အံ့ဖွယ်ရောဂါ

အံ့ဖွယ်ရောဂါ

ဗိုလ်ချုပ်တို့သေဆုံးပြီးနောက်ရက်သတ္တနှစ်ပတ်ခန့်အကြာတွင် ကျွန်ုပ်သည် စာကြည့်တိုက်မှပါဆယ် ထုပ်တစ်ခုရရှိသဖြင့် ဖွင့်ကြည့် လိုက်ရာတွင် မိန်းမလက်ရေးနှင့်စာတစ်စောင်အပြင် ဖူးစကတ်စာရွက်ဖြင့် ရေးသားထားသော စာများကိုတွေ့ရှိရလေ၏။ ထိုစာ မှာ……….စာရေးအစီရင်ခံပါသည် ဆရာကြီးရွှေဥဒေါင်းရှင့်။

ပူးတွဲပါစာအိတ်မှာ နိုင်ငံတော်လုပ်ကြံမှုကြီးတွင် ကျဆုံးသွားရသော ကျွန်မ၏ လင်ယောက်ျားသည် မသေဆုံးမီ ဇူလိုင်လ ၁၈ ရက်ညက စီကုံးရေးသားခဲ့ပြီးလျှင် ဆရာကြီး၏ လိပ်စာကိုတပ်၍ စာရေးစားပွဲ အံဆွဲထဲတွင် ထားပစ်ခဲ့သော စာအိတ်ဖြစ်ပါသည်။ တွေ့သည့် အချိန်ကပင် ဆရာကြီးထံပေးပို့ရန်ဖြစ်သော်လည်း ကိစ္စများပြားလှသဖြင့် ယခုမှပေးပို့လိုက် ရပါသည်။

၎င်းင်းစာအိတ်ကို ဖွင့်ထားသောကြောင့် ကျွန်မ ဖတ်ကြည့်သည့်အခါ ဝတ္ထု သဖွယ်ထူးဆန်းအံ့သြဖွယ်ကောင်းသည်ဖြစ်၍ ကျွန်မတို့ ၏အမည်နာမများကို အထင်အရှားမဖော်ပြပဲ အသုံးပြုထိုက်သည်ထင်ကအသုံးပြု ပါရန် ပေးပို့လိုက်ခြင်းဖြစ်ပါကြောင်း။

ကျွန်ုပ်သည် အထက်ပါစာကိုဖတ်ပြီးနောက် ပူးတွဲပါစာများကိုဖတ်ကြည့်ရာတွင် ဝန်ကြီးကတော်ရေးသား ခဲ့သည့်အတိုင်း အမှန်ပင် ထူးဆန်းလှသည် ဖြစ်သောကြောင့် ကာယကံရှင်၏အမည်နာမများကိုမဖော်ပြပဲ အချို့သောစကားလုံးများကို သင့်တော်ဆီလျော်အောင် ပြင်ဆင်၍ ဝန်ကတော်၏ခွင့်ပြု ချက်အ ” ဒဂုန်မဂ္ဂဇင်း ” တိုက်သို့ ပို့ပေးလိုက်ရခြင်းဖြစ်ပေသည်။

၁၉၄၆ ခုနှစ်မတ် လ တွင် ကျွန်ုပ်သည် မြောက်ပိုင်းရှမ်းပြည်နယ်သီပေါနယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဘော်ကြို ဘုရားပွဲတော်သို့ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးသဖြင့် အိမ်သားတစ်စုတို့နှင့်အတူ သွားရောက်ခဲ့၏။

တပေါင်းလဆန်း၁၃ရက်နေ့ ညနေခင်းအချိန်တွင် အသင့်ဆောက်လုပ်ထားသော ကပ်မိုး ကပ်ကာ အခန်းလေးတစ်ခုတွင် ပွဲမပြီးမချင်း ငွေ ၁၅ ကျပ်နှင့် အိမ်သားတစ်စု နေထိုင်ရန်စီမံကြလေရာ ဂုဏ်သရေရှိလူကြီးလူကောင်းတစ်ယောက်ဖြစ်သောကြောင့် မိတ်ဆွေများက ကျောက်မဲမြို့ထဲ၌တည်းခို၍ ဘုရားပွဲသို့တစ်နေ့တစ်ခေါက်သွားရောက်ရန် ပြောကြသော်လည်း လာရသည့်အတူတူ ပွဲစခန်း အတွင်း၌ တည်းခိုနေထိုင် ရခြင်းကသာ၍ပျော်စရာကောင်းသည်ဟုအိမ်သားများကပြောဆိုကြသည့်အလျှောက် ထိုကဲ့သို့တည်းခိုနေထိုင် ရခြင်းဖြစ်လေသည်။

ဘော်ကြို ဘုရားပွဲမှာ ရှမ်းပြည်နယ်အတွင်း၌ကျင်းပသော ဘုရားပွဲမျိုးများအနက်တွင် အစည်ကားဆုံး ဖြစ်၍ မြန်မာလူမျိုးတို့အများဆုံး သွားရောက်ကြသော ဘုရားပွဲကြီးဖြစ်ပေ၏။သို့ရာတွင် ၎င်းင်းပွဲတော်သို့သွားကြသည့်မြန်မာများအနက် ၃၆ ကောင်နှင့်လေးကောင်ဂျင်၊ ပါထမ် စသောလောင်းကစားနည်းများကို ဝါသနာပါသူတို့သာလျှင် များလှပေသည်။

စင်စစ်သော်ကား ကုသိုလ်ရေးအတွက် သွားသူတို့မှာ တစ် ရာခိုင်နှုန်းပင်မပြည့်သဖြင့် ဒသမ ဖွဲ့၍ ဖော်ပြရပေလိမ့်မည်။ကျွန်ုပ်မှာလည်း အမှန်ဆိုရလျှင် ကုသိုလ်ရေးကြောင်မဟုတ် ၊ထို ဘုရားပွဲသို့ ရောက်ဖူးသောမိတ်ဆွေတစ်ယောက်က အလွန်တရာ ပျော်စရာကောင်းသည် ဟု အကြိမ် ကြိမ် ပြောဖူးသည့်အတိုင်း အခါအခွင့်သင့်သည့် အားလျော်စွာ ထို တပေါင်းလက သွားခဲ့ရခြင်းဖြစ်လေသည်။

ကျွန်ုပ်တို့မိသားစုသည်အလျား ၁၅ပေ အနံ ၁၀ပေ ခန့်ရှိသော တဲကလေးတစ်ခုအတွင်း တည်းခိုကြ၍ အစေခံ နှစ်ယောက်တို့က အခန်းကို ရှင်းလင်းပြီးနောက် ကော်ဇောများခင်းကျင်းပြီးနောက် မီးမွှေးသူမွှေး ၊စျေးဝယ်သူဝယ်၊ ချက်သူချက် ပြုတ်သူပြုတ် ၊အလုပ်များလျှက် ရှကြသော်လည်း ဘုရားပွဲတို့ထုံးစံအတိုင်း ကျွန်တို့ အိမ်သူအိမ်သားများမှာ ပင်ပန်းသည် မအောင့်မေ့ပဲ ကြည်နူးပျော်ရွှင်စွာ အလုပ်လုပ် လျက်ရှိကြလေသည်။

ည ၇ နာရီထိုးသည်နှင့်တစ်ပြိင်နက် ဘုရားပွဲလာရခြင်း ၏အကြီးဆုံးသောအရသာတစ်ခုဖြစ်သည့် ထမင်းမြိန် စားရခြင်းတည်းဟူသော ကျေနပ်မှုကိုခံစားကြပြီးနောက် ကစားဝိုင်းများသို့အိမ်သားတစ်စု သွားရောက်ကြလေ၏။ ကစားဝိုင်းများအနက် အကြီးကျယ်ဆုံးမှာ လေးကောင်ဂျင်ဝိုင်းနှင့်ပါထမ် ဝိုင်းတို့ဖြစ်ရာ တစ်မူး၊တစ်မတ် လောင်းကစားရသော ခြောက်ကောင် ဝိုင်း၊ဂုန်းဂင်ဝိုင်း၊စကြာ ဝိုင်း စသည်တို့မှာလည်း ရှမ်းကြီး၊ရှမ်းကလေး၊အပျို အအို မကျန် ဝိုင်းအုံလောင်းကစားလျက်ရှိကြ၏။

၉ နာရီလောက်တွင် ညပိုင်းအတွက် ၃၆ ကောင်ဖွင့်လေရာ အလွန်စိတ်ဝင်စားလျက်ရှိသော လူတစ်စုတို့သည် အနီးရှိလက်ဖက်ရည်ဆိုင်တွင် လေးယောက်တစ်ဝိုင်း ၊ ငါးယောက်တစ်ဝိုင်း စသည်ဖြင့် ခုံကလေးများနှင့် ဝိုင်းဖွဲ့ကာ လက်ဖက်ရည်သောက်ရင်း စောင့်မျှော်လျက်ရှိကြ သည်။

၃၆ ကောင်မပိတ်မီ တစ်နာရီခန့်၌ ဝါးလုံးတန်းများတွင် သူ့ထက်ငါ တိုးဝှေ့ကာ လေးပဲဖိုးမှ တစ်ရာ ၊နှစ်ရာဖိုးတိုင်အောင်ထိုးလျက်ရှိကြ သော ပရိတာသတ်များကြောင့် ဆယ်ယောက်ထက်မနည်းသော ၃၆ ကောင်စာရေးများ လက်မလည်နိုင်အောင်ရှိကြလေ၏။ လက်ကြီး သမားများ ထိုးသော စာရေးထံ၌ကား တစ်ချို့လူများသည် တစ်ကောင်တည်းအတွက် ငါးရာ ၊ခြောက်ရာ မျှပင် ထိုးနေကြသည်ကို တွေ့ရသဖြင့် အံ့သြမိ၏။

စုံ နှင့် မ ၊အဖြူ နှင့် အနီ စသည်ဖြင့် နှစ်လမ်းထဲ ရှိသော လောင်းကစားမျိုးတွင် ငါးရာ ၊တစ်ထောင် လောင်းကစားခြင်းကို မအံ့သြမိသော် လည်း၊၃၆ ကောင်ရှိသည့်အနက် “တိုက်” ခဲ့လျှင် ၂၇ ဆလျော်ကြေးရသော လောင်းကစားမျိုးတွင် တစ်ကောင်တည်းအတွက် ငါးရာမျှ လောင်းကစားဝံ့ခြင်းကိုမူကားမအံ့သြ ပဲမနေနိုင်အောင်ဖြစ်ရ၍ ထိုသူတို့၏အစား အသည်းယားမိ၏။

မည်သူသည် ငါးရာဖိုး ထိုး၍ ငွေ တစ်သောင်းသုံးထောင့်ငါးရာ ကိုက်သွားသည်။ခြောက်ရာဖိုးထိုး၍တစ်ောင်းခြောက်ထောင်ကျော် တိုက် သွား သည် ဟူသောသတင်း ကိုကြားရသဖြင့် အားကျကာ ပါသမျှ ငွေကိုတစ်ကောင်တည်း ထိုးသူများလည်း မရှားချေ။၃၆ ကောင်တန်း လျားကြီးမှ ထလာခဲ့ကြ ပြီးနောက် ကျွန်ုပ်သည် အိမ်သားများကို တဲခန်း သို့လိုက်ပို့၍ တပည့် တစ်ယောက်နှင့်အတူ လေးကောင်ဂျင်ဝိုင်းသို့ လျှောက်လာခဲ့ လေသည်။

ကျွန်ုပ်မှာ လောင်းကစားခြင်း၏ အသည်းနှလုံးတုန်လှုတ်ရသော အရသာ ကိုခံစားခဲ့ရဖူး သဖြင့် နှစ်သက်တုန်းပင်ဖြစ်သော်လည်း အရွယ် အားဖြင့် မသင့်တော်သည့်အဖြစ်ကိုသိရှိ၍ မိမိ ၏စိတ်ကိုချုပ်တည်းပြီး ထားရစေကာမူ အခြားသူတို့လောင်းကစားခြင်းကို မူကား ကြည့်လိုသောစိတ် ရှိသေး၏။သို့ဖြစ်၍ ကျွန်ုပ်သည်လက်ကြီးသမားများ လောင်းကစားကြသောလက်ရင်းဇယား သို့ဆေးပြင်း လိပ် သောက် ရင်း ကြည့်ရှုလျက်ရှိလေ။

ကျွန်ုပ်သည် ကိုယ်တိုင် မလောင်းစားသော်လည်း အခြားသူတို့စိတ်ဝင်စားကြပုံနှင့် ချမ်းအေးသော ဒေသဖြစ်သော်လည်း နဖူး၌ ချွေးများ ပြန်နေကြပုံတို့ကိုကြည့်ရင်း စိတ်ဝင်စားလျက်ရှိရာ ညဥ့် ၁၁ နာရီကျော်ခန့်တွင် အရပ်မြင့်မြင့် နှင့် အလွန်တစ်ရာ ကြုံလှီလှသော မြန်မာတစ်ယောက်သည် တုတ်ကောက်ကိုထောက်ကာ ခုံရှည်ပေါ်တွင်ခြေတစ် ဖက်တင်လျှက် အင်္ကျီ အိတ်ထဲမှ ၁၀ တန်တစ်ရွက် ကိုထုတ်ပြီးလျှင် ဝက်ကုန်းပေါ်၌တင်၍ ” အော ” လိုက်၏။

လေးကောင်ဂျင်ထိုးခြင်း၌ အပါးဝသူတို့သည် တစ်ကောင်တည်း အော ထိုးသည်မရှိ။ဆတူလျော်ကြေးရသော “ကြိုး”ကို၎င်းင်း ၊နှစ်ဆ လျော်ကြေးရသော ” ရံ “ကို၎င်းင်းထိုးတတ်ကြလေရာ အများအားဖြင့်မူကား ရံ နှင့် ကြိုး ကိုတွဲ၍ထိုးတတ်ကြသည်။ အောထိုးခြင်း မှာလျော်ကြေး ၃ ဆ ရသော်လည်း အလွန်တရာ ဖြစ်ခဲသောကြောင့် မကျင်လည်သူတို့သာလျင် လောဘအလိုက်ထိုးတတ်ကြ၍ ကျွမ်းကျင်သူတို့မူကား ရံဖန်ရံခါ မျှသာ ထိုးတတ်ကြလေသည်။

ကျွန်ုပ်ကြည့်နေသောလူပိန်ကြီးမှာမူကား ငွေ ၁၀ ကို ဝက်ကုန်း တစ်ကောင်တည်း အော ထိုးလိုက်သဖြင့် အပါးမဝသေးသည့်လူရမ်း တစ်ယောက်ဟူ၍သာအောက်မေ့လိုက်မိ၏။ ခွက်ကိုဖွင့်လိုက် သောအခါ ထိုးထားသောလူ အချို့ကဝက်ကုန်း ဟုအော်လိုက်ကြ၍ ကျွန်ုပ် သည် လူပိန်ကြီး၏ မျက်နှာကို လှမ်းကြည့်လိုက်ရာတွင် ကျွန်ုပ် မျှော်လင့်သည့်အတိုင်း အားရဝမ်းသာရှိသော အမူအရာမျိုးကို မတွေ့ရပဲ တစ်ပဲ၊နှစ်ပြား အလျော်ရသော လူတစ်ယောက်၏မျက်နှာထားမျိုးနှင့်ခပ်အေးအေးပင် ရှိနေသ်ာကိုတွေ့ရသဖြင့် အံ့သြမိ၏။

အလံ ရှူ းသည် လူပိန်ကြီး၏ ငွေ တစ်ဆယ် အတွက် အကောက်နှုတ်ပြီး ၂၈ ကျပ် ၂ ပဲ လျော်လိုက်ရာတွင် ထိုသူသည် အရင်းရော လျော်ကြေးပါ သိမ်းယူ၍ ရှေ့၌ရှိသောခုံပေါ်တွင် ပုံထားလေ၏။ အလံရှူးများသည် အလျော်အစားပေးပြီးနောက် ဂျင်ကိုလှည့်၍ ခွက်နှင့်ဖုံးလိုက်ရာ လူပိန်ကြီးသည် ဂျင်လည်အောင်ပင်မစောင့်ပဲ ရှေ့၌ရှသောငွေ ၂၈ ကျပ် ၂ ပဲကိုဖားပေါ်သို့ တင်၍တစ်ကောင်တည်း အော လိုက်ပြန်၏။အလံရှူးများသည် ခွက်ကိုဖွင့်လိုက်ရာ”ဖားကားရားကွ”ဟု လူတစ်ချို့ကအော်လိုက်ကြ၏။

ကျွန်ုပ်မှာ လူပိန်ကြီးကိုတိုး၍ စိတ်ဝင်စားလာခဲ့လေပြီ။ထို့ကြောင့် ထိုသူအား လှမ်းကြည့်မိရာ အခြားဖက်လှည့်၍ဆေးပြင်း လိပ်တစ်လိပ် ကိုမီးညှိ ၍ နေသည်ကိုပင်တွေ့မြင်ရ၏။တုန်လှုပ်ဟန် လက္ခဏာ မူကား အလျင်းပင် မရှိချေ။ တတိယ အကြိမ်မြောက် ဂျင်ကို လှည့်၍ ခွက်နှင့်အုပ် ပြီးသည့်နောက် လူပိန်ကြီးသည် တစ်ရာ ကျော်မျှ ရှိသောငွေအားလုံးကို ကြက် ပေါ်သို့ပုံချ လိုက်ရာ ထိုသူအား စိတ်ဝင်စား နေကြပြီဖြစ်သော လူအုပ်ကြီးမှာ တစ်အံ့တစ်သြဝေဖန်နေကြပြီဖြစ်ရာ လူပိန်ကြီးကမူ ဆေးပြင်းလိပ်ကို ခဲမြဲတိုင်း ခဲ လျက်ရှိ၏။

ထို့နောက် ခွက်ကို ဖွင့်လိုက်သောအခါ ကြက် ပင်ကျလေ၏။ကျွန်ုပ်ပင်လျင်မက ပရိတ်သတ် တို့ပါ အံ့အားသင့်သွားကြ လေ၏။ဤအချိန် တွင်မူကား အလံရှူးသည် သုံးရာကျော်မျှသောငွေကို မလျော်ချင့်လျော်ချင် လျော်ပေး၍ အလံရှူးပေါက်ဖော်အချင်းချင်း ပွစိပွစိ နှင့် စကားပြောကုန်ကြလေ၏။

စတုတ္ထ အကြိမ် လူပိန်ကြီးသည် ငွေ လေးရာ ကျော်ကို ” ငါးရှဉ့် ” ပေါ်သို့ ရှေးနည်းတူတစ်ကောင်တည်း ပုံချ လိုက်ပြန်ရာ ထို အကြိမ်တွင်မူကားအချို့ လူများသည် လူပိန်ကြီးနောက်သို့ လိုက်၍ ထိုးနေကြလေပြီ။အလံရှူ း များသည် မိမိတို့၏ အကြီးအကဲအား လှမ်း၍ တိုင်ပင်သေးရာ ပေါက်ဖော်ကြီး ကိုယ်တိုင်ထွက်လာ၍ ဖွင့်သာဖွင့် ဟု အမိန့်ပေးလေ၏။

ဖွင့်လိုက်သော အခါ ၌ကား ငါးရှဉ့် ပင်ဖြစ်နေသဖြင့် ဂျင်ဝိုင်းတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားရကား အခြားဝိုင်းမှထိုး သားများသည်ပင် ၎င်းင်းဝိုင်းသို့ ရွှေ့ပြောင်းလာကြ၏။ ပရိတ်သတ်တို့မှာ ထိုအခါတွင် ရုတ်ရုတ်ရက်ရက် ဖြစ်လာကြ၍ လူပိန် ကြီးအနားသို့တိုးဝှေ့ကာ ရောက်လာကြသည်တွင် လူပိန်ကြီးသည် မိမိ၏ ငွေရင်း လေးရာကျော်နှင့် လျော်ကြေး ၁၂၀၀ ကျပ်တို့ကို လှည့်၍မျှမကြည့်ပဲစွတ်ခနဲ ထွက်သွားသဖြင့် ပရိတ်သတ်ကြီးမှာ အံ့အားသင့် လျက် ကျန်နေရစ်ကြလေ၏။

“ဘယ်မလဲ ဟိုလူကြီး ဟိုလူကြီးဘယ်ရောက်သွားသလဲ “ဟု အချင်းချင်းမေးမြန်းကာ လူပိန်ကြီး၏ အပြု အမူကို နားမလည်နိုင် ဖြစ်ကြရလေ၏။

ဒိုင်လူကြီးသည် လူပိန်ကြီးထားခဲ့သော ငွေများကို လူအားလုံးရှေ့တွင်ရေတွက်ကာသိမ်းယူထားပြီးနောက်ဆက်ကစားကြပြန်ရာ ကျွန်ုပ်မှာမူ ၎င်းင်းတို့ကစားဝိုင်းကို စိတ်မဝင်စားတော့ပဲ လူပိန်ကြီးအကြောင်းကိုသာစဉ်းစား၍နေမိသဖြင့် ဂျင်ဝိုင်းမှထွက်ကာ တဲအိမ်သို့ ပြန်လာ ခဲ့လေ၏။

ထိုညတစ်ညလုံးအိပ်မပျော်ပဲလူပိန်ကြီးမျက်နှာသာတစ်ဝဲလည်လည် ပေါ်လာ၍ လူသား စင်စစ် ဟုတ်ပါလေ၏လော မှော် အောင်သည်၊ ခွက်ပေါက် ဆေး ရှိသည်ဆိုသောစကားများမှာ အကယ်ပင် ဟုတ်လေသလော စသည်ဖြင့် အမျိုးမျိုးတွေးတောကာ အိပ်ယာထဲ၌ တလိမ်လိမ် တလွန့်လွန့် ဖြစ်နေလေတော့သည်။

နောက်တစ်နေ့နံနက်၌ အိမ်သားတစ်စုတို့သည်ဘုရားပွဲအနီး၌ရှိသောချောင်းထဲသ်ို့ ရေချိုးရန် ထွက်လာခဲ့ကြရာ ရေဆိပ်သို့ရောက်ကြ၍ လူအများချိုးကြသောနေရာတွင် ရေချိုးမည်ဟု အဝတ်များလဲလှယ်စဉ် ချောင်း၏အထက် ပေ တစ်ရာခန့် ကွာသောနေရာ၌ တစ်ယောက်တည်းရေချိုးလျှက်ရှိသောလူတစ်ယောက်ကို မြင်မိသဖြင့် သတိပြု ုကြည့်မိ၏။

ထိုသူမှာကျောက်တုံးပေါ်တွင်ထိုင်၍ ဆပ်ပြာနှင့် ချေးတွန်းစဉ် ပြိုင်းပြိုင်းထလျက်ရှိသောနံရိုးများကိုမြင်လိုက်ရသဖြင့် ယမန်ညက လူကြီး ဖြစ်လေသလောဟုအံ့သြစွာငေးကြည့်စဉ် ကျွန်ုပ်ဖက်သို့မျက်နှာလှည့်လိုက်စဉ် ထိုလူကြီးပင်ဖြစ်ကြောင်း သိရှိရလေသည်။ထိုအခါ ကျွန်ုပ်မှာ ထူးဆန်းသောလူပိန်ကြီးကို တွေ့လိုဇော နှင့် သားမယားများကိုအော်ပြောခဲ့ပြီးလျင် ထိုသူရှိရာသို့ လျှောက်လာခဲ့လေ၏။

အနီးသို့ ရောက်သောအခါ ကျွန်ုပ် ။ ။မနေ့ညတုန်းက လေးကောင်ဂျင်ဝိုင်းမှာ ခင်ဗျားထိုးသမျှ တိုက် တာချည်းပါလားခင်ဗျာ၊ခင်ဗျား သိပ်ကံကောင်းတာပဲပိန် ။ ။( မရွှင်သော မျက်နှာဖြင့် ကျွန်ုပ်အားတစ်ချက်လှမ်းကြည့်၍မျက်နှာလွှဲသွားပြီးနောက် )ကံ အလုပ်လို့ခင်ဗျား ထင်သလား ၊ကံအလုပ်ဆို ရင်လည်း ကံကောင်းတာမဟုတ်ဘူးဆရာကြီး ကျုပ်အဖို့ ကံဆိုးတာဗျ

ကျွန်ုပ် ။ ။ ဘယ့်နှယ်ပြောတာလဲဗျာ ခင်ဗျားထိုးသမျှ အားလုံးတိုက်ပြီးလျော်ငြေးတွေရနေတာများ ကံဆိုးသေးလားဗျာ ဒါထက် လျော်တဲ့ငွေတွေကို ခင်ဗျားယူမသွားတာများ သတိရသေးရဲ့ မဟုတ်လားပိန် ။ ။ဘယ့်နှယ်မရပဲ နေမလဲကျွန်ုပ် ။ ။နို့ဗျာ ငွေတွေ ဒီလောက်နိုင်တာ ကံကောင်းတာမဟုတ်သေးဘူးလားဗျ

ပိန်။ ။ကံ ဆိုတဲ့အလုပ်ဟာ မတော်တစ်ဆဖြစ်မှ ကံလို့ဆိုနိုင်တယ်ဗျ ကျုပ်အလုပ်က မတော်တစ်ဆ မဟုတ်ဘူး ဘာကောင်ပေါ် လိမ့်ဆိုတာသေသေချာချာ သိပြီးသားဗျကျွန်ုပ် ။ ။အခါတိုင်းပဲ ခင်ဗျား သိသပေါ့လေပိန် ။ ။ခါတိုင်းပဲ ကျုပ်သိတယ် ဒါကြောင့် ကျုပ်မှာအခက်တွေ့နေတာပေါ့ဗျ ဒီပွဲကို ကျုပ်လာရခြင်းကလည်း ကျုပ်ဆရာဝန်က အိမ်ထဲမှာချည်း တကုပ်ကုပ် တွေးမနေနဲ့တဲ့ ပွဲလမ်းသဘင် နဲ့ စည်စည်ကားကားရှိတဲ့ နေရာကို လျှောက်လည်ရမယ်ဆိုလို့ ကျုပ်လာခဲ့တာပါဗျာ

ကျွန်ုပ် ။ ။ သြော် ခင်ဗျားက မကျန်းမာဘူးလားပိန် ။ ။မကျန်းမာတာတော့မပြောနဲ့တော့ ကျုပ်ရောဂါကလည်း သိပ်ဆန်းတဲ့ရောဂါဗျ အစဉ်အလာဖောက်ပြီး တစ်ခုတစ်ခု ကွဲလွဲလာရင် ရောဂါလို့ဆိုရမယ်တဲ့ဗျကျွန်ုပ် ။ ။ဖြစ်မှ ဖြစ်ရလေ့ဗျာ ကြိုတင်ပြီးသိတာ ကိုရောဂါလို့ဆိုရင် ဒီရောဂါမျိုးကျွန်တော်ဖြစ်စမ်းချင်ပါတယ်

ပိန် ။ ။မထင်နဲ့ဆရာကြီး ခင်ဗျားကတစ်ကယ်မဖြစ်သေးလို့ပြောတာ ကျုပ်မှာဖြင့် ကြိုတင်သိရတဲ့အတွက် ဒုက္ခဖြစ်နေတာ လက်တွေ့ပဲကျွန်ုပ် ။ ။ပြောစမ်းပါဦးဗျာ နောင်အဖြစ်ကိုကြိုတင်ပြီးသိထားတာနဲ့ ဘယ့်နှယ်လုပ်ပြီး ဒုက္ခ ဖြစ်ရမလဲဗျာ

ပိန် ။ ။ဒီလိုဗျ ပထမတော့ အိပ်မပျော် စားမဝင်တဲ့ ခွန်အားနည်းတဲ့ရောဂါ စွဲကပ်နေတယ် တစ်နေ့တော့ လူတစ်ယောက်က မိုးတွေအု့ံ နေတာတွေ့လေတော့ သူ့ကိစ္စအတွက် ခရီးထွက်လို့တော်ပါ့မလား လို့ ညည်းတွားနေတုန်း ဗြုန်းဆို ကျုပ်က သွားသာသွားပါ မိုးမရွာပါဘူး ည ၁၂ နာရီလောက်မှရွာမှာပါ လို့ပြောလိုက်မိတယ်ပြောလိုက်တုန်းကတော့ စိတ်ထဲထင်တာကိုရမ်းပြောလိုက်သလိုပြောလိုက်မိတာပဲ ပြောတဲ့အတိုင်းပဲ တစ်နေ့လုံး မိုးမရွာပဲ ည ၁၂ နာရီတိတိ မှာမှ မိုးတွေရွာချလာတယ် ပထမတော့ ကျုပ်က မတော်တစ်ဆ ဖြစ်လေသ လားလို့ အောက်မေ့မိသေးတယ် ဒါနဲ့ နေရာမှာထိုင်ရင်း ငါးမိနစ် ဆယ်မိနစ် တင်ကူးပြီး အဖြစ်အပျက်လေးတွေကို တွေးတွေးကြည့်

လိုက်တော့ သ့အချိန်စေ့တော့ ကျုပ်ထင်တဲ့အတိုင်းဖြစ်လာတာချည်းပဲ သိသိချင်းပထမတော့ အံ့သြသွားတယ်ဗျာ နောက်တော့ ကြောက်လာတယ် နောက်တော့တစ်ခါ ဝမ်းသာပြန်ရော အားလုံးပေါင်းကြည့်လိုက်ရင် ကြောက်တဲ့ဖက်က များနေတယ်ဗျ စိတ်ထဲမှာ လုံးလုံးနေလို့မကောင်းဘူး ခင်ဗျားကတော့ဒါကိုအဖိုးတန်တယ်လို့ထင်ကောင်းထင်လိမ့်မယ် သို့သော်ကျုပ်တစ်ခုပြောပြမယ် ဘာနဲ့ အလားသဏ္ဏန်တူလဲဆိုတော့ မီးရထားလမ်းပေါ်မှာ ကြိုးနဲ့တုတ်ပြီးချထားတော့ ရထားကြီးခုတ်လာလို့ကိုယ့်ကိုကြိတ် တော့မယ်ဆိုတာ သိရသလို ဘာမှလည်းမတတ်နိုင်ပဲ ငုတ်တုတ်ခံနေရရင် ခင်ဗျားစိတ်ထဲ ဘယ့်နှယ့်ဖြစ်မလဲနောင် အဖြစ်ကိုကြို တင်ပြီးသိရင် လောကမှာ ငွေဝင်စရာနည်းလမ်းတွေအများကြီးရှိမယ်လို့ ခင်ဗျားကဆိုလိမ့်မယ်

ဘယ်နေ့ ဘယ်ရက်မှာ ဘယ်လို ဘေးအန္တရာယ်မျိုးနဲ့ သေရလိမ့်မယ်လို့ ကြိုတင်ပြီးသိထားနှင့်တဲ့ လူတစ်ယောက်အတွက်မှာ ငွေဟာ ဘာလုပ်ဖို့လဲဗျ ကျုပ်မှာတော့ နောက် သုံး လေး နှစ်ကြာရင် ဘယ်လိုသေပုံသေနည်းနဲ့ သေရမယ်ဆိုတာသိနေလေတော့ ျအာရုံငါးပါးထဲက ဘယ်အရသာမျိုးပေးပေး ကျုပ်အဖို့တော့ ခြောက်ကပ်ကပ်ကြီးဖြစ်နေတော့တာပဲ ကျုပ်သေရမဲ့ နေ့ကို ကျုပ်သိရတဲ့အချိန်ကစပြီး တဖြည်းဖြည်း ချုံးလာလို့ တစ်နေ့ထက်တစ်နေ့ အသားအရေ ဆုတ်ယုတ် ပြီး သူများရယ်လားမောလားကြည်ရွှင်နေရင် ထစ်ကနဲဆို စိတ်ပေါက်ချင်ပြီးလူမြင်သမျှကို ရန်သူချည့်အောက်မေ့တော့တာပဲ ဒီတော့ ကျုပ်ဘာလုပ်သလဲသိလား

ကျွန်ုပ် ။ ။ ဆိုစမ်းပါဦးဗျာပိန်။ ။ကျုပ်တစ်ယောက်တည်းတော့ စိတ်ညစ်မခံဘူး ဒီ့ပြင်လူတွေကိုလည်းကျုပ်လိုစိတ်ညစ်အောင် လုပ်မယ်ဆိုပြီးသူတို့အကြောင်းကျုပ် သိသမျှ ကို ကြို တင်ပြီးပြောထားတာပဲဥပမာ ဆိုရင် ရှေးနှစ်ခါ ဇူလိုင် ၁၉ ရက်နေ့မှာ ခင်ဗျား ဘာဖြစ်လိမ့်မယ်ဆိုတာ ကျုပ်သိတယ် ကျုပ် သိသမျှ ပြောပြလိုက်ရင် ခင်ဗျား စိတ်ချမ်းသာမှာ မဟုတ်ဘူး

ထိုအခါကျွန်ုပ်မှာ လူပိန်ကြီးပြောသမျှကိုမယုံ့တစ်ယုံပင်ရှိသေးသော်လည်း ရင်ထဲက ဒိတ်ခနဲ ဖြစ်သွားမိ၏။၎င်း၏ စကားအတွက်ကြောင့် စိတ်၌ ထိခိုက်မိသွားသည်ကို လူသိမခံစေလိုသဖြင့် ဟန်ဆောင်ကာ အရေးမကြီးလှသော အမူအရာနှင့် ချောင်းထဲ၌မျော ပါသွားသော ဗေဒါပင်များကို အာရုံစိုက်နေဟန် ဆောင်သော်လည်း မတတ်နိုင်သဖြင့် လူပိန်ကြီး၏မျက်နှာကိုတစ်ဖန် ပြန်၍ကြည့်မိပြန်သည်။ကျွန်ုပ် ။ ။ နေစမ်းပါဦးဗျ ခင်ဗျားခုနကပြောတဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျွန်တော့်အဖို့ဘာဖြစ်မှာလဲပြောပြစမ်းပါ

ပိန် ။ ။ မသိချင်ပါနဲ့ဗျာ ခင်ဗျားစိတ်ချမ်းသာမှာမဟုတ်ဘူးကျွန်ုပ် ။ ။ဘယ်လိုပဲဖြစ်ဖြစ်သိပါရစေလားဗျာ ပြောသာပြောပါပိန်။ ။နေဦး ကျုပ်တစ်ခုပြောဦးမယ် ဒီဘုရားပွဲက ခင်ဗျား ရုတ်တရက်မပြန်သေးဘူးမဟုတ်လားကျွန်ုပ်။ ။သန်ဘက်ခါ ပြန်မယ် အောက်မေ့တယ်ပိန် ။ ။ကောင်းပြီ ဒီကနေ့တစ်ညရယ် ၊ နက်ဖန်ခါ တစ်နေ့ရယ် ခင်ဗျားစဉ်းစားချေဦး စဉ်းစားပြီးနောက်သိချင်ပါသေးတယ်ဆိုရင် နက်ဖန် ည ၉ နာရီ လောက်မှာ ၃၆ ကောင်တန်းလျားကို လာခဲ့ပေတော့ ကျွန်ုပ်သည် လူပိန်ကြီးအားချက်ချင်းပြောရန် အတန်တန်တိုက်တွန်းပါသော်လည်း

ကျွန်ုပ်အားသနားသဖြင့် စဉ်းစားရန်အချိန်ပေး ခြင်းဖြစ်ကြောင်း အခြားလူများကိုမူ မေးသည်နှင့်တစ်ပြိုင်နက် ဖွင့်၍ပြောခဲ့ကြောင်းမေးမိ သည့် အတွက်လည်းနောင်တရ၍မဆုံးနိုင်အောင် ရှိနေလိမ့်မည့်အကြောင်း များသတိပေး ကာအတင်းငြင်းဆန်နေသဖြင့် လက်လျှော့ လိုက်ရလေ၏။ ယင်းသို့စကားပြောဆိုလျက်ရှိစဉ် အသက် ၅၀ အရွယ်ခန့်ရှိ အထက်တန်းစားတရုတ်လူမျိုးတစ်ယောက် ၏အမူအရာရှိ သော ပေါက်ဖော်ကြီး တစ်ယောက် သည်တပည့် တစ်ယောက်နှင့် အတူဝင်လာကြလေရာ လူပိန်ကြီးသည်ဧည့်သည်များကို နေရာ ထိုင်ခင်းပေးပြီး

နောက်ပိန်။ ။ထောင်ကဲကြီးက ကျွန်တော်နဲ့တွေ့ချင်နေတယ်ထင်တယ် ကိုင်း ပြောစရာရှိတဲ့စကားကိုပြောပါ ဟောဒီ ကျွန်တော့မိတ်ဆွေ ကိုဘယ်လိုမှ သဘောမထားပါနဲ့ ပြောချင်တဲ့စကားကို သူ့ရှေ့မှာ ပြောနိုင်ပါတယ်ထောင်ကဲ ။ ။( အနည်းငယ် ဆိုင်းငံ့နေပြီးနောက် ) မနေ့ညတုန်းက ဂျင်ဝိုင်းမှာ ခင်ဗျားနိုင်ထားတဲ့ငွေတွေ ကျွန်တော်ကိုယ်တိုင်လာပို့ပါတယ်

ပိန်။ ။ကျေးဇူးတင်ပါတယ် ထောငိကဲ သို့ပေမယ့်လဲ ကျွန်တော့မှာ လောလောဆယ် ငွေ အရေးမကြီးသေးပါဘူး ဒါဖြင့် ဒီလိုလုပ်ပေတော့ ဗျာ ကျွန်တော်နိုင်ခဲ့တဲ့ ငွေကိုတစ်ဝက်ခွဲပြီး ခင်ဗျားတို့ တရုတ်ကျောင်းဆောက်ဖို့ကိုလှူလိုက်ခင်ဗျားတို့ ဆေးရုံကြီးအတွက်တစ်ဝက်ခင်ဗျား ကိုယ်တိုင်ပဲလှူလိုက်ပါတော့ဗျာ ထိုခါ ထောင်ကဲကြီးမှာ ထူးဆန်းသောလူပိန်ကြီး၏ အပြုအမူကိုနားမလည်နိုင်သဖြင့်စဉ်းစားတွေ ဝေကာရှိပြီးနောက်

ကဲ ။ ။ကျွန်တော်တစ်ခုမေးပါရစေ ဒီဘူရားပွဲမှာ ခင်ဗျားကြာကြာနေဖို့ စိတ်ကူးရှိသလားပိန် ။ ။ဒါတော့မဆုံးဖြတ်ရသေးဘူးဗျာကဲ ။ ။ဒါဆိုလည်း ဒီပွဲတော်မှာ ရှိတဲ့အချုက်မှာ ကျွန်တော်တို့ဂျင်ဝိုင်းကို လာဖို့ စိတ်ကူးပါသေးလားပိန် ။ ။ဒါလည်း ကျွန်တော်အမှန်မ ပြောနိုင် သေးဘူး ထောင်ကဲကြီးသည် မေးစေ့ကိုပွတ်ကာစိတ်ကူးရင်း ကဲ ။ ။ဒီလိုလုပ်ပါ ဆရာကြီး ကျွန်တော်တို့ပြောချင်တာက ဒီပွဲတော်မှာ ဆရာကြီးမနေပဲ မြန်မြန်ပြန်သွားလို့ရှိရင် ကျွန်တော်တို့အဖွဲ့က စရိတ်စက ထောက်ပံ့ပေးချင်လို့ပါ ဒါကြောင့်မို့

ပိန် ။ ။ကိစ္စမရှိပါဘူး ကျုပ်ကငွေအရေးကြီးတဲ့လူမဟုတ်ဘူး ကျွန်တော်နိုင်ထားတဲ့ငွေတွေတောင် ထားပစ်ခဲ့တာ ခင်ဗျားမြင်တယ်မို့လားကဲ ။ ။မှန်ပါတယ်ဆရာကြီး ဆရာကြီးက အားကြီးကံကောင်းတဲ့ လူပဲပိန် ။ ။လာပြန်ပြီ တစ်ယောက် ကံကောင်းတာမဟုတ်ဘူးဗျ ဘာကောင် ပေါ်လိမ့်မယ်ဆိုတာ ကျုပ်ကသေသေချာချာ သိထားတယ် ခင်ဗျား တို့ကယုံမှာမဟုတ်ဘူး ကိုင်း ကိုင်း လာကြစမ်းလ ကျုပ်ပြမယ်ဟုဆိုကာ ထိုင်ရာမှ ထ၍ကားလမ်းဖက်သို့ မျက်နှာမူလိုက်လေသည်။

ကျွန်ုပ်တို့ ထိုင်လျက်ရှိသော နေရာမှ တစ်ဖာလုံခန့်ဝေးသောအရပ်တွင် ကားလမ်းကြီးရှိလေရာ ၎င်းလမ်းပေါ်၌ လှည်းများ ၊ မော်တော် ကားများ နှင့် လူများသည် အသွားအပြန်ကူးသန်းလျက် ရှိကြလေ၏။ပိန် ။ ။ကိုင်း ဟောဒီကရပ်ကြည့် ရင် ကားလမ်းကိုမြင်တယ် မို့လား ၊ခင်ဗျားတို့ကြည့်နေကြ ဘယ်သူဘယ်ဝါတွေလာမယ်ဆိုတာ ကြိုတင်ပြီးကျုပ်ပြောပြမယ် ကြည့်နေကြနော် ဟော လက်ယာဖက်က ဘက်စ်ကားအစိမ်းကြီးတစ်စီး ခရီးသည်တွေအပြည့်နဲ့ မောင်းလာလိမ့်မယ် ဟုပြော၍ ၁၀ စက္ကန့်မျှ မကြာခင် ၎င်းပြောသည့်အတိုင်း ခရီးသည်အပြည့်နှင့် ကားစိမ်းကြီးတစ်စီး မောင်းနှင်လာသည်ကို တွေ့ကြရသည်။၎င်းနောက်

ပိန် ။ ။ ဟောအခု လာမှာက နွားလှည်းကြီးဗျ ၊ လက်ဝဲဖက်က နွားကြား ကြီး လက်ယာဖက်က နွားနက်ကြီး လှည်းသမားက ခမောက် ဆောင်းလို့ လှည်းပေါ်မှာ ရှမ်းအမျိုးသမီးနှစ်ယောက် နဲ့ ယောက်ျား တစ်ယောက် ပါတယ်ဟုပြောပြီးသည်နောက်မကြာမီအတွင်း ၎င်းပြော သည့် အတိုင်းပင် မောင်းနှင်လာသည်ကို တွေ့ကြရလေသည်။ထို့နောက် ဘယ်ဖက်က ဘာ လာ တယ် ဘယ်လို လူတွေ လာတယ်စသဖြင့် သူပြောသမျှ အားလုံး ကိုတွေ့မြင် ကြရလေသည်။

တစ်ဖက်မှာ ချုံတောကြီးနှင့် ကျန်တစ်ဖက်မှာ ဇရပ်ကြီးများကို ကျော်လွန်၍ ရုတ်တရက်ထွက်ပေါ် လာကြခြင်းဖြစ်သောကြောင့်ကြိုတင် တွေ့မြင်နိုင်ရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်လေရကားထောင်ကဲကြီး ဆရာတပည့် နှင့် ကျွန်ုပ် တို့မှာ လူပိန်ကြီး၏ကြိုတင်သိ မြင်နိုင် သည်ဆိုသော အစွမ်းသတ္တိကို မယုံကြည်ပဲ မနေနိုင်အောင်ဖြစ်နေကြ တော့သည်။

ထောင်ကဲကြီးတို့သည် လူပိန်ကြီး ၎င်း တို့ဆီသို့ လာရောက်ကစားမည်ကို စိုးရိမ်သောကဖြစ်ရင်း ကောင်းစွာ စိတ်မချနိုင်သော လက္ခဏာရှိ သော်လည်း ဆရာတပည့်နှစ်ယောက်တို့သည် ပြန်သွားကြလေ၏။၎င်းတို့ထွက်သွားပြီးနောက်ပိန် ။ ။ဘယ့်နှယ်လဲဗျ ခင်ဗျားမြင်လိုက်တယ် မဟုတ်လား ပေါက်ဖော် နှစ်ယောက်တော့ အတော်စိုးရိမ်သွားကြပြီ ကျုပ်က ဒါမျိုးကြည့်ချင်တာဗျ ဟုပြောရင်း ပျော်ရွှင်ဟန်နှင့် ရယ်မော လျှက်ရှိလေ၏။

လူပိန်ကြီးသည် ပေါက်ဖော် များက ၎င်းတို့ကစားဝိုင်းသို့ လာမကစားရန် တောင်းဆိုသော်လည်း သေချာကတိမပေး ပဲ ” ထောင်ကဲ တို့နစ် နာ အေါင်မလုပ်ပါဘူး ” ဟုသာပြန်ပြောခဲ့၏ ။ ကျွန်ုပ်သည် လူပိန်ကြီး၏ အခန်းထဲမှ ထွက်လာခဲ့သော်လည်း မိမိအခန်းသို့ ပြန်ရောက် သောအခါ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ တွင် ကျွန်ုပ်အဖို့ မည်ကဲ့သို့ဖြစ်ရမည်ကို ထိုလူပိန်ကြီးအားမေးထိုက် မမေးထိုက် စဉ်းစား နေမိလေတော့သည်။

ထိုလူပိန်ကြီး ပြောလိုက်သော အကြောင်းအရာနှင့်ပတ်သက်၍ ဇနီးသည်အား ဖွင့်ဟတိုင်ပင်ရန် ကြံစည်လိုသော်လည်း မိန်းမတို့ မည်သည် မှာ သာ၍ ထိတ်လန့်တုန်လှုပ်တတ်သည့်ပြင် သိချင်သောအရာဌာနတွင်လည်းယောက်ျားများထက်ကဲလွန်းသောကြောင့် မေးမြန်းဖို့တိုက် တွန်းတော့မည့်အဖြစ်ကိုသိသဖြင့်မတိုင်ပင်ဘဲနေခဲ့လေသည်။ ထိုညတွင်ကျွန်ုပ်မှာ တစ်မှေးမှ မအိပ်နိုင်ပဲ ၎င်းပြသနာကိုအပြန်ပြန် အလှန်လှန် စဉ်းစားလျှက်ရှိ၏။

အမှန်ပြောရလျှင် ကျွန်ုပ်သည် သူတစ်ပါးစိတ်မချမ်းသာသည်ကို အရသာခံစားတတ်သည့် လူပိန်ကြီးကို ရွံ့မုန်းလာသည်ဖြစ်၍ ဤလူကြီး နှင့်တွေ့ရခြင်းသည် ကျွန်ုပ်အဖို့ စိုးရိမ်သောကဖြစ်စေဖို့ ကြမ္မာငင် ခြင်းပင်ဖြစ်ချေသည်ဟု အောက်မေ့မိပေ၏။

နံနက်လင်း သည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်သည် လူပိန်ကြီးအား မေးရန်ရှိသောစကားကို ညဉ့်အချိန်တိုင်အောင်မစောင့်နိုင်တော့ပဲ ယခုချက် ချင်းပင် ပြောပါရန် တောင်းပန်မည့်အကြံနှင့် ၎င်းတည်းခိုသော အခန်းသို့သွားရောက်ရာ ထိုနေရာသို့ရောက်သောအခါ ထိုလူကြီးတည်းခို သောနေ ရာတွင် ဗလာဟောင်းလောင်းဖြစ်နေသည်ကို တွေ့ရသဖြင့် ထိတ်ကနဲ ဖြစ်သွားမိ၏။

၎င်းနောက် ထိုနေရာနှင့်ကပ်လျက်ရှိသော အခန်းမှလူများကို စုံစမ်းမေးမြန်းရာတွင် ထိုနေ့ နံနက်လင်းသည်နှင့်တစ်ပြိုင်နက် ထိုလူပိန်ကြီး သည် ၎င်း၏ တပည့် နှစ်ယောက်နှင့်အတူ ထွက်သွားကြပြီဖြစ်ကြောင်း သိရှိရ လေရကား ကျွန်ုပ်၏ စိတ်ထဲမှာ မည်သို့ဖြစ်သွားသည်ကို ရေးသားဖော်ပြခြင်းငှာ မတတ်နိုင်ပဲ မြေပေါ်မှာ ကျွမ်းလှိမ့်၍ထိုးလိုက်ချင်သကဲ့သို့ ဖြစ်သွားလေတော့၏။

ကျွန်ုပ်မှာ လူပိန်ကြီးနှင့် သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ရသော်လည်း ၎င်း ၏ အမည်နာမနှင့် နေရပ်လိပ်စာတို့ကိုမမေးမိခဲ့သဖြင့် စိတ်ထဲ၌မချင့်မရဲဖြစ်မိလေ၏။ ကျွန်ုပ်သည် တည်းခိုသောအခန်းသို့ပြန်ရောက်သောအခါ ရပ်တည်ရာမရပဲ အိမ်မြှောင်အမြီးပြတ်သကဲ့သို့ ဂဏှာမငြိမ် ရှိနေရာ အိမ်သားများက မည်ကဲ့သို့ဖြစ်ခဲ့ပါသနည်းဟု မေးမြန်းကြ၏။

သို့ရာတွင် ၎င်းတို့အားရှင်းလင်းပြောပြခြင်းအားဖြင့် အကျိုးမရှိသည့်ပြင် ၎င်း တို့သည်ပင် ကျွန်ုပ်ကဲ့သို့စိတ်ထဲ၌ အနှောင့်အယှက် ဖြစ်မည် ကို သိရှိသဖြင့် ထိုအကြောင်းကို မပြောပြတော့ပဲ ” ကိစ္စမရှိပါဘူးကွယ် ဘာမှအရေးမကြီးပါဘူး ” ဟူ၍သာ ပြောထားလိုက် ရလေ၏။ သို့ပါသော်လည်းအိမ်ရှင်မသည် ကျွန်ုပ်၏ အမူအရာ ကိုမကျေနပ်သဖြင့် ကျွန်ုပ်၏ မျက်နှာကိုသာ အကဲခတ်လျက်ရှိလေ၏။

ကျွန်ုပ်တို့သည် ၁၉၄၆ ခုနှစ် တပေါင်းလတွင်ဘဘော်ကြို ဘုရားပွဲမှ ပြန်လာခဲ့ကြ၍ ထိုနှစ်မကုန်မချင်း လူပိန်ကြီးကို ထောက်လှမ်းစုံစမ်း လာခဲ့ ရာ အမည်ကိုလည်းမသိ နေရပ်ကိုလည်းလုံးဝမမေးမိခဲ့သော လူတစ်ယောက် ကိုရှာဖွေရန်မှာ ကောက်ရိုးပုံထဲ၌ ပျောက်ဆုံးသောအပ် တစ်ချောင်းကို ရှာရသောကိစ္စထက် လွယ်ကူလှသည်မဟုတ်ချေ ။

လူတို့၏သဘောမှာ တစ်စုံတစ်ခုသောအရာကို သိလိုသော သဘောနှင့် မျှော်လင့်စောင့်စားလျက်ရှိစဉ် စိတ်ထဲ၌ ခိုးလို့ခုလုဖြစ်၍ ရပ်တည် ရာမရဘဲဖြစ်တတ်သော်လည်းစိတ်ပြေသောလူအနည်းငယ် တို့မှာမူကား တစ်ခုသောအရာကို လက်လျှော့လိုက်သည်နှင့် တစ်ပြိုင်နက် အထိုက်အလျောက်သက်သာရာ ရတတ်သေးသည်။

ကျွန်ုပ်အဖို့မှာမူ ၎င်းနှစ်စေ့ကုန်၍ ဇန္နဝါရီ လဆန်းသည်နှင့်တစ်ပြိုင်တည်း လုံးဝလက် လျှော့ခဲ့သော သံန္နိဌာန် ကြောင့် မအိပ်နိုင် မစားနိုင် သောအဖြစ်မှသည် အတော်အတန်သက်သာရာရခဲ့၍သားမယားများမှာ ဝမ်းမြောက် ဝမ်းသာဖြစ်လာကြသည်။

သားသမီးများကို မသိစေသော်လည်း ဇနီးဖြစ်သူ ကိုမူကား လူပိန်ကြီးအကြောင်းကို အလုံးစုံ ပြောပြခဲ့လေသည်။ဇနီးမှာ ကျွန်ုပ်အား စိတ်သက်သာရာရစေသောငှာ ဘုရားရဟန္တာ မဟုတ်သူ တစ်ယောက်၏စကားကို ယုံကြည်ဖို့မထိုက်သဖြင့် စိုးရိမ်သောကမဖြစ်ပဲနေမြဲ အတိုင်းသာပင် လုပ်ကိုင်နေထိုင်စားသောက် ဖို့ အားပေးစကားပြောကြား၏။

၎င်းကိုယ်တိုင်မှာ မယုံကြည်ဟန်ပြသော်လည်းမိန်းမ သားဖြစ်သည့်အလျောက် လူပိန်ကြီး၏စကားကို ကျွန်ုပ်ထက်ပင် လေးစားဟန် တူသော်လည်း ယောက်ျားစိတ်သက်သာခွင့်ရအောင် မထီမဲ့မြင် ပြုလုပ်ကာ ဟန်ဆောင်ပြောဆိုသည့်လက္ခဏာရှိ၏။

ဇန်နဝါရီလ ၅ ရက်နေ့တွင် ကျွန်ုပ်သည်ကိစ္စတစ်ခု နှင့် သာစည်မှ မြင်းခြံ သို့သွားသောမီးရထား ပေါ်တွင်ဒုတိယတန်းတွဲဖြင့် လိုက်ပါ သွားရာ မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ထိုင်လျက်ရှိသောထိုသူသည် အိမ်သာခန်းသို့ထသွား၍ပြန်လာသောအခါ တွင်မှ ထိုသူ၏မျက်နှာကို သေချာ ကြည့်မိ၏။

မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်သည် ထိုသူကိုမြင်ဖူးပါသည်ဟု စိတ်ထဲ၌ အောက်မေ့မိသော်လည်း မည်သည့် နေရာတွင်တွေ့ခဲ့ ဖူးသည်ဟူ၍မူကား အလျင်းပင်ဖော်ပြ၍ မရနိုင်အောင် ဖြစ်နေ၏။စဉ်းစား၍မရသည့်အဆုံး လက်မှသတင်းစာကို ချကာ ” မိတ်ဆွေကို ကျွန်တော်မြင်ဖူးတယ် ထင်ပါတယ် “ဟုလှမ်းပြောလိုက်ရ၏။

ထိုသူသည်လည်း သတင်းစာကိုချပြီးနောက် ကျွန်ုပ်မျက်နှာကို စေ့စေ့ ကြည့်ပြီးနောက်ထိုသူ ။ ။ကျုပ်ကလည်း ခင်ဗျားကိုမြင်ဖူးတယ် ထင်တာပဲ နေစမ်းပါဦးဘော်ကြို ဘုရားပွဲကို ခင်ဗျား ရောက်ဖူးလားကျွန်ုပ် ။ ။ မနှစ်တပေါင်းလကတစ်ခေါက်ရောက်ဖူးတယ်ယင်းကဲ့သို့ ဖြေဆိုစဉ်တွင်

ကျွန်ုပ်သည်လူပိန် ကြီးကို ရုတ်တရက် သတိရလာ၍ ၎င်း ၏ မျက်နှာနှင့် ကျွန်ုပ်၏ရှေ့၌ရှိသောသူ၏ မျက်နှာတို့ကို နှိုင်းယှဉ် ကြည့်ရာတွင် မျက်လုံး ၊ မျက်ခုံး ၊နှာတံ စသော အင်္ဂါအစိတ်အပိုင်းတို့၏ တူညီသောအဖြစ်ကို ရုတ်တရက်သိမြင်သဖြင့် စိတ်ထဲတွင် ထိတ်ကနဲ ဖြစ်သွားမိလေ၏။

ထိုသူ ။ ။ ဟုတ်ပြီဗျို့ ကျုပ်သတိရလာပြီ။ခင်ဗျားကို ဘော်ကြို ဘုရားပွဲမှာတွေ့ဖူးတယ် ကျွန်ုပ် ။ ။ကျွန်တော် လည်းသတိရပြီ ၊ ခင်ဗျားပြော ဖူးတဲ့စကားကြောင့် ကျွန်တော့မှာနေမထိထိုင်မသာ ဖြစ်ပြီး စိတ်ဆင်းရဲလိုက်သည့်ဖြစ်ခြင်းဘာပြောကောင်း မလဲ ဆရာကြီးရယ် ။ခင်

Likes:
0 0
Views:
721
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *