မှီခိုလွန်းသည့်စိတ်ကို ဖြတ်တောက်ပြစ်ပါ

Photo of author

By booksmyanmar

မှီခိုလွန်းသည့်စိတ်ကို ဖြတ်တောက်ပြစ်ပါ

 

 

တစ်ခါက ဘုရင်ကြီးတစ်ပါးဟာ အာရေဗျ သိမ်းငှက်နှစ်ကောင်ကို လက်ဆောင်ရခဲ့ပါသတဲ့။ အဲဒီသိမ်းငှက်တွေလို လှပတဲ့ငှက်မျိုးကို ဘုရင်ကြီးက တစ်ခါမှမတွေ့ဖူးသေးပါဘူး။ သူ့ရဲ့အဖိုးတန် သိမ်းငှက်နှစ်ကောင်ကို စောင့်ရှောက်ဖို့နဲ့ လေ့ကျင့်ပေးဖို့ကို နန်းတွင်းသိမ်းငှက်လေ့ ကျင့်ရေးမှူးကိုတာဝန်ပေးထားလိုက်ပါတယ်။လအနည်းငယ်အကြာမှတော့ လေ့ကျင့်ရေးမှူးကြီးက သိမ်းငှက်နှစ်ကောင်အနက် တစ်ကောင်ကတော့ ကောင်းကင်ပေါ်မှာ ခန့်ခန့်ညားညားတစ်ဟုန်ထိုး လေဟုန်စီးပြီး ပျံတက်ပျံဆင်းနဲ့ ပျံသန်းနေပြီဖြစ်ပေမယ့် အခြားတစ်ကောင်က တော့ ပျံသန်းရမယ့်အစားရောက်လာတဲ့နေ့ကစပြီး သူ့ရဲ့သစ်ကိုင်းမှာပဲ နားနေပါတယ်လို့ ဘုရင်ကြီးကိုလာရောက်လျောက်ထားပါတယ်။အဲဒါကြောင့် တိုင်းပြည်တလွှားကို ကြေငြာမောင်းခတ်ပြီး သိမ်းငှက်ကို ပျံအောင် ဆောင်ရွက်နိုင်မယ့် ဆေးဆရာတွေ၊ မှော်ဆရာတွေကို ဆင့် ခေါ်ပြီး ကုသခိုင်းပေးမယ့်မရပါဘူး။ အဲဒါနဲ့ဘုရင်ကြီးက စိတ်မလျော့ပဲ ပညာရှိတွေနဲ့ မှူးကြီးမတ်ရာတွေကို တာဝန်ပေးပြီး ကြိုးစားလုပ် ဆောင်ခိုင်းတော့လဲ မအောင်မြင်ပြန်ပါဘူး။နည်းပေါင်းစုံသုံးပေးမယ့်လည်း မအောင်မြင်တာကြောင့် ဘုရင်ကြီးက ပြန်သုံးသပ်တော့ “ကျေး လက်တောရွာထဲက ငှက်တွေရဲ့သဘာဝကိုနားလည်မယ့် သူတစ်ဦးကိုရှာဖွေပြီး တာဝန်ပေးလျှင်ရနိုင်လောက်တယ်” လို့အကြံရသွားပါတယ်။ အဲဒါနဲ့ ရဲမက်တွေကို ကျေးလက်တောရွာထဲမှလေ့ကျင့်ပေးနိုင်မည့်သူအား ရှာဖွေဖို့လွှတ်လိုက်ပါတယ်။

 

 

နောက်တစ်နေ့မနက်ခင်းမှာ ဘုရင်ကြီးဟာ ဥယျာဉ်တော်ပေါ်မှာ ပျံသန်းနေတဲ့ သိမ်းငှက်ကိုတွေလိုက်ရတော့ အံ့အားသင့်ပြီး ရဲမက်များအား “သိမ်းငှက်အားပျံသန်းအောင် ဆောင်ရွက်နိုင်သူကို ရှေ့တော်မှောက်သွင်းစေ” လို့အမိန့်တော်ချလိုက်ပါတယ်။ အဲဒါနဲ့ ကျေးတောသားတစ်ဦးကို ရဲမက်များကခေါ်လာရာမှာ ဘုရင်ကြီးက “မောင်မင်း သိမ်းငှက်ကို ပျံသန်းအောင် မည်သို့ပြုလုပ်သနည်း” လို့မေးတော့ ကျေးတောသားမှ အရိုအသေပေးရင်း “အလွန်တရာမှ လွယ်ကူပါတယ်အရှင်မင်းကြီး၊ သိမ်းငှက်နားနေသည့် သစ်ကိုင်းအားခုတ်ဖြတ်လိုက်ခြင်းသာဖြစ်ပါတယ်” လို့လျောက်တင်လိုက်ပါတယ်။ ကျွန်တော်တို့အားလုံးကို ပျံသန်းနိုင်ဖို့အတွက်ဖန်ဆင်းထားခြင်းဖြစ်ပါတယ် – ကျွန်တော်တို့ဟာ လူ သားတစ်ယောက်ဖြစ်ပြီး မိမိတို့ရဲ့ အကန့်အသတ်မဲ့ လုပ်ဆောင်နိုင်စွမ်းကို သဘောပေါက်သိရှိပြီး အပတ်တကုတ်ကြိုးစားအားထုတ်နေကြရမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာကျွန်တော်တို့ဟာ ကြိုးစားအားထုတ်ရမယ့်အစား မိမိတို့ရဲ့ရင်းနှီးကျွမ်းဝင်ရာ အရာများကိုဖက်တွယ်ထားမိတတ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ တိုးတက်ကြီးပွားနိုင်ချေဟာ အတိုင်းအဆမရှိပေမယ့် အများစုကတော့ မိမိရဲ့တိုးတက်နိုင်စွမ်းကို မသိရှိကြပါဘူး။ ကျွန်တော်တို့ဟာ ရင်းနှီးကျွမ်းဝင်ပြီးသားအရာများ၊ သက်တောင့်သက်သာဖြစ်မှုများနဲ့ သာမန်ဘဝအားပိုမိုနှစ်ခြိုက်လေ့ရှိကြပါတယ်။ အဲဒါကြောင့် အသက်တာကို သာမန်အမှုမဲ့အမှတ်မဲ့ဖြတ်သန်းနေခြင်းမဟုတ်ပဲ ကြိုးစားအားထုတ်ရင်း ကျွန်တော်တို့ရဲ့ မသိရှိရသေးတဲ့ ကိုယ်ပိုင်အစွမ်းအစများအားဖေါ်ထုတ်ကြပါစို့။

 

Credit – စောဒေးဗစ်

 

Leave a Comment