အာဏာ စွဲတဲ့ တဏှာ အပိုကဲတဲ့ဒေါသ ဦးနေဝင်း

အာဏာ စွဲတဲ့ တဏှာ အပိုကဲတဲ့ဒေါသ ဦးနေဝင်းတစ်ခါက သမ္မတအိမ်တော်မှာဖြစ်သည်။မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီးဦ ကျော်ရင်နှင့်ဖြစ်သည်။ဆရာကြီး ဦးကျော်ရင်ကို ၁၉၁၆ ဒီဇင်္ဘာ ၇ ရက်က ဦးဖိုးဦးဒေါ်မြရင်တို့မှသံတွဲမြို့တွင် မွေးသည်။ ၁၉၃၄ မှာ အေဘီအမ်ကျောင်းမှ ၁၀ တန်း အောင်သည်။

ဘာသာတွဲမှား၍ တက္ကသိုလ်တက်ခွင့် မရ။၁၉၃၅-၃၆ နှစ်တွင် ရန်ကုန်တီတီစီကျောင်းမှ ၁၀ တန်းအောင်သည်။ တနိုင်ငံလုံး စာစီစာကုံး ပြိုင်ပွဲမှာ ပထမရခဲ့သည်။ ၁၉၄၀တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရသည်။တကသ အလုပ်အမှုဆောင်။ ဗကသပညာရေးမှူးတာဝန်ယူ ခဲ့သည်။

၁၉၃၈ ကုလားဗမာ အဓိကရုဏ်းတွင် သံတွဲမြို့အေးချမ်းသာယာရေးအတွက် ကြိုးစားပေးနိုင်ခဲ့သည်။ ဒို့ဗမာအစည်းအရုံး ဝင်ခဲ့သည်။ ၁၉၄၂ တွင် ဘီအိုင်အေတပ်မှူး ဗိုလ်ရန်အောင်နှင့်အတူ ခရိုင်အုပ်ချုပ်ရေး ဥက္ကဌ။မြစ်ဝကျွန်းပေါ် ဖက်ဆစ်တော်လှန်ရေးအတွက် သခင်စိုး၊ သခင်ဗဟိန်းနှင့် တွဲပြီး လှုပ်ရှားခဲ့သည်။၁၉၄၄ ခု ဖေဖေါ်ဝါရီတွင်သခင်တင်ရွှေ။

ဒေါ်မြရီ(ကျောက်ဆည်)ကိုညိုထွန်းတို့ကို ဂွမြို့ဖြတ်ပြီး အင်္ဂလိပ် စစ်သင်္ဘောဖြင့် အိန္ဒိယ ရှိ ဦးသိန်းဖေမြင့်ထံ ပို့ပေးသည်။၁၉၄၄ ဇူလိုင်တွင် ကိုအုန်းမောင်။ ကိုစိုးမောင်(ဗိုလ်မှူးချစ်ကောင်း) မန်းဝင်းမောင်။ ခင်ဗိုတို့နှင့်အတူ လေထီးနှင့်စစ်သင်တန်းတက်ခဲ့သည်။

ကလကတ္တားရှိ ဘုံဘေရိပ်သာ(ဆန်းဒေးဗီလာ)တွင် ကိုသိန်းဖေက ဖက်စစ်ဆန့်ကျင်ရေး သင်တန်းပေးသည်။ ကိုကျော်ရင်က နယ်ချဲ့စစ်ပွဲမှ ပြည်သူ့စစ်ပွဲသို့ ပြောင်းလဲလာပုံတင်ပြခဲ့သည်။

နောက်ပိုင်းလူထုတိုက် မှ စာအုပ်ထုတ်ခဲ့သည်။လေထီးခုန်လေ့ကျင့်ရာမှ ခြေကျိုးသေးသည်။ တော်လှန်ရေး ကာလမှာ ပြည်တွင်းသို့ လေထီးဖြင့် ခုန်ဆင်းပြီး ပါဝင်ခဲ့သည်။၁၉၄၅ဇူလိုင် ၂၀-၂၇စမ်းချောင်း ဗားကရာလမ်း အမှတ်၁၃၈ တွင် ဗကပ ဖွဲ့စဉ် ဗဟိုကော်မတီ ဝင်ဖြစ်ခဲ့သည်။မန္တလေး ဖဆပလ ဖွဲ့စည်းစဉ် ဦးရာဇတ်။

လူထုဦးလှတို့နှင့် ပူးတွဲလုပ်ဆောင်ခဲ့သည်။ ၁၉၄၆ သံတွဲ တောင်သူလယ်သမား ညီလာခံ ဦးဆောင်ကျင်းပခဲ့သည်။ ၁၉၄၆ ကွန်မြူနစ်ပါတီ အကွဲတွင် သခင်သန်းထွန်း သခင်သိန်းဖေတို့နှင့် (အလံဖြူ)ဗဟိုကော်မတီဝင်။ အကွဲအပြဲတို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ သံတွဲလွှတ် တော်အမတ်နေရာ ကမ်းလှမ်းမှုကို တောင်းပန်ပြီးရန်ကုန်တက္ကသိုလ် မြန်မာစာဌာန နည်းပြ ဝင်လုပ်ခဲ့သည်။

၁၉၅၀ တွင် မဟာဝိဇ္ဇာဘွဲ့ ရသည်။ ၁၉၅၀-၆၃တွင် ကထိက။ ပဲခူးဆောင် အဆောင်မှူး။ ၁၉၆၃-၆၅တွင်မော်စကိုတက္ကသိုလ် ဧည့်ပါမောက္ခ။ ၁၉၆၅ နိုဝင်္ဘာ-၁၉၆၆ မတ်တွင် တက္ကသိုလ်အုပ်ချုပ်ရေးရုံး။ ဒုညွှန်မှူး။ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်တာဝန်များ ယူခဲ့သည်။ ၂၈-၁၁-၁၉၆၅ မန္တလေးဓမ္မဗိမာန် စာဆိုတော်နေ့မှာသဘာပတိအဖြစ် ဆောင်ရွက်ရင်း ” ဆင်သွားရင်လမ်းဖြစ်တယ်”ဟု စကားပြောဟန် အရေးအသားကို ထောက်ခံခဲ့သည်။

မန္တလေးတက္ကသိုလ်မှာ ပါရဂူတန်းများ ဖွင့်ရေး ဒေါက်တာသန်းထွန်းကို ပြောရန် ရန်ကုန်ဆေးရုံကြီးပေါ်၌ မကွယ်လွန်မီက တဖွဖွမှာ သွားခဲ့သတဲ့။ တခါက လူပုံအလယ် မှာ ဗိုလ်နေဝင်းကို “ဖါခေါင်း”ဟု ခေါ်ခဲ့ဘူးသတဲ့။

၁၉၆၆ ရန်ကုန် ပညာရေးနှီးနှောဖလှယ်ပွဲလာ အထူးဧည့်သည်တော်များကို ဗိုလ်နေဝင်းက သမ္မတော်အိမ်တော်မှာ အထူးညစာစားပွဲ့ဖြင့် ဂုဏ်ပြုဧည့်ခံသည်။ ဒေါ်ခင်မေသန်း၏အနီး ဆရာဦးကျော်ရင်က ထိုင်သည်။ဆရာ၏ ခြေထောက်က ဒေါ်ခင်မေသန်းကို သွားထိသည်။

ဒေါ်ခင်မေသန်းက လှည့်ကြည့်သည်။ ဒေါသအိုးကြီး ဗိုလ်နေဝင်းကဇနီးသည်ရှေ့ လူစွမ်းကောင်း လုပ်သည်။ ဆရာကြီးအားထိုး လားရမ်းလားလုပ်သည်။ ဗိုလ်တင်ဦး (ယခု NLD နာယက)က ဝင်ဆွဲခဲ့ရသတဲ့။ ဆရာလည်း ဆေးရုံရောက်ရသည်။မကြာမီ ၃၀-၃-၁၉၆၆ တွင် ကွယ်လွန်သွားခဲ့သည်။ စိတ်မကောင်းစရာပါ။

တခါကလည်း နှစ်သစ်ကူးကာလကဖြစ်သည်။ဒရမ်သံ၊ လျှစ်စစ်ဂီတာသံတွေကြောင့် ညသန်းခေါင်အိပ်မပျော်နိုင်သော ဗိုလ်နေဝင်း အိပ်ယာမှ ထသည်။ သမီးတော်တို့ကလည်း အိမ်မှာမရှိ။ အင်ယားဟော်တယ်မှာ မီးတွေကထိန်ထိန်လင်းနေသည်ကို အေဒီလမ်းအိမ်တော်မှ မြင်နေရသည်။ ဂီတသံက ဆူညံနေသည်။ ဒေါသထွက်လာပြီးဟော်တယ်သို့ သွားခဲ့သည်။

ဒရမ်ဆက်တွေ ဖေါက်ခွဲခဲ့သည်တဲ့။ဒီတခါကတော့ မေမြို့ ပြင်ဦးလွင် ဂေါက်ကွင်းတွင်ဖြစ်သည်။ တိုက်ဂါးဘမ်း သူဌေးကြီးရဲ့ သားမက် အိတ်စင် ခေါ် ဦးခင်မောင်စိန်နှင့် ဖြစ်သည်။ကျားဖခင်ကြီး အောချူကင်သည် ရှေးတရုတ်လူငယ်တို့အတိုင်း တရုပ်ပြည် မှ ထွက်ပြီး စင်္ကာပူ။ ပီနန်တို့မှတဆင့်ရန်ကုန် ရောက်ခဲ့သည်။

ဦးလေးတစ်ဦး၏ ကူညီမှုဖြင့် “အမ်အွန်တောင်”ကုမ္မဏီကို ၁၈၇၀တွင် ထောင်သည်။တရုတ်ဆေးဝါးများဖြင့် ကျားဘမ်းပရုပ်ဆီ။

ဗလရှင်ဆေးပြားတို့ကို ထုတ်လုပ်သည်။ မြန်မာပြည်တွင်အိမ်ထောင်ကျပြီး အော်ဘွန်းလင်(နဂါး)ကို မွေးသည်။သို့သော် ငယ်စဉ်တွင် ဆုံးသည်။၁၈၈၂ တွင် အော်ဘွန်းဟော( ကျား)ကို မွေးသည်။ ငယ်စဉ်က တရုတ်ပြည်သွား ပညာသင်ရသည်။

၁၉၈၈ တွင် အော်ဘွန်းပါ (ကျားသစ်)ကို မွေးသည်။ ကျားသစ်က ရန်ကုန်မှာ​ ​​ကျောင်းတက်သည်။ ၁၉၀၈ ဖခင် ဆုံးပြီးနောက် အကို ကျား ကို ရန်ကုန် ပြန်ခေါ်သည်။ မြန်မာပြည်ကျား စီပွါးရေးအောင်မြင်ခဲ့သည်။ အလှူအတန်း ရက်ရောခဲ့သည်။

မျက်မမြင် ကျားကျောင်း စသည်တို့ လုပ်ခဲ့သည်။၁၉၂၆ တွင် စင်္ကာပူထွက် ဟော်ပါကော်ပိုရေးရှင်းလုပ်ငန်း ထူထောင်ကြသည်။ ဒုတိယကမ္ဘာစစ်ကာလ ဂျပန်ခောတ်မှာ ကျားက ဟောင်ကောင် ပြောင်းလုပ်သည်။ စစ်ပြီးမှ စင်္ကာပူ ပြန်လာသည်။ လုပ်ငန်းကို ကမ္ဘာအနှံ့ ချဲ့သည်။၁၉၅၄ တွင် ဟိုနိုလူလူမှာ ဆုံးသည်။

ကျားသစ်ကစစ်အတွင်း မြန်မာပြည် ပြန်လာပြီး ၁၉၄၄ မြန်မာပြည်မှာဆုံးသည်။ ကျားသစ်နှင့်ဇနီး ဒေါ်စောမှ (၁-၁-၁၉၂၄) တွင်မွေးသော အော်ချင်းချီ မှာ ဦးလေးကျားနှင့် စင်္ကာပူစီးပွားရေးလောကမှာ အရမ်းအောင်မြင် ခဲ့သည်။စင်္ကာပူ တရုတ် ဘော်လုံးအသင်း။ စင်္ကာပူ ကြက်ခြေနီ။ စင်္ကာပူ အိုလံပစ်ကော်မတီ။ နန်းယန်းတက္ကသိုလ်။ စိန့်ဂျွန်းစင်္ကာပူ။

စသည်တို့မှာ လှူဒါန်းသည်။ တက်ကြွစွာ လှုပ်ရှားသည်။ ကူညီသည်။ကျားသစ်နှင့် ဒေါ်စောမှ မွေးသော သမီး အမာရီမှာ စင်္ကာပူသို့ မလိုက်ဘဲ မိခင်နှင့်အတူ မြန်မာပြည်မှာ နေခဲ့သည်။တရားရုံးချုပ်မှ ဦးဟုတ်စိန်၏သား အိတ်စင်ခေါ် ခင်မောင်စိန်နှင့် အိမ်ထောင်ကျသည်။မြန်မာပြည်မှ ကျားအင်ပါယာကို ကြီးကြပ်သည်။

ကျားအင်ပါယာမှာ “မြစင်ဒီကိတ်”ဟု ခေါ်သော ဓါတ်ပုံဆိုင် တဆိုင် ရှိသည်။ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းအပြီး ကိုယ်တပိုင်း ဓါတ်ပုံရိုက်ရန် ဒေါ်ခင်မေသန်းနှင့်အတူ မြစင်ဒီကိတ်သို့ရောက်လာသည်။ မြစင်ဒီကိတ်မှ လုပ်ငန်းပိုင်ရှင် ဦးခင်မောင်စိန်က စိတ်ကြိုက် အကောင်းဆုံး ဆောင်ရွက်ပေးခဲ့သည်။

မြန်မာတပြည်လုံး အနှံ့သုံးခဲ့သည်။ ဒေါ်ခင်မေသန်းနှင့် ဦးခင်မောင်စိန် ရင်းနှီးသွားကြသည်။ နောက်ပိုင်းသူတို့ အတွဲရဲ့သတင်းကြီး လာသည် ။ဗိုလ်နေဝင်းက မေမြို့(ပြင်ဦးလွင်)ဧပြီလ ရွှေဖလား(Gold Cup) ဂေါက်သီးရိုက် ပြိုင်ပွဲသို့ လာသည်။ ဗိုလ်နေဝင်းတို့ကားတန်းကြီး ပေါ်ထွက်လာချိန်တွင် ဂေါက်သီးကော်မတီလူကြီးများက ကြိုဆို နှုတ်ဆက်ကြရန် တန်းစီနေကြ၏။

ဗိုလ်နေဝင်းက တလှမ်းချင်း လျှောက်ကာ လူအနည်းငယ်တို့အား လက်ဆွဲနှုတ်ဆက်လာစဉ် ရုပ်ချည်း ကြက်သေသေသွားခဲ့သည်။ ဦးခင် မောင်စိန်သည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ကြိုဆိုသည့်အနေနှင့် လက်နှစ်ဘက်ကို ဖြန့်ကားထားရာမှ တဒင်္ဂအတွင်းနားထင်ကို အတီးခံရပြီး ပုံလဲကျသွားသည်။ ပုံလဲကျနေသောခန္ဒာကိုယ်ပေါ်သို့ သေနပ်ဒင်များတရစပ်ကျရောက်လာသည်။

ထို ၁၉၆၇ အဖြစ်အပျက် နောက်ပိုင်း ကျားမိသားစုလည်းမြန်မာပြည်မှ အပြီးအပိုင် ပြောင်းရွေ့သွားတော့သည်။ စိတ်မကောင်း စရာပါ။ နောက်တခါက စစ်ရုံးခန်းမကြီးထဲမှာ။ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းအပြီး ပထမဆုံးသောသတင်းစာရှင်လင်းပွဲအတွက်သတင်း စာတိုက်အသီးသီးမှသတင်းထောက်တွေ။ အယ်ဒီတာတွေ။ စစ်ရုံးခန်မကြီးထဲမှာချိန်းဆိုထားသည့်အချိန်အတိုင်းအစုံရောက်ရှိ နေကြသည်။

နောက်ကျပြီးမှ ရောက်လာတဲ့ ဗိုလ်နေဝင်းကစင်မြင့် စားပွဲရှိရာသို့ ဝင်လာချိန်ကစပြီးသူ့စစ်ဗိုလ်တွေကို ညစ်ညမ်းစွာ ဆဲဆိုတက်လာသည်။ ရှူးရှူးရှဲရှဲနဲ့ ထိပ်ဆုံးစားပွဲမှာ ထိုင်ပြီးတာတောင်မှပဲ သူ့စစ်ဗိုလ်တွေကို လှမ်းဆဲပြန်သည်။ ပြီးမှ သတင်းစာဆရာတွေကို “ကဲ ခင်ဗျားတို့ ဘာသိချင်လဲ “လို့ ခပ်ထန်ထန်မေးသည်။

အဲ့ဒီအချိန် ရှေ့တန်းကုလားထိုင်မှာ ယဉ်ကျေးစွာ ထိုင်နေသော ဗမာ့ခောတ်သတင်းစာအယ်ဒီတာချုပ်ဦးအုန်းခင်ကခြေထောက် တစ်ဖက်ကို ကုလားထိုင်ပေါ်တင် ပုဆိုးကို ဒူးပေါ်အောင်လှန်ဖြေးဆေးစွာဒူးကိုဖျတ်ခနဲဖျတ်ခနဲပုတ်ပြီးမှ ” ဗိုလ်နေဝင်း ခင်ဗျားပြောချင်တာပြောပါ။

ကျုပ်တို့လာတာက ဖိတ်လို့လာတာပါ။ ခင်ဗျားကို ကျုပ်တို့ ခေါ်တာမဟုတ်ဘူး။”လို့ တည်ကြည် အောင်မြင်တဲ့အသံနဲ့ ခံ့ညားစွာ ပြောလိုက်သည်။ဒီအချိန်မှာ ဒေါသအိုးကြီး ဗိုလ်နေဝင်းဟာ တအံ့တဩနဲ့ ဦးအုန်းခင် ကို စိုက်ကြည့်လိုက်သည်။ ပြီးတော့ ဗြုန်းခနဲ ထထွက်သွားခဲ့တော့သည်။

ဒါသည် ဦးနေဝင်း၏နောက်ဆုံး သတင်းစာ ရှင်လင်းပွဲ ဖြစ်တော့သည်။ကိုသိန်း ( တိုကျို ) (၁၉-၁၂-၂၀၂၀)မှီငြမ်း။ ။

ကြေးမုံဦးသောင်း ၏ဗိုလ်နေဝင်း အကြောင်းဆိုင်ရာဆောင်းပါးများ။

ဇာတာ

Likes:
0 0
Views:
1095
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *