မဆင်မခြင်ပြောဆိုခြင်း အကျိူး

Photo of author

By booksmyanmar

မဆင်မခြင်ပြောဆိုခြင်း အကျိူး

 

 

တစ်ခါတုန်းက သောဏအမည်ရှိသော ဥပါသကာ တစ်ဦးသည် မထေရ် တစ်ပါးထံ ချဉ်းကပ်၍ ဆွမ်းလုပ်ကျွေးခြင်း ၊ တရားဓမ္မများ နာကြား ခြင်း ၊ တရားဓမ္မများ ဆွေးနွေးခြင်း စသည်တို့ကို အမြဲမပြတ် ပြုလုပ်လေ့ရှိ၏။ မထေရ်မြတ်၏ တရားအဆုံးအမတို့ကို ကြားနာရဖန်များ လာသော အခါ သောဏသည် သတိသံဝေဂ ရ၍ တရားကို ပြင်းပြင်း ထန်ထန် အားထုတ်လေ၏။ တစ်နေ့တွင် သောဏသည် အခြားမြို့တစ်မြို့သို့ ကုန်အရောင်း အဝယ်ကိစ္စဖြင့် သွားသော ကုန်သည်တစ်စုနှင့် အတူ လိုက်ပါသွားလေ၏။ ညနေမှောင်စပျိုးလာသောအခါ လမ်းခရီး တစ်နေရာတွင် အိပ်စက် အနားယူရန် ရပ်နားလိုက်ကြသည်။တရားအားထုတ်ခြင်း၌ မွေ့လျော်လေ့ရှိသော သောဏသည် ကုန် သည်တို့နှင့် ရောရောနှောနှော ဆူဆူညံညံ မအိပ်လိုသဖြင့် မလှမ်းမကမ်း တစ်နေရာသို့ သွား၍ အိပ်လေ၏။နံနက်လင်းသောအခါ ကုန်သည်တို့သည် သောဏကို ခေါ်ရန်သတိမရကြဘဲ ခရီးဆက်သွားကြ၏။ နံနက်လင်း၍ နေရောင်လာသောအခါမှ သောဏသည် အိပ်ရာမှ နိုးလာသည်။ ကုန်သည်တို့ကိုမတွေ့ရ၍ ဘေးအနီးပတ်ဝန်းကျင်၌ လိုက်ရှာ၏။ နောက်ဆုံးတွင်ကုန်သည်တို့ ဆက်လက် ထွက်ခွာသွားကြပြီ ဆို သည် ကို သိလိုက်ရပြီး သောဏ သည် ကုန်သည်တို့ သွားသည့် လမ်းအတိုင်း လျင်မြန်စွာ လိုက်သွားလေ ရာ လမ်းခရီးတစ်နေရာ၌ ညောင် ပင်ကြီးတစ်ပင် အနီးသို့ ရောက်လေသည်။

 

 

သောဏသည် ထိုနေရာ၌ အလွန်ထူးခြားသော အသွင် သဏ္ဌာန်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးကို အံ့ဩဖွယ်ရာ တွေ့လေ၏။ ထို ပုဂ္ဂိုလ်၏ ခန္ဓာကိုယ်သည်အလွန်ကြီးမား၏။ ရုပ်ကလည်း အလွန် ကြောက်မက်ဖွယ်ကောင်း၏ ၊ခန္ဓာကိုယ်သည်လည်း အရိုးပြိုင်းပြိုင်းထနေ၏။ သူ၏ အသားများကိုသူကိုယ်တိုင် ပြန်၍စားနေ၏။ သောဏသည်ကား တရားဓမ္မများကိုနှစ်ပေါင်းများစွာ အားထုတ်ထားသူဖြစ်၍ ကြောက်လန့်ခြင်း အ လျဉ်းမရှိပေ။ ကြောက်လန့်ခြင်း မဖြစ်သည်သာမက သင် ဘယ်သူလဲ´´ ဟုပင်မေးလိုက်သေးသည်။ကျွန်ုပ်ဟာ ပြိတ္တာဖြစ်ပါတယ် ´´ဟု ပြန်ဖြေလေ၏။ဘယ်လိုမကောင်းမှု အကုသိုလ်မျိုးကို ကျူးလွန်ခဲ့လို့ အခုလို ဆင်းရဲဒုက္ခတွေခံစားနေရတာလဲ´´ ဟု သောဏက ထပ်မေးလေ၏ ၊ထိုအခါ ပြိတ္တာကြီးက အကျွန်ုပ်သည် ရှေးဘဝတစ်ခုတုန်းက ဘာရုကစ္ဆကမြို့မှာ ကုန်သည်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ အဲဒီဘဝမှာ အကျွန်ုပ်ဟာ သူများတွေရဲ့ ပစ္စည်းဥစ္စာတွေကို လိမ်လည် လှည့်ဖြားပြီးရအောင်ယူခဲ့ပါတယ် ။ ဒါ့အပြင် ဆွမ်းခံကြွတဲ့ ရဟန်းသာမဏေတွေကိုလည်း“သင်တို့ရဲ့ အသားကို ကိုယ်တိုင်ပြန်စားကြ´´ လို့ ပြောဆိုစော်ကားခဲ့မိပါတယ်။ အဲဒီလို မကောင်းမှု အကုသိုလ် ကံတွေကြောင့်အခုလို ဆင်းရဲဒုက္ခတွေကို ခံစားနေရခြင်း ဖြစ်ပါတယ်´´ ဟုပြန်လည်ဖြေကြားလေသည်။သောဏသည် ပြိတ္တာကြီး၏ စကားကို ကြားရသောအခါ အလွန်သတိသံဝေဂ ဖြစ်မိပြန်၏။ ထို့အပြင် အခြားသူများကို လိမ်လည်လှည့်ဖြားလျှင် ဖြစ်လေရာဘဝတိုင်း၌ ရုပ်ဆိုးသူ ဖြစ်တတ်ကြောင်း ၊မြင့်မြတ်သော ပုဂ္ဂိုလ်တို့ကို ရိုင်းပျစွာ ပြောဆိုစော်ကားလျှင် ပြိတ္တာဘဝသို့ ရောက်တတ်ကြောင်း စသည်ဖြင့် မကောင်းမှု အကုသိုလ်ကံ တို့၏ ဆိုးဝါးသော အ ကျိုး ဆက်တို့ကို ဆက်လက် ဆင်ခြင်မိလေသည်။

 

 

Credit

Leave a Comment