1962 အာဏာသိမ်းခံရခြင်း

1962 အာဏာသိမ်းခံရခြင်း

မြန်မာနိုင်ငံဟာ 1948မှာ Britishလက်အောက်ကနေ လွတ်မြောက်ပြီး လွတ်လပ်ရေး ရခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးတည်းက Democracyစနစ်ကို India နဲ့အပြိုင် ကျင့်သုံးနိုင်ခဲ့ပါတယ်။Democracyစနစ်ကို အခြေခံအုတ်မြစ်ချပေးခဲ့တာကတော့ သခင်အောင်ဆန်းတို့ပဲဖြစ်ပါတယ်။

1946တည်းကနေ စတင်ပြီး ပင်လုံညီလာခံစာချုပ်နှင့်အတူ အခြေခံဥပဒေတစ်ခု ပြဌာန်းနိုင်ရေးကို ကြိုးစားခဲ့ကြပါတယ်။ Democracyစနစ် နဲ့အုပ်ချုပ်ဖို့ မြန်မာနိုင်ငံအတွက်အခြေခံဥပဒေရေးဆွဲခြင်း နောက်ဆုံးအစည်းအဝေးကို 1947 Juneမှာ ခေါ်ယူပြီး အခြေခံမူတွေ ပြဌာန်းခဲ့ပါတယ်။

1947 Julyမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ဝန်ကြီးများရုံးမှာ လုပ်ကြံခံလိုက်ရပါတယ်။ ဗိုလ်ချုပ်တို့လုပ်ကြံခံရပြီးနောက်မှာတော့ ဦးနုက နိုင်ငံတော် ဝန်ကြီးအဖြစ် တာဝန်ယူပြီး 1947 ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို September 24 ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။​ြ့ပည်တွင်းစစ် ပဋိပက္ခများ။ 1948 Jan 4 ရက်နေ့မှာ လွတ်လပ်ရေးရပါတယ်။

ကျွန်တော်တို့နိုင်ငံက ဗမာလူမျိုးကြီး ဝါဒ ကြီးစိုးခဲ့တာအခုမှမဟုတ်ပါဖူး။ အရင်တည်းက ဗမာတွေက လူမျိုးကြီးဝါဒ ကြီးစိုးခဲ့ပါတယ်။ 1947 ဖွဲ့စည်း ပုံ အခြေခံဥပဒေဟာ ဗဟိုအုပ်ချုပ်မှုစနစ်ပုံစံမျိုး ဖြစ်နေတဲ့အတွက်အာဏာခွဲဝေမှုနဲ့ ပတ်သက်ပြီး Jan 28ရက်နေ့မှာ ကွန်မြူနစ်တွေ စတင်တောခိုကြပါတယ်။

လွတ်လပ်ရေးပြီး 24ရက်အကြာ Jan 28မှာ ပြည်တွင်းစစ် စတင်ပါတယ်။လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေတဲ့နိုင်ငံဖြစ်သော ငြှားလည်း ဗမာလူမျိုးအများစုနေထိုင်၍ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာထွန်းကားတာကိုအကြောင်းပြုပြီး ဦးနုဟာ ဗုဒ္ဓဘာသာကိုနိုင်ငံတော် ဘာသာ အဖြစ်ပြဌာန်းခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်နဲ့ဘာသာခြားတွေ ကြားထဲမှာခွဲခြားမှုတွေ ဖြစ်စပြုလာတယ်။

ပြည်နယ် တစ်ချို့က Federal တောင်းတဲ့အတွက် ဆွေးနွေးပွဲတွေမှာ ဦးနုရဲ့ မိန့်ခွန်းတွေဟာလဲ လူမျိုးကြီးဝါဒဆန်ဆန်ပြောဆိုခဲ့တာ ကြောင့် ပြည်တွင်းစစ်အခြေအနေ ဆိုးသထက် ဆိုးရွားလာခဲ့ပါတယ်။ 1958မှာ အခြေအနေတွေ အရမ်းဆိုးလာတဲ့အတွက် ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ အိမ်စောင့်အစိုးရက ဦးနုဆီကအာဏာကိုသိမ်းယူခဲ့ပါတယ်။

ကတိကဝတ်အနေနဲ့ စစ်ပွဲတွေပြီးရင် ရွေးကောက်ပွဲကို ပြန်ကျင်းပပေးမယ်လို့ပြောခဲ့ပါတယ်။ 1959မှာ ပြည်တွင်းစစ်အခြေအနေ အဆိုးရွားဆုံးအနေအထားထိရောက်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးက ရောင်စုံလက်နက်ကိုင် အဖွဲ့လက်အောက်ခံဖြစ်သွားပြီး ရန်ကုန်တစ်မြို့ပဲ ကျန်ခဲ့ပါတယ်။

ရန်ကုန်မြို့တောင်မှ အင်းစိန်-သမိုင်းအထိက ကရင်လက်အောက် ရောက်သွားပါပြီ။ အဲ့အတွက် အစိုးရကိုတောင် ဗမာအစိုးရမဟုတ်ပဲ ရန်ကုန်အစိုးရလို့ပဲ ခေါ်တွင်ခဲ့ကြပါတယ်။ အဲ့မှာ ပြည်သူချစ်တဲ့ ဗမာ့တပ်မတော်ကြီးက သူပုန်တွေအကုန်လုံးကို မရမက ပြန်တိုက်ထုတ်လို့ 1960မှာ တစ်နိုင်ငံလုံးကို ပြန်ရခဲ့ပါတယ် (Actionရုပ်ရှင်ဆန်လိုက်တာ?)နိုင်ငံရေး ပဋိပက္ခများဖြစ်ပွားခြင်း။

ပြည်တွင်းစစ်ကြီး အဆုံးသတ်သွားတာနဲ့ တစ်ပြိုင်နက် နိုင်ငံရေး ပဋိပက္ခတွေစတင်လာပါတယ်။ ဖဆပလအဖွဲ့ကြီးဟာ တည်မြဲ နဲ့ သန့်ရှင်းဆိုပြီး ၂ခြမ်းကွဲသွားပါတယ်။ ဦးနေဝင်းက သူ့ကတိအတိုင်း ရွေးကောက်ပွဲကျင်းပပေးတယ်။ ဦးနုရဲ့ သန့်ရှင်း အစိုးရ အနိုင်ရသွားတယ်။

အဲ့အချိန်မှာ တည်မြဲက အတိုက်အခံပါတီ (USDPလိုကောင်မျိုး) ဖြစ်လာတယ်။ နိုင်ငံရေး မတည်မငြိမ်တွေဖြစ်လာတယ်။ ပြည်တွင်း စစ်ကိစ္စနဲ့ 1960နောက်ပိုင်းမှာ စစ်အုပ်ချုပ်ရေးကို နေဝင်းက အပြည့်အဝချုပ်ကိုင်ထားတယ်။ နိုင်ငံရေး အာဏာကလဲ ဦးနုဆီမှာ အပြည့်အဝ မရှိတော့ဖူး။ စစ်တပ်ရဲ့ နိုင်ငံရေး စွက်ဖက်မှုတွေ စတင်လာတယ်။

အဲ့တာကိုကြိုမြင်တဲ့ဦးနုဟာ Federal နိုင်ငံထောင်ဖို့အတွက် ပြည်နယ်တွေကို လိုက်ပြီး စည်းရုံးရေးဆင်းတယ်။ 1962 March 2ရက်နေ့မှာ ညှိနှိုင်ဆွေးနွေးမှု​ပြီးဆုံးပြီး ပြည်နယ်တွေကို Federal ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

အပြန်အလှန်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့တဲ့ 1947ခြေဥက ” လွတ်လပ်ရေးရပြီး 10နှစ်အတွင်းမှာ အစိုးရအုပ်ချုပ်မှုပုံစံအား မကြိုက်လျှင် ပြည်ထောင်စုမှ ခွဲထွက်ခွင့်ရှိသည် ” ဟူသောအချက်အား တိုင်းရင်းသားများဖက်မှ ပယ်ဖျက်ပေးဖို့ ဖြစ်တယ်။

အဲ့သဘောတူညီချက်နဲ့ အညီ March 7ရက်နေ့မှာ အစည်းအဝေးထိုင်ပြီး Federal စနစ်ပြဌာန်းမှာဖြစ်တယ်။ သို့ပေမယ့် နေဝင်းရဲ့ အာဏာရူးမှုကြောင့် 1962 March 2 ရက် ည(8:00)တိတိမှာ အာဏာအသိမ်းခံလိုက်ရလေသည်။ နေဝင်းအာဏာရူးမှု 1958 – 1960 (2နှစ်)တိတိ ပုလ္လင်ပေါ်မှာ ထိုင်ဖူးသွားတဲ့ နေဝင်းဟာ အာဏာဆိုတဲ့အရသာကို ကြိုက်နှစ်သက်သွားပါတယ်။

အဲ့အတွက် ဦးနုကိုတော့ ပြန်တင်ပေးလိုက်တယ်။ သို့ပေမယ့် စစ်တပ်အာဏာကတော့ နေဝင်းလက်ထဲရောက်သွားပါပီ။

တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းတစ်ခုဟာ စစ်ပွဲမရှိရင် ဘောင်မဝင်တဲ့ အဖွဲ့အစည်းပါ။ 1959ပြည်တွင်းစစ်အပြီးမှာ အဲ့တာကို နေဝင်းတစ်ယောက် ကောင်းကောင်းသဘောပေါက်သွားပါတယ်။ ဒါဖြင့် သူဘယ်လိုလုပ်သလဲ????တိုင်းရင်းသားတွေကို ဖိနှိပ်ပြိိး နယ်စပ်တွေမှာ စစ်ပွဲအသေးစားလေးတွေဖန်တီးပါတယ်။

ပြည်သူနဲ့အစိုးရကြားကို သွေးခွဲမှုလုပ်တယ်။ Federalတည်ထောင်တာဟာ ပြည်နယ်တွေကို ခွဲထုတ်ပြီး နိုင်ငံကို ဖျက်ဆီးတဲ့ပုံစံလိုဟာမျိုး ဂျင်းကြွေးတယ်။ နေဝင်းရဲ့ နိုင်ငံရေး စွပ်ဖက်မှုက သိသာထင်ရှားလာတယ်။ ဒါပေမယ့် သူ့ရဲ့ သွေးခွဲမှုထက် ဦးနုရဲ့ ခြေလှမ်းက ပိုမြန်နေပါတယ်။ Federalနိုင်ငံထောင် ၊ Federal Army နဲ့ ဗမာ့စစ်တပ်နဲ့ပေါင်းပြီး ပြည့်သူ့တပ်မတော် အသစ်ထပ်ဖြစ်လာမယ်။

1962 5လပိုင်းလောက်ဆိုရင် နေဝင်းက ပင်စင်ရပါပြီ။ အဲ့တော့ သူက အာဏာရဲ့ အရသာကို တစ်ခါမြည်းဖူးတော့ စွဲသွားပြီး နောက်ဆုံး Federal တည်ထောင်မယ့် သတင်းကို Radioက လွှင့်လိုက်တဲ့အချိန်မှာပဲ နေဝင်းက ညတွင်းချင်း အာဏာတက်လုသွားပါတယ်

(အိမ်ကို တင့်ကားနဲ့ချိန်ပြီး လုတယ် လို့ကြားဖူးတယ်)အဲ့ကစပြီး မြန်မာပြည်ကို အာရှကျားကနေ အာရှကြောင်ဝဲစားဘဝကို စစ်တပ်ကိုယ်တိုင် အရောက်ပို့ခဲ့ပါတယ်

credit : Bhone Myat Tħu

Likes:
0 0
Views:
626
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *