“ကလေးပိုက်၍ပြေးရသူ”(သို့) ရွှေနန်းတော်က မငြိမ်းသာ အကြောင်း

“ကလေးပိုက်၍ပြေးရသူ”(သို့) ရွှေနန်းတော်က မငြိမ်းသာ အကြောင်း

 

 

“ကလေးပိုက်၍ပြေးရသူ”

ပြည်မင်းသားအိမ်တော်မှထွက်ပြေးလာသူမငြိမ်းသာအကြောင်းကတော့ဒီလိုပါ။မင်းမျိုးမင်းသွေးကလေးငယ်များအတွက်အထိန်းတော်ခန့်ရာမှာကျန်းမာသန့်ရှင်းပြီးသွက်လက်ချက်ချာရှိသူ၊အမျိုးအနွယ်ကောင်းထဲကရွေးချယ်ခန့်ထားကြတယ်။

ပြည်မင်းသား၏အငယ်ဆုံးသားတော်လေးကိုထိန်းရသူအထိန်းတော်မငြိမ်းသာကသူထိန်းရသောထိပ်တင်တုတ်လေး
ကိုသူ့အသွေးသူ့အသက်ပမာတွယ်တာချစ်ခင်သနားလျက်ရှိတယ်။

အိမ်တော်ကိုရဲမက်တွေဝိုင်းတဲ့အချိန်မှာအခြေအနေကိုနားလည်သဘောပေါက်သူမငြိမ်းသာကအတွင်းပစ္စည်းလေးများပါနိုင်သမျှကျစ်ကျစ်ပါအောင်ယူ၊ကလေးကိုတင်းတင်းပွေ့ပြီးလူအုပ်ကြားထဲရောနှောကိုယ်ရောင်ဖျောက်ပြီးပြေးတော့တယ်။

ညအချိန်လည်းဖြစ်၊အုတ်အုတ်ကျွက်ကျွက်တိုက်ပွဲဆင်နွှဲနေချိန်
ဖြစ်လို့ထွက်ပြေးလွတ်မြောက်လာတယ်။မငြိမ်းသာကပါးနပ်တော့ရုပ်ဖျက်ဖို့လိုတာကိုသဘောပေါက်တယ်။ဒါကြောင့်လမ်းမှာတွေ့တဲ့ပုဏ္ဏားမတစ်ယောက်ဆီကချည်လုံချည်နဲ့ပုဝါတစ်ပိုင်ကိုကိုယ်မှာဝတ်ထားတဲ့ပိုးထမီနဲ့ငွေစပါပေးပြီးလဲဝတ်လိုက်တယ်။

မငြိမ်းသာတို့သားအမိနှစ်ဦးမှာသန့်ရှင်းကြည်စင်နေသော
ရုပ်ရည်အသွင်အပြင်မှညစ်ထေးသောပုဏ္ဏားသားအမိအသွင်
ရုပ်ပြောင်းရုပ်လွဲလုပ်လိုက်တယ်။ရှေ့ဆက်ပြီးသူဆင်းရဲနှင့်မခြားနေ့ညမဟူသွားလာကူးသန်းလို့ရသွားပြီဖြစ်တယ်။

မငြိမ်းသာကမျက်စိရှင်ရှင်၊နားလျင်လျင်ဖြင့်မနေမနားလှုပ်ရှား
သွားလာရတယ်။နေပြည်တော်နဲ့ဝေးလေစိတ်အေးရလေမဟုတ်ပါလား။အဲဒါအပြင်သားတော်လေးရဲ့ အခေါ်အဝေါ်သုံးနှုန်းမှုများကို
ဂရုတစိုက်ပြင်ပေးနေရတယ်။

ကလေးကဘာမှနားမလည်တော့မကြာခဏပူဆာတတ်တယ်။
“နို့မေ.. မောင်မောင်ပွဲတော်ဆာပြီ” ဆိုပေမယ့်ပြေးလွှားနေ
ရတော့ချော့မော့ထားရတယ်။အိမ်ဆိုင်လေးများမှာ ဆန်၊ထန်းလျက်၊ငပိ စသည့်ရိက္ခာများစုဆောင်းရတယ်။

နေပြည်တော်မှာလည်းသားတော်အငယ်ဆုံး (၃)နှစ်သားလေး
ပါပျောက်ဆုံးနေတော့ဘုရင့်ဘက်တော်သားများရဲမက်စစ်သည်မြင်းသည်ကျော်များကခွာသံတဖုန်းဖုန်း၊မြူမှုန်တလုံးလုံးဖြင့်ဒုန်းဆိုင်းလိုက်၍အပြင်းအထန်မြေလှန်ရှာဖွေနေကြတယ်။

 

ကြွက်နပါးတောင်ဖက်မှာဆန်ထုပ်လေးခေါင်းပေါ်ရွက်ပြီး
ကလေးချီထားတဲ့မငြိမ်းသာတို့သားအမိနဲ့ပက်ပင်းတိုးကြတဲ့အခါမြင်းပေါ်မှလှမ်း၍”ဟဲ့ ပုဏ္ဏားမ ငါတို့မင်းသားလေးရှာနေတာ၊နင့်ကလေးပါသွားမယ်။တော်ရာရှားဘိ” လို့ကြိမ်းမောင်းသွားတယ်။

မငြိမ်းသာလည်းရှေ့ရေးအတွက်အထောက်အကူရအောင်
လမ်းမှာအမှတ်မထင်တွေ့လိုက်ရတဲ့ အရင်ကပြည်မင်းသားရဲ့
ထီးတော်မိုးလုပ်ဖူးတဲ့ မောင်ချစ် ကို သူ့လင်အဖြစ်လိုက်ပါ
စောင့်ရှောက်ပေးဖို့တောင်းပန်တယ်။မောင်ချစ်ကလည်းကောင်းပြီ၊ကောင်းရက်နဲ့ဘုရင့်မြင်းစစ်သည်များရဲ့မြင်းခွာသံလည်းကြားရော၊မောင်ချစ်လည်းပြေးရောပဲ။

မငြိမ်းသာတို့သားအမိလည်းဘေးကင်းရာရောက်တော့
ထမင်းချက်ပြီးထန်းလျက်ခဲနှင့်ထမင်းတစ်နပ်အရသာရှိရှိစားလိုက်ရတယ်။လမ်းမှာတွေ့ရသောဘုန်းကြီးကျောင်းတစ်ခုမှာတည်းချနားခိုရလို့​ခေတ္တအမောပြေရုံရှိသေးတယ်။

ကလေးကပြောနေကြအတိုင်း “နောင်တော်၊ထားထား၊တော်တော်” စသဖြင့်ပြောဆိုသံကိုကပ္ပိယကြီးကြားသွားလို့
မသင်္ကါ ဖြစ်နေတယ်။မငြိမ်းသာက ကလေး က ပုဏ္ဏားစကားတွေပြောနေတာပါ။လို့ဖြေရှင်းပေမယ့်ကပ္ပိယဘိုးသူတော်ကြီးရဲ့သံသယစိတ်ကိုမဖြေဖျောက်နိုင်ပါ။မင်းသားလေးပျောက်လို့ရှာနေတာကိုသူတို့လည်းကြားပြီးဖြစ်တယ်။

နောက်ကျောင်းထိုင်ဘုန်းကြီးကရာဇဝတ်တော်ဘေးမို့သနားတော်လည်း လက်မခံဝံ့ဘူး။ “ဘေးလွတ်ရာကိုသွားကြပါတော့” လို့မိန့်ဆိုလိုက်တယ်။မငြိမ်းသာတို့ကိုပေါက်ပေါက်ဆုပ်နဲ့ဆန်ကြမ်းလေးစွန့်ကြဲလိုက်တယ်။နောက်တော့မငြိမ်းသာတို့သားအမိသီလရှင်ချောင်တစ်ခုမှာနားခိုခွင့်ရလိုက်တယ်။

ဌာနခံသီလရှင်တို့ကိုသင့်တင့်အောင်ပြော၊အနည်းအပါးလည်း
ခွဲဝေလှူဒါန်းလိုက်တယ်။သားတော်လေးကိုလည်း “နောက်ကို နို့မေလို့မခေါ် နဲ့။အမေလို့ခေါ်၊ပွဲတော်ဆာတယ်မပြောနဲ့၊ထမင်းဆာတယ်လို့ပြော၊တော်တော်လို့လည်းမခေါ်ရဘူး”စသဖြင့်ကြိတ်ပြီးသွန်သင်ရတယ်။ထိပ်တင်တုတ်ကလေးကလည်းအကင်းပါးသူပီပီနားထောင်ရှာတယ်။

မငြိမ်းသာတို့သီလရှင်ကျောင်းမှာနားခိုနေခိုက်၊ပြည်မင်းသား
နှင့်သားတော်များမှာနောက်လိုက်နောက်ပါအနည်းငယ်
ဆင်မြင်းအနည်းငယ်နှင့်အသက်ဘေးကလွတ်မြောက်လာပေမယ့်
​ရေရှည်လုံခြုံမှုမရခဲ့ပါ။

တပ်တော်ကြီးနှင့်ရင်ဆိုင်ဖို့အင်အားမရှိတော့မကြာခင်မှာပင်အဖမ်းခံလိုက်ရတယ်။ဖမ်းမိပြီးမကြာခင်မှာပဲပြည်မင်းသားနှင့်သားတော်များရဲ့ကံကြမ္မာကတော့ပုဂံမင်းရဲ့အမိန့်ဖြင့်ရေမှာဖျောက်၍ကွပ်မျက်ခြင်းခံလိုက်ရပါတယ်။

ပြည်မင်းသားအိမ်တော်မှာ (၃) စုကွဲလျက်ရှိရာပထမအုပ်စု
ပြည်မင်းသားနှင့်သားတော်များကအဆိုးရွားဆုံးအဖြစ်နဲ့ဇာတ်သိမ်းသွားရတယ်။ဒုတိယအုပ်စုပြည်မင်းသားရဲ့ကြင်ယာတော်ပြည်ထိပ်ထားနဲ့သမီးတော်ပြည်ထိပ်ခေါင်တင်တို့ကတော့ပြင်းထန်သောပရိဒေဝမီးခံစားကြရတယ်။

မငြိမ်းသာတို့တတိယအုပ်စုကတော့သီလရှင်ကျောင်းမှာအခိုက်အတံအားဖြင့်အေးချမ်းစွာခိုလှုံလို့ရနေသေးတယ်။တခုသောနေဝင်ဆည်းဆာအချိန်သူတို့သားအမိရှိရာကိုလူတစ်စုလာနေတာကိုတွေ့လိုက်ရတယ်။အနားရောက်လာလို့သဲကွဲစွာမြင်လိုက်ရတဲ့အခါပြည်မင်းသားရဲ့သားတော်ညီနောင်တစ်စုဖြစ်နေတယ်။

မငြိမ်းသာမှာ “ဟယ် ကိုယ်တော်လေးတို့ “ဟုနှုတ်ကထွက်လုမတတ်ဖြစ်သွားတယ်။သူတို့ကိုမငြိမ်းသာမြင်လိုက်သကဲ့သို့သားတော်လေးကလည်းမြင်လိုက်ပုံရတယ်။လက်ကလေးလှမ်းလိုက်ပြီး “နောင်တော်..နောင်တော်”လို့လှမ်းခေါ်နေတယ်။

မငြိမ်းသာမြင်မိသလောက်ညီနောင်တို့ရဲ့မျက်နှာတွေဟာ
ညှိုးနွမ်းပြီးမသာမယာရှိလှတယ်။ကြက်သီးကဖြန်းကနဲထသွားပြီးသူတို့လူ့ပြည့်မှာမရှိတော့ဘူးဆိုတဲ့အသိနဲ့မျက်ရည်ပေါက်ကြီးများမဆည်နိုင်အောင်ဖြစ်ရတယ်။သားလေးကတော့”အမေဘာလို့ငိုတာလဲ။

အမေငိုလို့သူတို့ထွက်သွားကြပြီ” ဆိုတော့မှအသိဝင်ပြီး
မိမိအခြေအနေပျက်သွားတာကိုသတိထားလိုက်ချိန်မှာ
ဟန်ဆောင်ပန်ဆောင်လုပ်ဖို့အချိန်မရတော့။သူတို့သားအမိရဲ့မကြုံစကောင်းနိမိတ်မကောင်းတဲ့ထူးခြားတဲ့အချင်းအရာကိုမျက်စိအောက်မှာထင်းထင်းကြီးမြင်တွေ့လိုက်ရတဲ့သီလရှင်လေးများဟာသွေးလေခြောက်ချားကြောက်အားပိုလျက်ရှိကြတယ်။

ဒီမှာဆက်နေဖို့ကမဖြစ်တော့တာမို့သန်းခေါင်ကျော်လင်းအားကြီးအချိန်မှာအထုပ်ကိုစွဲ၊သားတော်လေးကိုပွေ့ပိုက်၍သီလရှင်ကျောင်းမှထွက်ခွာလာခဲ့တော့တယ်။နေဝင်ဆည်းဆာမှာကိုယ်ထင်လာပြတဲ့ကိုယ်တော်လေးတွေကိုကောင်းရာမွန်ရာရောက်စေဖို့အမျှပေးဝေရတယ်။

မငြိမ်းသာကအမိခံရလျှင်မိမိသေမိန့်ကျမှာထက်မင်းသားလေး
သေမိန့်ကျမှာပိုပြီးစိုးရိမ်တာကြောင့်သားတော်လေးအသက်ဘေးမှကင်းဝေးစေဖို့လွတ်မြောက်ရာကိုပြေးရပေဦးမည်။ဒီတခါတော့မွေးရပ်ဌာနေကိုအားခဲပြီးပြန်လာခဲ့တယ်။ရပ်ရွာဆွေမျိုးများထံခိုလှုံပြီးထိပ်တင်တုတ်ကိုသူ့သားအဖြစ်ကြေငြာထားတယ်။

 

မယုံသင်္ကါရှိသူကရှိကြပေမယ့်ကောင်းသောဆွေမျိုးများကို
အားကိုးပြီးအများနှင့်သင့်အောင်ပေါင်း၍ကောင်းစွာခိုလှုံနေထိုင်လေတော့တယ်။

 

Credit

 

Zawgyi

 

“ကေလးပိုက္၍ေျပးရသူ”(သို႔) ေ႐ႊနန္းေတာ္က မၿငိမ္းသာ အေၾကာင္း

 

 

“ကေလးပိုက္၍ေျပးရသူ”

ျပည္မင္းသားအိမ္ေတာ္မွထြက္ေျပးလာသူမၿငိမ္းသာအေၾကာင္းကေတာ့ဒီလိုပါ။မင္းမ်ိဳးမင္းေသြးကေလးငယ္မ်ားအတြက္အထိန္းေတာ္ခန့္ရာမွာက်န္းမာသန့္ရွင္းၿပီးသြက္လက္ခ်က္ခ်ာရွိသူ၊အမ်ိဳးအႏြယ္ေကာင္းထဲကေ႐ြးခ်ယ္ခန့္ထားၾကတယ္။

ျပည္မင္းသား၏အငယ္ဆုံးသားေတာ္ေလးကိုထိန္းရသူအထိန္းေတာ္မၿငိမ္းသာကသူထိန္းရေသာထိပ္တင္တုတ္ေလး
ကိုသူ႕အေသြးသူ႕အသက္ပမာတြယ္တာခ်စ္ခင္သနားလ်က္ရွိတယ္။

အိမ္ေတာ္ကိုရဲမက္ေတြဝိုင္းတဲ့အခ်ိန္မွာအေျခအေနကိုနားလည္သေဘာေပါက္သူမၿငိမ္းသာကအတြင္းပစၥည္းေလးမ်ားပါနိုင္သမွ်က်စ္က်စ္ပါေအာင္ယူ၊ကေလးကိုတင္းတင္းေပြ႕ၿပီးလူအုပ္ၾကားထဲေရာေႏွာကိုယ္ေရာင္ေဖ်ာက္ၿပီးေျပးေတာ့တယ္။

ညအခ်ိန္လည္းျဖစ္၊အုတ္အုတ္ကြၽက္ကြၽက္တိုက္ပြဲဆင္ႏႊဲေနခ်ိန္
ျဖစ္လို႔ထြက္ေျပးလြတ္ေျမာက္လာတယ္။မၿငိမ္းသာကပါးနပ္ေတာ့႐ုပ္ဖ်က္ဖို႔လိုတာကိုသေဘာေပါက္တယ္။ဒါေၾကာင့္လမ္းမွာေတြ႕တဲ့ပုဏၰားမတစ္ေယာက္ဆီကခ်ည္လုံခ်ည္နဲ႕ပုဝါတစ္ပိုင္ကိုကိုယ္မွာဝတ္ထားတဲ့ပိုးထမီနဲ႕ေငြစပါေပးၿပီးလဲဝတ္လိုက္တယ္။

မၿငိမ္းသာတို႔သားအမိႏွစ္ဦးမွာသန့္ရွင္းၾကည္စင္ေနေသာ
႐ုပ္ရည္အသြင္အျပင္မွညစ္ေထးေသာပုဏၰားသားအမိအသြင္
႐ုပ္ေျပာင္း႐ုပ္လြဲလုပ္လိုက္တယ္။ေရွ႕ဆက္ၿပီးသူဆင္းရဲႏွင့္မျခားေန႕ညမဟူသြားလာကူးသန္းလို႔ရသြားၿပီျဖစ္တယ္။

မၿငိမ္းသာကမ်က္စိရွင္ရွင္၊နားလ်င္လ်င္ျဖင့္မေနမနားလႈပ္ရွား
သြားလာရတယ္။ေနျပည္ေတာ္နဲ႕ေဝးေလစိတ္ေအးရေလမဟုတ္ပါလား။အဲဒါအျပင္သားေတာ္ေလးရဲ႕ အေခၚအေဝၚသုံးႏႈန္းမႈမ်ားကို
ဂ႐ုတစိုက္ျပင္ေပးေနရတယ္။

ကေလးကဘာမွနားမလည္ေတာ့မၾကာခဏပူဆာတတ္တယ္။
“နို႔ေမ.. ေမာင္ေမာင္ပြဲေတာ္ဆာၿပီ” ဆိုေပမယ့္ေျပးလႊားေန
ရေတာ့ေခ်ာ့ေမာ့ထားရတယ္။အိမ္ဆိုင္ေလးမ်ားမွာ ဆန္၊ထန္းလ်က္၊ငပိ စသည့္ရိကၡာမ်ားစုေဆာင္းရတယ္။

ေနျပည္ေတာ္မွာလည္းသားေတာ္အငယ္ဆုံး (၃)ႏွစ္သားေလး
ပါေပ်ာက္ဆုံးေနေတာ့ဘုရင့္ဘက္ေတာ္သားမ်ားရဲမက္စစ္သည္ျမင္းသည္ေက်ာ္မ်ားကခြာသံတဖုန္းဖုန္း၊ျမဴမႈန္တလုံးလုံးျဖင့္ဒုန္းဆိုင္းလိုက္၍အျပင္းအထန္ေျမလွန္ရွာေဖြေနၾကတယ္။

 

ႂကြက္နပါးေတာင္ဖက္မွာဆန္ထုပ္ေလးေခါင္းေပၚ႐ြက္ၿပီး
ကေလးခ်ီထားတဲ့မၿငိမ္းသာတို႔သားအမိနဲ႕ပက္ပင္းတိုးၾကတဲ့အခါျမင္းေပၚမွလွမ္း၍”ဟဲ့ ပုဏၰားမ ငါတို႔မင္းသားေလးရွာေနတာ၊နင့္ကေလးပါသြားမယ္။ေတာ္ရာရွားဘိ” လို႔ႀကိမ္းေမာင္းသြားတယ္။

မၿငိမ္းသာလည္းေရွ႕ေရးအတြက္အေထာက္အကူရေအာင္
လမ္းမွာအမွတ္မထင္ေတြ႕လိုက္ရတဲ့ အရင္ကျပည္မင္းသားရဲ႕
ထီးေတာ္မိုးလုပ္ဖူးတဲ့ ေမာင္ခ်စ္ ကို သူ႕လင္အျဖစ္လိုက္ပါ
ေစာင့္ေရွာက္ေပးဖို႔ေတာင္းပန္တယ္။ေမာင္ခ်စ္ကလည္းေကာင္းၿပီ၊ေကာင္းရက္နဲ႕ဘုရင့္ျမင္းစစ္သည္မ်ားရဲ႕ျမင္းခြာသံလည္းၾကားေရာ၊ေမာင္ခ်စ္လည္းေျပးေရာပဲ။

မၿငိမ္းသာတို႔သားအမိလည္းေဘးကင္းရာေရာက္ေတာ့
ထမင္းခ်က္ၿပီးထန္းလ်က္ခဲႏွင့္ထမင္းတစ္နပ္အရသာရွိရွိစားလိုက္ရတယ္။လမ္းမွာေတြ႕ရေသာဘုန္းႀကီးေက်ာင္းတစ္ခုမွာတည္းခ်နားခိုရလို႔​ေခတၱအေမာေျပ႐ုံရွိေသးတယ္။

ကေလးကေျပာေနၾကအတိုင္း “ေနာင္ေတာ္၊ထားထား၊ေတာ္ေတာ္” စသျဖင့္ေျပာဆိုသံကိုကပၸိယႀကီးၾကားသြားလို႔
မသကၤါ ျဖစ္ေနတယ္။မၿငိမ္းသာက ကေလး က ပုဏၰားစကားေတြေျပာေနတာပါ။လို႔ေျဖရွင္းေပမယ့္ကပၸိယဘိုးသူေတာ္ႀကီးရဲ႕သံသယစိတ္ကိုမေျဖေဖ်ာက္နိုင္ပါ။မင္းသားေလးေပ်ာက္လို႔ရွာေနတာကိုသူတို႔လည္းၾကားၿပီးျဖစ္တယ္။

ေနာက္ေက်ာင္းထိုင္ဘုန္းႀကီးကရာဇဝတ္ေတာ္ေဘးမို႔သနားေတာ္လည္း လက္မခံဝံ့ဘူး။ “ေဘးလြတ္ရာကိုသြားၾကပါေတာ့” လို႔မိန့္ဆိုလိုက္တယ္။မၿငိမ္းသာတို႔ကိုေပါက္ေပါက္ဆုပ္နဲ႕ဆန္ၾကမ္းေလးစြန့္ႀကဲလိုက္တယ္။ေနာက္ေတာ့မၿငိမ္းသာတို႔သားအမိသီလရွင္ေခ်ာင္တစ္ခုမွာနားခိုခြင့္ရလိုက္တယ္။

ဌာနခံသီလရွင္တို႔ကိုသင့္တင့္ေအာင္ေျပာ၊အနည္းအပါးလည္း
ခြဲေဝလႉဒါန္းလိုက္တယ္။သားေတာ္ေလးကိုလည္း “ေနာက္ကို နို႔ေမလို႔မေခၚ နဲ႕။အေမလို႔ေခၚ၊ပြဲေတာ္ဆာတယ္မေျပာနဲ႕၊ထမင္းဆာတယ္လို႔ေျပာ၊ေတာ္ေတာ္လို႔လည္းမေခၚရဘူး”စသျဖင့္ႀကိတ္ၿပီးသြန္သင္ရတယ္။ထိပ္တင္တုတ္ကေလးကလည္းအကင္းပါးသူပီပီနားေထာင္ရွာတယ္။

မၿငိမ္းသာတို႔သီလရွင္ေက်ာင္းမွာနားခိုေနခိုက္၊ျပည္မင္းသား
ႏွင့္သားေတာ္မ်ားမွာေနာက္လိုက္ေနာက္ပါအနည္းငယ္
ဆင္ျမင္းအနည္းငယ္ႏွင့္အသက္ေဘးကလြတ္ေျမာက္လာေပမယ့္
​ေရရွည္လုံၿခဳံမႈမရခဲ့ပါ။

တပ္ေတာ္ႀကီးႏွင့္ရင္ဆိုင္ဖို႔အင္အားမရွိေတာ့မၾကာခင္မွာပင္အဖမ္းခံလိုက္ရတယ္။ဖမ္းမိၿပီးမၾကာခင္မွာပဲျပည္မင္းသားႏွင့္သားေတာ္မ်ားရဲ႕ကံၾကမၼာကေတာ့ပုဂံမင္းရဲ႕အမိန့္ျဖင့္ေရမွာေဖ်ာက္၍ကြပ္မ်က္ျခင္းခံလိုက္ရပါတယ္။

ျပည္မင္းသားအိမ္ေတာ္မွာ (၃) စုကြဲလ်က္ရွိရာပထမအုပ္စု
ျပည္မင္းသားႏွင့္သားေတာ္မ်ားကအဆိုး႐ြားဆုံးအျဖစ္နဲ႕ဇာတ္သိမ္းသြားရတယ္။ဒုတိယအုပ္စုျပည္မင္းသားရဲ႕ၾကင္ယာေတာ္ျပည္ထိပ္ထားနဲ႕သမီးေတာ္ျပည္ထိပ္ေခါင္တင္တို႔ကေတာ့ျပင္းထန္ေသာပရိေဒဝမီးခံစားၾကရတယ္။

မၿငိမ္းသာတို႔တတိယအုပ္စုကေတာ့သီလရွင္ေက်ာင္းမွာအခိုက္အတံအားျဖင့္ေအးခ်မ္းစြာခိုလႈံလို႔ရေနေသးတယ္။တခုေသာေနဝင္ဆည္းဆာအခ်ိန္သူတို႔သားအမိရွိရာကိုလူတစ္စုလာေနတာကိုေတြ႕လိုက္ရတယ္။အနားေရာက္လာလို႔သဲကြဲစြာျမင္လိုက္ရတဲ့အခါျပည္မင္းသားရဲ႕သားေတာ္ညီေနာင္တစ္စုျဖစ္ေနတယ္။

မၿငိမ္းသာမွာ “ဟယ္ ကိုယ္ေတာ္ေလးတို႔ “ဟုႏႈတ္ကထြက္လုမတတ္ျဖစ္သြားတယ္။သူတို႔ကိုမၿငိမ္းသာျမင္လိုက္သကဲ့သို႔သားေတာ္ေလးကလည္းျမင္လိုက္ပုံရတယ္။လက္ကေလးလွမ္းလိုက္ၿပီး “ေနာင္ေတာ္..ေနာင္ေတာ္”လို႔လွမ္းေခၚေနတယ္။

မၿငိမ္းသာျမင္မိသေလာက္ညီေနာင္တို႔ရဲ႕မ်က္ႏွာေတြဟာ
ညွိုးႏြမ္းၿပီးမသာမယာရွိလွတယ္။ၾကက္သီးကျဖန္းကနဲထသြားၿပီးသူတို႔လူ႕ျပည့္မွာမရွိေတာ့ဘူးဆိုတဲ့အသိနဲ႕မ်က္ရည္ေပါက္ႀကီးမ်ားမဆည္နိုင္ေအာင္ျဖစ္ရတယ္။သားေလးကေတာ့”အေမဘာလို႔ငိုတာလဲ။

အေမငိုလို႔သူတို႔ထြက္သြားၾကၿပီ” ဆိုေတာ့မွအသိဝင္ၿပီး
မိမိအေျခအေနပ်က္သြားတာကိုသတိထားလိုက္ခ်ိန္မွာ
ဟန္ေဆာင္ပန္ေဆာင္လုပ္ဖို႔အခ်ိန္မရေတာ့။သူတို႔သားအမိရဲ႕မႀကဳံစေကာင္းနိမိတ္မေကာင္းတဲ့ထူးျခားတဲ့အခ်င္းအရာကိုမ်က္စိေအာက္မွာထင္းထင္းႀကီးျမင္ေတြ႕လိုက္ရတဲ့သီလရွင္ေလးမ်ားဟာေသြးေလေျခာက္ခ်ားေၾကာက္အားပိုလ်က္ရွိၾကတယ္။

ဒီမွာဆက္ေနဖို႔ကမျဖစ္ေတာ့တာမို႔သန္းေခါင္ေက်ာ္လင္းအားႀကီးအခ်ိန္မွာအထုပ္ကိုစြဲ၊သားေတာ္ေလးကိုေပြ႕ပိုက္၍သီလရွင္ေက်ာင္းမွထြက္ခြာလာခဲ့ေတာ့တယ္။ေနဝင္ဆည္းဆာမွာကိုယ္ထင္လာျပတဲ့ကိုယ္ေတာ္ေလးေတြကိုေကာင္းရာမြန္ရာေရာက္ေစဖို႔အမွ်ေပးေဝရတယ္။

မၿငိမ္းသာကအမိခံရလွ်င္မိမိေသမိန့္က်မွာထက္မင္းသားေလး
ေသမိန့္က်မွာပိုၿပီးစိုးရိမ္တာေၾကာင့္သားေတာ္ေလးအသက္ေဘးမွကင္းေဝးေစဖို႔လြတ္ေျမာက္ရာကိုေျပးရေပဦးမည္။ဒီတခါေတာ့ေမြးရပ္ဌာေနကိုအားခဲၿပီးျပန္လာခဲ့တယ္။ရပ္႐ြာေဆြမ်ိဳးမ်ားထံခိုလႈံၿပီးထိပ္တင္တုတ္ကိုသူ႕သားအျဖစ္ေၾကျငာထားတယ္။

 

မယုံသကၤါရွိသူကရွိၾကေပမယ့္ေကာင္းေသာေဆြမ်ိဳးမ်ားကို
အားကိုးၿပီးအမ်ားႏွင့္သင့္ေအာင္ေပါင္း၍ေကာင္းစြာခိုလႈံေနထိုင္ေလေတာ့တယ္။

 

Credit

 

 

 

 

 

Leave a Reply

Your email address will not be published.