ရာဇဝင်ထဲမှာ တစ္ဆေကိုက်လို့ ကွယ်လွန် ခဲ့ရတဲ့ သူရဲကောင်းတစ်ဦး
တစ္ဆေ ကိုက်လို့သေခဲ့တဲ့ သူရဲကောင်းကတော့ အားလုံးသိတဲ့ သမိန်ဗရမ်းပဲ ဖြစ်ပါတယ်။ သမိန်ဗရမ်းဟာ သူ့ရှင်ရာဇာဓိရာဇ်ရဲ့ ထင်ရှားတဲ့သူရဲကောင်းတစ်ယောက်ဖြစ်ပါတယ်။ စစ်ပွဲအတွင်း ဗမာဘုရင်ရဲ့ လက်ရဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အကျဉ်းချထားခံရသူလည်း ဖြစ်ပါတယ်။
ထိုအချိန်မှာ တရုတ်စစ်သူကြီးဂါမဏိက စီးချင်းထိုးရန် လာရောက်ခဲ့ပါတယ်။ သို့သော် ဗမာတို့ဘက်မှ ဂါမဏိနှင့် ယှဉ်၍ စီးချင်းထိုးနိုင်မည့်သူမရှိပါ။ ဗမာသူရဲကောင်းအားလုံးသည် စစ်မြေပြင်တွင်ရောက်ရှိနေခဲ့တာကြောင့်ဖြစ်ပါတယ်။
ဤတွင် အကျဉ်းချခံထားရသူ သမိန်ဗရမ်း စဉ်းစားသည်မှာ
ငါသည် အင်း၀ပြည်တွင် ရှိနေပါလျက် အင်း၀ပြည် မက်ဆုံးစ
ကောင်း ။ ထို့ပြင် အင်း၀သည် ပဲခူး(မွန်နေပြည်တော်) ၏ တန်ခါး၀လည်း ဖြစ်သည်။ တရုတ်တို့သည် အင်း၀ကိုနိုင်လျှင်သော်မှ ပြန်ကြမည် မထင်။
အင်း၀ပျက်လျှင် ဟံသာ၀တီကိုလည်း အလွတ်ပေးမည် မဟုတ် ။ ထို့ကြောင့် အင်း၀မကျဆုံးအောင် ငါ့ကိုထောင်မှ ထွက်ခွင့်ပြုပါ။ အင်း၀သားများ ကိုယ်စားဂါမဏိ နှင့် စီးချင်းထိုးပေးပါမည်ဟု ငါပြောရသော်ကောင်းမည် ဟူ၍ စဉ်းစားကာ စဉ်းစား ထားသည့်အတိုင်း ထောင်မှူးများမှ တစ်ဆင့် ဘုရင်မင်းခေါင်အားလျှောက်စေပါတယ်။ ဘုရင်မင်းခေါင်ကလည်း ၀မ်းသာအားရ
လက်ခံတော်မူပါတယ်။
သို့ဖြင့် စီးချင်းထိုး၍နေ့သို့ရောက်သောအခါ တရုတ်စစ်သူကြီးဂါမဏိသည် တစ်ကိုယ်လုံးတွင်ရွှေနန်းကြိုးများဖြင့် ယက်လုပ်ထားသည့် ရွှေချပ်၀တ်တန်ဆာကို ၀တ်ကာ လက်နက်များထည့်ထားသည့် ခြင်းတောင်းကို ကျောတွင်လွယ်၍ မြင်းစီးကာ ကွင်းလယ်ကို ထွက်လာခဲ့ပါတယ်။
သမိန်ဗရမ်းကတော့ ပေါ့ပါးတဲ့ချပ်၀တ်တန်ဆာကို ၀တ်ကာ ရွှေဖြင့်မွမ်းမံထားသော ခေါင်းပေါင်းအနီကိုပေါင်းကာ လက်သန်းတွင် န၀ရတ်ကိုးပါးလက်စွပ်ကို ၀တ်ကာထွက်လာပါတယ်။
သူရဲကောင်းများတွေ့ဆုံနှုတ်ဆက်ပြီးနောက် သမိန်ဗရမ်းက ဂါမဏိအား ဂါမဏိ သင်နှင့်ကျုပ်တို့ ယနေ့တိုက်ကြမည့်ပွဲသည် တစ်ယောက်ယောက်အတွက် နောက်ဆုံးပွဲဖြစ်နိုင်သည်။ စ၍တိုက်သည်နှင့် တိုက်ပွဲလည်း အဆုံးသတ်သွားမည်ဖြစ်သည်။
ကြည့်နေသောပရိတ်သတ်အတွက် စိတ်မကျေနပ်စဖွယ်ဖြစ်လိမ့်မည်။ ထို့ကြောင့်သင်က သင်တို့၏တေးသီချင်းကို ဆို၍ ကပါ။ ငါကလည်း ကကြိုး အတိုင်းလိုက်ကမည်။ ထို့နောက် ငါက လည်း ငါတို့သီချင်းဆိုကာ ကပါမည်။သင်လည်းလိုက်ကပါ ဟုဆိုသော် ဂါမဏိလည်း သဘောတူကာလိုက်ကပါတယ်။
တကယ်တော့ ဒါဟာ ဂါမဏိရဲ့ပျော့ကွက်ကိုသိချင်လို့ သမိန်ဗရမ်းရဲ့ဉာဏ်ဆင်ခြင်းသာ ဖြစ်ပါတယ်။ ထိုခေတ်က မြင်းကျောပေါ်တွင် စီးနင်ရင်းလက်နက်များကို ကစားကာ ကပြရသော ဓလေ့ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။
ပထမဆုံး ဂါမဏိက သူတို့အကကို ကသည်။ သမိန်ဗရမ်းကလည်း လိုက်ကသည်။ ထို့နောက်သမိန်ဗရမ်းက ကသည်။ ထိုသို့ကရာတွင် ဂါမဏိ၏ ပျော့ကွက်ကို မြင်နိုင်ရန် လက်ကိုမြှောက်ချည် ချချည်လုပ်၍လည်ကောင်း၊ ကင်းမြီးကောက်ထောင်၍လည်ကောင်း ကပြလေသည်။ ဂါမဏိကလည်း လိုက္က၏။
ထိုသို့ကနေစဉ် ဂါမဏိ၏ ချိုင်းအတွင်းဘက်၌ ချပ်ကြိုးပြတ်ကာ အသားပေါ်နေသည်ကို သမိန်ဗရမ်းမြင်လိုက်ပြီး ကကြိုးကိုရပ်၏။ ထို့နောက်စီးချင်းတိုက်ပွဲကို စတင်ပါတော့တယ်။ဂါမဏိက မြင်းကိုဇက်ဖွင့်၍လိုက်တာနဲ့ သမိန်ဗရမ်းက ပြေးပါတယ်။
ထို့နောက်မြင်းကို ရုတ်တရက်လှည့်ကာ ဂါမဏိကိုပြန်လိုက်ပါတယ်။ ထိုသို့ပြေးလိုက် ၊ လိုက်လိုက်နှင့်ဂါမဏိမောသွားသည့်အချိန်တွင် သမိန်ဗရမ်းသည် ဂါမဏိအနားသို့ ကပ်သွား၏။ ဂါမဏိက လက်ကိုမြှောက်ကာ ဓါးဖြင့်သမိန်ဗရမ်း၏ လည်ကိုပိုင်း
မည်အပြုတွင် အမောလွန်နေသော ဂါမဏိသည် လက်ကိုလျှင်မြန်စွာမလှုပ်ရှားနိုင်တော့ချေ။
ထိုအချိန်တွင် သမိန်ဗရမ်းက ဂါမဏိ၏ ချပ်ကြိုးပြတ်နေသော ချိုင်းကြားနေရာကို လှံဖြင့်ထိုးကာ ဂါမဏိ၏ ခန္ဓာကိုယ်မြင်းပေါ်မှမကျမီ ခေါင်းကိုဖြတ်ကာ သံခြင်းထဲသို့ ထည့်လိုက်ပါတော့တယ်။အင်း၀ဘုရင်မင်းခေါင်က သဘောကျတော်မှုလှသဖြင့် ရာဇဓိရာဇ်ပေးသော စည်းစိမ်နှင့် ညီမျှအောင်ငါပေးမည် သမီးတော် ရာဇ ဓိတာ နှင့်လည်းအပ်နှင်းမည် ဟုဆွဲဆောင်ပါတယ်။
သို့သော်သမိန်ဗရမ်းက ကျွနု်ပ်ဤ အမှုတော်ကို ထမ်းဆောင်ခဲ့ခြင်းမှာ အချုပ်မှလွတ်လိုခြင်း၊ ကျွနု်ပ်၏အစွမ်းကိုသိစေခြင်း နှင့် ဟံသာ၀တီသို့ပြန်လည် ပို့ဆောင်ခြင်း(သို့)ကျွနု်ပ်အားကွပ်မျက်ခြင်း စသည်တို့ကြောင့် ဖြစ်တယ် လို့ပြန်လျှောက်တင်ပါတယ်။
ဘုရင်မင်းခေါင်က သမိန်ဗရမ်းသည် ကျေးဇူးရှိသူဖြစ်တာကြောင့် ကွပ်လဲမကွပ်နိုင်၊ ဟံသာ၀တီသို့လည်း ပြန်မလွှတ်ချင် တာကြောင့် သမီးတော် ရာဇဓိတာနှင့် ဆွဲဆောင်စေပါတယ်။ သမီးတော်ရာဇဓိတာမွာ တခါမျှတပါးသော ယောကျၤားအား ကွမ်းမတည်စဖူး ၊ မျက်နှာမပြဖူးရာ မျက်လွှာချ၍ သမိန်ဗရမ်းအားကြည့်ပါတယ်။
သမီးတော်ကို မြင်မြင်ချင်းသဘောကျသွားသော သမိန်ဗရမ်းတွေးသည်မှာ ဘုရင်ကငါ့အား ပြန်လွှတ်တော့မည် မဟုတ်။ ငါ့အနေနှင့် ကုသိုလ်ကံရှိသော် ဟံသာ၀တီသို့ပြန်ရပေမည် ဟုဆိုကာ အမှုတော်ကို ထမ်းပါတော့တယ်။ ထိုသို့အမှုတော်ထမ်းမည်ဟုဆိုရာတွင် အချက် ၂ ချက်ကိုတောင်းပါတယ်။
ထိုအချက် ၂ ချက်မှာ
၁။ ဟံသာ၀တီ နှင့် အင်း၀စစ်ဖြစ်ပါက မည်သည့်ဘက်ကမျှမကူပဲ ကြားနေအဖြစ်နေရန်
၂။ ကျွန်ဟူသော အသုံးကို မသုံးရန်၊ ထိုသို့သုံးသည်နှင့်ဟံသာ၀တီကိုပြန်ရန်ဖြစ်ပါတယ်။
သို့ဖြင့် သမိန်ဗရမ်းနှင့် ရာဇာဓိတာတို့မှ သားယောကျၤားလေးမွေးဖွားရာ ဘုရင်မင်းခေါင်က ချစ်တော်မှု၍ ရင်ခွင်ပိုက်၍ တိုင်းပြည်ရေးရာဆွေးနွေးတော်မူပါတယ်။
တနေ့ ကလေးက ဘုရင်မင်းခေါင်ရဲ့ ဆံပင်ကိုဆွဲချ၍ ဟယ္ကြ်န္သားကေတာ့ ကြာလျှင်မင်းရဲကျော်စွာဖြစ်ပေအုံးမယ် ဟု နှုတ်မှလွှတ်ခနဲထွက်သွားရာ ထိုညတွင်ပင် သမိန်ဗရမ်းသည် ဟံသာ၀တီသို့ပြန်ပါတယ်။ ဘုရင်မင်းခေါင်လည်း သူ့အမှားအတွက် အလွန်စိတ်ထိခိုက်တော်မူပါတယ်။
ဟံသာ၀တီပြန်ရောက်သော် ဖြစ်ကြောင်းကုန်စင်ကို ရာဇာဓိရာဇ် အားလျှောက်တင်ရာ သဘောကျတော်မူလှသဖြင့် ဒုန်း၀န်ကိုစားစေပါတယ်။ ဒုန်း၀န်စား သမိန်ဗရမ်းသည် ရာဇာဓိရာဇ်လွန်၍ သားတော် ဗညားကျန်းထံတွင် ဆက်လက်အမှုထမ်း၏။ ဒုန်း၀န်မှ နံနက်မိုးသောက် ယံတွင်ထွက်ပြီး ဟံသာ၀တီသို့မြင်းဖြင့်လာကာ ညနေချမ်းအချိန်တွင် ဒုန်း၀န်သို့ပြန်ပါတယ်။
တနေ့တွင် သမိန်ဗရမ်း သွားနေကြလမ်းတွင်ရှိသော ဣဘယဂါမရွာသို့ ဓားပြ၀င်၏။ ရွာသားများက ဓားပြဗိုလ်အားဖမ်းမိကာ နှိပ်စက်ပြီး ရင်ကိုခွဲလိုက်ကာ အလောင်းကောင်ကို တံကျင်သီ၍ ရွာပြင်ဘက်တောလမ်းခရီးတွင် ချိတ်ဆွဲထားလိုက်ကြပါတယ်။
ဟံသာ၀တီမှပြန်လာသော သမိန်ဗရမ်းသည် ထိုရွာအနီးသို့ရောက်လာသောအခါဟယ် သမိန်ဗရမ်း၊ နင့်မြင်းကို ငါလည်းစီးချင်လို့ ငါ့ကိုလည်းတင်သွားပါ ဟူသောထူးဆန်းသည့် စကားသံကို ကြားရသောအခါ စစ်သားကြီးသမိန်ဗရမ်းသည် ကြက်သီးမွှေးညှင်းထသွားလေ၏။
သည်တောထဲမှာ ငါ့နာမည်ကိုတပ်ပြီး ဘယ်သူက မထီလေးစား
ခေါ်လိုက်ပါသနည်း ဟုလှည့်ပတ်ရှာလေသော တစုံတယောက်မှ
မတွေ့ပဲ အလောင်းကောင်ကိုသာတွေ့လေသော်တစ္ဆေ ခြောက် လှန့်ကြောင်းသိသွား၍ ပို၍ဒေါသထွက်သွားပါတယ်။
ဟယ် ဓားပြဆိုး ၊ နင့်ရင်ကို သူတို့ခွဲလိုက်လို့ နင်သေနေပြီ၊ ဘာကြောင့် နင်မသွားသေးပဲ ငါ့ကိုခြောက်လှန့်နေသနည်း ဟု နှုတ်မှအော်ငေါက်ကာ လက်ကလည်းဓားရှည်ကို ဆွဲထုတ်ကာ ဓါးမြခေါင်းကို ဖြတ်ပြီးမြင်းမှာချိတ်ပြီးယူလာခဲ့ပါတယ်။
ခြောက်လှန့်တဲ့အတွက်ကြောက်လည်းကြောက် ဒေါသထွက်ပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာနဲ့တူပါတယ်။ ထိုသို့ပြန်ရင်း မြင်းကခုန်သောအခါ ဓားပြခေါင်းပြတ်ဟာ သမိန်ဗရမ်းရဲ့ဒူးကိုခဲပါတော့တယ်။
အမျိုးမျိုး ဆွဲဖြတ်သော်လည်း မရ နောက်ဆုံးဓားနှောင့်ဖြင့် တအားရိုက်ချလိုက် တဲ့အခါမှခေါင်းပြတ်ဟာ မြေပေါ်ပြုတ်ကျသွားပါတယ်။သို့သော် ဒူးခေါင်းတွင် သွားသုံးချောင်းသည် စိုက်၍ကျန်ခဲ့ပါတယ်။
သမားတော်များ ကြိုးစားပမ်းစားကုသသော်လည်း အနာမွာ အဆိပ် အတောက်ဖြစ်သဖြင့် မသက်သာလာတော့ပဲ ေ၀ဒနာပြင်းထန်လာကာ သုံးရက်မြောက်နေ့တွင် သမိန်ဗရမ်းအနိစ္စရောက်သွားခဲ့ပါတော့တယ်။
(ဒီအချက်ကို ယုံကြည်သူ မယုံကြည်သူများရှိနိုင်ပေမယ့် သမိုင်းမှတ်တမ်းတွေကတော့ ဒီအတိုင်းပဲ မှတ်တမ်းတင်ထားခဲ့ပါတယ်)
Credit
Zawgyi
ရာဇဝင္ထဲမွာ တေစၦကိုက္လို႔ ကြယ္လြန္ ခဲ့ရတဲ့ သူရဲေကာင္းတစ္ဦး
တေစၦ ကိုက္လို႔ေသခဲ့တဲ့ သူရဲေကာင္းကေတာ့ အားလုံးသိတဲ့ သမိန္ဗရမ္းပဲ ျဖစ္ပါတယ္။ သမိန္ဗရမ္းဟာ သူ႕ရွင္ရာဇာဓိရာဇ္ရဲ႕ ထင္ရွားတဲ့သူရဲေကာင္းတစ္ေယာက္ျဖစ္ပါတယ္။ စစ္ပြဲအတြင္း ဗမာဘုရင္ရဲ႕ လက္ရဖမ္းဆီးျခင္းကို ခံခဲ့ရၿပီး အက်ဥ္းခ်ထားခံရသူလည္း ျဖစ္ပါတယ္။
ထိုအခ်ိန္မွာ တ႐ုတ္စစ္သူႀကီးဂါမဏိက စီးခ်င္းထိုးရန္ လာေရာက္ခဲ့ပါတယ္။ သို႔ေသာ္ ဗမာတို႔ဘက္မွ ဂါမဏိႏွင့္ ယွဥ္၍ စီးခ်င္းထိုးနိုင္မည့္သူမရွိပါ။ ဗမာသူရဲေကာင္းအားလုံးသည္ စစ္ေျမျပင္တြင္ေရာက္ရွိေနခဲ့တာေၾကာင့္ျဖစ္ပါတယ္။
ဤတြင္ အက်ဥ္းခ်ခံထားရသူ သမိန္ဗရမ္း စဥ္းစားသည္မွာ
ငါသည္ အင္း၀ျပည္တြင္ ရွိေနပါလ်က္ အင္း၀ျပည္ မက္ဆုံးစ
ေကာင္း ။ ထို႔ျပင္ အင္း၀သည္ ပဲခူး(မြန္ေနျပည္ေတာ္) ၏ တန္ခါး၀လည္း ျဖစ္သည္။ တ႐ုတ္တို႔သည္ အင္း၀ကိုနိုင္လွ်င္ေသာ္မွ ျပန္ၾကမည္ မထင္။
အင္း၀ပ်က္လွ်င္ ဟံသာ၀တီကိုလည္း အလြတ္ေပးမည္ မဟုတ္ ။ ထို႔ေၾကာင့္ အင္း၀မက်ဆဳံးေအာင္ ငါ့ကိုေထာင္မွ ထြက္ခြင့္ျပဳပါ။ အင္း၀သားမ်ား ကိုယ္စားဂါမဏိ ႏွင့္ စီးခ်င္းထိုးေပးပါမည္ဟု ငါေျပာရေသာ္ေကာင္းမည္ ဟူ၍ စဥ္းစားကာ စဥ္းစား ထားသည့္အတိုင္း ေထာင္မႉးမ်ားမွ တစ္ဆင့္ ဘုရင္မင္းေခါင္အားေလွ်ာက္ေစပါတယ္။ ဘုရင္မင္းေခါင္ကလည္း ၀မ္းသာအားရ
လက္ခံေတာ္မူပါတယ္။
သို႔ျဖင့္ စီးခ်င္းထိုး၍ေန႕သို႔ေရာက္ေသာအခါ တ႐ုတ္စစ္သူႀကီးဂါမဏိသည္ တစ္ကိုယ္လုံးတြင္ေ႐ႊနန္းႀကိဳးမ်ားျဖင့္ ယက္လုပ္ထားသည့္ ေ႐ႊခ်ပ္၀တ္တန္ဆာကို ၀တ္ကာ လက္နက္မ်ားထည့္ထားသည့္ ျခင္းေတာင္းကို ေက်ာတြင္လြယ္၍ ျမင္းစီးကာ ကြင္းလယ္ကို ထြက္လာခဲ့ပါတယ္။
သမိန္ဗရမ္းကေတာ့ ေပါ့ပါးတဲ့ခ်ပ္၀တ္တန္ဆာကို ၀တ္ကာ ေ႐ႊျဖင့္မြမ္းမံထားေသာ ေခါင္းေပါင္းအနီကိုေပါင္းကာ လက္သန္းတြင္ န၀ရတ္ကိုးပါးလက္စြပ္ကို ၀တ္ကာထြက္လာပါတယ္။
