မြို့လုလင်သူကြီးရွှေလရောင် (သို့မဟုတ်) ဗိုလ်မင်းရောင်ရာဇဝင်

မြို့လုလင်သူကြီးရွှေလရောင် (သို့မဟုတ်) ဗိုလ်မင်းရောင်ရာဇဝင်

 

 

 

(၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်) နန်းတွင်း တောင်ဥယျာဉ်ဝယ် စံမြန်းနေ သော ဘုရင်နှင့် မိဖုရားတို့ သည်နန်းမြို့ရိုးအပြင် သို့ အင်္ဂလိပ်စစ်သားများခြံရံကာ ခြေကျင် ထွက်၍ ဘီရိုလှည်းစီးပြီး နန်းတော်မှအပြီးအပိုင် ထွက်ခွာသွားခဲ့ရသည်။

အင်္ဂလိပ်တို့အဖို့ မြန်မာဘုရင်ကို ဖမ်း ဆီးခေါ်ဆောင်ရသည်မှာ ကြက် ကလေး၊ ငှက်ကလေးများကဲ့သို့ လွယ်ကူ လှသည်။ပါတော်မူမြင်ကွင်းကိုမလှမ်းမကမ်းမှတိတ်တိတ် ဆိတ်ဆိတ် ကြည့်နေသူများကြားတွင်တောက်ခေါက်သံတစ်ချက်ကျယ်လောင်စွာ ပေါ်ထွက်လာသည်။

ငေးကြည့်နေသူများ ရုတ်တရက် လန့်ဖျပ် သွားပြီး အသံလာရာဘက်သို့ ငဲ့စောင်း ကြည့်ကြသည်။ တောက်ခေါက်သူမှာ မြို့လုလင်သူကြီး ဦးမင်းရောင် ဖြစ်သည်။အံကို တင်း တင်းကြိတ်ထားသည်။ လက်သီး ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ အရှင်သခင်မဲ့သွားသော ရွှေနန်းတော် ကြီးကို မျှော်ကြည့်နေ သည်။

 

ထို့နောက်”ရာဇဝင်ရိုင်းလိုက်လေ၊ တိုင်းတစ်ပါးသားတွေက သေနတ် တစ်ချက်မဖောက်၊ ဓားတစ်ချက် မမြှောက် ဘဲ အရှင်နှစ်ပါးကို ဖမ်း ဆီးခေါ်ဆောင် သွားတာ ရင်နာစရာကောင်းလိုက်တာ”ဟုဆိုကာ လူအုပ်ကြားမှ ဦးမင်းရောင် ပျောက်ကွယ်သွားလေတော့သည်။

`ရွှေလ ရောင်´ဘွဲ့ခံ မြို့လုလင် မြို့သူကြီး ဦးမင်းရောင်သည်တောင်တွင်းကြီးမြို့ မြောက်လက်နေ သူကြီးမျိုးရိုးဖြစ်သူ သွေးသောက်ဘွဲ့ရ ဦးမှူး၊ ဒေါ်ပိုတို့၏ သားဖြစ်သည်။ဗိုလ်မင်းရောင်၏မိခင် ဒေါ်ပိုမှာ ကိုင်းရွာသူဖြစ်သည်။ဗိုလ်မင်းရောင်ကို သက္ကရာဇ် ၁၁၉၉-ခု၊ တန်ဆောင်မုန်းလတွင် ဖွားမြင်သည်။

ဦးမင်းရောင်၏ ဘိုးဘွားများ (ဦးမှူး၏ မိဘများ)မှာ သွေးသောက်ကြီးဘွဲ့ရ မြို့သူကြီး ဦးရိပ်ကြီး၊ မယ်ခဲတို့ဖြစ်သည်။ဦး မင်းရောင်တွင် မွေးချင်းလေးယောက်ရှိရာ ၎င်းတို့မှာ ဦးမင်းရောင်၊ ဦးမင်းမောင်၊ ဒေါ်မင်းကေ၊ ဒေါ်မင်းပွေ တို့ ဖြစ်သည်။ဦးမင်းရောင်မှာ အကြီးဆုံးသားဖြစ်သည်။

စင်စစ် ဦးမင်းရောင်၏ အမျိုးအနွယ်မှာ ကုန်သည်မျိုးများ၍ မင်းမှုထမ်းသူ နည်းပါးသည်။ ဦးမင်းရောင်၏ညီ ဦး မင်းမောင် တစ်ဦးသာလျှင် အတော်အတန် ရာထူးမြင့်မားခဲ့ပေသည်။ညီဖြစ်သူ ဦးမင်းမောင်မှာမူ မင်းတုန်းမင်းတရားကြီးလက်ထက် ပထမရွှေတိုက်စိုး၊ ဒုတိယအရှေ့တပြင်၊ တောင်တပြင်အခွန်ဝန်၊

တတိယ တောင်တွင်းဝန်၊ စတုတ္ထ ပင်း၊ နတ်မောက်၊ ကျောက်ပန်းတောင်း ၃ မြို့ ဝန်၊ ပဉ္စမ တောင်ငူမြို့၊ နှစ် မြို့ဝန်အဖြစ် အကြိမ်ကြိမ် ချီးမြှင့်ခြင်း ခံခဲ့ရသည်။ဦးမင်းရောင်၏မိထွေး
(ဒေါ်လေး)တော်စပ်သူမှာ နတ်မောက်မြို့သူကြီး (ဦးရွှေနီ၏ဇနီး) မယ်စိုးဖြစ်သည်။

နတ်မောက်မြို့သူကြီး ဦးရွှေနီ၏ အမျိုးအနွယ်မှာ မင်းခစားများသည်။ ပညာတတ် ဉာဏ်ထက် မြက်ကြသည်။၎င်း၏ညီ ဦးပွားဆိုသူသည် တရုတ်မြို့ဝန်၊သံတော်ဆင့်၊ကသည်းမြင်းဝန်နှင့် မြင်ကွန်းမင်းသား၏ဆရာဖြစ်၏။ထို့ပြင် တောင် စဉ်ဝန် ဦးဝိုက်၊ မင်းတုန်းမင်းလက်ထက် ခန်းပတ်မင်းကြီးတို့မှာလည်း ဦးရွှေနီ၏ အဆက်အနွယ်များဖြစ်ရာ ဦးမင်းရောင်သည် မှူး မတ်အ မျိုးအနွယ်ဟု ဆိုနိုင်သည်။

 

ဗိုလ်မင်းရောင်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဘွား တော်စပ်သူဒေါ်သူဇာ၏မောင်ဝမ်းကွဲတော်စပ် သည်။ဗိုလ်မင်းရောင်သည် ရုပ်ရည်သန့်ပြန့် အထူးခန့်သည်။အရပ် ၆ ပေနီးပါး အသားဖြူ ၊ နှုတ်ခမ်းမွေး ကောင်း၊ စူးရှသော မျက်လုံးရှိကာ အ ချိတ် ပုဆိုးဝတ်၍ မြင်းစီးသောအခါ လွန်စွာမှ ခန့်ငြားလျက် ကျက်သရေ ရှိလှသည်။ ဦးမင်းရောင်သည် စိတ်ထက်မြက်၏။ ရွပ်ရွပ်ချွံချွံ ဆောင် ရွက်တတ်၏။

 

ရက်စက်တန်သည့်နေရာ၌ ရက်စက်၏။ညီ ဦးမင်းမောင်ကား ထိုသို့မဟုတ်။ ပျော့ပြောင်း သိမ်မွေ့သည်၊ စိတ်နှလုံး နူးညံ့၏၊ စောင်းအတီး အတော်တတ်၏၊ သီချင်းဆိုကောင်း၏။ ဦးမင်းရောင်သည် တစ်ကြိမ်တွင် ကြက်သားစားချင်၍ ညီလုပ်သူအား အသတ်ခိုင်း ၏။

ဦးမင်းမောင်မှာ စိတ်သဘော နူးညံ့သူဖြစ်၍ မသတ်ဘဲနေရာ ဦးမင်းရောင်ကိုယ်တိုင် ကြက်ကိုသတ်၍ ချက်ပြုတ်စား သောက်ပြီးလျှင် ဟင်းအကျန်ကို ညီအားမကျွေးဘဲ ခွေးကျွေးပစ်သည်ဟူ၏။၎င်း၏အဘွား ဒေါ်မယ်ခဲ၏ မယ်တော်ကြီး စျာပနတွင် ဦးမင်းမောင်၏ တပည့်များနှင့် ဦးမင်းရောင်၏ တပည့်များ လက်ဝှေ့ထိုးသတ်ရာ ဦးမင်းမောင်၏ တပည့်များကနိုင်သဖြင့် ပဝါတစ်ပိုင်း ဆုချသောအခါ ဦးမင်းရောင်က မခံမရပ်နိုင်သဖြင့် ၎င်း၏လူကို ပုဆိုးတစ်ထည် ဆုချသည်ဟူ၏။

ဦးမင်းရောင်၏ တပည့်များမှာ မိုက်မိုက်ကန်းကန်း လုပ်တတ်သော သူများဖြစ်ကြောင်း အဆိုရှိသည်။ဦးမင်းရောင်၏တပည့် မောင်တုတ်ဆိုလျှင် ကဇာတ်ပွဲများတွင် လူပြက် လက်စွဲများက ပြက် လုံးထုတ်လျှင် အခြားသူများအားလုံး ရယ်မောပြီးမှ တစ်ယောက်တည်း ကျယ်လောင်စွာ ကြာရှည် ရွဲ့၍ ရယ်မောတတ်ရာ ဆရာဦးမင်းရောင်က သဘောကျလှသဖြင့် ဤသို့လုပ်သည့်အခါတိုင်း ဆုအမြဲပေးသည် ဟူ၏။

ယင်းသို့ မိမိမှန်သည် ထင်ရာကို တဇွတ်ထိုးလုပ်ရဲသော သတ္တိကြောင့်လည်း အင်္ဂလိပ်များကို ခုခံစဉ် ညီဖြစ်သူ ဦးမင်းမောင်က လက်နက်ချရန် စာအတန်တန် ရေးသော်လည်း ဗိုလ်မင်းရောင်သည် အသက်သေသည်အထိ တိုက်ပွဲဝင် သွားခဲ့ပေသည်။

 

ထို့နောက် မြန်မာသက္ကရာဇ် (၁၂၄၇) ခုနှစ်၊ ခရစ် (၁၈၈၆) တွင် မန္တလေး နေပြည်တော်မှ နေလနှစ်ဆူ ပါတော်မူသောအခါ အင်္ဂလိပ်များ အ ထက် မြန်မာပြည်ကို သိမ်းပိုက်စဉ် ဗိုလ်မင်းရောင်သည် သူ့ကျွန်အဖြစ် နွံနစ်မခံ၊ ကုလားဖြူတို့အား မကြည့်လိုသော ဇာတိမာန်ဖြင့် လူသူ ၃၀ဝ၀-ခန့် စုပြီးလျှင် နယ်ချဲ့တို့ကို တော်လှန်ခဲ့လေသည်။

မြို့လုလင် အရှေ့ (၈) မိုင်ခန့် အကွာတွင်ရှိသော ဒူတောင် (မြင်းမဏိတောင်)ထိပ်တွင် ခိုင်ခံ့သော သစ်ခံတပ်ကြီးဆောက်လုပ်၍ တပ်စွဲပြီးလျှင် အင်္ဂလိပ်တို့ကို (၂)နှစ်တိုင် ခုခံတိုက်ခဲ့သည်။နယ်ချဲ့တပ်များက ထိုဒူတောင်တွင် တပ်စွဲနေသော ဗိုလ်မင်းရောင်၏တပ်ကို လားတင် အမြောက်များဖြင့် ပစ်ခတ်သည်။

ပေကန်ကြီးရွာအနီးတွင် ကုလားဖြူစစ်တပ်နှင့် ရင်ဆိုင်ရသောအခါ၌ ဗိုလ်မင်းရောင်က အနိုင်ရရှိသည်။ထို့နောက် မြို့လုလင်အနီးတွင် ညီတစ်ဝမ်းကွဲ တော်စပ်သူ ဗိုလ်မုံးနှင့်အတူ တွဲဘက် ၍ နယ်ချဲ့တို့ကို ချေမှုန်းရာ ရန်သူဘက်မှ ခုနစ်ယောက် ဖမ်းဆီးမိ၍ ယခု စွန်တံတားကြီးအနီး မြောက်ဘက် သရက်ပင်တွင် ကားစင်တင် ကွပ်မျက်ခဲ့လေသည်။

သက္ကရာဇ် ၁၂၄၉-ခုနှစ် ဝါဆိုလလောက်တွင် ဗိုလ်မင်းရောင်တပ်များကို မကွေးစစ်တပ်၊ တောင်တွင်းစစ်တပ်၊ ရမည်းသင်းစစ်တပ်၊ မိတ္ထိလာစစ်တပ်၊ ပေါင်း ဗြိတိသျှစစ်တပ် လေးတပ်ဖြင့် ညှပ်တိုက်ရာ လူစုကွဲ၍ အင်အားနည်းသွားသည်။

ဤအချက်ကို အခွင့်ကောင်းယူ၍ တောင်တွင်း တောင်လက်မြို့အုပ် ဦးရွှေအိက အင်္ဂလိပ်လက်အောက်ဝင်ကာ အမှုထမ်းရန် သွေးဆောင်ဖြားယောင်းသော် လည်း ဗိုလ်မင်းရောင်က `ကုလားကိုဖြင့် ဘုရားမထူးပြီ၊ မတတ်နိုင်ပါက ရှမ်းပြည်ရွာသို့ တက်သွားမည်´ဟု စာပြန်အကြောင်းကြားလိုက်သည်။

ဗြိတိသျှအစိုးရသည် ဗိုလ်မင်းရောင်ကို မဖမ်းနိုင်သရွေ့ တောင်တွင်းမြောက်လက် နယ်များကို ငြိမ်းချမ်းစွာ မအုပ်စိုးနိုင်ကြောင်း သိသဖြင့် ဗိုလ်မင်းရောင်ကို အသေဖြစ်စေ၊ အရှင်ဖြစ်စေ၊ ဖမ်းဆီးပေးနိုင်သူအား ဆုငွေ ၁၀ဝဝိ/(ကျပ်) ပေးမည်ဟု ကြေညာခဲ့သေး၏ ။

 

သို့ဖြင့် ဗိုလ်မင်းရောင်သည် ၁၂၄၉ ခု၊ ဝါခေါင်လဆန်း ၂ ရက်နေ့တွင် ဗိုလ်ကန်သား၊ ဗိုလ်ဆင့်၊ ဗိုလ်တရုပ်၊ ဗိုလ်ရွှေလှ၊ ကြယ်တံခွန်ဗိုလ်တို့နှင့်အတူ ရှမ်းပြည်သို့တက်ရန် စီစဉ်တော့သည်။

မိမိ ရှမ်းပြည်သို့ မထွက်ခွာမီ မကွေးမြို့အုပ် ဦးစံရီထံ ခိုကိုးရန်အတွက် အပ်နှံထားသော မိမိ၏ ငယ်မယား မထားအား နှုတ်ဆက်ရန် သေနတ်လက်နက် အပြည့်အစုံရှိသော ဗိုလ် ၂၀ နှင့်အတူ ဖိုလေးလုံးရွာသို့ ထွက်ခဲ့သည်။ထိုအတွင်း အင်္ဂ လိပ်စစ်ဗိုလ် (ဂန်းဒေါ)သည် နတ်မောက်မြို့ရှိ သိမ်တော်ကျောင်းတွင် စစ်စခန်းချကာ ဗိုလ်မင်း ရောင်ကို ဖမ်းဆီးရန် စုံစမ်းထောက် လှမ်း လျက်ရှိသည်။

ထိုစဉ် (မြန်မာသစ္စာဖောက် )အချို့က ဗိုလ်မင်းရောင်သည် တပ်ပျက်၍ မြို့လုလင်မှ မြို့သစ် တယ်ပင်စခန်းရွာများကိုဖြတ်၍ မကွေးနယ်သို့ ထွက်သွားကြောင်း လာရောက်သတင်းပေးသဖြင့် အင်္ဂလိပ်စစ်ဗိုလ်သည် ထိုနေရာသို့ ချီတက်သွားသည်။

ဗိုလ်မင်းရောင်ကို လေးတိုင်စင်ရွာအနီး နားနေသည်ကို တွေ့ရှိပြီး တိုက်ပွဲဖြစ်ပွားလေသည်။ ထို လေးတိုင်စင်ရွာ တိုက်ပွဲတွင် ရွှေလရောင်မှာ ပေါင် ကျည်ဆန်သင့် သော ဒဏ်ရာနှင့် အင်္ဂလိပ်တို့ မှတွေ့ရှိဖမ်းမိသွားရာ ဗိုလ်မင်းရောင်အား အင်္ဂလိပ်၏ သစ္စာခံရန်နှင့် သစ္စာခံက အသက်ချမ်း သာပေးမည်ဟု ဗြိတိသျှတို့က ဖြားယောင်းခဲ့သေး၏။

သို့သော် ဗိုလ်မင်းရောင်က သစ္စာမခံသည့်ပြင် ပြန်လည်တုံ့ပြန် ပြောဆိုသည်။ (“ငါဟာ တိုင်း ပြည်နဲ့လူမျိုးအပေါ် ဘယ်တော့မှ သစ္စာမဖောက်ဘူး၊ မင်းတို့ပေးတဲ့ရာထူးကို ငါ မလိုချင်ဘူး၊ မင်းတို့ ငါ့ကိုသတ်လိုက ခုချက်ချင်းပင် သတ်ပါ”)ဟုပြောဆိုရာ အင်္ဂလိပ်တို့က ဗိုလ်မင်းရောင်ကို ခေါင်းဖြတ် ၍သတ်ပစ်လိုက်လေတော့သည်။

ဗိုလ်မင်းရောင် အနိစ္စရောက်သောအချိန်မှာ မြန်မာသက္ကရာဇ် ၁၂၄၉-ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်၊ (ခရစ် ၁၈၈၇ ခု၊ ဇူလိုင်လ ၂၁ ရက်) ဗုဒ္ဓဟူးနေ့ ညနေ ၄ ချက်တီးအချိန်ဖြစ်သည်။

ဗိုလ်မင်းရောင်တွင် ဇနီး(၇)ယောက်ရှိရာ ပထမဇနီး မထားမှာ ဒေါ်လေးပြောင်၏ သမီးဖြစ်၍ မောင်နှမတစ်ဝမ်းကွဲတော်သည်။ တတိ ယဇနီး ဒေါ်ကုံတန်နှင့် ဖွားမြင်သောသား ဦးစံဖေမှာ ၁၉၄၅-ခု မတိုင်မီက ကွယ်လွန်သွားခဲ့သည်။

 

ဦးစံဖေ၏သား ဦးသိန်းမောင်မှာလည်း မြို့လုလင်တွင် နေထိုင်ကာ ကွယ်လွန်သွားခဲ့လေသည်။ထို့နောက် နယ်ချဲ့အင်္ဂလိပ်စစ်တပ်မှဦးမင်းရောင်၏ ဦးခေါင်းပြတ်ကို နတ်မောက်မြို့ သိမ်တော်ကျောင်းတိုက်၏ တောင်ဘက် ကန်ဘောင်ရိုးရှိ ထနောင်းပင်တွင် ချိတ်ဆွဲထားကာ လူအများအား လာရောက် ကြည့်ရှုစေခဲ့ပါ သည်။

 

Credit

 

Zawgyi

 

ၿမိဳ႕လုလင္သူႀကီးေ႐ႊလေရာင္ (သို႔မဟုတ္) ဗိုလ္မင္းေရာင္ရာဇဝင္

 

 

(၁၈၈၅ ခုႏွစ္ နိုဝင္ဘာလ ၂၉ ရက္) နန္းတြင္း ေတာင္ဥယ်ာဥ္ဝယ္ စံျမန္းေန ေသာ ဘုရင္ႏွင့္ မိဖုရားတို႔ သည္နန္းၿမိဳ႕ရိုးအျပင္ သို႔ အဂၤလိပ္စစ္သားမ်ားၿခံရံကာ ေျခက်င္ ထြက္၍ ဘီရိုလွည္းစီးၿပီး နန္းေတာ္မွအၿပီးအပိုင္ ထြက္ခြာသြားခဲ့ရသည္။

အဂၤလိပ္တို႔အဖို႔ ျမန္မာဘုရင္ကို ဖမ္း ဆီးေခၚေဆာင္ရသည္မွာ ၾကက္ ကေလး၊ ငွက္ကေလးမ်ားကဲ့သို႔ လြယ္ကူ လွသည္။ပါေတာ္မူျမင္ကြင္းကိုမလွမ္းမကမ္းမွတိတ္တိတ္ ဆိတ္ဆိတ္ ၾကည့္ေနသူမ်ားၾကားတြင္ေတာက္ေခါက္သံတစ္ခ်က္က်ယ္ေလာင္စြာ ေပၚထြက္လာသည္။

ေငးၾကည့္ေနသူမ်ား ႐ုတ္တရက္ လန့္ဖ်ပ္ သြားၿပီး အသံလာရာဘက္သို႔ ငဲ့ေစာင္း ၾကည့္ၾကသည္။ ေတာက္ေခါက္သူမွာ ၿမိဳ႕လုလင္သူႀကီး ဦးမင္းေရာင္ ျဖစ္သည္။အံကို တင္း တင္းႀကိတ္ထားသည္။ လက္သီး ကို က်စ္က်စ္ပါေအာင္ ဆုပ္ထားသည္။ အရွင္သခင္မဲ့သြားေသာ ေ႐ႊနန္းေတာ္ ႀကီးကို ေမွ်ာ္ၾကည့္ေန သည္။

 

ထို႔ေနာက္”ရာဇဝင္ရိုင္းလိုက္ေလ၊ တိုင္းတစ္ပါးသားေတြက ေသနတ္ တစ္ခ်က္မေဖာက္၊ ဓားတစ္ခ်က္ မျမႇောက္ ဘဲ အရွင္ႏွစ္ပါးကို ဖမ္း ဆီးေခၚေဆာင္ သြားတာ ရင္နာစရာေကာင္းလိုက္တာ”ဟုဆိုကာ လူအုပ္ၾကားမွ ဦးမင္းေရာင္ ေပ်ာက္ကြယ္သြားေလေတာ့သည္။

`ေ႐ႊလ ေရာင္´ဘြဲ႕ခံ ၿမိဳ႕လုလင္ ၿမိဳ႕သူႀကီး ဦးမင္းေရာင္သည္ေတာင္တြင္းႀကီးၿမိဳ႕ ေျမာက္လက္ေန သူႀကီးမ်ိဳးရိုးျဖစ္သူ ေသြးေသာက္ဘြဲ႕ရ ဦးမႉး၊ ေဒၚပိုတို႔၏ သားျဖစ္သည္။ဗိုလ္မင္းေရာင္၏မိခင္ ေဒၚပိုမွာ ကိုင္း႐ြာသူျဖစ္သည္။ဗိုလ္မင္းေရာင္ကို သကၠရာဇ္ ၁၁၉၉-ခု၊ တန္ေဆာင္မုန္းလတြင္ ဖြားျမင္သည္။

ဦးမင္းေရာင္၏ ဘိုးဘြားမ်ား (ဦးမႉး၏ မိဘမ်ား)မွာ ေသြးေသာက္ႀကီးဘြဲ႕ရ ၿမိဳ႕သူႀကီး ဦးရိပ္ႀကီး၊ မယ္ခဲတို႔ျဖစ္သည္။ဦး မင္းေရာင္တြင္ ေမြးခ်င္းေလးေယာက္ရွိရာ ၎တို႔မွာ ဦးမင္းေရာင္၊ ဦးမင္းေမာင္၊ ေဒၚမင္းေက၊ ေဒၚမင္းေပြ တို႔ ျဖစ္သည္။ဦးမင္းေရာင္မွာ အႀကီးဆုံးသားျဖစ္သည္။

စင္စစ္ ဦးမင္းေရာင္၏ အမ်ိဳးအႏြယ္မွာ ကုန္သည္မ်ိဳးမ်ား၍ မင္းမႈထမ္းသူ နည္းပါးသည္။ ဦးမင္းေရာင္၏ညီ ဦး မင္းေမာင္ တစ္ဦးသာလွ်င္ အေတာ္အတန္ ရာထူးျမင့္မားခဲ့ေပသည္။ညီျဖစ္သူ ဦးမင္းေမာင္မွာမူ မင္းတုန္းမင္းတရားႀကီးလက္ထက္ ပထမေ႐ႊတိုက္စိုး၊ ဒုတိယအေရွ႕တျပင္၊ ေတာင္တျပင္အခြန္ဝန္၊

တတိယ ေတာင္တြင္းဝန္၊ စတုတၳ ပင္း၊ နတ္ေမာက္၊ ေက်ာက္ပန္းေတာင္း ၃ ၿမိဳ႕ ဝန္၊ ပၪၥမ ေတာင္ငူၿမိဳ႕၊ ႏွစ္ ၿမိဳ႕ဝန္အျဖစ္ အႀကိမ္ႀကိမ္ ခ်ီးျမႇင့္ျခင္း ခံခဲ့ရသည္။ဦးမင္းေရာင္၏မိေထြး
(ေဒၚေလး)ေတာ္စပ္သူမွာ နတ္ေမာက္ၿမိဳ႕သူႀကီး (ဦးေ႐ႊနီ၏ဇနီး) မယ္စိုးျဖစ္သည္။

နတ္ေမာက္ၿမိဳ႕သူႀကီး ဦးေ႐ႊနီ၏ အမ်ိဳးအႏြယ္မွာ မင္းခစားမ်ားသည္။ ပညာတတ္ ဉာဏ္ထက္ ျမက္ၾကသည္။၎၏ညီ ဦးပြားဆိုသူသည္ တ႐ုတ္ၿမိဳ႕ဝန္၊သံေတာ္ဆင့္၊ကသည္းျမင္းဝန္ႏွင့္ ျမင္ကြန္းမင္းသား၏ဆရာျဖစ္၏။ထို႔ျပင္ ေတာင္ စဥ္ဝန္ ဦးဝိုက္၊ မင္းတုန္းမင္းလက္ထက္ ခန္းပတ္မင္းႀကီးတို႔မွာလည္း ဦးေ႐ႊနီ၏ အဆက္အႏြယ္မ်ားျဖစ္ရာ ဦးမင္းေရာင္သည္ မႉး မတ္အ မ်ိဳးအႏြယ္ဟု ဆိုနိုင္သည္။

 

ဗိုလ္မင္းေရာင္သည္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္အဘြား ေတာ္စပ္သူေဒၚသူဇာ၏ေမာင္ဝမ္းကြဲေတာ္စပ္ သည္။ဗိုလ္မင္းေရာင္သည္ ႐ုပ္ရည္သန့္ျပန့္ အထူးခန့္သည္။အရပ္ ၆ ေပနီးပါး အသားျဖဴ ၊ ႏႈတ္ခမ္းေမြး ေကာင္း၊ စူးရွေသာ မ်က္လုံးရွိကာ အ ခ်ိတ္ ပုဆိုးဝတ္၍ ျမင္းစီးေသာအခါ လြန္စြာမွ ခန့္ျငားလ်က္ က်က္သေရ ရွိလွသည္။ ဦးမင္းေရာင္သည္ စိတ္ထက္ျမက္၏။ ႐ြပ္႐ြပ္ခြၽံခြၽံ ေဆာင္ ႐ြက္တတ္၏။

 

ရက္စက္တန္သည့္ေနရာ၌ ရက္စက္၏။ညီ ဦးမင္းေမာင္ကား ထိုသို႔မဟုတ္။ ေပ်ာ့ေျပာင္း သိမ္ေမြ႕သည္၊ စိတ္ႏွလုံး ႏူးညံ့၏၊ ေစာင္းအတီး အေတာ္တတ္၏၊ သီခ်င္းဆိုေကာင္း၏။ ဦးမင္းေရာင္သည္ တစ္ႀကိမ္တြင္ ၾကက္သားစားခ်င္၍ ညီလုပ္သူအား အသတ္ခိုင္း ၏။

ဦးမင္းေမာင္မွာ စိတ္သေဘာ ႏူးညံ့သူျဖစ္၍ မသတ္ဘဲေနရာ ဦးမင္းေရာင္ကိုယ္တိုင္ ၾကက္ကိုသတ္၍ ခ်က္ျပဳတ္စား ေသာက္ၿပီးလွ်င္ ဟင္းအက်န္ကို ညီအားမေကြၽးဘဲ ေခြးေကြၽးပစ္သည္ဟူ၏။၎၏အဘြား ေဒၚမယ္ခဲ၏ မယ္ေတာ္ႀကီး စ်ာပနတြင္ ဦးမင္းေမာင္၏ တပည့္မ်ားႏွင့္ ဦးမင္းေရာင္၏ တပည့္မ်ား လက္ေဝွ႕ထိုးသတ္ရာ ဦးမင္းေမာင္၏ တပည့္မ်ားကနိုင္သျဖင့္ ပဝါတစ္ပိုင္း ဆုခ်ေသာအခါ ဦးမင္းေရာင္က မခံမရပ္နိုင္သျဖင့္ ၎၏လူကို ပုဆိုးတစ္ထည္ ဆုခ်သည္ဟူ၏။

ဦးမင္းေရာင္၏ တပည့္မ်ားမွာ မိုက္မိုက္ကန္းကန္း လုပ္တတ္ေသာ သူမ်ားျဖစ္ေၾကာင္း အဆိုရွိသည္။ဦးမင္းေရာင္၏တပည့္ ေမာင္တုတ္ဆိုလွ်င္ ကဇာတ္ပြဲမ်ားတြင္ လူျပက္ လက္စြဲမ်ားက ျပက္ လုံးထုတ္လွ်င္ အျခားသူမ်ားအားလုံး ရယ္ေမာၿပီးမွ တစ္ေယာက္တည္း က်ယ္ေလာင္စြာ ၾကာရွည္ ႐ြဲ႕၍ ရယ္ေမာတတ္ရာ ဆရာဦးမင္းေရာင္က သေဘာက်လွသျဖင့္ ဤသို႔လုပ္သည့္အခါတိုင္း ဆုအၿမဲေပးသည္ ဟူ၏။

ယင္းသို႔ မိမိမွန္သည္ ထင္ရာကို တဇြတ္ထိုးလုပ္ရဲေသာ သတၱိေၾကာင့္လည္း အဂၤလိပ္မ်ားကို ခုခံစဥ္ ညီျဖစ္သူ ဦးမင္းေမာင္က လက္နက္ခ်ရန္ စာအတန္တန္ ေရးေသာ္လည္း ဗိုလ္မင္းေရာင္သည္ အသက္ေသသည္အထိ တိုက္ပြဲဝင္ သြားခဲ့ေပသည္။

 

ထို႔ေနာက္ ျမန္မာသကၠရာဇ္ (၁၂၄၇) ခုႏွစ္၊ ခရစ္ (၁၈၈၆) တြင္ မႏၲေလး ေနျပည္ေတာ္မွ ေနလႏွစ္ဆူ ပါေတာ္မူေသာအခါ အဂၤလိပ္မ်ား အ ထက္ ျမန္မာျပည္ကို သိမ္းပိုက္စဥ္ ဗိုလ္မင္းေရာင္သည္ သူ႕ကြၽန္အျဖစ္ ႏြံနစ္မခံ၊ ကုလားျဖဴတို႔အား မၾကည့္လိုေသာ ဇာတိမာန္ျဖင့္ လူသူ ၃၀ဝ၀-ခန့္ စုၿပီးလွ်င္ နယ္ခ်ဲ့တို႔ကို ေတာ္လွန္ခဲ့ေလသည္။

ၿမိဳ႕လုလင္ အေရွ႕ (၈) မိုင္ခန့္ အကြာတြင္ရွိေသာ ဒူေတာင္ (ျမင္းမဏိေတာင္)ထိပ္တြင္ ခိုင္ခံ့ေသာ သစ္ခံတပ္ႀကီးေဆာက္လုပ္၍ တပ္စြဲၿပီးလွ်င္ အဂၤလိပ္တို႔ကို (၂)ႏွစ္တိုင္ ခုခံတိုက္ခဲ့သည္။နယ္ခ်ဲ့တပ္မ်ားက ထိုဒူေတာင္တြင္ တပ္စြဲေနေသာ ဗိုလ္မင္းေရာင္၏တပ္ကို လားတင္ အေျမာက္မ်ားျဖင့္ ပစ္ခတ္သည္။

ေပကန္ႀကီး႐ြာအနီးတြင္ ကုလားျဖဴစစ္တပ္ႏွင့္ ရင္ဆိုင္ရေသာအခါ၌ ဗိုလ္မင္းေရာင္က အနိုင္ရရွိသည္။ထို႔ေနာက္ ၿမိဳ႕လုလင္အနီးတြင္ ညီတစ္ဝမ္းကြဲ ေတာ္စပ္သူ ဗိုလ္မုံးႏွင့္အတူ တြဲဘက္ ၍ နယ္ခ်ဲ့တို႔ကို ေခ်မႈန္းရာ ရန္သူဘက္မွ ခုနစ္ေယာက္ ဖမ္းဆီးမိ၍ ယခု စြန္တံတားႀကီးအနီး ေျမာက္ဘက္ သရက္ပင္တြင္ ကားစင္တင္ ကြပ္မ်က္ခဲ့ေလသည္။

သကၠရာဇ္ ၁၂၄၉-ခုႏွစ္ ဝါဆိုလေလာက္တြင္ ဗိုလ္မင္းေရာင္တပ္မ်ားကို မေကြးစစ္တပ္၊ ေတာင္တြင္းစစ္တပ္၊ ရမည္းသင္းစစ္တပ္၊ မိတၳိလာစစ္တပ္၊ ေပါင္း ၿဗိတိသွ်စစ္တပ္ ေလးတပ္ျဖင့္ ညွပ္တိုက္ရာ လူစုကြဲ၍ အင္အားနည္းသြားသည္။

ဤအခ်က္ကို အခြင့္ေကာင္းယူ၍ ေတာင္တြင္း ေတာင္လက္ၿမိဳ႕အုပ္ ဦးေ႐ႊအိက အဂၤလိပ္လက္ေအာက္ဝင္ကာ အမႈထမ္းရန္ ေသြးေဆာင္ျဖားေယာင္းေသာ္ လည္း ဗိုလ္မင္းေရာင္က `ကုလားကိုျဖင့္ ဘုရားမထူးၿပီ၊ မတတ္နိုင္ပါက ရွမ္းျပည္႐ြာသို႔ တက္သြားမည္´ဟု စာျပန္အေၾကာင္းၾကားလိုက္သည္။

ၿဗိတိသွ်အစိုးရသည္ ဗိုလ္မင္းေရာင္ကို မဖမ္းနိုင္သေ႐ြ႕ ေတာင္တြင္းေျမာက္လက္ နယ္မ်ားကို ၿငိမ္းခ်မ္းစြာ မအုပ္စိုးနိုင္ေၾကာင္း သိသျဖင့္ ဗိုလ္မင္းေရာင္ကို အေသျဖစ္ေစ၊ အရွင္ျဖစ္ေစ၊ ဖမ္းဆီးေပးနိုင္သူအား ဆုေငြ ၁၀ဝဝိ/(က်ပ္) ေပးမည္ဟု ေၾကညာခဲ့ေသး၏ ။

 

သို႔ျဖင့္ ဗိုလ္မင္းေရာင္သည္ ၁၂၄၉ ခု၊ ဝါေခါင္လဆန္း ၂ ရက္ေန႕တြင္ ဗိုလ္ကန္သား၊ ဗိုလ္ဆင့္၊ ဗိုလ္တ႐ုပ္၊ ဗိုလ္ေ႐ႊလွ၊ ၾကယ္တံခြန္ဗိုလ္တို႔ႏွင့္အတူ ရွမ္းျပည္သို႔တက္ရန္ စီစဥ္ေတာ့သည္။

မိမိ ရွမ္းျပည္သို႔ မထြက္ခြာမီ မေကြးၿမိဳ႕အုပ္ ဦးစံရီထံ ခိုကိုးရန္အတြက္ အပ္ႏွံထားေသာ မိမိ၏ ငယ္မယား မထားအား ႏႈတ္ဆက္ရန္ ေသနတ္လက္နက္ အျပည့္အစုံရွိေသာ ဗိုလ္ ၂၀ ႏွင့္အတူ ဖိုေလးလုံး႐ြာသို႔ ထြက္ခဲ့သည္။ထိုအတြင္း အဂၤ လိပ္စစ္ဗိုလ္ (ဂန္းေဒါ)သည္ နတ္ေမာက္ၿမိဳ႕ရွိ သိမ္ေတာ္ေက်ာင္းတြင္ စစ္စခန္းခ်ကာ ဗိုလ္မင္း ေရာင္ကို ဖမ္းဆီးရန္ စုံစမ္းေထာက္ လွမ္း လ်က္ရွိသည္။

ထိုစဥ္ (ျမန္မာသစၥာေဖာက္ )အခ်ိဳ႕က ဗိုလ္မင္းေရာင္သည္ တပ္ပ်က္၍ ၿမိဳ႕လုလင္မွ ၿမိဳ႕သစ္ တယ္ပင္စခန္း႐ြာမ်ားကိုျဖတ္၍ မေကြးနယ္သို႔ ထြက္သြားေၾကာင္း လာေရာက္သတင္းေပးသျဖင့္ အဂၤလိပ္စစ္ဗိုလ္သည္ ထိုေနရာသို႔ ခ်ီတက္သြားသည္။

ဗိုလ္မင္းေရာင္ကို ေလးတိုင္စင္႐ြာအနီး နားေနသည္ကို ေတြ႕ရွိၿပီး တိုက္ပြဲျဖစ္ပြားေလသည္။ ထို ေလးတိုင္စင္႐ြာ တိုက္ပြဲတြင္ ေ႐ႊလေရာင္မွာ ေပါင္ က်ည္ဆန္သင့္ ေသာ ဒဏ္ရာႏွင့္ အဂၤလိပ္တို႔ မွေတြ႕ရွိဖမ္းမိသြားရာ ဗိုလ္မင္းေရာင္အား အဂၤလိပ္၏ သစၥာခံရန္ႏွင့္ သစၥာခံက အသက္ခ်မ္း သာေပးမည္ဟု ၿဗိတိသွ်တို႔က ျဖားေယာင္းခဲ့ေသး၏။

သို႔ေသာ္ ဗိုလ္မင္းေရာင္က သစၥာမခံသည့္ျပင္ ျပန္လည္တုံ႕ျပန္ ေျပာဆိုသည္။ (“ငါဟာ တိုင္း ျပည္နဲ႕လူမ်ိဳးအေပၚ ဘယ္ေတာ့မွ သစၥာမေဖာက္ဘူး၊ မင္းတို႔ေပးတဲ့ရာထူးကို ငါ မလိုခ်င္ဘူး၊ မင္းတို႔ ငါ့ကိုသတ္လိုက ခုခ်က္ခ်င္းပင္ သတ္ပါ”)ဟုေျပာဆိုရာ အဂၤလိပ္တို႔က ဗိုလ္မင္းေရာင္ကို ေခါင္းျဖတ္ ၍သတ္ပစ္လိုက္ေလေတာ့သည္။

ဗိုလ္မင္းေရာင္ အနိစၥေရာက္ေသာအခ်ိန္မွာ ျမန္မာသကၠရာဇ္ ၁၂၄၉-ခုႏွစ္၊ ဝါေခါင္လဆန္း ၂ ရက္၊ (ခရစ္ ၁၈၈၇ ခု၊ ဇူလိုင္လ ၂၁ ရက္) ဗုဒၶဟူးေန႕ ညေန ၄ ခ်က္တီးအခ်ိန္ျဖစ္သည္။

ဗိုလ္မင္းေရာင္တြင္ ဇနီး(၇)ေယာက္ရွိရာ ပထမဇနီး မထားမွာ ေဒၚေလးေျပာင္၏ သမီးျဖစ္၍ ေမာင္ႏွမတစ္ဝမ္းကြဲေတာ္သည္။ တတိ ယဇနီး ေဒၚကုံတန္ႏွင့္ ဖြားျမင္ေသာသား ဦးစံေဖမွာ ၁၉၄၅-ခု မတိုင္မီက ကြယ္လြန္သြားခဲ့သည္။

 

ဦးစံေဖ၏သား ဦးသိန္းေမာင္မွာလည္း ၿမိဳ႕လုလင္တြင္ ေနထိုင္ကာ ကြယ္လြန္သြားခဲ့ေလသည္။ထို႔ေနာက္ နယ္ခ်ဲ့အဂၤလိပ္စစ္တပ္မွဦးမင္းေရာင္၏ ဦးေခါင္းျပတ္ကို နတ္ေမာက္ၿမိဳ႕ သိမ္ေတာ္ေက်ာင္းတိုက္၏ ေတာင္ဘက္ ကန္ေဘာင္ရိုးရွိ ထေနာင္းပင္တြင္ ခ်ိတ္ဆြဲထားကာ လူအမ်ားအား လာေရာက္ ၾကည့္ရႈေစခဲ့ပါ သည္။

 

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published.