက်အာဏာရူးခဲ့တဲ့ ဗမာစစ်တပ်ကို အပြုတ်ဖြုတ်နိုင်မယ်။ နောက်ထပ် အာဏာမရူး နိုင်အောင် ပညာရေးစနစ်ထဲမှာ လက်နက်ကိုင်အကြမ်းဖက်တာတွေ ဖျောက်ပစ်လိုက်ရမယ်။

ဒီပွဲဟာ နောက်ဆုံးပွဲဖြစ်တယ်။ ဒီပွဲမှာ အနိုင်ရခဲ့ရင်စစ်တပ်ကိုနိုင်ငံရေးက ဖယ်ထုတ်ပြီး အမေရိကန်လို ပြည်သူ့အစိုးရပဲ ပြည်သူ့ကို အုပ်ချုပ်မယ်။ အာဏာက ပြည်သူလက်ထဲမှာပဲရှိတယ်။ စစ်တပ်က စစ်တပ်နေရာပဲရောက်သွားမယ်။

#This_is_The_End_Game

Credit : Bhone Myat Tħu

Likes:
0 0
Views:
685
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *