အချစ်ရေးရောစစ်ရေးပါကံကြမ္မာနိမ့်ခဲ့ရသည့် နတ်သျှင်နောင် နှင့် ဓာတုကလျာ တို့ရဲ့ဘဝအကြောင်း

အချစ်ရေးရောစစ်ရေးပါကံကြမ္မာနိမ့်ခဲ့ရသည့် နတ်သျှင်နောင် နှင့် ဓာတုကလျာ တို့ရဲ့ဘဝအကြောင်း

 

 

 

နတ်သျှင်နောင် ဟုဆိုလိုက်သည်နှင့် နေပြည်တော်နှင့် ဝေးရာအရပ်သို့ စစ်ချီတက်ရင်း စခန်းချ ရပ်နားသည့်အခါပေရွက်နှင့် ကညစ် ထုတ်၍ ချစ်ရသူ ကို မည်၍မည်မျှ လွမ်းဆွတ်ရပါကြောင်း စာစီတတ်သည့် တောင်ငူခေတ်မှ စစ်သူကြီးအဖြစ် မြင်ယောင်ကြသည် ဖြစ်သည်။

ဘုရင့်နောင်မင်းတြားကြီး၏ မြေးတော်အရင်း ဖြစ်ပြီး အသက်ဆယ့်လေးနှစ် အရွယ်မှစ၍ အရွယ်ရောက်သည့်တိုင် ယိုးဒယားချီ စစ်ပွဲများတွင် တောင်ငူတပ်ကို ဦးဆောင်ကာ ကိုယ်တော်တိုင် ပါ၀င်ခဲ့သူဖြစ်သည်။

(ယိုးဒယားမင်း ဗြနရစ်ကို အကြိမ်ကြိမ်တုန်လှုပ်အောင် စွမ်းဆောင် နိုင်ခဲ့သူလည်း ဖြစ်သည်။)သူ၏ အချစ်ဦးကို အချို့က ရာဇဓာတုကလျာဟု အမှတ်မှားကြသည်။ အမှန်မှာ ရဝေရှင်ထွေး ဟုခေါ်သည့် နန်းတွင်းစာဆိုမလေးဖြစ်ပြီး ငယ်ရွယ်စဉ်ကပင် စာပေဝါသနာတူချင်းဖြစ်၍ မေတ္တာမျှခဲ့ကြသည်။

သို့သော် အရီးတော် ရာဇဓာတုကလျာ၏ အလှကို မြင်လျှင် ရဝေရှင်ထွေးကို သိပ်အမှတ်မရတော့ချေ။ (ရာဇဓာတုကလျာကို စတင်စိတ်၀င်စားမိသည့် အချိန်မှာ ဓာတုကလျာ၏ကြင်ယာတော် အိမ်ရှေ့မင်း မင်းကြီးစွာ၏ အသုဘအခမ်းအနားတွင်ဖြစ်သည်။)

ထိုအသုဘ အခမ်းအနားတွင် ရာဇဓာတုကလျာသည် အဝါရောင် ဗလာထဘီကို ၀တ်ဆင်ထားကြောင်း၊ အပေါ်ပိုင်းတွင် ဇာခြုံလွှာအနက်ရောင်ကို ရွှေပန်းပွင့်လေးများ ထိုးထားပြီး ခြုံထားကြောင်း၊ ၀မ်းနည်းကြေကွဲနေသည့် ဟန်ပန်ကို မြင်ရ၍ မိမိကိုယ်တိုင် ထွေးပွေ့လိုက်မိချင်ကြောင်းများကို နတ်သျှင်နောင်သည် ရတုစပ်ဆိုခဲ့သည်။

 

ရာဇဓာတုကလျာသည် ဘုရင့်နောင်မင်းတြားကြီး၏ သမီးတော် ဖြစ်သည်။ ဘုရင့်နောင်မင်းကြီး မဟာစေတီတည်စဉ်အခါက ဓာတ်တော်များ ဌာပနာနေစဉ် မွေးဖွားခဲ့သဖြင့် ဓာတုကလျာ ဟူသော အမည်ကို ရခဲ့ခြင်း ဖြစ်သည်။

သူမသည် ဟံသာဝတီရွှေနန်းတွင် တစ်ပင်တိုင်မင်းသမီးအဖြစ် စံမြန်းခွင့်ရခဲ့သူ ဖြစ်ပြီး သူမ၏ မွေးချင်းမောင်တော် နော်ရထာစောသည် ထိုအချိန်က ဟံသာဝတီလက်အောက်ခံ ဖြစ်သော ဇင်းမယ်ကို အုပ်ချုပ်ရသူ ဖြစ်လာသည်။

သူမသည် ဘုန်းတန်ခိုးသြဇာကြီးမားသော ဘုရင့်နောင်မင်းကြီး သမီးတော် ဖြစ်သည့်အတွက် မည်သူကမျှ ချစ်ခွင့်ပန်ရဲခဲ့ဟန် မတူပေ။ အကြောင်းမှာ ဘုရင့်နောင်မင်းကြီး နတ်ရွာစံသည့်အချိန်အထိ တစ်ပင်တိုင်မြနန်းတွင် ကြင်ဖက်မရှိ စံမြန်းနေခဲ့သောကြောင့် ဖြစ်သည်။

 

ဘုရင့်နောင် နတ်ရွာစံပြီးနောက် သားတော် နန္ဒဘုရင်က အရိုက်အရာကို ဆက်ခံသည်။ နန္ဒဘုရင် ဆက်ခံသည့်အခါ မင်းသစ်၏ အရည်အချင်းကို စမ်းသပ်လိုခြင်း၊ လက်အောက်ခံအဖြစ်ဆက်လက် မရပ်တည်လိုခြင်း စသည်တို့ကြောင့် နိုင်ငံတော်အတွင်း ပုန်ကန်မှုများ ပေါ်ပေါက်လာသည်။

ထိုပုန်ကန်မှုများအနက် ကြီးမားသော ပုန်ကန်မှုမှာ အင်းဝဘုရင်သတိုးမင်းစော၏ ပုန်ကန်မှု ဖြစ်သည်။ အဆိုပါ ပုန်ကန်မှုသည် ဓာတုကလျာနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း အနည်းငယ်မျှ ပတ်သက်နေသည်။

နန္ဒဘုရင်၏ သားတော် အိမ်ရှေ့ဥပရာဇာ မင်းကြီးစွာသည် အိမ်ရှေ့မိဖုရား နတ်ရှင်မယ် ရှိပါလျက် အရီးတော် ဓာတုကလျာကို တပ်မက်ကာ သဝဏ်လွှာများ၊ ပန်းများ မပြတ်စေပါးသည်။ အောင်သွယ်တော်များလည်း လွှတ်သည်။

ထိုအကြောင်းကို နတ်ရှင်မယ်သိလျှင် မင်းကြီးစွာနှင့် စကားများကြရာ မင်းကြီးစွာက သည်းမခံနိုင်ဘဲ ပခုံးကို တွန်းပစ်သဖြင့် နတ်ရှင်မယ်လဲကျသည်တွင် သလွန်စွန်းနှင့် နဖူးဆောင့်သဖြင့် သွေးဖြာဖြာ ကျလေ၏။

ဤတွင် နတ်ရှင်မယ် စိတ်နာကာ ကျသည့်သွေးများကို ဝတ်လဲတော်နှင့်သုတ်၍ သွေးစွန်းအဝတ်ကို ပူတာ (ကျည်တောက်)ဖြင့်ထည့်ကာ သဝဏ်လွှာနှင့်တကွ တံဆိပ်လက်ရာခတ်၍ သူမ၏ ဖခင်ဖြစ်သူ အင်းဝဘုရင် သတိုးမင်းစော ထံပို့လေ၏။

-“ဥပရာဇာ မင်းကြီးစွာသည် ဇင်းမယ်ဘုရင့်နှမ ဓာတုကလျာကို တပ်မက်၍ မပြတ်စေပါးသည်။ သမီးတော်ကို မချစ်ဘဲ ဖြစ်ကတတ်ဆန်းပြုသဖြင့် နှလုံးမသာ ရှိပါသည်။” ဟူသော သဝဏ်လွှာကို သတိုးမင်းစော ဖတ်ရလျှင် သမီးတော်အတွက် ဒေါသဖြစ်ကာ မောရှမ်းစော်ဘွားတို့ထံ မဟာမိတ်ဖွဲ့၍ နန္ဒဘုရင်ကို ခြားနားလေ၏။

ထိုပုန်ကန်မှုကို နန္ဒဘုရင် နှိမ်နင်းနိုင်ခဲ့သော်လည်းနောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ယိုးဒယားဗြနရစ် ပုန်ကန်မှုကိုမူ နှစ်ကြိမ်တိုင်တိုင် နှိမ်နင်းသော်လည်း မအောင်မြင်ခဲ့ပေ။

တတိယအကြိမ်တွင် သားတော် မင်းကြီးစွာကို နန်းစောင့်ထား၍ ကိုယ်တော်တိုင် အယုဒ္ဓယသို့ ချီသည်။ မင်းကြီးစွာသည် ဂရုစိုက်ရမည့်သူ တစ်ယောက်မျှ မရှိတော့သော ထိုအခြေအနေတွင် အရီးတော်ဓာတုကလျာကို အိမ်ရှေ့မိဖုရား မြှောက်လိုက်တော့လေသည်။

သို့သော် မင်းကြီးစွာသည် ဓာတုကလျာကို ကြာကြာမပေါင်းလိုက်ရပါချေ။ မိဖုရားမြှောက်ပြီး မကြာမီ အယုဒ္ဓယသို့ နှစ်ကြိမ်ချီခဲ့ရပြီး နောက်ဆုံးတိုက်ပွဲတွင် ယိုးဒယားမင်း ဗြနရစ်နှင့် ဆင်စီးချင်းထိုးရာတွင် စိန်ပြောင်းကျည်သင့်၍ နတ်ရွာစံခဲ့သည်။

မင်းကြီးစွာ၏ အသုဘအခမ်းအနားကို နတ်သျှင်နောင် လာရောက်ရာတွင် ဓာတုကလျာ၏ ပူဆွေးနေသော်လည်း အလှမပျက်သည်ကို မြင်လျှင် ရင်ခုန်စွာဖြင့် ရတုစပ်ခဲ့သည်။
နတ်သျှင်နောင်သည် ဓာတုကလျာထံမှ အဖြေကို ဆယ်နှစ် ဆယ်မိုးတိုင်တိုင် စိတ်ရှည်စွာ စောင့်ခဲ့ရသည်။

(သူ၏အချိန်တော်တော်များများကို စစ်ရေးစစ်ရာတွင် နှစ်မြုပ်ထားခဲ့ရသောကြောင့် အနေဝေးနေရခြင်းကြောင့်လည်း ဖြစ်နိုင်သည်)ဟံသာဝတီ နန္ဒဘုရင်ကို လက်အောက်ခံများ မငြိမ်မဝပ် ရှိကြ၍ အင်အား ယုတ်လျော့သွားသည့်အခါ တောင်ငူဘုရင် နှင့် ရခိုင်ဘုရင်တို့ မဟာမိတ်ဖွဲ့ကာ ဟံသာဝတီကို တိုက်သည်။

နန္ဒဘုရင် လက်နက်ချ၍ ရခိုင်တောင်ငူမဟာမိတ်တပ်များ ဟံသာ၀တီမြို့တွင်းသို့ ဝင်ရောက်သည့်အခါ နတ်သျှင်နောင်သည် ရာဇဓာတုကလျာထံ သို့ဦးစွာ ၀င်ရောက်ခဲ့သည်ဆို၏။ ထို့နောက် ရာဇဓာတုကလျာကို တောင်ငူသို့ ခေါ်ဆောင်ကာ အိမ်ရှေ့မိဖုရားကြီးအဖြစ် သူ၏ခမည်းတော် ရှေ့တွင် လက်ဆက်ခဲ့သည်။

သို့သော် ရိုမန်တစ် ဝါရီယာ ( Romantic Warrior) ကြီး နတ်သျှင်ကိုယ်တော်သည် စောင့်ရကျိုးမနပ်ရှာချေ။ ဆယ်နှစ်ဆယ်မိုးတိုင် စောင့်ခဲ့ရသော ရာဇဓာတုကလျာသည် လက်ဆက်ပြီး ခုနစ်လအကြာတွင် အဖျားရောဂါဖြင့် ရုတ်တရက် ကံတော်ကုန်ခဲ့သောကြောင့်ဖြစ်သည်။

ရာဇဓာတုကလျာ နှင့် ရုတ်တရက် ခွဲခွာလိုက်ရသော နတ်သျှင်နောင်သည် များစွာကြေကွဲခဲ့ပေမည်။ (နောက်ပိုင်းတွင် အင်း၀မင်း မဟာဓမ္မရာဇာက တောင်ငူကို လာတိုက်သည့်အခါ တင်ပါးတွင် သွေးစုနာပေါက်နေသဖြင့် ဆင်တော်ပေါ် မထိုင်နိုင်သောကြောင့် စီးချင်းမတိုက်နိုင်ခဲ့ပေ။

အင်း၀မင်းသည် တောင်ငူကို သိမ်းပိုက်ပြီးနောက် ကေတုမတီထီးနန်းကို မှန်ကင်းဖြုတ်ကာ နတ်သျှင်နောင်ကို လက်အောက်ခံအဖြစ် သစ္စာပေးသည်။)

ထို့နောက် နတ်သျှင်နောင်၏ မင်းမှုထမ်းများအနက်မှ စာတတ် ပေတတ် ပုဂ္ဂိုလ်များကိုလည်း အင်း၀သို့ ခေါ်ဆောင်သွားရာ နတ်သျှင်နောင်၏ ငယ်ချစ်ဦး ရဝေရှင်ထွေးကိုပါ ခေါ်ဆောင်သွားခဲ့သည်။

အချစ်ရေးရော စစ်ရေးပါ ကံကြမ္မာနိမ့်နေသော နတ်သျှင်နောင်သည် မကြံအပ်မစည်ရာကို ကြံစည်မိတော့သည်။ (ပေါ်တူဂီငဇင်ကာကို တောင်ငူသို့ ဖိတ်ခေါ်ကာ သန်လျင်သို့ လိုက်သွားခြင်းပင်ဖြစ်သည်။)

အင်း၀မင်းသည် သိလျှင်သိခြင်း သန်လျင်ကို အပြင်းချီကာ လုပ်ကြံသည်။ (တစ်လတိုင်တိုင် ခက်ခဲပင်ပန်းစွာ လုပ်ကြံပြီးမှ မြို့ကိုရော ငဇင်ကာကိုပါရသည်)ငဇင်ကာသည် ဘုရားပုထိုးစေတီအများကို ဖြိုဖျက်သော မိစ္ဆာဒိဌိဖြစ်သည်ဟု ဆိုကာ သန်လျင် မြို့လယ်စျေးတွင် တံကျင်လျှိုကာ ကွပ်မျက်သည်။

နတ်သျှင်နောင် ကိုလည်း မိစ္ဆာဒိဌိနှင့် ပေါင်းကာ အင်း၀သစ္စာကို ဖောက်ဖျက်သည်ဟူသော စွဲချက်ဖြင့် ရင်ကိုဖွင့်၍ ကွပ်မျက် သည်။ (အချို့ကလည်း ငဇင်ကာကဲ့သို့ပင် တံကျင်အလျှိုခံရသည်ဆို၏)

 

Credit

 

Zawgyi

 

အခ်စ္ေရးေရာစစ္ေရးပါကံၾကမၼာနိမ့္ခဲ့ရသည့္ နတ္သွ်င္ေနာင္ ႏွင့္ ဓာတုကလ်ာ တို႔ရဲ႕ဘဝအေၾကာင္း

 

 

နတ္သွ်င္ေနာင္ ဟုဆိုလိုက္သည္ႏွင့္ ေနျပည္ေတာ္ႏွင့္ ေဝးရာအရပ္သို႔ စစ္ခ်ီတက္ရင္း စခန္းခ် ရပ္နားသည့္အခါေပ႐ြက္ႏွင့္ ကညစ္ ထုတ္၍ ခ်စ္ရသူ ကို မည္၍မည္မွ် လြမ္းဆြတ္ရပါေၾကာင္း စာစီတတ္သည့္ ေတာင္ငူေခတ္မွ စစ္သူႀကီးအျဖစ္ ျမင္ေယာင္ၾကသည္ ျဖစ္သည္။

ဘုရင့္ေနာင္မင္းၾတားႀကီး၏ ေျမးေတာ္အရင္း ျဖစ္ၿပီး အသက္ဆယ့္ေလးႏွစ္ အ႐ြယ္မွစ၍ အ႐ြယ္ေရာက္သည့္တိုင္ ယိုးဒယားခ်ီ စစ္ပြဲမ်ားတြင္ ေတာင္ငူတပ္ကို ဦးေဆာင္ကာ ကိုယ္ေတာ္တိုင္ ပါ၀င္ခဲ့သူျဖစ္သည္။

(ယိုးဒယားမင္း ျဗနရစ္ကို အႀကိမ္ႀကိမ္တုန္လႈပ္ေအာင္ စြမ္းေဆာင္ နိုင္ခဲ့သူလည္း ျဖစ္သည္။)သူ၏ အခ်စ္ဦးကို အခ်ိဳ႕က ရာဇဓာတုကလ်ာဟု အမွတ္မွားၾကသည္။ အမွန္မွာ ရေဝရွင္ေထြး ဟုေခၚသည့္ နန္းတြင္းစာဆိုမေလးျဖစ္ၿပီး ငယ္႐ြယ္စဥ္ကပင္ စာေပဝါသနာတူခ်င္းျဖစ္၍ ေမတၱာမွ်ခဲ့ၾကသည္။

သို႔ေသာ္ အရီးေတာ္ ရာဇဓာတုကလ်ာ၏ အလွကို ျမင္လွ်င္ ရေဝရွင္ေထြးကို သိပ္အမွတ္မရေတာ့ေခ်။ (ရာဇဓာတုကလ်ာကို စတင္စိတ္၀င္စားမိသည့္ အခ်ိန္မွာ ဓာတုကလ်ာ၏ၾကင္ယာေတာ္ အိမ္ေရွ႕မင္း မင္းႀကီးစြာ၏ အသုဘအခမ္းအနားတြင္ျဖစ္သည္။)

ထိုအသုဘ အခမ္းအနားတြင္ ရာဇဓာတုကလ်ာသည္ အဝါေရာင္ ဗလာထဘီကို ၀တ္ဆင္ထားေၾကာင္း၊ အေပၚပိုင္းတြင္ ဇာၿခဳံလႊာအနက္ေရာင္ကို ေ႐ႊပန္းပြင့္ေလးမ်ား ထိုးထားၿပီး ၿခဳံထားေၾကာင္း၊ ၀မ္းနည္းေၾကကြဲေနသည့္ ဟန္ပန္ကို ျမင္ရ၍ မိမိကိုယ္တိုင္ ေထြးေပြ႕လိုက္မိခ်င္ေၾကာင္းမ်ားကို နတ္သွ်င္ေနာင္သည္ ရတုစပ္ဆိုခဲ့သည္။

 

ရာဇဓာတုကလ်ာသည္ ဘုရင့္ေနာင္မင္းၾတားႀကီး၏ သမီးေတာ္ ျဖစ္သည္။ ဘုရင့္ေနာင္မင္းႀကီး မဟာေစတီတည္စဥ္အခါက ဓာတ္ေတာ္မ်ား ဌာပနာေနစဥ္ ေမြးဖြားခဲ့သျဖင့္ ဓာတုကလ်ာ ဟူေသာ အမည္ကို ရခဲ့ျခင္း ျဖစ္သည္။

သူမသည္ ဟံသာဝတီေ႐ႊနန္းတြင္ တစ္ပင္တိုင္မင္းသမီးအျဖစ္ စံျမန္းခြင့္ရခဲ့သူ ျဖစ္ၿပီး သူမ၏ ေမြးခ်င္းေမာင္ေတာ္ ေနာ္ရထာေစာသည္ ထိုအခ်ိန္က ဟံသာဝတီလက္ေအာက္ခံ ျဖစ္ေသာ ဇင္းမယ္ကို အုပ္ခ်ဳပ္ရသူ ျဖစ္လာသည္။

သူမသည္ ဘုန္းတန္ခိုးၾသဇာႀကီးမားေသာ ဘုရင့္ေနာင္မင္းႀကီး သမီးေတာ္ ျဖစ္သည့္အတြက္ မည္သူကမွ် ခ်စ္ခြင့္ပန္ရဲခဲ့ဟန္ မတူေပ။ အေၾကာင္းမွာ ဘုရင့္ေနာင္မင္းႀကီး နတ္႐ြာစံသည့္အခ်ိန္အထိ တစ္ပင္တိုင္ျမနန္းတြင္ ၾကင္ဖက္မရွိ စံျမန္းေနခဲ့ေသာေၾကာင့္ ျဖစ္သည္။

 

ဘုရင့္ေနာင္ နတ္႐ြာစံၿပီးေနာက္ သားေတာ္ နႏၵဘုရင္က အရိုက္အရာကို ဆက္ခံသည္။ နႏၵဘုရင္ ဆက္ခံသည့္အခါ မင္းသစ္၏ အရည္အခ်င္းကို စမ္းသပ္လိုျခင္း၊ လက္ေအာက္ခံအျဖစ္ဆက္လက္ မရပ္တည္လိုျခင္း စသည္တို႔ေၾကာင့္ နိုင္ငံေတာ္အတြင္း ပုန္ကန္မႈမ်ား ေပၚေပါက္လာသည္။

ထိုပုန္ကန္မႈမ်ားအနက္ ႀကီးမားေသာ ပုန္ကန္မႈမွာ အင္းဝဘုရင္သတိုးမင္းေစာ၏ ပုန္ကန္မႈ ျဖစ္သည္။ အဆိုပါ ပုန္ကန္မႈသည္ ဓာတုကလ်ာႏွင့္ တိုက္ရိုက္မသက္ဆိုင္ေသာ္လည္း အနည္းငယ္မွ် ပတ္သက္ေနသည္။

နႏၵဘုရင္၏ သားေတာ္ အိမ္ေရွ႕ဥပရာဇာ မင္းႀကီးစြာသည္ အိမ္ေရွ႕မိဖုရား နတ္ရွင္မယ္ ရွိပါလ်က္ အရီးေတာ္ ဓာတုကလ်ာကို တပ္မက္ကာ သဝဏ္လႊာမ်ား၊ ပန္းမ်ား မျပတ္ေစပါးသည္။ ေအာင္သြယ္ေတာ္မ်ားလည္း လႊတ္သည္။

ထိုအေၾကာင္းကို နတ္ရွင္မယ္သိလွ်င္ မင္းႀကီးစြာႏွင့္ စကားမ်ားၾကရာ မင္းႀကီးစြာက သည္းမခံနိုင္ဘဲ ပခုံးကို တြန္းပစ္သျဖင့္ နတ္ရွင္မယ္လဲက်သည္တြင္ သလြန္စြန္းႏွင့္ နဖူးေဆာင့္သျဖင့္ ေသြးျဖာျဖာ က်ေလ၏။

ဤတြင္ နတ္ရွင္မယ္ စိတ္နာကာ က်သည့္ေသြးမ်ားကို ဝတ္လဲေတာ္ႏွင့္သုတ္၍ ေသြးစြန္းအဝတ္ကို ပူတာ (က်ည္ေတာက္)ျဖင့္ထည့္ကာ သဝဏ္လႊာႏွင့္တကြ တံဆိပ္လက္ရာခတ္၍ သူမ၏ ဖခင္ျဖစ္သူ အင္းဝဘုရင္ သတိုးမင္းေစာ ထံပို႔ေလ၏။

-“ဥပရာဇာ မင္းႀကီးစြာသည္ ဇင္းမယ္ဘုရင့္ႏွမ ဓာတုကလ်ာကို တပ္မက္၍ မျပတ္ေစပါးသည္။ သမီးေတာ္ကို မခ်စ္ဘဲ ျဖစ္ကတတ္ဆန္းျပဳသျဖင့္ ႏွလုံးမသာ ရွိပါသည္။” ဟူေသာ သဝဏ္လႊာကို သတိုးမင္းေစာ ဖတ္ရလွ်င္ သမီးေတာ္အတြက္ ေဒါသျဖစ္ကာ ေမာရွမ္းေစာ္ဘြားတို႔ထံ မဟာမိတ္ဖြဲ႕၍ နႏၵဘုရင္ကို ျခားနားေလ၏။

ထိုပုန္ကန္မႈကို နႏၵဘုရင္ ႏွိမ္နင္းနိုင္ခဲ့ေသာ္လည္းေနာက္ဆက္တြဲ ျဖစ္ေပၚလာသည့္ ယိုးဒယားျဗနရစ္ ပုန္ကန္မႈကိုမူ ႏွစ္ႀကိမ္တိုင္တိုင္ ႏွိမ္နင္းေသာ္လည္း မေအာင္ျမင္ခဲ့ေပ။

တတိယအႀကိမ္တြင္ သားေတာ္ မင္းႀကီးစြာကို နန္းေစာင့္ထား၍ ကိုယ္ေတာ္တိုင္ အယုဒၶယသို႔ ခ်ီသည္။ မင္းႀကီးစြာသည္ ဂ႐ုစိုက္ရမည့္သူ တစ္ေယာက္မွ် မရွိေတာ့ေသာ ထိုအေျခအေနတြင္ အရီးေတာ္ဓာတုကလ်ာကို အိမ္ေရွ႕မိဖုရား ျမႇောက္လိုက္ေတာ့ေလသည္။

သို႔ေသာ္ မင္းႀကီးစြာသည္ ဓာတုကလ်ာကို ၾကာၾကာမေပါင္းလိုက္ရပါေခ်။ မိဖုရားျမႇောက္ၿပီး မၾကာမီ အယုဒၶယသို႔ ႏွစ္ႀကိမ္ခ်ီခဲ့ရၿပီး ေနာက္ဆုံးတိုက္ပြဲတြင္ ယိုးဒယားမင္း ျဗနရစ္ႏွင့္ ဆင္စီးခ်င္းထိုးရာတြင္ စိန္ေျပာင္းက်ည္သင့္၍ နတ္႐ြာစံခဲ့သည္။

မင္းႀကီးစြာ၏ အသုဘအခမ္းအနားကို နတ္သွ်င္ေနာင္ လာေရာက္ရာတြင္ ဓာတုကလ်ာ၏ ပူေဆြးေနေသာ္လည္း အလွမပ်က္သည္ကို ျမင္လွ်င္ ရင္ခုန္စြာျဖင့္ ရတုစပ္ခဲ့သည္။
နတ္သွ်င္ေနာင္သည္ ဓာတုကလ်ာထံမွ အေျဖကို ဆယ္ႏွစ္ ဆယ္မိုးတိုင္တိုင္ စိတ္ရွည္စြာ ေစာင့္ခဲ့ရသည္။

(သူ၏အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို စစ္ေရးစစ္ရာတြင္ ႏွစ္ျမဳပ္ထားခဲ့ရေသာေၾကာင့္ အေနေဝးေနရျခင္းေၾကာင့္လည္း ျဖစ္နိုင္သည္)ဟံသာဝတီ နႏၵဘုရင္ကို လက္ေအာက္ခံမ်ား မၿငိမ္မဝပ္ ရွိၾက၍ အင္အား ယုတ္ေလ်ာ့သြားသည့္အခါ ေတာင္ငူဘုရင္ ႏွင့္ ရခိုင္ဘုရင္တို႔ မဟာမိတ္ဖြဲ႕ကာ ဟံသာဝတီကို တိုက္သည္။

နႏၵဘုရင္ လက္နက္ခ်၍ ရခိုင္ေတာင္ငူမဟာမိတ္တပ္မ်ား ဟံသာ၀တီၿမိဳ႕တြင္းသို႔ ဝင္ေရာက္သည့္အခါ နတ္သွ်င္ေနာင္သည္ ရာဇဓာတုကလ်ာထံ သို႔ဦးစြာ ၀င္ေရာက္ခဲ့သည္ဆို၏။ ထို႔ေနာက္ ရာဇဓာတုကလ်ာကို ေတာင္ငူသို႔ ေခၚေဆာင္ကာ အိမ္ေရွ႕မိဖုရားႀကီးအျဖစ္ သူ၏ခမည္းေတာ္ ေရွ႕တြင္ လက္ဆက္ခဲ့သည္။

သို႔ေသာ္ ရိုမန္တစ္ ဝါရီယာ ( Romantic Warrior) ႀကီး နတ္သွ်င္ကိုယ္ေတာ္သည္ ေစာင့္ရက်ိဳးမနပ္ရွာေခ်။ ဆယ္ႏွစ္ဆယ္မိုးတိုင္ ေစာင့္ခဲ့ရေသာ ရာဇဓာတုကလ်ာသည္ လက္ဆက္ၿပီး ခုနစ္လအၾကာတြင္ အဖ်ားေရာဂါျဖင့္ ႐ုတ္တရက္ ကံေတာ္ကုန္ခဲ့ေသာေၾကာင့္ျဖစ္သည္။

ရာဇဓာတုကလ်ာ ႏွင့္ ႐ုတ္တရက္ ခြဲခြာလိုက္ရေသာ နတ္သွ်င္ေနာင္သည္ မ်ားစြာေၾကကြဲခဲ့ေပမည္။ (ေနာက္ပိုင္းတြင္ အင္း၀မင္း မဟာဓမၼရာဇာက ေတာင္ငူကို လာတိုက္သည့္အခါ တင္ပါးတြင္ ေသြးစုနာေပါက္ေနသျဖင့္ ဆင္ေတာ္ေပၚ မထိုင္နိုင္ေသာေၾကာင့္ စီးခ်င္းမတိုက္နိုင္ခဲ့ေပ။

အင္း၀မင္းသည္ ေတာင္ငူကို သိမ္းပိုက္ၿပီးေနာက္ ေကတုမတီထီးနန္းကို မွန္ကင္းျဖဳတ္ကာ နတ္သွ်င္ေနာင္ကို လက္ေအာက္ခံအျဖစ္ သစၥာေပးသည္။)

ထို႔ေနာက္ နတ္သွ်င္ေနာင္၏ မင္းမႈထမ္းမ်ားအနက္မွ စာတတ္ ေပတတ္ ပုဂၢိဳလ္မ်ားကိုလည္း အင္း၀သို႔ ေခၚေဆာင္သြားရာ နတ္သွ်င္ေနာင္၏ ငယ္ခ်စ္ဦး ရေဝရွင္ေထြးကိုပါ ေခၚေဆာင္သြားခဲ့သည္။

အခ်စ္ေရးေရာ စစ္ေရးပါ ကံၾကမၼာနိမ့္ေနေသာ နတ္သွ်င္ေနာင္သည္ မႀကံအပ္မစည္ရာကို ႀကံစည္မိေတာ့သည္။ (ေပၚတူဂီငဇင္ကာကို ေတာင္ငူသို႔ ဖိတ္ေခၚကာ သန္လ်င္သို႔ လိုက္သြားျခင္းပင္ျဖစ္သည္။)

အင္း၀မင္းသည္ သိလွ်င္သိျခင္း သန္လ်င္ကို အျပင္းခ်ီကာ လုပ္ႀကံသည္။ (တစ္လတိုင္တိုင္ ခက္ခဲပင္ပန္းစြာ လုပ္ႀကံၿပီးမွ ၿမိဳ႕ကိုေရာ ငဇင္ကာကိုပါရသည္)ငဇင္ကာသည္ ဘုရားပုထိုးေစတီအမ်ားကို ၿဖိဳဖ်က္ေသာ မိစာၦဒိဌိျဖစ္သည္ဟု ဆိုကာ သန္လ်င္ ၿမိဳ႕လယ္ေစ်းတြင္ တံက်င္လွ်ိုကာ ကြပ္မ်က္သည္။

နတ္သွ်င္ေနာင္ ကိုလည္း မိစာၦဒိဌိႏွင့္ ေပါင္းကာ အင္း၀သစၥာကို ေဖာက္ဖ်က္သည္ဟူေသာ စြဲခ်က္ျဖင့္ ရင္ကိုဖြင့္၍ ကြပ္မ်က္ သည္။ (အခ်ိဳ႕ကလည္း ငဇင္ကာကဲ့သို႔ပင္ တံက်င္အလွ်ိုခံရသည္ဆို၏)

 

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published.