သူရဲေကာင္းမ်ားေတြ႕ဆုံႏႈတ္ဆက္ၿပီးေနာက္ သမိန္ဗရမ္းက ဂါမဏိအား ဂါမဏိ သင္ႏွင့္က်ဳပ္တို႔ ယေန႕တိုက္ၾကမည့္ပြဲသည္ တစ္ေယာက္ေယာက္အတြက္ ေနာက္ဆုံးပြဲျဖစ္နိုင္သည္။ စ၍တိုက္သည္ႏွင့္ တိုက္ပြဲလည္း အဆုံးသတ္သြားမည္ျဖစ္သည္။
ၾကည့္ေနေသာပရိတ္သတ္အတြက္ စိတ္မေက်နပ္စဖြယ္ျဖစ္လိမ့္မည္။ ထို႔ေၾကာင့္သင္က သင္တို႔၏ေတးသီခ်င္းကို ဆို၍ ကပါ။ ငါကလည္း ကႀကိဳး အတိုင္းလိုက္ကမည္။ ထို႔ေနာက္ ငါက လည္း ငါတို႔သီခ်င္းဆိုကာ ကပါမည္။သင္လည္းလိုက္ကပါ ဟုဆိုေသာ္ ဂါမဏိလည္း သေဘာတူကာလိုက္ကပါတယ္။
တကယ္ေတာ့ ဒါဟာ ဂါမဏိရဲ႕ေပ်ာ့ကြက္ကိုသိခ်င္လို႔ သမိန္ဗရမ္းရဲ႕ဉာဏ္ဆင္ျခင္းသာ ျဖစ္ပါတယ္။ ထိုေခတ္က ျမင္းေက်ာေပၚတြင္ စီးနင္ရင္းလက္နက္မ်ားကို ကစားကာ ကျပရေသာ ဓေလ့ရွိခဲ့တာေၾကာင့္ ျဖစ္ပါတယ္။
ပထမဆုံး ဂါမဏိက သူတို႔အကကို ကသည္။ သမိန္ဗရမ္းကလည္း လိုက္ကသည္။ ထို႔ေနာက္သမိန္ဗရမ္းက ကသည္။ ထိုသို႔ကရာတြင္ ဂါမဏိ၏ ေပ်ာ့ကြက္ကို ျမင္နိုင္ရန္ လက္ကိုျမႇောက္ခ်ည္ ခ်ခ်ည္လုပ္၍လည္ေကာင္း၊ ကင္းၿမီးေကာက္ေထာင္၍လည္ေကာင္း ကျပေလသည္။ ဂါမဏိကလည္း လိုကၠ၏။
ထိုသို႔ကေနစဥ္ ဂါမဏိ၏ ခ်ိဳင္းအတြင္းဘက္၌ ခ်ပ္ႀကိဳးျပတ္ကာ အသားေပၚေနသည္ကို သမိန္ဗရမ္းျမင္လိုက္ၿပီး ကႀကိဳးကိုရပ္၏။ ထို႔ေနာက္စီးခ်င္းတိုက္ပြဲကို စတင္ပါေတာ့တယ္။ဂါမဏိက ျမင္းကိုဇက္ဖြင့္၍လိုက္တာနဲ႕ သမိန္ဗရမ္းက ေျပးပါတယ္။
ထို႔ေနာက္ျမင္းကို ႐ုတ္တရက္လွည့္ကာ ဂါမဏိကိုျပန္လိုက္ပါတယ္။ ထိုသို႔ေျပးလိုက္ ၊ လိုက္လိုက္ႏွင့္ဂါမဏိေမာသြားသည့္အခ်ိန္တြင္ သမိန္ဗရမ္းသည္ ဂါမဏိအနားသို႔ ကပ္သြား၏။ ဂါမဏိက လက္ကိုျမႇောက္ကာ ဓါးျဖင့္သမိန္ဗရမ္း၏ လည္ကိုပိုင္း
မည္အျပဳတြင္ အေမာလြန္ေနေသာ ဂါမဏိသည္ လက္ကိုလွ်င္ျမန္စြာမလႈပ္ရွားနိုင္ေတာ့ေခ်။
ထိုအခ်ိန္တြင္ သမိန္ဗရမ္းက ဂါမဏိ၏ ခ်ပ္ႀကိဳးျပတ္ေနေသာ ခ်ိဳင္းၾကားေနရာကို လွံျဖင့္ထိုးကာ ဂါမဏိ၏ ခႏၶာကိုယ္ျမင္းေပၚမွမက်မီ ေခါင္းကိုျဖတ္ကာ သံျခင္းထဲသို႔ ထည့္လိုက္ပါေတာ့တယ္။အင္း၀ဘုရင္မင္းေခါင္က သေဘာက်ေတာ္မႈလွသျဖင့္ ရာဇဓိရာဇ္ေပးေသာ စည္းစိမ္ႏွင့္ ညီမွ်ေအာင္ငါေပးမည္ သမီးေတာ္ ရာဇ ဓိတာ ႏွင့္လည္းအပ္ႏွင္းမည္ ဟုဆြဲေဆာင္ပါတယ္။
သို႔ေသာ္သမိန္ဗရမ္းက ကြၽႏု္ပ္ဤ အမႈေတာ္ကို ထမ္းေဆာင္ခဲ့ျခင္းမွာ အခ်ဳပ္မွလြတ္လိုျခင္း၊ ကြၽႏု္ပ္၏အစြမ္းကိုသိေစျခင္း ႏွင့္ ဟံသာ၀တီသို႔ျပန္လည္ ပို႔ေဆာင္ျခင္း(သို႔)ကြၽႏု္ပ္အားကြပ္မ်က္ျခင္း စသည္တို႔ေၾကာင့္ ျဖစ္တယ္ လို႔ျပန္ေလွ်ာက္တင္ပါတယ္။
ဘုရင္မင္းေခါင္က သမိန္ဗရမ္းသည္ ေက်းဇူးရွိသူျဖစ္တာေၾကာင့္ ကြပ္လဲမကြပ္နိုင္၊ ဟံသာ၀တီသို႔လည္း ျပန္မလႊတ္ခ်င္ တာေၾကာင့္ သမီးေတာ္ ရာဇဓိတာႏွင့္ ဆြဲေဆာင္ေစပါတယ္။ သမီးေတာ္ရာဇဓိတာမြာ တခါမွ်တပါးေသာ ေယာက်ၤားအား ကြမ္းမတည္စဖူး ၊ မ်က္ႏွာမျပဖူးရာ မ်က္လႊာခ်၍ သမိန္ဗရမ္းအားၾကည့္ပါတယ္။
သမီးေတာ္ကို ျမင္ျမင္ခ်င္းသေဘာက်သြားေသာ သမိန္ဗရမ္းေတြးသည္မွာ ဘုရင္ကငါ့အား ျပန္လႊတ္ေတာ့မည္ မဟုတ္။ ငါ့အေနႏွင့္ ကုသိုလ္ကံရွိေသာ္ ဟံသာ၀တီသို႔ျပန္ရေပမည္ ဟုဆိုကာ အမႈေတာ္ကို ထမ္းပါေတာ့တယ္။ ထိုသို႔အမႈေတာ္ထမ္းမည္ဟုဆိုရာတြင္ အခ်က္ ၂ ခ်က္ကိုေတာင္းပါတယ္။
ထိုအခ်က္ ၂ ခ်က္မွာ
၁။ ဟံသာ၀တီ ႏွင့္ အင္း၀စစ္ျဖစ္ပါက မည္သည့္ဘက္ကမွ်မကူပဲ ၾကားေနအျဖစ္ေနရန္
၂။ ကြၽန္ဟူေသာ အသုံးကို မသုံးရန္၊ ထိုသို႔သုံးသည္ႏွင့္ဟံသာ၀တီကိုျပန္ရန္ျဖစ္ပါတယ္။
သို႔ျဖင့္ သမိန္ဗရမ္းႏွင့္ ရာဇာဓိတာတို႔မွ သားေယာက်ၤားေလးေမြးဖြားရာ ဘုရင္မင္းေခါင္က ခ်စ္ေတာ္မႈ၍ ရင္ခြင္ပိုက္၍ တိုင္းျပည္ေရးရာေဆြးေႏြးေတာ္မူပါတယ္။
တေန႕ ကေလးက ဘုရင္မင္းေခါင္ရဲ႕ ဆံပင္ကိုဆြဲခ်၍ ဟၾယၠ္ႏ္သားေကတာ့ ၾကာလွ်င္မင္းရဲေက်ာ္စြာျဖစ္ေပအုံးမယ္ ဟု ႏႈတ္မွလႊတ္ခနဲထြက္သြားရာ ထိုညတြင္ပင္ သမိန္ဗရမ္းသည္ ဟံသာ၀တီသို႔ျပန္ပါတယ္။ ဘုရင္မင္းေခါင္လည္း သူ႕အမွားအတြက္ အလြန္စိတ္ထိခိုက္ေတာ္မူပါတယ္။
ဟံသာ၀တီျပန္ေရာက္ေသာ္ ျဖစ္ေၾကာင္းကုန္စင္ကို ရာဇာဓိရာဇ္ အားေလွ်ာက္တင္ရာ သေဘာက်ေတာ္မူလွသျဖင့္ ဒုန္း၀န္ကိုစားေစပါတယ္။ ဒုန္း၀န္စား သမိန္ဗရမ္းသည္ ရာဇာဓိရာဇ္လြန္၍ သားေတာ္ ဗညားက်န္းထံတြင္ ဆက္လက္အမႈထမ္း၏။ ဒုန္း၀န္မွ နံနက္မိုးေသာက္ ယံတြင္ထြက္ၿပီး ဟံသာ၀တီသို႔ျမင္းျဖင့္လာကာ ညေနခ်မ္းအခ်ိန္တြင္ ဒုန္း၀န္သို႔ျပန္ပါတယ္။
တေန႕တြင္ သမိန္ဗရမ္း သြားေနၾကလမ္းတြင္ရွိေသာ ဣဘယဂါမ႐ြာသို႔ ဓားျပ၀င္၏။ ႐ြာသားမ်ားက ဓားျပဗိုလ္အားဖမ္းမိကာ ႏွိပ္စက္ၿပီး ရင္ကိုခြဲလိုက္ကာ အေလာင္းေကာင္ကို တံက်င္သီ၍ ႐ြာျပင္ဘက္ေတာလမ္းခရီးတြင္ ခ်ိတ္ဆြဲထားလိုက္ၾကပါတယ္။
ဟံသာ၀တီမွျပန္လာေသာ သမိန္ဗရမ္းသည္ ထို႐ြာအနီးသို႔ေရာက္လာေသာအခါဟယ္ သမိန္ဗရမ္း၊ နင့္ျမင္းကို ငါလည္းစီးခ်င္လို႔ ငါ့ကိုလည္းတင္သြားပါ ဟူေသာထူးဆန္းသည့္ စကားသံကို ၾကားရေသာအခါ စစ္သားႀကီးသမိန္ဗရမ္းသည္ ၾကက္သီးေမႊးညွင္းထသြားေလ၏။
သည္ေတာထဲမွာ ငါ့နာမည္ကိုတပ္ၿပီး ဘယ္သူက မထီေလးစား
ေခၚလိုက္ပါသနည္း ဟုလွည့္ပတ္ရွာေလေသာ တစုံတေယာက္မွ
မေတြ႕ပဲ အေလာင္းေကာင္ကိုသာေတြ႕ေလေသာ္တေစၦ ေျခာက္ လွန့္ေၾကာင္းသိသြား၍ ပို၍ေဒါသထြက္သြားပါတယ္။
ဟယ္ ဓားျပဆိုး ၊ နင့္ရင္ကို သူတို႔ခြဲလိုက္လို႔ နင္ေသေနၿပီ၊ ဘာေၾကာင့္ နင္မသြားေသးပဲ ငါ့ကိုေျခာက္လွန႔္ေနသနည္း ဟု ႏႈတ္မွေအာ္ေငါက္ကာ လက္ကလည္းဓားရွည္ကို ဆြဲထုတ္ကာ ဓါးျမေခါင္းကို ျဖတ္ၿပီးျမင္းမွာခ်ိတ္ၿပီးယူလာခဲ့ပါတယ္။
ေျခာက္လွန႔္တဲ့အတြက္ေၾကာက္လည္းေၾကာက္ ေဒါသထြက္ၿပီး လုပ္မိလုပ္ရာ လုပ္လိုက္တာနဲ႕တူပါတယ္။ ထိုသို႔ျပန္ရင္း ျမင္းကခုန္ေသာအခါ ဓားျပေခါင္းျပတ္ဟာ သမိန္ဗရမ္းရဲ႕ဒူးကိုခဲပါေတာ့တယ္။
အမ်ိဳးမ်ိဳး ဆြဲျဖတ္ေသာ္လည္း မရ ေနာက္ဆုံးဓားေႏွာင့္ျဖင့္ တအားရိုက္ခ်လိဳက္ တဲ့အခါမွေခါင္းျပတ္ဟာ ေျမေပၚျပဳတ္က်သြားပါတယ္။သို႔ေသာ္ ဒူးေခါင္းတြင္ သြားသုံးေခ်ာင္းသည္ စိုက္၍က်န္ခဲ့ပါတယ္။
သမားေတာ္မ်ား ႀကိဳးစားပမ္းစားကုသေသာ္လည္း အနာမြာ အဆိပ္ အေတာက္ျဖစ္သျဖင့္ မသက္သာလာေတာ့ပဲ ေ၀ဒနာျပင္းထန္လာကာ သုံးရက္ေျမာက္ေန႕တြင္ သမိန္ဗရမ္းအနိစၥေရာက္သြားခဲ့ပါေတာ့တယ္။
(ဒီအခ်က္ကို ယုံၾကည္သူ မယုံၾကည္သူမ်ားရွိနိုင္ေပမယ့္ သမိုင္းမွတ္တမ္းေတြကေတာ့ ဒီအတိုင္းပဲ မွတ္တမ္းတင္ထားခဲ့ပါတယ္)
Credit