အားလုံးစည်းလုံးညီညွတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြား (ရှေ့နေ ဒေါ်မင်းမင်းစိုး)

နိုင်ငံရေး မတည်ငြိမ်မှု အပြင် Covid-19 ကပ်ဘေးရောဂါ ပြသနာကိုပါ ရင်ဆိုင်နေရတဲ့ မြန်မာ လူထုကြားစည်းစည်းလုံးလုံး ရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားကြောင်း ရှေ့နေက ပြောပါတယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူသို့ သတင်းစကားဒေါ်အောင်ဆန်းစုကြည်သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဌဒေါက်တာမျိုးအောင်တို့ရဲ့ အမှုနောက်ဆုံးအခြေအနေတွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးထားပါတယ်

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ရာထူးက ဖြုတ်ချပြီး ဖမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ဇွန်လ ၂၉ ရက် အင်္ဂါနေ့က နေပြည်တော် တရားရုံးမှာ ကြားနာခဲ့တဲ့ အတောအတွင်း ပြည်သူတွေ စည်းလုံးကြဖို့ ရှေ့နေကနေ တဆင့် သတင်းစကား ပါးခဲ့တာပါ

ကျမတို့ကို အထူးမှာတာကတော့ ရှေ့နေတွေကိုစည်းစည်းလုံးလုံးနေကြပါ ညီညီညွတ်ညွတ်နေကြပါလို့ ပြောတယ် ကျမတို့ကို အရင်မှာပြီးတော့ ပြည်သူတွေကို ပြန်မှာပါတယ်စည်းစည်းလုံးလုံး နေကြပါညီညီညွတ်ညွတ်နေကြပါလို့ မှာတယ်။ နောက် အမေ့ ကျန်းမာရေး အတွက်ကလည်း ဆရာဝန် တယောက်နာစ့်တယောက် ားပေးတယ်

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကအင်္ဂါနေ့ တရားရုံး ကြားနာမှု အတွင်း လူထု အတွက် သတင်းစကား ပါးခဲ့တာဖြစ်ကြောင်း သူမရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက နေပြည်တော်မှာသတင်းထောက်တွေကို ပြောခဲ့တာပါ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းကြောင်းလည်း ရှေ့နေ ဒေါ်မင်းမင်းစိုးက ထပ်လောင်း ပြောပါတယ်
အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံ့ဆော်မှု အပါအဝင် အမှုတွဲ တခုတည်း တရားစွဲခံထားရတဲ့ သမ္မတ ဦးဝင်းမြင့် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ရဲ့ အမှုတွေကို နေပြည်တော် သီးသန့်တရားရုံးမှာ အင်္ဂါနေ့က စစ်ဆေးခဲ့တာပါ

တရားလို ဘက်က တင်သွင်းတဲ့ သက်သေခံ စာရွက်စာတမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ကန့်ကွက်တဲ့ ကြားကဘဲ တရားရုံးက လက်ခံလိုက်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ တရားရေး အရ အခက်အခဲ တခု ထပ်ကြုံရတာ ဖြစ်ပါတယ်။ ရှေ့နေ ဒေါ်မင်းမင်းစိုးက သတင်းထောက်တွေကို အခုလို ရှင်းပြပါတယ်။

ကျမတို့အရင်အပတ်တုန်းက သက်သေခံအဖြစ်တင်သွင်းခဲ့တဲ့ စာရွက်စာတမ်းတွေရှိပါတယ်တရားလိုဘက်ကတင်သွင်းခဲ့တဲ့စာရွက်စာ တမ်း ၂ စောင်ရှိပါတယ် အဲဒီစာရွက်စာတမ်းတွေကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၇ ရက် ၂ လ ၂၀၂၁ပါအကြောင်းကြားစာနဲ့ ၁၃ ရက် ၂ လ ၂၀၂၁ ပါကြေညာချက်တွေကိုသူက လူမှုကွန်ယက်ပေါ်မှာဖော်ပြခဲ့တဲ့ စာရွက်စာတမ်းတွေကိုဖော်ပြပြီးတော့သူကသက်သေခံတင်သွင်းပါတယ်။တင်သွင်းတဲ့အပေါ်မှာကျမတို့ စွပ်စွဲခံရသူဘက်ကနေကန့်ကွက်ခဲ့တာပေါ့နော်

ဒါပေမယ့် ဥပဒေ အရာရှိဘက်ကတော့ သက်သေခံတင်သွင်းမှုကို လက်ခံဖို့ လျှောက်လဲချက်ပေးခဲ့တယ်ပေါ့နော်။ တရားရုံးတော်ဘက်က တရာလိုဘက်က သက်သေခံ တင်သွင်းခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၇ ရက် ၂ လ ၂၀၂၁ ရက်စွဲပါ စာကို သက်သေခံ (က) အဖြစ်နဲ့ လည်းကောင်း၊ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၁၃ ရက် ၂ လ ၂၀၂၁ ရက်စွဲပါ ၆/၀၂ /၂၀၂၁ ကို သက်သေခံ (ခ) အဖြစ်လည်းကောင်း ၂ ခုလုံးကို သက်သေခံ အဖြစ် တင်သွင်းမှုကို လက်ခံ ခဲ့ပါတယ်

တရာလိုဘက်က သက်သေခံ တင်သွင်းတဲ့ စာရွက်တွေကတော့ အာဏာသိမ်းပြီး အရပ်ဘက် ခေါင်းဆောင်တွေကို ဖမ်းဆီးထားစဉ် စစ်တပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်း NLD ဘက်က ထုတ်ပြန်ချက်တွေ ဖြစ်ပါတယ်။ တရားလိုဘက်က သက်သေခံ တင်သွင်းတာကို အင်္ဂါနေ့မှာ တရားရုံးက လက်ခံခဲ့ပေမယ့်လည်း အထက်တရားရုံးမှာ တင်ပြခွင့် ပြုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အထက်တရားရုံးကို ဆက်ပြီး တင်သွင်းဖို့ ပြင်ဆင်နေကြပါတယ်။

သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော် ကောင်စီ ဥက္ကဌဒေါက်တာမျိုးအောင်တို့ပါ အတူပါတဲ့ အများပြည်သူတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံ့ဆော်မှု ဆိုတဲ့ စွဲချက်ကိုတော့ အထက်တရားရုံးကဆုံးဖြတ်ချက် မကျမချင်း နေပြည်တော်သီးသန့်တရားရုံးက ကြားနာမှုဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်

ဒါပေမယ့်လည်းဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ တရားမဝင် Walkie-talkies စကားပြောစက်တွေ ခွင့်ပြုချက်မရှိဘဲအသုံးပြုမှု၊ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲစည်းရုံးမှု ၂ ခုမှာ Covid-19 ကပ်ဘေးရောဂါဆိုင်ရာတားမြစ်ချက်တွေကိုချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့တော့ဆက်လက်ကြားနာစစ်ဆေးသွားမှာ ဖြစ်ပါတယ်

Likes:
1 0
Views:
626
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *