ဘကြီးတော်ဘုရားလက်ထက်က ”မြိတ်မြို့ဝန် ဦးမြတ်လေး” အကြောင်း

ဘကြီးတော်ဘုရားလက်ထက်က ”မြိတ်မြို့ဝန် ဦးမြတ်လေး” အကြောင်း

 

 

 

ဘကြီးတော်ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်တွင် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ – ၁၈၂၆) ဖြစ်ပွားပြီး အာသံ ၊ မဏိပူရ ၊ ရခိုင်နှင့် တနင်္သာရီ တို့ကို အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီလက်သို့ ပေးအပ်ခဲ့ရသည်။

ပထမအကြိမ် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ကျူးကျော် စစ်ပြုသည့် (၁၈၂၄) ၁၁၈၆ခုနှစ် ဝါခေါင်လတွင်ဟံသာဝတီ ရန်ကုန်ကို အင်္ဂလိပ်စစ်သင်္ဘော ၄၀နှင့် ဝင်ရောက်တိုက်ခိုက်သည်ကို ဖန်လ်နန်းရှင်မင်းတရားကြီးဟု ထိုကာလလူတို့ ခေါ်ဝေါ် သမှုပြုသည့် ဘကြီးတော်မင်းထံမှ မြိတ်မြို့ဝန် ဦးမြတ်လေးထံသို့ နောင် အင်္ဂလိပ် စစ်သင်္ဘောများ မြိတ်မြို့သို့ ဝင်ရောက်လာပါက ခုခံရန် ပြင်ဆင်ထားရမည်ဟု အမိန့်စာချွန်တော်ဖြင့် စေတော်မူလေသည်။

မြိတ်မြို့ဝန် ဦးမြတ်လေးသည် မြို့အဝင် ကမ်းခြေလူနေရပ်ကွက်ဖြစ်သော ဆိပ်ငယ်ရပ်ကွက်ကို ဖျက်ပြီး သူရဲခို ကတုတ် ခံတပ် အခိုင်အခံ့တည်ဆောက်စေကာ အမြောက်ငယ် ၃၅လုံးဖြင့် ရှေ့ခံစစ်ကြောင်း တည်စေ၏။

ထိုမှ ပေါ်တူဂီအမြောက်ဗိုလ် ရော်ရှင်ကို အကြီးအမှူးခန့်ထားသည့် ဗရင်ဂျီအမြောက်သားများဖြင့် နောက်ဖက်ကျသည့် ကုန်းမြင့်တလျောက် သိမ်တော်ကြီးကုန်းမှ ဝတ်တိုက်ကျောင်းတောင် ဘူး-ဘုရား အရောက် ကြေးအချိန် ၇ဝဝ ရှိသော “ကျည်ဝ နှစ်မိုက်၊ အလျား ခုနှစ်တောင်၊ အမြောက်ကြီးအလက်၃၀ကျော်ကို ခင်းကျင်းစီမံထားလေသည်။ (ကျည်စေ့ လုံးပတ် နှစ်ထွာ၊ အချိန် ငါးဆယ်)

မြိတ်မြို့ဝန် ဦးမြတ်လေး၏ လက်အောက် မြို့စာရေးများဖြင့် စီရင်စုနယ်များဖြစ်သော တနင်္သာရီမြို့သို့၄င်း ပုလောမြို့သို့၄င်း လူသူဆင့်ခေါ်ရာတနင်္သာရီချောင်းကြီးကျောင်းမှ ခင်ကြီးဘိုးက ညင်းဆန်ကာ မြို့သူမြို့သားများနှင့် ခုခံသောကြောင့် မြိတ်မှ ဗိုလ်ခြေလွတ်ကာသိမ်းယူစေပီး ခင်ကြီးဘိုးကို ဝတ်ဖြူလဲစေကာ တနင်္သာရီမြို့စာရေး မောင်မြတ်လေးနှင့်အတူ မြိတ်မြို့ ကန်ကြီးရေကန်ဘောင်ပေါ်တွင် အဆုံးစီရင်လေသည်။

ပုလောမြို့တွင်လည်း စစ်မလိုက်လိုသူများသဖြင့် သေနတ်များပစ်ဖေါက် ခြောက်လှန့်ကာ ယောကျား မိန်းမ အကုန်အစင် မြိတ်သို့ ဆောင်ယူနေရာချကာ အင်္ဂလိပ်ကို ခုခံရန် စီစဉ်နေစဉ်-
ထားဝယ်မြို့သို့ အင်္ဂလိပ်စစ်သင်္ဘောများ ရောက်ရှိလာလေသည်။

ဖန်လ်နန်းရှင်မင်းတရားကြီးအမိန့်အရ ထားဝယ်မြို့ဝန် ဦးရွှေတုတ်မှ ခုခံမည်ကို ရေဝန်မောင်ဓါးက သစ္စာဖေါက်ပုန်ကန်ပီး မြို့ဝန် ဦးရွှေတုတ်ကိုလက်ရဖမ်းကာ အင်္ဂလိပ်မင်းလက်သို့ အပ်ကြောင်း ထားဝယ်မှ သတင်းရောက်လျှင် အင်္ဂလိပ်တပ်ကိုတိုက်ကာ ထားဝယ်မြို့ဝန်ကို ကယ်ဆယ်ရန် သစ္စာဖေါက် ရေဝန်မောင်ဓါးကို ဖမ်းဆီးရန် တိုက်လှေ၃၀ စစ်သည် ၁၀၀၀ (တထောင်)နှင့် ကိုယ်တိုင်ချီလေသည်။

စစ်ကဲမင်း ကိုရွှေကြာတပ်နှင့် အခွန်မင်း ရေဝန် အခွန်ဝန်တို့ကို မြို့နေ မြို့စောင့်ရန် ထားရှိလေ၏။မလိကျွန်းငယ် အရောက်တွင် အင်္ဂလိပ် စစ်သင်္ဘော ၄စီး မြိတ်သို့ ချီလာကြောင်းသတင်းရလျှင် စစ်ကြောင်းကို ပြန်လှည့်ကာ မြိတ်သို့ပြန်ဝင် အခိုင်ပြုလျှက် အသင့်စောင့်လေသည်။

ရေဝန်မောင်ဖိုး စစ်ကဲမုတ်ဆိတ် အခွန်မင်းမောင်မြတ်ရာအကောက်ဝန်မောင်ယောက် စာရေးတော်ကြီးမောင်တော စာရေးတော်ကြီးမောင်ပိန် စာရေးတော်ကြီးမောင်မှုန် မြို့နာခံတော်မောင်လုပ် မြို့သူကြီးမောင်သုတ် မြို့စာရေးကိုပိန် မြို့စာရေးကိုမြတ်လှ စတိန်သူကြီးဦးဒေါင့် ထားဝယ်စုသူကြီးကိုပါ မြစ်ငယ်သူကြီးကိုရှံ လယ်ကျွန်းသူကြီး ကိုဖုန်းသီ နောက်လည်သူကြီး ကိုပန်းဦးတို့ ဦးစီးသော စစ်ကဲအဖွဲ့(ဗျူဟာဌာနချုပ်) က အမြောက်တပ်ဗိုလ် ရော်ရှင်၏ ဗရင်ဂျီအမြောက်သားများဖြင့် အမြောက်ကြီး ၂၅လက်ကို တာဝန်ယူ ပစ်ခတ်ရမည်။

သိမ်တော်ကြီးကုန်းပေါ်မှ မြိတ်မြို့ဝန် ဦးမြတ်လေး၏ ပင်မကွပ်ကဲရေးတွင် စာရေးကြီးမောင်စိန် ဆရာထွဏ်းဦးအဖွဲ့က အမြောက်၅လက်ကိုပစ်ရမည်။

ဆိပ်ငယ် ရေဆိပ် သူရဲခိုက နောက်လယ် တပ်ခေါင်းအထိ စစ်ကဲမင်း ကိုရွှေကြာက ဦးစီးပစ်ခတ်ရမည်။ မြိတ်မြို့ဝန်၏ စစ်အင်္ဂါတွင် ‘လေးရွာပြု’ ဖွဲ့စည်းပုံ -စစ်သည်သူရဲ ဒိုင်းကိုင် လှံဓါးဆွဲ ၅ဝ၊ လေးမြားသမား၂၅၊ သေနတ်ကိုင် ၇၅၊ အမြောက်သမား ၉ဝ နှင့်စစ်ဝန်ထမ်း ၅ဝ- ပါရှိသည့် ပင်မတပ် ၄တပ်နှင့် ဆင့်ခေါ်တပ်သားများပါဝင်သည်။

တနင်္သာရီ မြို့သားသေနတ်ကိုင်တပ် (လူ-၃၀၀နှင့် သေနတ်-၃၀၀ကို ၇၅ယောက်ပါ တပ်ခွဲ) ၄ဖွဲ့ဖွဲ့ပီး တပ်ဗိုလ် မောင်မောင်မြတ်ရာက အဦးအစီးပြုပြီး သိမ်တော်ကြီးကုန်းခြေရင်းတွင် နေရာယူ တပ်စွဲသည်။

၁၁၈၆ခုနှစ် သီတင်းကျွတ်လဆန်း၉ရက်နေ့ နံက် ၈နာရီတွင် အင်္ဂလိပ် ကြက်တောင်ပန်းဗိုလ်မှူး ဦးစီးသော စစ်သင်္ဘော ၄စီး ကျောက်မီးသွေးရုံဆိပ်သို့ ဆိုက်ရောက်လေသည်။

ထားဝယ်မြို့သား မောင်ခွေးဖြူကို အလံတချောင်းကိုင်စေပီး အင်္ဂလိပ်ဗိုလ်မှူးက စာချွန်တော် စေလွတ် လေသည်ကို တပ်ဗိုလ်တပ်မင်းအစုံညီရှေ့တွင် ဖတ်ကြားစေသည်။

အင်္ဂလိပ်မင်း၏စာတွင် ထားဝယ်ကို ရေဝန်မောင်ဓါးကအပ်သဖြင့် မောင်ဓါးနှင့် ဇနီး သားသမီးများကို ရှေးကထက်တိုးပီး အင်္ဂလိပ်မင်းစစ်ဗိုလ်တို့က မြင့်မြတ်သောရာထူး ခန့်ထားတော်မူသည်။ မောင်ဓါး၏သား မောင်ရွှေပုကို ဗိုလ်တင်ကာ ဝယ်သား၅၀၀ တပ်ဖြင့် အင်္ဂလိပ်မင်းဖက်မှ ပါလာသည်။
မြို့ဝန် မောင်မြတ်လေးသည် မြို့ကို အပ်မည် မအပ်မည် အမြန်သိလိုသည်ဟု ပါလေသည်။

စာဖတ်ပြီးနောက် ငခွေးဖြူကို ယူလာသော အလံကို ကိုင်စေလျက် ငရွေးဗိုလ်လက်သို့ အပ်ကာ တဇပြင်သို့ ထုတ်စေပီးမှ ထောင်သွင်းထားရမည်ဟု မိန့်လေသည့်အတိုင်းထောင်သွင်းထားလေသည်။

အင်္ဂလိပ်တို့လည်း အခင်းအကျင်းကိုမြင်လျှင် နံက်၉နာရီခန့်တွင် ကျောက်မီးသွေးရုံတံတားက သင်္ဘောတစီး ရေစီးတွင် သင်္ဘောတစီးး တံတားကြီးတွင် သင်္ဘော၂စီး စည်းကြပ်ကာနေရာချထား လေသည်။မြိတ်မြို့ဝန် ဦးမြတ်လေးက သိမ်တော်ကြီးကုန်းပေါ်ရှိ စေတီတော်ကြီးအောက် ကျောက်တန်းတွင် ရွှေထီး၂လက် မိုးကာထိုင်လျက် သင်္ဘော၄စီး စည်းကြပ်ကာနေရာချထား နေသည်တို့ကိုကြည့်ပြီးလျှင်၁၀နာရီထိုးလျှင် ပင်မကွပ်ကဲရေးတွင်ရှိသောရန်ပုံခွင်းနှင့် မြို့လုံးချမ်းသာ အမြောက်ကြီး၂လက်ဖြင့် စတင် ပစ်ဲပီးနောက် ရှိသမျှ အမြောက်အားလုံး သတ်မှတ်ပေးထားရာ ပစ်မှတ်များသို့ပစ်ရမည်ဟု အမိန့်ပေးသည်။

၁၀နာရီထိုးလျှင် အစီအစဉ်အတိုင်း ပစ်ခတ်ရာ အင်္ဂလိပ်စစ်သင်္ဘောပေါ်မှလည်း တပြိုင်တည်း ပြန်လည် ပစ်ခတ်ကြသည်ဖြစ်သဖြင့် တမြို့လုံး မီးခိုး ဖုံးကာ လူလုံးပင်မမြင်အောင် ၃နာရီကြာခန့် အပြန်အလှန် ပစ်ခတ်ကြလေသည်။

နေ့လည် နာရီပြန် ၂ချက်ထိုးခန့် မီးခိုးပြယ်လျှင် သည်တချီ ထပ်ပစ်ပြီးမှ နေရာပြောင်းတိုက်မည်ဟု မိန့်တော်မူသည့်အတွက် ရှိသမျှ အမြောက်ကြီးငယ် လက်နက်မီးပေါက် အကုန်ဖြင့် ထပ်မံ ပစ်ကြပြန်သော် မြို့ကပစ်သောလက်နက် သင်္ဘောများသို့ များစွာထိမှန်လေသည်။

သင်္ဘောကပစ်သော လက်နက်မှာ တောင်ခံနေသဖြင့် များစွာအထိအခိုက်မရှိလှပေ။မှောင်ရီပြိုးသောအခါ မြို့ဝန်မင်းက သည်အခြေအနေတွင် များစွာ စိုးရိမ်ရန်မရှိ ယခုရပ်ဆိုင်းကြဦး နံက် စောစောမှာ ထပ်မံပစ်မည် ဝယ်သားများ ကုန်းကြောင်းမှ တက်လာလျှင် ငါ့ကိုလျောက်ကြဟု မိန့်သဖြင့် အပစ်ရပ်လေသည်။

မြန်မာဖက်မှအမြောပ်များ အပစ်ရပ်နေစဉ် စစ်သင်္ဘောမှ အင်္ဂလိပ်စစ်သားအများ လှေသမ္မာန်များဖြင့်ကူးကာ ကမ်းတက်လေလျှင်လှေတထောင်တပ်ဗိုလ် မောင်ရှန်းဖြူတပ်နှင် ခုခံတိုက်ခြင်း မသာတခါးမှ မြန်မာစစ်သည်တို့ ပစ်ခတ်ခုခံခြင်းတို့ကြောင့် အင်္ဂလိပ်စစ်သားများ ရှေ့မတိုးနိုင် မြို့ရိုးကြား ပုန်းကွယ်ပစ်ခတ်နေရလေသည်။

သို့ရာတွင် ညနေပိုင်း တိုက်ပွဲခနအကြာ မိုးသီးထံစွာ ရွာသွန်းလေရာ မြန်မာတို့၏ အမြောက်ကြီးငယ် လက်နက်မီးပေါက်များ နားခွက်က မီးမကူးနိုင်ဖြစ်ကာ ပစ်မရသောကြောင့် အင်္ဂလိပ်စစ်သားများ အတင်းတက်ကြရာ မြန်မာတို့က ဓါးလင်္ှဖြင့် ထိုးခုတ်သဖြင် အင်္ဂလိပ်စစ်သားများ ၁၀၀ကျော် သေ
ဆုံးသော်လဲ အင်္ဂလိပ်စစ်သားများဇွဲခတ်ကာအတင်းတက်ပြန်သည်။မြို့ဝန်မင်းကြားသော် လတ်တလောထပြီး ဦးမြတ်လေး သားမောင်မောင် ထားဗိုလ်မောင်လေးတို့ မသာတခါးသို့ပြေးသွားကာ ခုခံထိုးခုတ်ကြလေသည်။

