ရာဇဝင်ထဲမှ မြတပူ (သို့မဟုတ်) ရှေးခေတ် မြန်မာ့အမြောက် အကြောင်း

ရာဇဝင်ထဲမှ မြတပူ (သို့မဟုတ်) ရှေးခေတ် မြန်မာ့အမြောက် အကြောင်း

 

 

ရှေးခေတ်က မြန်မာ့စစ်တပ်အတွက် အားထားရသော စစ်လက် နက်ပစ္စည်းများတွင် အမြောက်၊စိန်ပြောင်း၊ မြတပူ ဟူ၍ ပါရှိသည်ကို သမိုင်း လေ့လာဖူးသူတိုင်း သတိထားမိကြမည်ဟု ထင်ပါသည် ။

ရှေးခေတ် မြန်မာ့စစ်လက်နက်ခဲယမ်းမီးကျောက် ပစ္စည်းများ၌ အမြောက်၊ စိန်ပြောင်း၊ မြတပူ တို့သည် ထူးခြား၍ စိတ်ဝင်စားဖွယ် ကောင်းပြီး အသုံးဝင်သော စစ်လက်နက် ပစ္စည်းများ ဖြစ်ကြသည်။

အမြောက်သည် စစ်ရေးတွင်များစွာ အားထားရသော လက်နက်ပစ္စည်းတစ်ခု ဖြစ်သည်သာမက နှစ်နိုင်ငံ ချစ်ကြည်ရေး ဧည့်သည်တော် များအား ကြိုဆိုရာတွင် လည်းကောင်း၊

နိုင်ငံရေးအရ အချက်အချာကျသော နေ့ထူးနေ့မြတ်ကြီးများ ကျင်းပရာတွင် လည်းကောင်း၊ အမြောက်ကို တခမ်း တနား ပစ်ဖောက်ကာ ဂုဏ်ပြုလေ့ ရှိသည်။

 

ထိုစစ်လက်နက်များ ဖြစ်ကြသော အမြောက်၊ စိန်ပြောင်း နှင့် မြတပူ တို့ထဲတွင် မြတပူ ဆိုသော ထူးဆန်းသော နာမည်ရှိသည့် အမြောက် လက် နက်ကို စာဖတ်သူများ သတိထားမိကြပါလိမ့်မည် ။

ထိုမြတပူ ဆိုသော အမြောက်လက်နက်ဟာ အခြားသော စိန်ပြောင်း ၊ အမြောက်များ နှင့် ပုံပန်းသဏ္ဌာန် မည်သို့ ကွာခြားသည်၊အသုံးပြုပုံ အသုံး ဝင် ပုံခြင်း မည်သို့ ကွာခြားသည်ကိုလည်း ခွဲခြား သိချင်ကြမည်ဟု ယူဆသဖြင့် မြတပူအကြောင်း ရှာဖွေလို့ ရသမျှကို တင်ဆက်ပေးပါရစေ။

စိန်ပြောင်း၊ အမြောက်၊ မြတပူ ဟူသော အသုံးအနှုန်းကို အစောဆုံးတွေ့ရှိရသည်မှာသက္ကရာဇ် ၇၆၆ – ၇၆၇ ခုနှစ်များတွင် ရာဇာဓိရာဇ်နှင့် ဘုရင်မင်းခေါင်တို့ ဆင်နွှဲသော မွန် – မြန်မာ နှစ်လေးဆယ် တိုက်ပွဲများတွင်မှ တွေ့ရှိရ၏။

 

မွန်ဝန်ကြီး ဗညာဒလ ရေးသားပြုစုသော မှန်နန်း ရာဇဝင်တော်ကြီး ၌ “မွန်မင်း ရာဇာဓိရာဇ်လည်း ဟံသာဝတီက ဆန်တက်၍ ပြည်မြို့သို့ရောက်လျှင် အကြိမ်ကြိမ် လုပ်ကြံသည်။

ပြည်မြို့တွင်းက ပြောင်းသေနတ်၊ အမြောက် မြတပူ တို့နှင့် ပြင်းစွာ ပစ်ခတ် သောကြောင့် မြို့ကို မတက်ဝံ့၊ သူရဲသူခက် အသေ အပျောက်များလျှင် ပြည်မြို့က ခွာ၍ မြေထဲသို့ ဆန်ရလေ၏” ဟု ဖော်ပြထားသည်။

ထို့ကြောင့် မြတပူ ဟူသော စစ်လက်နက်ဟာ အင်းဝ – ဟံသာဝတီ နှစ်လေးဆယ် စစ်ပွဲအတွင်း အသုံးပြုခဲ့သော နှစ်ပေါင်း ၄၀၀ ကျော် သက်တမ်းရှိ စစ်လက်နက် ဖြစ်ကြောင်း ကောက်ချက် ချနိုင်ပါသည် ။

ထို မြတပူ၏ ပုံပန်းသဏ္ဌာန် နှင့် အမြောက် စိန်ပြောင်း တို့မှာ ဆင်တူသော်လည်း ကွဲပြားခြားနားမှုတော့ ရှိပါသည် ။

 

မြတပူ ဟာ အမြောက် စိန်ပြောင်းကဲ့သို့ ပြောင်းတို၊ ပြောင်းရှည် များအတွင်း ဗုံးသီး၊ ဗုံးဆန်ထည့်ပြီး နောက်မှ ယမ်းကို မီးရှို့ပေါက်ကွဲစေပြီး ဗုံးသီး၊ ဗုံးဆန်ကို ယမ်းပေါက်ကွဲအားဖြင့် တွန်းထုတ်စေသော လက်နက်မျိုး မဟုတ်ပါ။

 

မြတပူတွင် အသုံးပြုသော ပြောင်းသည် အတန်ငယ်ရှည်သော ပြောင်းရှည်ဖြစ်ပြီး ၎င်း ပြောင်းရှည်ကို ကြေးသွန်း၊ ငွေသွန်းပြီး ပေါ့ပါးအောင် လုပ်ထားသည်ဟု သိရသည် ။

ထို့နောက် အလွယ်တကူ ရွှေ့ပြောင်း၍ ရအောင် ဘီးတပ်လှည်း၊ ယဉ်များတွင် တင်၍ အသုံးပြုရသည်မြတပူသည် အမြောက် စိန်၊ပြောင်းတို့လောက် လေးပင်မှု မရှိပဲ ပြောင်းသည်လည်း သိပ်ထူခြင်း မရှိဟု ဆိုသည် ။

ထို့အပြင် အမြောက်၊ စိန်ပြောင်းကဲ့သို့ ပြောင်းတွင် နောက်ပိတ်မပါပဲ ဒိုးရှိုပေါက်ဟု သိရသည်။ ထို့ပြင် ယမ်းကိုပုံကာ မီးရှို့ရသော နားခွက်လည်း မပါချေ။

မြတပူသည် ပြောင်းဝ ၄လက်မ မှ ၆လက်မ အထိ ကျယ်ပြီး ၄ပေ မှ ၆ပေ အထိ ရှည်လျားလေ့ ရှိသည်”ဟု ဖော်ပြထားသည်။

 

မြတပူတွင် ထည့်သွင်း အသုံးပြုရသည့် အရာမှာ ဗုံးဆံ၊ ဗုံးသီးကဲ့သို့ လုံးဝန်းသောသံလုံး၊ ကြေးလုံး မဟုတ်ပဲ ၊ ဒုံးပျံကဲ့သို့ ရှည်ပြီး၊နောက်တွင်လည်း ပဲ့ထိန်းကဲ့သို့ အမြီးပါသော ယမ်းချောင်း၊ ယမ်းတောင့်သာ ဖြစ်သည် ။ထိုအရာဟာ ဘာနှင့်ဆင်တူသလည်း ဆိုတော့သီတင်းကျွတ် ကာလတွင် ကလေးများ ကစားလေ့ရှိသော ရွှီးဒိုင်းနှင့်တူသည် ။

 

ယမ်းစကြိုးကို မီးရှို့လိုက်ပါက ရွှီးဒိုင်းသည် သူ့ဟာသူ လေပေါ်သို့ တွန်းကန်ပြီး တက်သွားကာ အရှိန်ကုန်သည့်အခါ ပေါက်ကွဲသွားသကဲ့သို့ပင် မြတပူကျည် တောင့်ဟာလည်းသူ့ အတောင့်အတွင်း ထည့်သွင်းထားသော ယမ်း၏ ပေါက်ကွဲအားကိုပင် အရှိန်ယူကာ လေပေါ်သို့ တွန်းကန် တက်သွားပြီး အရှိန် ကုန်ပါက ပေါက်ကွဲသွားသည့် အမျိုးပင်ဖြစ်သည် ။

 

ရွှီးဒိုင်း အကြီးစားသဘောမျိုး ဖြစ်သော်လည်း အမြီးပါရှိသောကြောင့် လိုရာခရီးကို တည့်မတ်စွာ ရောက်ရှိစေပြီး ချိန်ထားသော ပြောင်း၏ လမ်းကြောင်းပစ်မှတ် အတိုင်းပင် လွဲချော်မှု မရှိစေပဲ လိုရာသို့ တည့်မတ်စွာ ရောက်ရှိ ပေါက်ကွဲစေနိုင်သည်။

မြတပူတောင့် ပြုလုပ်ရာတွင် ဒုံးကျည်ကဲ့သို့ ရှည်သော လုံးဝန်းသော ကျည်ဆံတောင့်ဖြစ်အောင် ၊အခေါင်းပေါက် ဖြစ်အောင် ကြေး၊သံကျွတ်များဖြင့် သွန်းရသည်ဟုဆိုသည် ။တခါတရံ ကြေး၊ သံ မရနိုင်တဲ့ အခါများမှာ မီးသင်းထားသော ဝါးဆစ်ကိုပင် အသုံးပြုသည်ဟု သိရသည်။

ထို ကျည်ဆံတောင့် အတွင်းထဲသို့ပထမဦးစွာ ကန့်နှင့်ရောထားသောယမ်းပြင်းကို ကျစ်လစ်အောင်သိပ်သည်းစွာ သုံးပုံ တစ်ပုံခန့် ထည့်ရသည် ။

အဲဒီနောက်တွင်မှ ယမ်းစိမ်း၊ မီးသွေးမှုန့်၊ ကျောက်မှုန့်၊ မီးစုန်း၊ ကန့်တို့ အချိုးချ စပ်ထားသော ယမ်းပျော့မှုကို သိပ်ထည့်ရသည်။ထို့နောက် ယမ်းကြိုးကို အလယ်အူကြောင်းတွင် ထည့်သွင်းပြီး နောက်ပိတ်ကို လေလုံအောင် ချိတ်ဖြင့် ပိတ်ရသည်ဟု ဆိုသည် ။

ထို့အပြင် အရှေ့သို့ တည့်မတ်စွာ ပျံသန်းသွားနိုင်ရန် အနောက်တွင် အမြီး တပ်ပေးရသည်။ထို့နောက် ယမ်းကြိုး ရေမစိုအောင် ခြောက်သွေ့စွာ ထားရသည်။

အသုံးပြုသည့်အခါ မြတပူ ကျည်ဆံတောင့်ကို ပြောင်း၏ အနောက်မှ ထည့်သွင်းပြီး ယမ်းကြိုးပေါ်အောင် ထားရသည် ။
ထို့နောက် ဘီးတပ်လှည်းနှင့် ပြောင်းကို လိုသလိုရွေ့ကာ ပစ်မှတ်ကို တည့်မတ်စွာချိန်ပြီး ယမ်းကြိုးစနက်တံကို မီးရှို့ရသည်။

ယမ်းကြိုးစနက်မှ မီးဟာ ပထမဦးစွာ ယမ်းပျော့ကို ကူးသွားသည့်အတွက် မြတပူဟာ အားတခုဖြင့် ပေါက်ကွဲတွန်းကန်ပြီး ပြောင်းတလျှောက် အရှိန်ပြင်းစွာ ပျံထွက်သွားသည်။ထို့နောက် တဖြေးဖြေး မီးဟာ မြတပူတောင့် အရင်းနားရှိ သိပ်သည်းဆပြင်းသော ယမ်းပြင်းရှိရာနေရာ အရောက်တွင် မြတပူသည် ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည် ။

 

ထို့ကြောင့် မြတပူလက်နက်ဟာ အမြောက် ၊ စိန်ပြောင်းကဲ့သို့ အလှမ်းကွာဝေးသော ပစ်မှတ်များကို မှန်းဆပြီး အဝေးကနေ ပစ်ခတ်၍ မရသော်လည်းမြို့သိမ်းတိုက်ပွဲများနှင့် အနီးကပ် ရင်ဆိုင်တိုက်ပွဲများတွင် ပစ်မှတ်များကို တည့်မတ်စွာ ပစ်ခတ်နိုင်သည့်အတွက် များစွာ အသုံးဝင်လှသည်။

 

မြန်မာ့စစ်သမိုင်းတွင် မြတပူကို အထူး အားကိုးအားထား ပြုခဲ့ကြောင်း ဦးကုလားရာဇဝင်နှင့် မှန်နန်းရာဇဝင်တော်ကြီးတွင် ဖော်ပြခဲ့သောသက္ကရာဇ် ၇၇၁ခုနှစ်တွင် ဘုရင်မင်းခေါင်နှင့် ရာဇဓိရာဇ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ‘ဘားနံတိုက်ပွဲ’ အကြောင်းတွင် အထူးတလည် ပါရှိသည်။

 

ကုန်းဘောင်ခေတ်ဦးတွင်လည်း အမြောက် နှင့် စိန်ပြောင်း ၊ မြတပူတို့ ကို အလေးပေး ထုတ်လုပ်သုံးစွဲခဲ့ကြောင်း ကုန်းဘောင် ခေတ် စစ်သမိုင်းများတွင် ပါရှိသည်။

အယုဒ္ဓယမြို့ကို ဝန်းရံ လုပ်ကြံစဉ်က “ကျည်ဝ နှစ်မိုက်၊ အလျား ခုနှစ်တောင်၊ ကျည်စေ့လုံးပတ် နှစ်ထွာ၊ အချိန် ငါးဆယ် ထိုဗုံးအမြောက်နှင့် မီးဖြူမီးဝါ သွတ် ထားသော မြတပူဆန်တို့ဖြင့်ညနေညနေတိုင်း … မြို့တွင်းသို့ ဆယ်လုံး ဆယ်လုံးစီမပြတ်ပစ်ခတ်” စေကြောင်း ယိုးဒယား – မြန်မာ စစ်သမိုင်းမော်ကွန်းတွင် ပါရှိလေသည်။

 

Ctedit

 

Zawgyi

 

ရာဇဝင္ထဲမွ ျမတပူ (သို႔မဟုတ္) ေရွးေခတ္ ျမန္မာ့အေျမာက္ အေၾကာင္း

ေရွးေခတ္က ျမန္မာ့စစ္တပ္အတြက္ အားထားရေသာ စစ္လက္ နက္ပစၥည္းမ်ားတြင္ အေျမာက္၊စိန္ေျပာင္း၊ ျမတပူ ဟူ၍ ပါရွိသည္ကို သမိုင္း ေလ့လာဖူးသူတိုင္း သတိထားမိၾကမည္ဟု ထင္ပါသည္ ။

ေရွးေခတ္ ျမန္မာ့စစ္လက္နက္ခဲယမ္းမီးေက်ာက္ ပစၥည္းမ်ား၌ အေျမာက္၊ စိန္ေျပာင္း၊ ျမတပူ တို႔သည္ ထူးျခား၍ စိတ္ဝင္စားဖြယ္ ေကာင္းၿပီး အသုံးဝင္ေသာ စစ္လက္နက္ ပစၥည္းမ်ား ျဖစ္ၾကသည္။

အေျမာက္သည္ စစ္ေရးတြင္မ်ားစြာ အားထားရေသာ လက္နက္ပစၥည္းတစ္ခု ျဖစ္သည္သာမက ႏွစ္နိုင္ငံ ခ်စ္ၾကည္ေရး ဧည့္သည္ေတာ္ မ်ားအား ႀကိဳဆိုရာတြင္ လည္းေကာင္း၊

နိုင္ငံေရးအရ အခ်က္အခ်ာက်ေသာ ေန႕ထူးေန႕ျမတ္ႀကီးမ်ား က်င္းပရာတြင္ လည္းေကာင္း၊ အေျမာက္ကို တခမ္း တနား ပစ္ေဖာက္ကာ ဂုဏ္ျပဳေလ့ ရွိသည္။

 

ထိုစစ္လက္နက္မ်ား ျဖစ္ၾကေသာ အေျမာက္၊ စိန္ေျပာင္း ႏွင့္ ျမတပူ တို႔ထဲတြင္ ျမတပူ ဆိုေသာ ထူးဆန္းေသာ နာမည္ရွိသည့္ အေျမာက္ လက္ နက္ကို စာဖတ္သူမ်ား သတိထားမိၾကပါလိမ့္မည္ ။

ထိုျမတပူ ဆိုေသာ အေျမာက္လက္နက္ဟာ အျခားေသာ စိန္ေျပာင္း ၊ အေျမာက္မ်ား ႏွင့္ ပုံပန္းသဏၭာန္ မည္သို႔ ကြာျခားသည္၊အသုံးျပဳပုံ အသုံး ဝင္ ပုံျခင္း မည္သို႔ ကြာျခားသည္ကိုလည္း ခြဲျခား သိခ်င္ၾကမည္ဟု ယူဆသျဖင့္ ျမတပူအေၾကာင္း ရွာေဖြလို႔ ရသမွ်ကို တင္ဆက္ေပးပါရေစ။

စိန္ေျပာင္း၊ အေျမာက္၊ ျမတပူ ဟူေသာ အသုံးအႏႈန္းကို အေစာဆုံးေတြ႕ရွိရသည္မွာသကၠရာဇ္ ၇၆၆ – ၇၆၇ ခုႏွစ္မ်ားတြင္ ရာဇာဓိရာဇ္ႏွင့္ ဘုရင္မင္းေခါင္တို႔ ဆင္ႏႊဲေသာ မြန္ – ျမန္မာ ႏွစ္ေလးဆယ္ တိုက္ပြဲမ်ားတြင္မွ ေတြ႕ရွိရ၏။

 

မြန္ဝန္ႀကီး ဗညာဒလ ေရးသားျပဳစုေသာ မွန္နန္း ရာဇဝင္ေတာ္ႀကီး ၌ “မြန္မင္း ရာဇာဓိရာဇ္လည္း ဟံသာဝတီက ဆန္တက္၍ ျပည္ၿမိဳ႕သို႔ေရာက္လွ်င္ အႀကိမ္ႀကိမ္ လုပ္ႀကံသည္။

ျပည္ၿမိဳ႕တြင္းက ေျပာင္းေသနတ္၊ အေျမာက္ ျမတပူ တို႔ႏွင့္ ျပင္းစြာ ပစ္ခတ္ ေသာေၾကာင့္ ၿမိဳ႕ကို မတက္ဝံ့၊ သူရဲသူခက္ အေသ အေပ်ာက္မ်ားလွ်င္ ျပည္ၿမိဳ႕က ခြာ၍ ေျမထဲသို႔ ဆန္ရေလ၏” ဟု ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ျမတပူ ဟူေသာ စစ္လက္နက္ဟာ အင္းဝ – ဟံသာဝတီ ႏွစ္ေလးဆယ္ စစ္ပြဲအတြင္း အသုံးျပဳခဲ့ေသာ ႏွစ္ေပါင္း ၄၀၀ ေက်ာ္ သက္တမ္းရွိ စစ္လက္နက္ ျဖစ္ေၾကာင္း ေကာက္ခ်က္ ခ်နိဳင္ပါသည္ ။

ထို ျမတပူ၏ ပုံပန္းသဏၭာန္ ႏွင့္ အေျမာက္ စိန္ေျပာင္း တို႔မွာ ဆင္တူေသာ္လည္း ကြဲျပားျခားနားမႈေတာ့ ရွိပါသည္ ။

 

ျမတပူ ဟာ အေျမာက္ စိန္ေျပာင္းကဲ့သို႔ ေျပာင္းတို၊ ေျပာင္းရွည္ မ်ားအတြင္း ဗုံးသီး၊ ဗုံးဆန္ထည့္ၿပီး ေနာက္မွ ယမ္းကို မီးရွို႔ေပါက္ကြဲေစၿပီး ဗုံးသီး၊ ဗုံးဆန္ကို ယမ္းေပါက္ကြဲအားျဖင့္ တြန္းထုတ္ေစေသာ လက္နက္မ်ိဳး မဟုတ္ပါ။

 

ျမတပူတြင္ အသုံးျပဳေသာ ေျပာင္းသည္ အတန္ငယ္ရွည္ေသာ ေျပာင္းရွည္ျဖစ္ၿပီး ၎ ေျပာင္းရွည္ကို ေၾကးသြန္း၊ ေငြသြန္းၿပီး ေပါ့ပါးေအာင္ လုပ္ထားသည္ဟု သိရသည္ ။

ထို႔ေနာက္ အလြယ္တကူ ေ႐ႊ႕ေျပာင္း၍ ရေအာင္ ဘီးတပ္လွည္း၊ ယဥ္မ်ားတြင္ တင္၍ အသုံးျပဳရသည္ျမတပူသည္ အေျမာက္ စိန္၊ေျပာင္းတို႔ေလာက္ ေလးပင္မႈ မရွိပဲ ေျပာင္းသည္လည္း သိပ္ထူျခင္း မရွိဟု ဆိုသည္ ။

ထို႔အျပင္ အေျမာက္၊ စိန္ေျပာင္းကဲ့သို႔ ေျပာင္းတြင္ ေနာက္ပိတ္မပါပဲ ဒိုးရွိုေပါက္ဟု သိရသည္။ ထို႔ျပင္ ယမ္းကိုပုံကာ မီးရွို႔ရေသာ နားခြက္လည္း မပါေခ်။

ျမတပူသည္ ေျပာင္းဝ ၄လက္မ မွ ၆လက္မ အထိ က်ယ္ၿပီး ၄ေပ မွ ၆ေပ အထိ ရွည္လ်ားေလ့ ရွိသည္”ဟု ေဖာ္ျပထားသည္။

 

ျမတပူတြင္ ထည့္သြင္း အသုံးျပဳရသည့္ အရာမွာ ဗုံးဆံ၊ ဗုံးသီးကဲ့သို႔ လုံးဝန္းေသာသံလုံး၊ ေၾကးလုံး မဟုတ္ပဲ ၊ ဒုံးပ်ံကဲ့သို႔ ရွည္ၿပီး၊ေနာက္တြင္လည္း ပဲ့ထိန္းကဲ့သို႔ အၿမီးပါေသာ ယမ္းေခ်ာင္း၊ ယမ္းေတာင့္သာ ျဖစ္သည္ ။ထိုအရာဟာ ဘာႏွင့္ဆင္တူသလည္း ဆိုေတာ့သီတင္းကြၽတ္ ကာလတြင္ ကေလးမ်ား ကစားေလ့ရွိေသာ ႐ႊီးဒိုင္းႏွင့္တူသည္ ။

 

ယမ္းစႀကိဳးကို မီးရွို႔လိုက္ပါက ႐ႊီးဒိုင္းသည္ သူ႕ဟာသူ ေလေပၚသို႔ တြန္းကန္ၿပီး တက္သြားကာ အရွိန္ကုန္သည့္အခါ ေပါက္ကြဲသြားသကဲ့သို႔ပင္ ျမတပူက်ည္ ေတာင့္ဟာလည္းသူ႕ အေတာင့္အတြင္း ထည့္သြင္းထားေသာ ယမ္း၏ ေပါက္ကြဲအားကိုပင္ အရွိန္ယူကာ ေလေပၚသို႔ တြန္းကန္ တက္သြားၿပီး အရွိန္ ကုန္ပါက ေပါက္ကြဲသြားသည့္ အမ်ိဳးပင္ျဖစ္သည္ ။

 

႐ႊီးဒိုင္း အႀကီးစားသေဘာမ်ိဳး ျဖစ္ေသာ္လည္း အၿမီးပါရွိေသာေၾကာင့္ လိုရာခရီးကို တည့္မတ္စြာ ေရာက္ရွိေစၿပီး ခ်ိန္ထားေသာ ေျပာင္း၏ လမ္းေၾကာင္းပစ္မွတ္ အတိုင္းပင္ လြဲေခ်ာ္မႈ မရွိေစပဲ လိုရာသို႔ တည့္မတ္စြာ ေရာက္ရွိ ေပါက္ကြဲေစနိုင္သည္။

ျမတပူေတာင့္ ျပဳလုပ္ရာတြင္ ဒုံးက်ည္ကဲ့သို႔ ရွည္ေသာ လုံးဝန္းေသာ က်ည္ဆံေတာင့္ျဖစ္ေအာင္ ၊အေခါင္းေပါက္ ျဖစ္ေအာင္ ေၾကး၊သံကြၽတ္မ်ားျဖင့္ သြန္းရသည္ဟုဆိုသည္ ။တခါတရံ ေၾကး၊ သံ မရနိုင္တဲ့ အခါမ်ားမွာ မီးသင္းထားေသာ ဝါးဆစ္ကိုပင္ အသုံးျပဳသည္ဟု သိရသည္။

ထို က်ည္ဆံေတာင့္ အတြင္းထဲသို႔ပထမဦးစြာ ကန႔္ႏွင့္ေရာထားေသာယမ္းျပင္းကို က်စ္လစ္ေအာင္သိပ္သည္းစြာ သုံးပုံ တစ္ပုံခန႔္ ထည့္ရသည္ ။

အဲဒီေနာက္တြင္မွ ယမ္းစိမ္း၊ မီးေသြးမႈန႔္၊ ေက်ာက္မႈန႔္၊ မီးစုန္း၊ ကန႔္တို႔ အခ်ိဳးခ် စပ္ထားေသာ ယမ္းေပ်ာ့မႈကို သိပ္ထည့္ရသည္။ထို႔ေနာက္ ယမ္းႀကိဳးကို အလယ္အူေၾကာင္းတြင္ ထည့္သြင္းၿပီး ေနာက္ပိတ္ကို ေလလုံေအာင္ ခ်ိတ္ျဖင့္ ပိတ္ရသည္ဟု ဆိုသည္ ။

ထို႔အျပင္ အေရွ႕သို႔ တည့္မတ္စြာ ပ်ံသန္းသြားနိုင္ရန္ အေနာက္တြင္ အၿမီး တပ္ေပးရသည္။ထို႔ေနာက္ ယမ္းႀကိဳး ေရမစိုေအာင္ ေျခာက္ေသြ႕စြာ ထားရသည္။

အသုံးျပဳသည့္အခါ ျမတပူ က်ည္ဆံေတာင့္ကို ေျပာင္း၏ အေနာက္မွ ထည့္သြင္းၿပီး ယမ္းႀကိဳးေပၚေအာင္ ထားရသည္ ။
ထို႔ေနာက္ ဘီးတပ္လွည္းႏွင့္ ေျပာင္းကို လိုသလိုေ႐ြ႕ကာ ပစ္မွတ္ကို တည့္မတ္စြာခ်ိန္ၿပီး ယမ္းႀကိဳးစနက္တံကို မီးရွို႔ရသည္။

ယမ္းႀကိဳးစနက္မွ မီးဟာ ပထမဦးစြာ ယမ္းေပ်ာ့ကို ကူးသြားသည့္အတြက္ ျမတပူဟာ အားတခုျဖင့္ ေပါက္ကြဲတြန္းကန္ၿပီး ေျပာင္းတေလွ်ာက္ အရွိန္ျပင္းစြာ ပ်ံထြက္သြားသည္။ထို႔ေနာက္ တေျဖးေျဖး မီးဟာ ျမတပူေတာင့္ အရင္းနားရွိ သိပ္သည္းဆျပင္းေသာ ယမ္းျပင္းရွိရာေနရာ အေရာက္တြင္ ျမတပူသည္ ျပင္းထန္စြာ ေပါက္ကြဲသြားေတာ့သည္ ။

 

ထို႔ေၾကာင့္ ျမတပူလက္နက္ဟာ အေျမာက္ ၊ စိန္ေျပာင္းကဲ့သို႔ အလွမ္းကြာေဝးေသာ ပစ္မွတ္မ်ားကို မွန္းဆၿပီး အေဝးကေန ပစ္ခတ္၍ မရေသာ္လည္းၿမိဳ႕သိမ္းတိုက္ပြဲမ်ားႏွင့္ အနီးကပ္ ရင္ဆိုင္တိုက္ပြဲမ်ားတြင္ ပစ္မွတ္မ်ားကို တည့္မတ္စြာ ပစ္ခတ္နိုင္သည့္အတြက္ မ်ားစြာ အသုံးဝင္လွသည္။

 

ျမန္မာ့စစ္သမိုင္းတြင္ ျမတပူကို အထူး အားကိုးအားထား ျပဳခဲ့ေၾကာင္း ဦးကုလားရာဇဝင္ႏွင့္ မွန္နန္းရာဇဝင္ေတာ္ႀကီးတြင္ ေဖာ္ျပခဲ့ေသာသကၠရာဇ္ ၇၇၁ခုႏွစ္တြင္ ဘုရင္မင္းေခါင္ႏွင့္ ရာဇဓိရာဇ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့သည့္ ‘ဘားနံတိုက္ပြဲ’ အေၾကာင္းတြင္ အထူးတလည္ ပါရွိသည္။

 

ကုန္းေဘာင္ေခတ္ဦးတြင္လည္း အေျမာက္ ႏွင့္ စိန္ေျပာင္း ၊ ျမတပူတို႔ ကို အေလးေပး ထုတ္လုပ္သုံးစြဲခဲ့ေၾကာင္း ကုန္းေဘာင္ ေခတ္ စစ္သမိုင္းမ်ားတြင္ ပါရွိသည္။

အယုဒၶယၿမိဳ႕ကို ဝန္းရံ လုပ္ႀကံစဥ္က “က်ည္ဝ ႏွစ္မိုက္၊ အလ်ား ခုႏွစ္ေတာင္၊ က်ည္ေစ့လုံးပတ္ ႏွစ္ထြာ၊ အခ်ိန္ ငါးဆယ္ ထိုဗုံးအေျမာက္ႏွင့္ မီးျဖဴမီးဝါ သြတ္ ထားေသာ ျမတပူဆန္တို႔ျဖင့္ညေနညေနတိုင္း … ၿမိဳ႕တြင္းသို႔ ဆယ္လုံး ဆယ္လုံးစီမျပတ္ပစ္ခတ္” ေစေၾကာင္း ယိုးဒယား – ျမန္မာ စစ္သမိုင္းေမာ္ကြန္းတြင္ ပါရွိေလသည္။

 

Ctedit

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published.