ပုဂံရာဇဝင်ထဲက နှစ်ခါပြန် စနိုက်အကြော်ခံရဖူးတဲ့ ရှင်ဘုရင်တစ်ပါး

ပုဂံရာဇဝင်ထဲက နှစ်ခါပြန် စနိုက်အကြော်ခံရဖူးတဲ့ ရှင်ဘုရင်တစ်ပါး

 

 

စနိုက်ကြော်တွေ အကြောင်း ပြောနေ ကြတာ မြင်တော့ ရာဇဝင်ထဲက နှစ်ခါပြန် စနိုက် အကြော် ခံရဖူးတဲ့ ဘုရင် တစ်ပါး အကြောင်း သွားသတိရ မိတယ်။

ဘယ်ဘုရင်လဲ ဆိုတော့ လူတိုင်း သိကြတဲ့ အနော်ရထာ ဘုရင်ပေါ့။ ပဲခူးဘုရင်က ဆက်လိုက်တဲ့ မဏိစန္ဒာ မင်းသမီးကို ကျန်စစ်သားက စနိုက်ကြော် သွားတာကိုတော့ အားလုံး ကြားဖူးကြ မှာပါ။

အဲဒီ ဖြစ်ရပ် မတိုင်ခင် အနော်ရထာ ဘုရင် ဖြစ်ခါစ တုန်းကလည်း အခုလို ခပ်ဆင်ဆင် တစ်ခါ ဖြစ်ဖူးပါ သေးတယ်။အဲဒီတုန်းက ဘုရင် ပေါက်စ အနော်ရထာဟာ မိဖုရား တစ်ပါးတည်း ရှိသေးတဲ့ အတွက် အမတ် ရာဇတမန်ကို မိဖုရား အရှာ လွှတ်လိုက်တယ်။

ရာဇတမန်ဟာ ဝေသာလီပြည် (ရခိုင်) ကနေ ဆက်တဲ့ ပဉ္စကလျာဏီ ဆိုတဲ့ မင်းသမီးကို ခေါ်လာတယ်။ဒါပေမယ့် လမ်းမှာ စိတ်မထိန်း နိုင်ဘဲ မင်းသမီးနဲ့ ကျူးလွန်ခဲ့မိတယ်။

ဒီလို စနိုက်ကြော် မိတဲ့ အပြစ်ကို ဖုံးဖို့ ပဉ္စ ကလျာဏီဟာ ဘုရင့် သမီးတော် အစစ် မဟုတ်ဘူးလို့ လီဆည် လျှောက်တင်တယ်။

အနော်ရထာ ကလည်း ရာဇတမန် ပြောတာ ယုံပြီး မင်းသမီးကို ကိုယ်ဝန် အရင့် အမာကြီးနဲ့ မောင်းထုတ် လိုက်တယ်။ ပဉ္စ ကလျာဏီဟာ ပရိမ္မ အရပ်မှာ သားတစ်ယောက် ဖွားမြင်ခဲ့ပြီး ဒီကလေးက ကျန်စစ်သား ဖြစ်လာတယ်လို့ ဆိုကြတယ်။

ဒီတော့ ကျန်စစ်သားက ရာဇတမန်နဲ့ ပဉ္စ ကလျာဏီ တို့က မွေးတဲ့ မြန်မာ-ရခိုင် ကပြားပေါ့။ သူ့အဖေရဲ့ စနိုက်ကြော် ဗီဇ ပါလာပြီး ကြီးလာတော့ မဏိစန္ဒာကို ထပ်ကြော်တယ်လို့ ယူဆရတယ်။

Credit

 

Zawgyi

 

ပုဂံရာဇဝင္ထဲက ႏွစ္ခါျပန္ စနိုက္အေၾကာ္ခံရဖူးတဲ့ ရွင္ဘုရင္တစ္ပါး

 

 

စနိုက္ေၾကာ္ေတြ အေၾကာင္း ေျပာေန ၾကတာ ျမင္ေတာ့ ရာဇဝင္ထဲက ႏွစ္ခါျပန္ စနိုက္ အေၾကာ္ ခံရဖူးတဲ့ ဘုရင္ တစ္ပါး အေၾကာင္း သြားသတိရ မိတယ္။

ဘယ္ဘုရင္လဲ ဆိုေတာ့ လူတိုင္း သိၾကတဲ့ အေနာ္ရထာ ဘုရင္ေပါ့။ ပဲခူးဘုရင္က ဆက္လိုက္တဲ့ မဏိစႏၵာ မင္းသမီးကို က်န္စစ္သားက စနိုက္ေၾကာ္ သြားတာကိုေတာ့ အားလုံး ၾကားဖူးၾက မွာပါ။

အဲဒီ ျဖစ္ရပ္ မတိုင္ခင္ အေနာ္ရထာ ဘုရင္ ျဖစ္ခါစ တုန္းကလည္း အခုလို ခပ္ဆင္ဆင္ တစ္ခါ ျဖစ္ဖူးပါ ေသးတယ္။အဲဒီတုန္းက ဘုရင္ ေပါက္စ အေနာ္ရထာဟာ မိဖုရား တစ္ပါးတည္း ရွိေသးတဲ့ အတြက္ အမတ္ ရာဇတမန္ကို မိဖုရား အရွာ လႊတ္လိုက္တယ္။

ရာဇတမန္ဟာ ေဝသာလီျပည္ (ရခိုင္) ကေန ဆက္တဲ့ ပၪၥကလ်ာဏီ ဆိုတဲ့ မင္းသမီးကို ေခၚလာတယ္။ဒါေပမယ့္ လမ္းမွာ စိတ္မထိန္း နိုင္ဘဲ မင္းသမီးနဲ႕ က်ဴးလြန္ခဲ့မိတယ္။

ဒီလို စနိုက္ေၾကာ္ မိတဲ့ အျပစ္ကို ဖုံးဖို႔ ပၪၥ ကလ်ာဏီဟာ ဘုရင့္ သမီးေတာ္ အစစ္ မဟုတ္ဘူးလို႔ လီဆည္ ေလွ်ာက္တင္တယ္။

အေနာ္ရထာ ကလည္း ရာဇတမန္ ေျပာတာ ယုံၿပီး မင္းသမီးကို ကိုယ္ဝန္ အရင့္ အမာႀကီးနဲ႕ ေမာင္းထုတ္ လိုက္တယ္။ ပၪၥ ကလ်ာဏီဟာ ပရိမၼ အရပ္မွာ သားတစ္ေယာက္ ဖြားျမင္ခဲ့ၿပီး ဒီကေလးက က်န္စစ္သား ျဖစ္လာတယ္လို႔ ဆိုၾကတယ္။

ဒီေတာ့ က်န္စစ္သားက ရာဇတမန္နဲ႕ ပၪၥ ကလ်ာဏီ တို႔က ေမြးတဲ့ ျမန္မာ-ရခိုင္ ကျပားေပါ့။ သူ႕အေဖရဲ႕ စနိုက္ေၾကာ္ ဗီဇ ပါလာၿပီး ႀကီးလာေတာ့ မဏိစႏၵာကို ထပ္ေၾကာ္တယ္လို႔ ယူဆရတယ္။

Credit

 

 

Leave a Reply

Your email address will not be published. Required fields are marked *