သိမ်တော်ကြီးကုန်းပေါ်ရှိ ရန်ပုံခွင်းအမြောက်ကြီး လက်ကျိုးသဖြင့် ပစ်မရကြောင်း သတင်းပို့လျှင် တက်လာသမျှ ဂေါ်ရာကုလားတို့ကို ဓါးနှင့်သာခုတ်ကြဟု အမိန့်ပေးပြီး ကိုယ်တော်တိုင် ရွပ်ရွပ်ချွန်ချွန် တလစပ်ထိုးခုတ်လေသည်။မြစ်ငယ်ရပ်မှ ဂေါ်ရာတပ်ရှုံးပီးဆုတ်လျှင် သွေးကြွနေသည့် မြန်မာစစ်သည်တချို့ မြစ်ငယ်တံတားထိ လိုက်ခုတ်လေသည်။

ထိုမှ အရှေ့ကျောင်းတောင် ခြေသို့ တက်လာသည့် အင်္ဂလိပ်စစ်သည် ၁၀၀၀ကို မြို့ဝန်မင်း ဦးမြတ်လေး ကိုယ်တိုင် စစ်ချီတိုက်ခိုက်ရာ အင်္ဂလိပ် ခေတ်မှီ လက်နက်များဒဏ်ကြောင့် များစွာသော မြန်မာစစ်သည်တို့ ကျဆုံးရလေသည်။

မြို့ဝန်မင်း ဦးမြတ်လေး ကိုယ်တိုင်တပ်ဦးမှာမားမားလျှပ်လျှပ် ရပ်ခိုင်ထိုးခုတ်ပါသော်လည်း ပြောင်းဝက ယမ်းလောင်း ထောင်းပီးကာမှ နခွက်ထိပ် ကက်ပိတ်လို့ ပစ်ရတဲ့သေနတ် မိုးမသည်းသည်သော်မှ ထိုခေတ်ပေါ် အင်္ဂလိပ် မောင်းထိုးသေနတ် ယှဉ်ကပ်ဖို့ မလွယ်လှသည် ဖြစ်ရာ ရဲမက်ပေါင်းများစွာ သေကြေဒဏ်ရာရသည်နှင့် မြို့ကိုခွာကာ ဆုတ်ရလေတော့သည်။

၁၁၈၆ခုနှစ် သီတင်းကျွတ်လဆန်း၁၄ရက်နေ့ မြို့ပျက်ပီး ၄ရက်အကြာ ဘိတ်တောင်အရပ်တွင် တိမ်းရှောင်နေသော မြို့ဝန်မင်း ဦးမြတ်လေးက မြို့သို့ဝင်မည် အကြောင်းကြားသဖြင့် အင်္ဂလိပ်ဗိုလ်၂ယောက် သွားပီး မြို့သို့ ဆောင်ခဲ့၏။

အမြောက်ဗိုလ် ရော်ရှင်နှင့် ဗရင်ဂျီဘာသာဝင် အမြောက်အမှုထမ်းများအား သင်္ဘောတွင်ချကာ အကျဉ်းထားသည်ကို ထိုသူတို့အပါအဝင် ခံပစ်သူများအပေါင်းသည် ကျွနုပ်၏အမိန့်ဖြင့်သာလျှင် ခုခံသည်ဖြစ်သောကြောင့် ကျွနုပ်ကိုယ်တိုင် အင်္ဂလိပ်မင်း လက်သို့ ပါလာသည်တွင် ၄င်းလူအများကို အရေးမယူ လွတ်ပေးရန် ခုခံပြောဆိုသည့်အတွက် လွတ်ပေးကာ အမြောက် ဗိုလ် ရော်ရှင် အကောက်ဝန်မောင်ယောက် မြို့ဝန်မင်း ဦးမြတ်လေး မယား သားသမီးများပါအကျယ်ချုပ်နှင့် ယူသွားပြီး ဘင်္ဂလားတွင် ထားလေသည်။ နောင်တွင် မုတ္တမသို့ပြန်ခေါ်ကာ ပင်စင်ပေးပြီးထားလေသည်။

 

Credit

 

Zawgyi

 

ဘႀကီးေတာ္ဘုရားလက္ထက္က ”ၿမိတ္ၿမိဳ႕ဝန္ ဦးျမတ္ေလး” အေၾကာင္း

 

 

 

ဘႀကီးေတာ္ဘုရား (၁၈၁၉-၁၈၃၇) လက္ထက္တြင္ ပထမ အဂၤလိပ္-ျမန္မာ စစ္ပြဲ (၁၈၂၄ – ၁၈၂၆) ျဖစ္ပြားၿပီး အာသံ ၊ မဏိပူရ ၊ ရခိုင္ႏွင့္ တနသၤာရီ တို႔ကို အဂၤလိပ္ အေရွ႕အိႏၵိယ ကုမၸဏီလက္သို႔ ေပးအပ္ခဲ့ရသည္။

ပထမအႀကိမ္ အဂၤလိပ္တို႔ ျမန္မာနိုင္ငံကို က်ဴးေက်ာ္ စစ္ျပဳသည့္ (၁၈၂၄) ၁၁၈၆ခုႏွစ္ ဝါေခါင္လတြင္ဟံသာဝတီ ရန္ကုန္ကို အဂၤလိပ္စစ္သေဘၤာ ၄၀ႏွင့္ ဝင္ေရာက္တိုက္ခိုက္သည္ကို ဖန္လ္နန္းရွင္မင္းတရားႀကီးဟု ထိုကာလလူတို႔ ေခၚေဝၚ သမႈျပဳသည့္ ဘႀကီးေတာ္မင္းထံမွ ၿမိတ္ၿမိဳ႕ဝန္ ဦးျမတ္ေလးထံသို႔ ေနာင္ အဂၤလိပ္ စစ္သေဘၤာမ်ား ၿမိတ္ၿမိဳ႕သို႔ ဝင္ေရာက္လာပါက ခုခံရန္ ျပင္ဆင္ထားရမည္ဟု အမိန့္စာခြၽန္ေတာ္ျဖင့္ ေစေတာ္မူေလသည္။

ၿမိတ္ၿမိဳ႕ဝန္ ဦးျမတ္ေလးသည္ ၿမိဳ႕အဝင္ ကမ္းေျခလူေနရပ္ကြက္ျဖစ္ေသာ ဆိပ္ငယ္ရပ္ကြက္ကို ဖ်က္ၿပီး သူရဲခို ကတုတ္ ခံတပ္ အခိုင္အခံ့တည္ေဆာက္ေစကာ အေျမာက္ငယ္ ၃၅လုံးျဖင့္ ေရွ႕ခံစစ္ေၾကာင္း တည္ေစ၏။

ထိုမွ ေပၚတူဂီအေျမာက္ဗိုလ္ ေရာ္ရွင္ကို အႀကီးအမႉးခန့္ထားသည့္ ဗရင္ဂ်ီအေျမာက္သားမ်ားျဖင့္ ေနာက္ဖက္က်သည့္ ကုန္းျမင့္တေလ်ာက္ သိမ္ေတာ္ႀကီးကုန္းမွ ဝတ္တိုက္ေက်ာင္းေတာင္ ဘူး-ဘုရား အေရာက္ ေၾကးအခ်ိန္ ၇ဝဝ ရွိေသာ “က်ည္ဝ ႏွစ္မိုက္၊ အလ်ား ခုႏွစ္ေတာင္၊ အေျမာက္ႀကီးအလက္၃၀ေက်ာ္ကို ခင္းက်င္းစီမံထားေလသည္။ (က်ည္ေစ့ လုံးပတ္ ႏွစ္ထြာ၊ အခ်ိန္ ငါးဆယ္)

ၿမိတ္ၿမိဳ႕ဝန္ ဦးျမတ္ေလး၏ လက္ေအာက္ ၿမိဳ႕စာေရးမ်ားျဖင့္ စီရင္စုနယ္မ်ားျဖစ္ေသာ တနသၤာရီၿမိဳ႕သို႔၄င္း ပုေလာၿမိဳ႕သို႔၄င္း လူသူဆင့္ေခၚရာတနသၤာရီေခ်ာင္းႀကီးေက်ာင္းမွ ခင္ႀကီးဘိုးက ညင္းဆန္ကာ ၿမိဳ႕သူၿမိဳ႕သားမ်ားႏွင့္ ခုခံေသာေၾကာင့္ ၿမိတ္မွ ဗိုလ္ေျခလြတ္ကာသိမ္းယူေစပီး ခင္ႀကီးဘိုးကို ဝတ္ျဖဴလဲေစကာ တနသၤာရီၿမိဳ႕စာေရး ေမာင္ျမတ္ေလးႏွင့္အတူ ၿမိတ္ၿမိဳ႕ ကန္ႀကီးေရကန္ေဘာင္ေပၚတြင္ အဆုံးစီရင္ေလသည္။

ပုေလာၿမိဳ႕တြင္လည္း စစ္မလိုက္လိုသူမ်ားသျဖင့္ ေသနတ္မ်ားပစ္ေဖါက္ ေျခာက္လွန့္ကာ ေယာက်ား မိန္းမ အကုန္အစင္ ၿမိတ္သို႔ ေဆာင္ယူေနရာခ်ကာ အဂၤလိပ္ကို ခုခံရန္ စီစဥ္ေနစဥ္-
ထားဝယ္ၿမိဳ႕သို႔ အဂၤလိပ္စစ္သေဘၤာမ်ား ေရာက္ရွိလာေလသည္။

ဖန္လ္နန္းရွင္မင္းတရားႀကီးအမိန့္အရ ထားဝယ္ၿမိဳ႕ဝန္ ဦးေ႐ႊတုတ္မွ ခုခံမည္ကို ေရဝန္ေမာင္ဓါးက သစၥာေဖါက္ပုန္ကန္ပီး ၿမိဳ႕ဝန္ ဦးေ႐ႊတုတ္ကိုလက္ရဖမ္းကာ အဂၤလိပ္မင္းလက္သို႔ အပ္ေၾကာင္း ထားဝယ္မွ သတင္းေရာက္လွ်င္ အဂၤလိပ္တပ္ကိုတိုက္ကာ ထားဝယ္ၿမိဳ႕ဝန္ကို ကယ္ဆယ္ရန္ သစၥာေဖါက္ ေရဝန္ေမာင္ဓါးကို ဖမ္းဆီးရန္ တိုက္ေလွ၃၀ စစ္သည္ ၁၀၀၀ (တေထာင္)ႏွင့္ ကိုယ္တိုင္ခ်ီေလသည္။

စစ္ကဲမင္း ကိုေ႐ႊၾကာတပ္ႏွင့္ အခြန္မင္း ေရဝန္ အခြန္ဝန္တို႔ကို ၿမိဳ႕ေန ၿမိဳ႕ေစာင့္ရန္ ထားရွိေလ၏။မလိကြၽန္းငယ္ အေရာက္တြင္ အဂၤလိပ္ စစ္သေဘၤာ ၄စီး ၿမိတ္သို႔ ခ်ီလာေၾကာင္းသတင္းရလွ်င္ စစ္ေၾကာင္းကို ျပန္လွည့္ကာ ၿမိတ္သို႔ျပန္ဝင္ အခိုင္ျပဳလွ်က္ အသင့္ေစာင့္ေလသည္။

ေရဝန္ေမာင္ဖိုး စစ္ကဲမုတ္ဆိတ္ အခြန္မင္းေမာင္ျမတ္ရာအေကာက္ဝန္ေမာင္ေယာက္ စာေရးေတာ္ႀကီးေမာင္ေတာ စာေရးေတာ္ႀကီးေမာင္ပိန္ စာေရးေတာ္ႀကီးေမာင္မႈန္ ၿမိဳ႕နာခံေတာ္ေမာင္လုပ္ ၿမိဳ႕သူႀကီးေမာင္သုတ္ ၿမိဳ႕စာေရးကိုပိန္ ၿမိဳ႕စာေရးကိုျမတ္လွ စတိန္သူႀကီးဦးေဒါင့္ ထားဝယ္စုသူႀကီးကိုပါ ျမစ္ငယ္သူႀကီးကိုရွံ လယ္ကြၽန္းသူႀကီး ကိုဖုန္းသီ ေနာက္လည္သူႀကီး ကိုပန္းဦးတို႔ ဦးစီးေသာ စစ္ကဲအဖြဲ႕(ဗ်ဴဟာဌာနခ်ဳပ္) က အေျမာက္တပ္ဗိုလ္ ေရာ္ရွင္၏ ဗရင္ဂ်ီအေျမာက္သားမ်ားျဖင့္ အေျမာက္ႀကီး ၂၅လက္ကို တာဝန္ယူ ပစ္ခတ္ရမည္။

သိမ္ေတာ္ႀကီးကုန္းေပၚမွ ၿမိတ္ၿမိဳ႕ဝန္ ဦးျမတ္ေလး၏ ပင္မကြပ္ကဲေရးတြင္ စာေရးႀကီးေမာင္စိန္ ဆရာထြဏ္းဦးအဖြဲ႕က အေျမာက္၅လက္ကိုပစ္ရမည္။

ဆိပ္ငယ္ ေရဆိပ္ သူရဲခိုက ေနာက္လယ္ တပ္ေခါင္းအထိ စစ္ကဲမင္း ကိုေ႐ႊၾကာက ဦးစီးပစ္ခတ္ရမည္။ ၿမိတ္ၿမိဳ႕ဝန္၏ စစ္အဂၤါတြင္ ‘ေလး႐ြာျပဳ’ ဖြဲ႕စည္းပုံ -စစ္သည္သူရဲ ဒိုင္းကိုင္ လွံဓါးဆြဲ ၅ဝ၊ ေလးျမားသမား၂၅၊ ေသနတ္ကိုင္ ၇၅၊ အေျမာက္သမား ၉ဝ ႏွင့္စစ္ဝန္ထမ္း ၅ဝ- ပါရွိသည့္ ပင္မတပ္ ၄တပ္ႏွင့္ ဆင့္ေခၚတပ္သားမ်ားပါဝင္သည္။

တနသၤာရီ ၿမိဳ႕သားေသနတ္ကိုင္တပ္ (လူ-၃၀၀ႏွင့္ ေသနတ္-၃၀၀ကို ၇၅ေယာက္ပါ တပ္ခြဲ) ၄ဖြဲ႕ဖြဲ႕ပီး တပ္ဗိုလ္ ေမာင္ေမာင္ျမတ္ရာက အဦးအစီးျပဳၿပီး သိမ္ေတာ္ႀကီးကုန္းေျခရင္းတြင္ ေနရာယူ တပ္စြဲသည္။

၁၁၈၆ခုႏွစ္ သီတင္းကြၽတ္လဆန္း၉ရက္ေန႕ နံက္ ၈နာရီတြင္ အဂၤလိပ္ ၾကက္ေတာင္ပန္းဗိုလ္မႉး ဦးစီးေသာ စစ္သေဘၤာ ၄စီး ေက်ာက္မီးေသြး႐ုံဆိပ္သို႔ ဆိုက္ေရာက္ေလသည္။

ထားဝယ္ၿမိဳ႕သား ေမာင္ေခြးျဖဴကို အလံတေခ်ာင္းကိုင္ေစပီး အဂၤလိပ္ဗိုလ္မႉးက စာခြၽန္ေတာ္ ေစလြတ္ ေလသည္ကို တပ္ဗိုလ္တပ္မင္းအစုံညီေရွ႕တြင္ ဖတ္ၾကားေစသည္။

အဂၤလိပ္မင္း၏စာတြင္ ထားဝယ္ကို ေရဝန္ေမာင္ဓါးကအပ္သျဖင့္ ေမာင္ဓါးႏွင့္ ဇနီး သားသမီးမ်ားကို ေရွးကထက္တိုးပီး အဂၤလိပ္မင္းစစ္ဗိုလ္တို႔က ျမင့္ျမတ္ေသာရာထူး ခန့္ထားေတာ္မူသည္။ ေမာင္ဓါး၏သား ေမာင္ေ႐ႊပုကို ဗိုလ္တင္ကာ ဝယ္သား၅၀၀ တပ္ျဖင့္ အဂၤလိပ္မင္းဖက္မွ ပါလာသည္။
ၿမိဳ႕ဝန္ ေမာင္ျမတ္ေလးသည္ ၿမိဳ႕ကို အပ္မည္ မအပ္မည္ အျမန္သိလိုသည္ဟု ပါေလသည္။

စာဖတ္ၿပီးေနာက္ ငေခြးျဖဴကို ယူလာေသာ အလံကို ကိုင္ေစလ်က္ ငေ႐ြးဗိုလ္လက္သို႔ အပ္ကာ တဇျပင္သို႔ ထုတ္ေစပီးမွ ေထာင္သြင္းထားရမည္ဟု မိန့္ေလသည့္အတိုင္းေထာင္သြင္းထားေလသည္။

အဂၤလိပ္တို႔လည္း အခင္းအက်င္းကိုျမင္လွ်င္ နံက္၉နာရီခန့္တြင္ ေက်ာက္မီးေသြး႐ုံတံတားက သေဘၤာတစီး ေရစီးတြင္ သေဘၤာတစီးး တံတားႀကီးတြင္ သေဘၤာ၂စီး စည္းၾကပ္ကာေနရာခ်ထား ေလသည္။ၿမိတ္ၿမိဳ႕ဝန္ ဦးျမတ္ေလးက သိမ္ေတာ္ႀကီးကုန္းေပၚရွိ ေစတီေတာ္ႀကီးေအာက္ ေက်ာက္တန္းတြင္ ေ႐ႊထီး၂လက္ မိုးကာထိုင္လ်က္ သေဘၤာ၄စီး စည္းၾကပ္ကာေနရာခ်ထား ေနသည္တို႔ကိုၾကည့္ၿပီးလွ်င္၁၀နာရီထိုးလွ်င္ ပင္မကြပ္ကဲေရးတြင္ရွိေသာရန္ပုံခြင္းႏွင့္ ၿမိဳ႕လုံးခ်မ္းသာ အေျမာက္ႀကီး၂လက္ျဖင့္ စတင္ ပစ္ဲပီးေနာက္ ရွိသမွ် အေျမာက္အားလုံး သတ္မွတ္ေပးထားရာ ပစ္မွတ္မ်ားသို႔ပစ္ရမည္ဟု အမိန့္ေပးသည္။

၁၀နာရီထိုးလွ်င္ အစီအစဥ္အတိုင္း ပစ္ခတ္ရာ အဂၤလိပ္စစ္သေဘၤာေပၚမွလည္း တၿပိဳင္တည္း ျပန္လည္ ပစ္ခတ္ၾကသည္ျဖစ္သျဖင့္ တၿမိဳ႕လုံး မီးခိုး ဖုံးကာ လူလုံးပင္မျမင္ေအာင္ ၃နာရီၾကာခန့္ အျပန္အလွန္ ပစ္ခတ္ၾကေလသည္။

ေန႕လည္ နာရီျပန္ ၂ခ်က္ထိုးခန့္ မီးခိုးျပယ္လွ်င္ သည္တခ်ီ ထပ္ပစ္ၿပီးမွ ေနရာေျပာင္းတိုက္မည္ဟု မိန့္ေတာ္မူသည့္အတြက္ ရွိသမွ် အေျမာက္ႀကီးငယ္ လက္နက္မီးေပါက္ အကုန္ျဖင့္ ထပ္မံ ပစ္ၾကျပန္ေသာ္ ၿမိဳ႕ကပစ္ေသာလက္နက္ သေဘၤာမ်ားသို႔ မ်ားစြာထိမွန္ေလသည္။

သေဘၤာကပစ္ေသာ လက္နက္မွာ ေတာင္ခံေနသျဖင့္ မ်ားစြာအထိအခိုက္မရွိလွေပ။ေမွာင္ရီၿပိဳးေသာအခါ ၿမိဳ႕ဝန္မင္းက သည္အေျခအေနတြင္ မ်ားစြာ စိုးရိမ္ရန္မရွိ ယခုရပ္ဆိုင္းၾကဦး နံက္ ေစာေစာမွာ ထပ္မံပစ္မည္ ဝယ္သားမ်ား ကုန္းေၾကာင္းမွ တက္လာလွ်င္ ငါ့ကိုေလ်ာက္ၾကဟု မိန့္သျဖင့္ အပစ္ရပ္ေလသည္။

ျမန္မာဖက္မွအေျမာပ္မ်ား အပစ္ရပ္ေနစဥ္ စစ္သေဘၤာမွ အဂၤလိပ္စစ္သားအမ်ား ေလွသမၼာန္မ်ားျဖင့္ကူးကာ ကမ္းတက္ေလလွ်င္ေလွတေထာင္တပ္ဗိုလ္ ေမာင္ရွန္းျဖဴတပ္ႏွင္ ခုခံတိုက္ျခင္း မသာတခါးမွ ျမန္မာစစ္သည္တို႔ ပစ္ခတ္ခုခံျခင္းတို႔ေၾကာင့္ အဂၤလိပ္စစ္သားမ်ား ေရွ႕မတိုးနိုင္ ၿမိဳ႕ရိုးၾကား ပုန္းကြယ္ပစ္ခတ္ေနရေလသည္။

သို႔ရာတြင္ ညေနပိုင္း တိုက္ပြဲခနအၾကာ မိုးသီးထံစြာ ႐ြာသြန္းေလရာ ျမန္မာတို႔၏ အေျမာက္ႀကီးငယ္ လက္နက္မီးေပါက္မ်ား နားခြက္က မီးမကူးနိုင္ျဖစ္ကာ ပစ္မရေသာေၾကာင့္ အဂၤလိပ္စစ္သားမ်ား အတင္းတက္ၾကရာ ျမန္မာတို႔က ဓါးလၤွျဖင့္ ထိုးခုတ္သျဖင္ အဂၤလိပ္စစ္သားမ်ား ၁၀၀ေက်ာ္ ေသ
ဆုံးေသာ္လဲ အဂၤလိပ္စစ္သားမ်ားဇြဲခတ္ကာအတင္းတက္ျပန္သည္။ၿမိဳ႕ဝန္မင္းၾကားေသာ္ လတ္တေလာထၿပီး ဦးျမတ္ေလး သားေမာင္ေမာင္ ထားဗိုလ္ေမာင္ေလးတို႔ မသာတခါးသို႔ေျပးသြားကာ ခုခံထိုးခုတ္ၾကေလသည္။

သိမ္ေတာ္ႀကီးကုန္းေပၚရွိ ရန္ပုံခြင္းအေျမာက္ႀကီး လက္က်ိဳးသျဖင့္ ပစ္မရေၾကာင္း သတင္းပို႔လွ်င္ တက္လာသမွ် ေဂၚရာကုလားတို႔ကို ဓါးႏွင့္သာခုတ္ၾကဟု အမိန့္ေပးၿပီး ကိုယ္ေတာ္တိုင္ ႐ြပ္႐ြပ္ခြၽန္ခြၽန္ တလစပ္ထိုးခုတ္ေလသည္။ျမစ္ငယ္ရပ္မွ ေဂၚရာတပ္ရႈံးပီးဆုတ္လွ်င္ ေသြးႂကြေနသည့္ ျမန္မာစစ္သည္တခ်ိဳ႕ ျမစ္ငယ္တံတားထိ လိုက္ခုတ္ေလသည္။

ထိုမွ အေရွ႕ေက်ာင္းေတာင္ ေျခသို႔ တက္လာသည့္ အဂၤလိပ္စစ္သည္ ၁၀၀၀ကို ၿမိဳ႕ဝန္မင္း ဦးျမတ္ေလး ကိုယ္တိုင္ စစ္ခ်ီတိုက္ခိုက္ရာ အဂၤလိပ္ ေခတ္မွီ လက္နက္မ်ားဒဏ္ေၾကာင့္ မ်ားစြာေသာ ျမန္မာစစ္သည္တို႔ က်ဆဳံးရေလသည္။

ၿမိဳ႕ဝန္မင္း ဦးျမတ္ေလး ကိုယ္တိုင္တပ္ဦးမွာမားမားလွ်ပ္လွ်ပ္ ရပ္ခိုင္ထိုးခုတ္ပါေသာ္လည္း ေျပာင္းဝက ယမ္းေလာင္း ေထာင္းပီးကာမွ နခြက္ထိပ္ ကက္ပိတ္လို႔ ပစ္ရတဲ့ေသနတ္ မိုးမသည္းသည္ေသာ္မွ ထိုေခတ္ေပၚ အဂၤလိပ္ ေမာင္းထိုးေသနတ္ ယွဥ္ကပ္ဖို႔ မလြယ္လွသည္ ျဖစ္ရာ ရဲမက္ေပါင္းမ်ားစြာ ေသေၾကဒဏ္ရာရသည္ႏွင့္ ၿမိဳ႕ကိုခြာကာ ဆုတ္ရေလေတာ့သည္။

၁၁၈၆ခုႏွစ္ သီတင္းကြၽတ္လဆန္း၁၄ရက္ေန႕ ၿမိဳ႕ပ်က္ပီး ၄ရက္အၾကာ ဘိတ္ေတာင္အရပ္တြင္ တိမ္းေရွာင္ေနေသာ ၿမိဳ႕ဝန္မင္း ဦးျမတ္ေလးက ၿမိဳ႕သို႔ဝင္မည္ အေၾကာင္းၾကားသျဖင့္ အဂၤလိပ္ဗိုလ္၂ေယာက္ သြားပီး ၿမိဳ႕သို႔ ေဆာင္ခဲ့၏။

အေျမာက္ဗိုလ္ ေရာ္ရွင္ႏွင့္ ဗရင္ဂ်ီဘာသာဝင္ အေျမာက္အမႈထမ္းမ်ားအား သေဘၤာတြင္ခ်ကာ အက်ဥ္းထားသည္ကို ထိုသူတို႔အပါအဝင္ ခံပစ္သူမ်ားအေပါင္းသည္ ကြၽႏုပ္၏အမိန့္ျဖင့္သာလွ်င္ ခုခံသည္ျဖစ္ေသာေၾကာင့္ ကြၽႏုပ္ကိုယ္တိုင္ အဂၤလိပ္မင္း လက္သို႔ ပါလာသည္တြင္ ၄င္းလူအမ်ားကို အေရးမယူ လြတ္ေပးရန္ ခုခံေျပာဆိုသည့္အတြက္ လြတ္ေပးကာ အေျမာက္ ဗိုလ္ ေရာ္ရွင္ အေကာက္ဝန္ေမာင္ေယာက္ ၿမိဳ႕ဝန္မင္း ဦးျမတ္ေလး မယား သားသမီးမ်ားပါအက်ယ္ခ်ဳပ္ႏွင့္ ယူသြားၿပီး ဘဂၤလားတြင္ ထားေလသည္။ ေနာင္တြင္ မုတၱမသို႔ျပန္ေခၚကာ ပင္စင္ေပးၿပီးထားေလသည္။

 

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published.