ပြည်သူတွေဘက်မှ ရပ်တည်ခဲ့တာကြောင့် ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းသွားခံရဖွယ် ရှိနေတဲ့ ခိုင်သင်းကြည်တို့မိသားစု

သရုပ်ဆောင် ခိုင်သင်းကြည်ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်နော်။ ဒီနေ့ဒီချိန်အထိ အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေ ရပ်တည်နေခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေပါ ပိုင်ဆိုင်နေတဲ့ မင်းသမီးတစ်လက်ပါပဲနော်။

မင်းသမီးတစ်ယောက်အနေနဲ့ အေးဆေးနေနိုင်ပေမယ့်လည်း ဓမ္မနဲ့ အဓမ္မကြားမှာ ဓမ္မဘက်ကနေ အခိုင်အမာ ရပ်တည်ခဲ့သူပါပဲနော်။သူမရဲ့ ဖခင်မှာစစ်တပ်မှ အရာရှိအငြိမ်းစားတစ်ဦး ဖြစ်ပေမယ့်လည်း

နွေဦးတော်လှန်ရေးမှာပြည်သူတွေနဲ့အတူပါဝင်ခဲ့တာကြောင့် ဥပဒေအရ အရေးယူခံရဖွယ် ရှိနေတဲ့အပြင် သူတို့ပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေကိုပါ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းခံရဖွယ် ရှိနေတယ်လို့ လူမှုကွန်ယက်တွင် သတင်းတွေ ပျံ့နှံ့နေတာပါနော်။ ” ဘယ်လိုတွေတောင်လဲဟယ်!!

ယုတ်မာလိုက်ကြတာ.ခိုင်သင်းကြည်၏ …. အမျိုးသား …. ခန့်နိုင် ….ခိုင်သင်းကြည်၏ …. သမီးဖြစ်သူ ….. စံထိပ်ထားဦး …..၎င်းတို့ ၃ ဦးသည် …. CDM ပြုလုပ်ရန် ….လှုံ့ဆော်ခြင်း …. CRPH အားထောက်ခံခြင်း ….ဆူပူအုံကြွမှုများဖြစ်ရန်

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ရန် …. လှုံဆော်ခြင်း … နိုင်ငံတော် ….အကြီးအကဲများအား …. စော်ကား …..ပုတ်ခတ်ခြင်း ….. တို့ကြောင့် ၎င်းတို့ ၃ ဦးအား …. ဥပဒေအရ ….ထိရောက်စွာ …. အရေးယူသွားမည် …..ယင်းအပြင် …. မိသားစုပိုင် …. စီးပွားရေး … လုပ်ငန်းများအား

နိုင်ငံတော်ပိုင်အဖြစ် …. ချိတ်ပိတ် ….သိမ်းဆည်း …. သွားမည် …. ” လို့ Facebook ပေါ်တွင်ရေးသားတာမြင်တွေ့နေရပေမယ့် အတည်ပြုလို့တော့မရသေးပါဘူးပရိသတ်ကြီးရေ….

Likes:
0 0
Views:
682
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *