မြန်မာ့ပထမဆုံး (ကုန်းဘောင်ခေတ်) အင်ဂျင်နီယာ (သို့မဟုတ်) ဖန်ချက်၀န်ဦးရွှေအိုး အကြောင်း

မြန်မာ့ပထမဆုံး (ကုန်းဘောင်ခေတ်) အင်ဂျင်နီယာ (သို့မဟုတ်) ဖန်ချက်၀န်ဦးရွှေအိုး အကြောင်း

 

 

 

မြန်မာ့ပထမဆုံးအင်ဂျင်နီယာ(နပိုလီယန်၏ကြယ်တာရာတံဆိပ်ကိုရရှိခဲ့သူ)

ကုန်းဘောင်ခေတ်နှောင်းပိုင်း မင်းတုန်းမင်းလက်ထက်တွင် ကနောင်မင်းသားကြီး၏ အစီအမံဖြင့် မြန်မာလူငယ်များကို နိုင်ငံရပ်ခြားတိုင်းပြည်များသို့ စေလွှတ်ပညာသင်စေရာ ပထမဆုံး မြန်မာလူမျိုးအင်ဂျင်နီယာဘွဲ့ရတစ်ဦးပေါ်ထွက်လာသည်။ ထိုသူမှာ ပြင်သစ်ပြန် ဖန်ချက်ဝန်ဦးရွှေအိုး ဖြစ်သည်။

ငယ်ဘဝအကျဉ်း

ဦးရွှေအိုးကို ၁၊ မတ်၊ ၁၈၃၆တွင် ရွှေဘိုခရိုင်၊ ကျောင်မြောင်းမြို့အပိုင်မှ နွယ်ငြိမ်းရွာတွင် ဖွားမြင်သည်။ မွေးချင်းငါးဦးအနက် ဒုတိယဖြစ်သည်။ ငါးနှစ်သားအရောက်တွင် နွယ်ငြိမ်းရွာ လက်ရေးကျောင်း၌ ပညာစတင်သင်ကြားခဲ့ပြီး ၁၀နှစ်သားတွင် ရှင်သာမဏေဝတ်ခဲ့သည်။

ထိုနောက် အမရပူရသို့ ပြောင်းရွှေ့ပညာသင်ယူရာ ဆရာတော်နှင့် အတူနန်းတွင်းသို့ လိုက်ပါရလေ့ရှိရာမှ မကြာမှီ နန်းတွင်း၌ လက်ဖက်ရည်တော် အဖြစ်အမှုထမ်းခွင့်ရသည်။ ထိုစဉ်ကာလအတွင်း ကနောင်မင်းသားကြီးက လူငယ်များအား ခေတ်မီအနောက်တိုင်း ပညာရပ်များ သင်ယူရန်စေလွှတ်လိုကြောင်း နောင်တော်မင်းတုန်းမင်းအားလျှောက်တင်ရာ သဘောတူညီသဖြင့် စေလွှတ်မည့်လူငယ်များကို ရွေးချယ်သည်။

ကာလကတ္တား(ယနေ့ ကိုလ်ကတ္တား)သို့ ဦးစွာစေလွှတ်သည့် ပညာတော်သင်ငါးဦးအဖွဲ့တွင် လက်ဖက်ရည်တော် မောင်ရွှေအိုးလည်းပါဝင်ခဲ့သည်။

ကာလကတ္တားသို့ သွားရောက်ခြင်း

 

၁၈၅၇-နှစ်လယ်ပိုင်းတွင် ပညာတော်သင်များအား ကနောင်မင်းသားကြီး ကိုယ်တိုင် နန်းတွင်းဆောင်၌ ရွှေးချယ်ခဲ့ရာ ပထမဆုံးစေလွှတ်မည့်သူများအဖြစ် မောင်ထွန်းအောင်၊ မောင်ညွှန့်၊ အောင်ပေါက်ကျိုင်း၊ မောင်ရွှေပင်နှင့် မောင်ရွှေအိုးတို့ရွှေးချယ်ခံကြရသည်။

ပညာတော်သင်များသည် နိုင်ငံရပ်ခြားတွင် ယဉ်ကျေးစွာနေထိုင်တတ်စေရန် အတုမရှိစံကျောင်းဆရာတော်ထံတွင် အခြေခံစာပေနှင့် ယဉ်ကျေးမှုရေးရာတို့ကို သင်ယူကြရသည်။ ယောမင်းကြီးဦးဘိုးလှိုင်ကလည်း ပညာတော်သင်များအထောက်အကူ ရရှိနိုင်ရန် အလင်္ကာနိဿယကျမ်း ခေါ် ပြဋ္ဌာန်းစာအုပ်ကိုအလျင်အမြန်ရေးသားပြုစုပြီး သင်ကြားပေးခဲ့သည်။ အခြေခံလေ့လာမှုများ ပြီးစီးကြပြီးနောက် ၁၈၅၇- နှစ်လယ်ပိုင်းတွင် ပညာတော်သင် ငါးဦး အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသည်။

ပညာတော်သင်များသည် ကာလကတ္တားရှိ ဒိုရေတန်ကောလိပ်(Doreton College) တွင်ပညာသင်ကြားကြရသည်။ ကျောင်းအုပ်ကြီး ဂျော့စမစ်ကလည်း မြန်မာကျောင်းသားများကို အကူအညီများစွာပေးခဲ့သည်။

 

မောင်ရွှေအိုးတို့ အဖွဲ့သည် အခြေခံအင်္ဂလိပ်ဘာသာစကားသင်ယူကြပြီးနောက် အခြားသိပ္ပံ နှင့် ဝိဇ္ဇာဘာသာရပ်များကို ဆည်းပူးကြသည်။ သင်ယူကြရသည့် ဘာသာရပ်များမှာ သင်္ချာ ၊ ရူပဗေဒ၊ဓာတုဗေဒ၊သတ္တဗေဒ၊ ပထဝီဝင်နှင့် သမိုင်းတို့ဖြစ်သည်။

ပြည်တော်ပြန်

မောင်ရွှေအိုးသည် ဒိုရေတန်ကောလိပ်တွင် တစ်နှစ်ခွဲကြာ ပညာဆည်းပူးခဲ့ပြီးနောက် ၁၈၅၈ နှစ်ကုန်ပိုင်းတွင် သင်္ဘောခရီးဖြင့် ပြန်လာခဲ့ကြသည်။ ရန်ကုန်တွင် ခရီးတစ်ထောက်နားကာ ၁၊ဖေဖော်ဝါရီ ၊ ၁၈၅၉တွင် မြန်မာဘုရင်ပိုင် ရေနန်းယဉ်သာ သင်္ဘောဖြင့် မန္တလေးနေပြည်တော်သို့ ပြန်လာကြသည်။ ရတနာပုံနန်းတွင်းသို့ ပြန်ရောက်ရာတွင် ကနောင်မင်းသားကြီးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့သည်။

ကံအားလျော်စွာပင် မောင်ရွှေအိုးတို့ ရန်ကုန်၌ရှိနေစဉ်အတွင်း အိန္ဒိယမှ အတူလိုက်ပါလာသည့် မြန်မာစကားတတ်ကျွမ်းသော ဘုန်းတော်ကြီး လေကွမ်တီ(Lecompte) နှင့်အတူ သာသနာပြု ဘီဂန်ဒေ(Ambrose Bigandet) ထံသွားရောက်တွေ့ဆုံရာမှ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး၏ ကိုယ်စားလှယ် ကောင့်ဟင်နရီ ဒီ ဆာဆေး (Count Henri de Sercey) နှင့်တွေ့ဆုံခဲ့ကြသည်။

ဆာဆေးသည် မြန်မာဘုရင်နှင့် ဆက်သွယ်ရန်ကြိုးစားနေသူဖြစ်သဖြင့် ရေနန်းယဉ်သာ သင်္ဘောဖြင့်ပင် ရတနာပုံနေပြည်တော်သို့ လိုက်ပါလာခဲ့သည်။ ၉၊ဖေဖော်ဝါရီ ၊ ၁၈၅၉တွင် မင်းတုန်းမင်းနှင့်တွေ့ဆုံခွင့်ရရာ မင်းတုန်းမင်းက ပြင်သစ်နိုင်ငံသို့ ပညာတော်သင် သုံးဦးစေလွှတ်လိုကြောင်း မိန့်ဆိုခဲ့ရာ သဘောတူသဖြင့် ကာလကတ္တားမှ ပြန်ရောက်စ မောင်ရွှေအိုးမှာ အတွင်းတော်မြဲ ရာထူးတိုးမြှင့်ခံရသလို ပြင်သစ်သို့ ပညာတော်သင်အဖြစ် ရွှေးချယ်စေလွှတ်ခံရပြန်သည်။

ပြင်သစ်နိုင်ငံသို့

၁၃၊ မတ်၊ ၁၈၅၉တွင် မင်းထင်ပညာသိဒ္ဓိကျော်ခေါင် ဘွဲ့ခံအတွင်းဝန် ဦးရွှေအိုးသည် အခြားပညာတော်သင် နှစ်ဦးနှင့်အတူ မန္တလေးမှ စတင်ထွက်ခွာခဲ့သည်။ ရန်ကုန်အရောက်တွင် ဘားမားအမည်ရှိ သင်္ဘောဖြင့် ကာလကတ္တားသို့ ခရီးဆက်ခဲ့ကြသည်။ အီတလီလူမျိုး အန်ဒရေနိုက ဦးရွှေအိုးတို့အား အိန္ဒိယသို့ လိုက်ပို့ပေးသည်။

ကာလကတ္တားသို့ရောက်သော် ထိုဒေသတွင် ဝမ်းရောဂါဖြစ်ပွားနေသောကြောင့် ကြာရှည်မနေထိုင်တော့ပဲ နီမိစစ်သင်္ဘောဖြင့် ဆက်လက်ခရီးထွက်ခဲ့သည်။ မဒရပ်စ်၊ သီရိလင်္ကာ၊ မော်လ်ဒိုက်၊အေဒင်ပင်လယ် ၊ ပင်လယ်နီတို့ကို ဖြတ်ကျော်ပြီး စူးအက်တူးမြောင်းသို့ ရောက်ရှိကြသည်။

 

စူးအက်တူးမြောင်း မှ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ မီးရထားဖြင့် ခရီးဆက်ကြသည်။ ထိုနောက် ကိုင်ရိုမှ စီယာမွိုက်သင်္ဘောဖြင့် ဆက်လက်ထွက်ခွာလာကြပြီး ၃၀၊ ဇူလိုင်၊ ၁၈၅၉တွင်ပြင်သစ်နိုင်ငံ တောင်ပိုင်းမှ မာဆေးလ်မြို့ သို့ရောက်ရှိကြသည်။

ဆာဆေး၏နေအိမ်တွင် တည်းခိုနေထိုင်ကြပြီး အင်္ဂလိပ်ပါမောက္ခဂျွန်ဆင်ထံတွင် ပြင်သစ်ဘာသာကို အဓိကသင်ယူကြသည်။ ထိုနောက် ဦးရွှေအိုးသည် ပါရီမြို့တော် ပင်သီယန်သိပ္ပံကျောင်းသို့ တက်ရောက်ခွင့်ရရှိသည်။

ပန်သီယန်ကျောင်းမှ သိပ္ပံဘွဲ့ ရရှိခဲ့ပြီးနောက် ၁၈၆၂တွင် ပါရီရှိ ဗဟို ဝိဇ္ဇာနှင့် ထုတ်လုပ်မှုကျောင်း(L’ecol des Arts et Manufactures) သို့ တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိခဲ့ပြန်သည်။ ထိုကျောင်းတွင် မဟာသိပ္ပံဘွဲ့လွန်တန်းတက်ရောက်နေရင်း တစ်ဖက်က မြို့ပြအင်ဂျင်နီယာ ဘွဲ့ရရန်အတွက်လည်း ပညာဆည်းပူးနေခဲ့သည်။ မြန်မာဘုရင်အစိုးရကလည်း ကောင်းစွာထောက်ပံ့ပေးနေခဲ့သည်။

၄၊မတ်၊ ၁၈၆၄မှစကာ ဦးရွှေအိုးအပါအဝင် ပညာတော်သင် သုံးဦးကိုလစဉ် အင်္ဂလိပ်ဒင်္ဂါး ၈၀ဝနှုန်းဖြင့် တစ်နှစ်စာ ဒင်္ဂါး ၉၆၀ဝကို ပေးပို့ခဲ့သည်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ကလည်း ပညာတော်သင်များကို ဂရုတစိုက်ပညာသင်စေသည်။

နိုင်ငံခြားရေးဝန်ကြီးက မကွေးမင်းကြီး ဦးကြာဥထံသို့ ၂၃၊ဇွန်၊ ၁၈၆၅ ရက်စွဲဖြင့် ပေးပို့သောစာတွင် မောင်ရွှေအိုးအား နောက်ထပ်နှစ်နှစ် ဆက်လက်ပညာသင်ခွင့်ပေးမည့် အကြောင်းကို ဖော်ပြခဲ့သည်။ သို့ဖြင့် ဦးရွှေအိုးသည် ၁၈၆၆၊ဩဂုတ်လ တွင် ပြင်သစ်နိုင်ငံမှ မြို့ပြအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သည်။

ထိုသို့ပညာတော်သင်နေစဉ်အတွင်း ဦးရွှေအိုးသည် ပြင်သစ်နိုင်ငံသူတစ်ဦးနှင့် အိမ်ထောင်ကျခဲ့ပြီး သားတစ်ယောက် ထွန်းကားခဲ့သည် ဟုဆိုကြသည်။

ဒုတိယပြည်တော်ပြန်

၁၈၆၆တွင် အိမ်ရှေ့စံ ကနောင်မင်းသားကြီး လုပ်ကြံခံရသောကြောင့် ဦးရွှေအိုးမှာ ငွေကြေးထောက်ပံ့သူ မရှိတော့သဖြင့် ပြင်သစ်သူဇနီးနှင့် သားတို့အား ထားရစ်ကာ မြန်မာနိုင်ငံသို့ ပြန်လာရသည်။ ၁၈၆၇နှစ်လယ်ပိုင်းတွင် ရန်ကုန်မှတဆင့် မန္တလေးသို့ ပြန်ရောက်လာကာ ယောအတွင်းဝန်ဦးဘိုးလှိုင်၏ လက်ထောက်စာရေးကြီးအဖြစ် အမှုထမ်းခဲ့သည်။

ထိုစဉ်အတွင်း ဖန်ချက်ပညာရပ်ဆိုင်ရာ “ဩသဓရတနာကရ” အမည်ရှိစာတမ်းကို ဆက်သွင်းခဲ့ရာ ဖန်ချက်ဝန်အဖြစ် ခန့်အပ်ခံရသည်။ တိုင်တားမင်းကြီးဦးဘိုး၏ သမီး နန္ဒာဒေဝီဘွဲ့ခံ မခင်တုတ်နှင့် လက်ဆက်ခဲ့ကာ သားသမီး ၅ ဦးထွန်းကားခဲ့သည်။ ဦးရွှေအိုးဟာ အင်္ဂလိပ်ဘာသာစကားရော၊ ပြင်သစ်ဘာသာစကားပါ ကျွမ်းကျင်တာကြောင့် ယောအတွင်းဝန် ဦးဘိုးလှိုင် လက်အောက်မှာ နိုင်ငံခြားရေးရာကိစ္စအဝဝအတွက် လုပ်ကိုင်အမှုထမ်းရသည်။

 

ထို့အပြင် ဦးရွှေအိုးသည် “ဩသဓရတနာကရ”အမည်ရ ဖန်ချက်ခြင်း ပညာရပ်ဆိုင်ရာစာတမ်းကို ရေးသားဆက်သွင်းခဲ့သည့်အတွက် ပထမဆုံးဖန်ချက်ဝန်အဖြစ်လည်း ခန့်အပ်ခြင်းခံခဲရသည်။ ဦးရွှေအိုးသည် ဖန်ချက်ဝန်အဖြစ် အမှုထမ်းစဉ်အတွင်း ပြင်သစ်ပညာရှင် Amdre Marie Anpere ပြုစုသော Chemistry ကျမ်းကိုမှီငြမ်းပြု၍ လောကဓာတ်ဆေးကျမ်းကြီး ခေါ် ဘာသာပြန် ဓာတုဗေဒကျမ်းတစ်စောင်ကိုလည်း ရေးသားခဲ့သည်။

၁၅၊ဇန်နဝါရီ၊ ၁၈၇၂တွင် ဝန်ကောက်ရာထူးသို့ တိုးမြှင့်ခံရကာကင်းဝန်မင်းကြီး ဦးကောင်းနှင့်အတူ ဥရောပသို့ သံအဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့ရသည်။ အပြန်တွင် မင်းတုန်းမင်း၏ ငြိုငြင်မှုကို ခံရပြီး ရာထူးကျခဲ့သေးသည်။

ကျောက်မြောင်းအတွင်းဝန်

၁၈၇၉တွင် သီပေါမင်းနန်းတက်လာပြီးနောက် ၁၈၈၀တွင် ဦးရွှေအိုးအား ကျောက်ရဲမြို့စားဝန်ထောက်အဖြစ် ရာထူးခန့်အပ်ခဲ့သည်။ ဩဂုတ်လတွင် မင်းကြီးသီရိမဟာဇေယျနန္ဒကျော်ထင် ဘွဲ့ခံအတွင်းဝန်အဖြစ် တိုးမြှင့်ခန့်အပ်ခံရသည်။ ထိုတာဝန်ကို ထမ်းဆောင်စဉ် ၂၊ဧပြီ၊ ၁၈၈၂တွင် အိန္ဒိယနိုင်ငံ ဆင်းမလားသို့ မြန်မာသံအဖွဲ့ကို ဦးဆောင်ကာ သွားရောက်ခဲ့သည်။

၁၈၈၃တွင် မြန်မာရာဇဝင်ပြုစုရေးအဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်အပ်ခံရသည်။ ကျောက်မြောင်းအတွင်းဝန်ရာထူးမှာ ဦးရွှေအိုးရရှိခဲ့သည့် အမြင့်ဆုံးရာထူးဖြစ်သည်။

မြန်မာဘုရင်မင်းမှုထမ်းတစ်ဦးအနေဖြင့် နောက်ဆုံးစွမ်းဆောင်ချက်မှာ ၂၅၊နိုဝင်ဘာ ၊ ၁၈၈၅တွင် ကင်းဝန်မင်းကြီး၊ တိုင်တားမင်းကြီး တို့နှင့်အတူ စစ်ပြေငြိမ်းရေးစာချွန်လွှာကို ညလုံးပေါက်ပြုစုကာ နောက်တစ်နေ့နံနက်၌ ရွာသစ်ကြီးအရောက် ဗြိတိသျှစစ်သင်္ဘောများရှိရာသို့ သွားရောက်ပို့ဆောင်ပေးခဲ့သည်။

သိပ္ပံပညာရှင် မိတ်ဆွေများ

အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်သည့် အားလျော်စွာ နိုင်ငံရပ်ခြားတွင် နေထိုင်စဉ်အတွင်း သိပ္ပံပညာရှင်တစ်ချို့နှင့် တွေ့ဆုံရင်းနှီးခွင့်ရခဲ့သည်။ ထိုသူများထဲတွင် ဓာတုဗေဒ အလှည့်ကျဇယား(Periodic Table) ကိုဖော်ထုတ်ခဲ့သူ ရုရှားသိပ္ပံပညာရှင် မင်ဒီလိ နှင့် လေယာဉ်ပျံသန်းရေးဆိုင်ရာ သိပ္ပံပညာရှင် အာဘယ်ဟူရိုဒဗီလ်နဖ် တို့မှာထင်ရှားသူများ ဖြစ်ကြသည်။

 

ဦးရွှေအိုးဟာ နပိုလီယံဘုရင်ရဲ့ ကြယ်တာရာတံဆိပ်ကိုပါ လက်ခံရရှိခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း သိပ္ပံပညာအပေါ်တွင် စိတ်ပါဝင်စားသူဖြစ်သည်။

ဘဝနိဂုံး

ဦးရွှေအိုးသည် ပြင်သစ်နိုင်ငံမှ မြို့ပြအင်ဂျင်နီယာဘွဲ့နှင့် နပိုလီယံဘုရင်၏ ကြယ်တာရာတံဆိပ်တို့ကို ရရှိခဲ့သူ ခေတ်ပညာတတ်တစ်ဦးဖြစ်သော်လည်း သီပေါမင်းပါတော်မူပြီးနောက် ဗြိတိသျှတို့ထံတွင် ဝင်ရောက်အမှုမထမ်းခဲ့ပေ။

မြန်မာနိုင်ငံအထက်ပိုင်း ကျောက်မြောင်းမြို့တွင် ရေခဲစက်လုပ်ငန်းကို တည်ထောင်ခဲ့ပြီး အားလပ်ချိန်များတွင် စာဖတ်ခြင်း၊ လက်ဆွဲဘာဂျာတီးခြင်းတို့ဖြင့် အနားယူလေ့ရှိသည်။ သီးသန့်စာကြည့်ခန်းတွင် စာအုပ်များကို စားပွဲလေးလုံးဖြင့် ထားရှိဖတ်ရှုလေ့ရှိသည်။

ဦးရွှေအိုးသည် အသက် ၆၉နှစ်အရွယ် ၂၂၊ ဒီဇင်ဘာ၊ ၁၉၀၅တွင် ကွယ်လွန်ခဲ့သည်။ ဗြိတိသျှတို့ လက်အောက်အမှုမထမ်းသည့် စိတ်ဓာတ်ရှိသူ၏ မျိုးဆက်များအဖြစ် သားဦးခင်မောင်ကြီးမှာ အက်ဖ်အေဘွဲ့ရသော်လည်း ဟုမ္မရူးအယ်ဒီတာအဖြစ်သာ တာဝန်ထမ်းခဲ့သည်။

ဦးခင်မောင်ကြီး နှင့် ဒေါ်နု တို့၏သား(ဦးရွှေအိုး၏မြေး) သခင်စံညွှန့်မှာလည်း တိုင်းပြည်အတွက် ခြေတစ်ဖက်ပေးဆပ်ခဲ့သည့် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲဝင် စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်သည်။

 

Credit

 

Zawgyi

 

ျမန္မာ့ပထမဆုံး (ကုန္းေဘာင္ေခတ္) အင္ဂ်င္နီယာ (သို႔မဟုတ္) ဖန္ခ်က္၀န္ဦးေ႐ႊအိုး အေၾကာင္း

 

 

ျမန္မာ့ပထမဆုံးအင္ဂ်င္နီယာ(နပိုလီယန္၏ၾကယ္တာရာတံဆိပ္ကိုရရွိခဲ့သူ)

ကုန္းေဘာင္ေခတ္ေႏွာင္းပိုင္း မင္းတုန္းမင္းလက္ထက္တြင္ ကေနာင္မင္းသားႀကီး၏ အစီအမံျဖင့္ ျမန္မာလူငယ္မ်ားကို နိုင္ငံရပ္ျခားတိုင္းျပည္မ်ားသို႔ ေစလႊတ္ပညာသင္ေစရာ ပထမဆုံး ျမန္မာလူမ်ိဳးအင္ဂ်င္နီယာဘြဲ႕ရတစ္ဦးေပၚထြက္လာသည္။ ထိုသူမွာ ျပင္သစ္ျပန္ ဖန္ခ်က္ဝန္ဦးေ႐ႊအိုး ျဖစ္သည္။

ငယ္ဘဝအက်ဥ္း

ဦးေ႐ႊအိုးကို ၁၊ မတ္၊ ၁၈၃၆တြင္ ေ႐ႊဘိုခရိုင္၊ ေက်ာင္ေျမာင္းၿမိဳ႕အပိုင္မွ ႏြယ္ၿငိမ္း႐ြာတြင္ ဖြားျမင္သည္။ ေမြးခ်င္းငါးဦးအနက္ ဒုတိယျဖစ္သည္။ ငါးႏွစ္သားအေရာက္တြင္ ႏြယ္ၿငိမ္း႐ြာ လက္ေရးေက်ာင္း၌ ပညာစတင္သင္ၾကားခဲ့ၿပီး ၁၀ႏွစ္သားတြင္ ရွင္သာမေဏဝတ္ခဲ့သည္။

ထိုေနာက္ အမရပူရသို႔ ေျပာင္းေ႐ႊ႕ပညာသင္ယူရာ ဆရာေတာ္ႏွင့္ အတူနန္းတြင္းသို႔ လိုက္ပါရေလ့ရွိရာမွ မၾကာမွီ နန္းတြင္း၌ လက္ဖက္ရည္ေတာ္ အျဖစ္အမႈထမ္းခြင့္ရသည္။ ထိုစဥ္ကာလအတြင္း ကေနာင္မင္းသားႀကီးက လူငယ္မ်ားအား ေခတ္မီအေနာက္တိုင္း ပညာရပ္မ်ား သင္ယူရန္ေစလႊတ္လိုေၾကာင္း ေနာင္ေတာ္မင္းတုန္းမင္းအားေလွ်ာက္တင္ရာ သေဘာတူညီသျဖင့္ ေစလႊတ္မည့္လူငယ္မ်ားကို ေ႐ြးခ်ယ္သည္။

ကာလကတၱား(ယေန႕ ကိုလ္ကတၱား)သို႔ ဦးစြာေစလႊတ္သည့္ ပညာေတာ္သင္ငါးဦးအဖြဲ႕တြင္ လက္ဖက္ရည္ေတာ္ ေမာင္ေ႐ႊအိုးလည္းပါဝင္ခဲ့သည္။

ကာလကတၱားသို႔ သြားေရာက္ျခင္း

 

၁၈၅၇-ႏွစ္လယ္ပိုင္းတြင္ ပညာေတာ္သင္မ်ားအား ကေနာင္မင္းသားႀကီး ကိုယ္တိုင္ နန္းတြင္းေဆာင္၌ ေ႐ႊးခ်ယ္ခဲ့ရာ ပထမဆုံးေစလႊတ္မည့္သူမ်ားအျဖစ္ ေမာင္ထြန္းေအာင္၊ ေမာင္ၫႊန႔္၊ ေအာင္ေပါက္က်ိဳင္း၊ ေမာင္ေ႐ႊပင္ႏွင့္ ေမာင္ေ႐ႊအိုးတို႔ေ႐ႊးခ်ယ္ခံၾကရသည္။

ပညာေတာ္သင္မ်ားသည္ နိုင္ငံရပ္ျခားတြင္ ယဥ္ေက်းစြာေနထိုင္တတ္ေစရန္ အတုမရွိစံေက်ာင္းဆရာေတာ္ထံတြင္ အေျခခံစာေပႏွင့္ ယဥ္ေက်းမႈေရးရာတို႔ကို သင္ယူၾကရသည္။ ေယာမင္းႀကီးဦးဘိုးလွိုင္ကလည္း ပညာေတာ္သင္မ်ားအေထာက္အကူ ရရွိနိုင္ရန္ အလကၤာနိႆယက်မ္း ေခၚ ျပ႒ာန္းစာအုပ္ကိုအလ်င္အျမန္ေရးသားျပဳစုၿပီး သင္ၾကားေပးခဲ့သည္။ အေျခခံေလ့လာမႈမ်ား ၿပီးစီးၾကၿပီးေနာက္ ၁၈၅၇- ႏွစ္လယ္ပိုင္းတြင္ ပညာေတာ္သင္ ငါးဦး အိႏၵိယနိုင္ငံသို႔ ထြက္ခြာသြားသည္။

ပညာေတာ္သင္မ်ားသည္ ကာလကတၱားရွိ ဒိုေရတန္ေကာလိပ္(Doreton College) တြင္ပညာသင္ၾကားၾကရသည္။ ေက်ာင္းအုပ္ႀကီး ေဂ်ာ့စမစ္ကလည္း ျမန္မာေက်ာင္းသားမ်ားကို အကူအညီမ်ားစြာေပးခဲ့သည္။

 

ေမာင္ေ႐ႊအိုးတို႔ အဖြဲ႕သည္ အေျခခံအဂၤလိပ္ဘာသာစကားသင္ယူၾကၿပီးေနာက္ အျခားသိပၸံ ႏွင့္ ဝိဇၨာဘာသာရပ္မ်ားကို ဆည္းပူးၾကသည္။ သင္ယူၾကရသည့္ ဘာသာရပ္မ်ားမွာ သခၤ်ာ ၊ ႐ူပေဗဒ၊ဓာတုေဗဒ၊သတၱေဗဒ၊ ပထဝီဝင္ႏွင့္ သမိုင္းတို႔ျဖစ္သည္။

ျပည္ေတာ္ျပန္

ေမာင္ေ႐ႊအိုးသည္ ဒိုေရတန္ေကာလိပ္တြင္ တစ္ႏွစ္ခြဲၾကာ ပညာဆည္းပူးခဲ့ၿပီးေနာက္ ၁၈၅၈ ႏွစ္ကုန္ပိုင္းတြင္ သေဘၤာခရီးျဖင့္ ျပန္လာခဲ့ၾကသည္။ ရန္ကုန္တြင္ ခရီးတစ္ေထာက္နားကာ ၁၊ေဖေဖာ္ဝါရီ ၊ ၁၈၅၉တြင္ ျမန္မာဘုရင္ပိုင္ ေရနန္းယဥ္သာ သေဘၤာျဖင့္ မႏၲေလးေနျပည္ေတာ္သို႔ ျပန္လာၾကသည္။ ရတနာပုံနန္းတြင္းသို႔ ျပန္ေရာက္ရာတြင္ ကေနာင္မင္းသားႀကီးက ဝမ္းေျမာက္ဝမ္းသာ ႀကိဳဆိုခဲ့သည္။

ကံအားေလ်ာ္စြာပင္ ေမာင္ေ႐ႊအိုးတို႔ ရန္ကုန္၌ရွိေနစဥ္အတြင္း အိႏၵိယမွ အတူလိုက္ပါလာသည့္ ျမန္မာစကားတတ္ကြၽမ္းေသာ ဘုန္းေတာ္ႀကီး ေလကြမ္တီ(Lecompte) ႏွင့္အတူ သာသနာျပဳ ဘီဂန္ေဒ(Ambrose Bigandet) ထံသြားေရာက္ေတြ႕ဆုံရာမွ ျပင္သစ္နိုင္ငံျခားေရးဝန္ႀကီး၏ ကိုယ္စားလွယ္ ေကာင့္ဟင္နရီ ဒီ ဆာေဆး (Count Henri de Sercey) ႏွင့္ေတြ႕ဆုံခဲ့ၾကသည္။

ဆာေဆးသည္ ျမန္မာဘုရင္ႏွင့္ ဆက္သြယ္ရန္ႀကိဳးစားေနသူျဖစ္သျဖင့္ ေရနန္းယဥ္သာ သေဘၤာျဖင့္ပင္ ရတနာပုံေနျပည္ေတာ္သို႔ လိုက္ပါလာခဲ့သည္။ ၉၊ေဖေဖာ္ဝါရီ ၊ ၁၈၅၉တြင္ မင္းတုန္းမင္းႏွင့္ေတြ႕ဆုံခြင့္ရရာ မင္းတုန္းမင္းက ျပင္သစ္နိုင္ငံသို႔ ပညာေတာ္သင္ သုံးဦးေစလႊတ္လိုေၾကာင္း မိန႔္ဆိုခဲ့ရာ သေဘာတူသျဖင့္ ကာလကတၱားမွ ျပန္ေရာက္စ ေမာင္ေ႐ႊအိုးမွာ အတြင္းေတာ္ၿမဲ ရာထူးတိုးျမႇင့္ခံရသလို ျပင္သစ္သို႔ ပညာေတာ္သင္အျဖစ္ ေ႐ႊးခ်ယ္ေစလႊတ္ခံရျပန္သည္။

ျပင္သစ္နိုင္ငံသို႔

၁၃၊ မတ္၊ ၁၈၅၉တြင္ မင္းထင္ပညာသိဒၶိေက်ာ္ေခါင္ ဘြဲ႕ခံအတြင္းဝန္ ဦးေ႐ႊအိုးသည္ အျခားပညာေတာ္သင္ ႏွစ္ဦးႏွင့္အတူ မႏၲေလးမွ စတင္ထြက္ခြာခဲ့သည္။ ရန္ကုန္အေရာက္တြင္ ဘားမားအမည္ရွိ သေဘၤာျဖင့္ ကာလကတၱားသို႔ ခရီးဆက္ခဲ့ၾကသည္။ အီတလီလူမ်ိဳး အန္ဒေရနိုက ဦးေ႐ႊအိုးတို႔အား အိႏၵိယသို႔ လိုက္ပို႔ေပးသည္။

ကာလကတၱားသို႔ေရာက္ေသာ္ ထိုေဒသတြင္ ဝမ္းေရာဂါျဖစ္ပြားေနေသာေၾကာင့္ ၾကာရွည္မေနထိုင္ေတာ့ပဲ နီမိစစ္သေဘၤာျဖင့္ ဆက္လက္ခရီးထြက္ခဲ့သည္။ မဒရပ္စ္၊ သီရိလကၤာ၊ ေမာ္လ္ဒိုက္၊ေအဒင္ပင္လယ္ ၊ ပင္လယ္နီတို႔ကို ျဖတ္ေက်ာ္ၿပီး စူးအက္တူးေျမာင္းသို႔ ေရာက္ရွိၾကသည္။

 

စူးအက္တူးေျမာင္း မွ အီဂ်စ္နိုင္ငံ ကိုင္ရိုၿမိဳ႕သို႔ မီးရထားျဖင့္ ခရီးဆက္ၾကသည္။ ထိုေနာက္ ကိုင္ရိုမွ စီယာမြိုက္သေဘၤာျဖင့္ ဆက္လက္ထြက္ခြာလာၾကၿပီး ၃၀၊ ဇူလိုင္၊ ၁၈၅၉တြင္ျပင္သစ္နိုင္ငံ ေတာင္ပိုင္းမွ မာေဆးလ္ၿမိဳ႕ သို႔ေရာက္ရွိၾကသည္။

ဆာေဆး၏ေနအိမ္တြင္ တည္းခိုေနထိုင္ၾကၿပီး အဂၤလိပ္ပါေမာကၡဂြၽန္ဆင္ထံတြင္ ျပင္သစ္ဘာသာကို အဓိကသင္ယူၾကသည္။ ထိုေနာက္ ဦးေ႐ႊအိုးသည္ ပါရီၿမိဳ႕ေတာ္ ပင္သီယန္သိပၸံေက်ာင္းသို႔ တက္ေရာက္ခြင့္ရရွိသည္။

ပန္သီယန္ေက်ာင္းမွ သိပၸံဘြဲ႕ ရရွိခဲ့ၿပီးေနာက္ ၁၈၆၂တြင္ ပါရီရွိ ဗဟို ဝိဇၨာႏွင့္ ထုတ္လုပ္မႈေက်ာင္း(L’ecol des Arts et Manufactures) သို႔ တိုက္ရိုက္ဝင္ေရာက္ခြင့္ရရွိခဲ့ျပန္သည္။ ထိုေက်ာင္းတြင္ မဟာသိပၸံဘြဲ႕လြန္တန္းတက္ေရာက္ေနရင္း တစ္ဖက္က ၿမိဳ႕ျပအင္ဂ်င္နီယာ ဘြဲ႕ရရန္အတြက္လည္း ပညာဆည္းပူးေနခဲ့သည္။ ျမန္မာဘုရင္အစိုးရကလည္း ေကာင္းစြာေထာက္ပံ့ေပးေနခဲ့သည္။

၄၊မတ္၊ ၁၈၆၄မွစကာ ဦးေ႐ႊအိုးအပါအဝင္ ပညာေတာ္သင္ သုံးဦးကိုလစဥ္ အဂၤလိပ္ဒဂၤါး ၈၀ဝႏႈန္းျဖင့္ တစ္ႏွစ္စာ ဒဂၤါး ၉၆၀ဝကို ေပးပို႔ခဲ့သည္။ ျပင္သစ္နိုင္ငံျခားေရးဝန္ႀကီးကိုယ္တိုင္ကလည္း ပညာေတာ္သင္မ်ားကို ဂ႐ုတစိုက္ပညာသင္ေစသည္။

နိုင္ငံျခားေရးဝန္ႀကီးက မေကြးမင္းႀကီး ဦးၾကာဥထံသို႔ ၂၃၊ဇြန္၊ ၁၈၆၅ ရက္စြဲျဖင့္ ေပးပို႔ေသာစာတြင္ ေမာင္ေ႐ႊအိုးအား ေနာက္ထပ္ႏွစ္ႏွစ္ ဆက္လက္ပညာသင္ခြင့္ေပးမည့္ အေၾကာင္းကို ေဖာ္ျပခဲ့သည္။ သို႔ျဖင့္ ဦးေ႐ႊအိုးသည္ ၁၈၆၆၊ဩဂုတ္လ တြင္ ျပင္သစ္နိုင္ငံမွ ၿမိဳ႕ျပအင္ဂ်င္နီယာဘြဲ႕ကို ရရွိခဲ့သည္။

ထိုသို႔ပညာေတာ္သင္ေနစဥ္အတြင္း ဦးေ႐ႊအိုးသည္ ျပင္သစ္နိုင္ငံသူတစ္ဦးႏွင့္ အိမ္ေထာင္က်ခဲ့ၿပီး သားတစ္ေယာက္ ထြန္းကားခဲ့သည္ ဟုဆိုၾကသည္။

ဒုတိယျပည္ေတာ္ျပန္

၁၈၆၆တြင္ အိမ္ေရွ႕စံ ကေနာင္မင္းသားႀကီး လုပ္ႀကံခံရေသာေၾကာင့္ ဦးေ႐ႊအိုးမွာ ေငြေၾကးေထာက္ပံ့သူ မရွိေတာ့သျဖင့္ ျပင္သစ္သူဇနီးႏွင့္ သားတို႔အား ထားရစ္ကာ ျမန္မာနိုင္ငံသို႔ ျပန္လာရသည္။ ၁၈၆၇ႏွစ္လယ္ပိုင္းတြင္ ရန္ကုန္မွတဆင့္ မႏၲေလးသို႔ ျပန္ေရာက္လာကာ ေယာအတြင္းဝန္ဦးဘိုးလွိုင္၏ လက္ေထာက္စာေရးႀကီးအျဖစ္ အမႈထမ္းခဲ့သည္။

ထိုစဥ္အတြင္း ဖန္ခ်က္ပညာရပ္ဆိုင္ရာ “ဩသဓရတနာကရ” အမည္ရွိစာတမ္းကို ဆက္သြင္းခဲ့ရာ ဖန္ခ်က္ဝန္အျဖစ္ ခန႔္အပ္ခံရသည္။ တိုင္တားမင္းႀကီးဦးဘိုး၏ သမီး နႏၵာေဒဝီဘြဲ႕ခံ မခင္တုတ္ႏွင့္ လက္ဆက္ခဲ့ကာ သားသမီး ၅ ဦးထြန္းကားခဲ့သည္။ ဦးေ႐ႊအိုးဟာ အဂၤလိပ္ဘာသာစကားေရာ၊ ျပင္သစ္ဘာသာစကားပါ ကြၽမ္းက်င္တာေၾကာင့္ ေယာအတြင္းဝန္ ဦးဘိုးလွိုင္ လက္ေအာက္မွာ နိုင္ငံျခားေရးရာကိစၥအဝဝအတြက္ လုပ္ကိုင္အမႈထမ္းရသည္။

 

ထို႔အျပင္ ဦးေ႐ႊအိုးသည္ “ဩသဓရတနာကရ”အမည္ရ ဖန္ခ်က္ျခင္း ပညာရပ္ဆိုင္ရာစာတမ္းကို ေရးသားဆက္သြင္းခဲ့သည့္အတြက္ ပထမဆုံးဖန္ခ်က္ဝန္အျဖစ္လည္း ခန႔္အပ္ျခင္းခံခဲရသည္။ ဦးေ႐ႊအိုးသည္ ဖန္ခ်က္ဝန္အျဖစ္ အမႈထမ္းစဥ္အတြင္း ျပင္သစ္ပညာရွင္ Amdre Marie Anpere ျပဳစုေသာ Chemistry က်မ္းကိုမွီျငမ္းျပဳ၍ ေလာကဓာတ္ေဆးက်မ္းႀကီး ေခၚ ဘာသာျပန္ ဓာတုေဗဒက်မ္းတစ္ေစာင္ကိုလည္း ေရးသားခဲ့သည္။

၁၅၊ဇန္နဝါရီ၊ ၁၈၇၂တြင္ ဝန္ေကာက္ရာထူးသို႔ တိုးျမႇင့္ခံရကာကင္းဝန္မင္းႀကီး ဦးေကာင္းႏွင့္အတူ ဥေရာပသို႔ သံအဖြဲ႕ဝင္အျဖစ္ လိုက္ပါခဲ့ရသည္။ အျပန္တြင္ မင္းတုန္းမင္း၏ ၿငိဳျငင္မႈကို ခံရၿပီး ရာထူးက်ခဲ့ေသးသည္။

ေက်ာက္ေျမာင္းအတြင္းဝန္

၁၈၇၉တြင္ သီေပါမင္းနန္းတက္လာၿပီးေနာက္ ၁၈၈၀တြင္ ဦးေ႐ႊအိုးအား ေက်ာက္ရဲၿမိဳ႕စားဝန္ေထာက္အျဖစ္ ရာထူးခန႔္အပ္ခဲ့သည္။ ဩဂုတ္လတြင္ မင္းႀကီးသီရိမဟာေဇယ်နႏၵေက်ာ္ထင္ ဘြဲ႕ခံအတြင္းဝန္အျဖစ္ တိုးျမႇင့္ခန႔္အပ္ခံရသည္။ ထိုတာဝန္ကို ထမ္းေဆာင္စဥ္ ၂၊ဧၿပီ၊ ၁၈၈၂တြင္ အိႏၵိယနိုင္ငံ ဆင္းမလားသို႔ ျမန္မာသံအဖြဲ႕ကို ဦးေဆာင္ကာ သြားေရာက္ခဲ့သည္။

၁၈၈၃တြင္ ျမန္မာရာဇဝင္ျပဳစုေရးအဖြဲ႕ဝင္တစ္ဦးအျဖစ္ ခန႔္အပ္ခံရသည္။ ေက်ာက္ေျမာင္းအတြင္းဝန္ရာထူးမွာ ဦးေ႐ႊအိုးရရွိခဲ့သည့္ အျမင့္ဆုံးရာထူးျဖစ္သည္။

ျမန္မာဘုရင္မင္းမႈထမ္းတစ္ဦးအေနျဖင့္ ေနာက္ဆုံးစြမ္းေဆာင္ခ်က္မွာ ၂၅၊နိုဝင္ဘာ ၊ ၁၈၈၅တြင္ ကင္းဝန္မင္းႀကီး၊ တိုင္တားမင္းႀကီး တို႔ႏွင့္အတူ စစ္ေျပၿငိမ္းေရးစာခြၽန္လႊာကို ညလုံးေပါက္ျပဳစုကာ ေနာက္တစ္ေန႕နံနက္၌ ႐ြာသစ္ႀကီးအေရာက္ ၿဗိတိသွ်စစ္သေဘၤာမ်ားရွိရာသို႔ သြားေရာက္ပို႔ေဆာင္ေပးခဲ့သည္။

သိပၸံပညာရွင္ မိတ္ေဆြမ်ား

အင္ဂ်င္နီယာဘြဲ႕ရတစ္ဦးျဖစ္သည့္ အားေလ်ာ္စြာ နိုင္ငံရပ္ျခားတြင္ ေနထိုင္စဥ္အတြင္း သိပၸံပညာရွင္တစ္ခ်ိဳ႕ႏွင့္ ေတြ႕ဆုံရင္းႏွီးခြင့္ရခဲ့သည္။ ထိုသူမ်ားထဲတြင္ ဓာတုေဗဒ အလွည့္က်ဇယား(Periodic Table) ကိုေဖာ္ထုတ္ခဲ့သူ ႐ုရွားသိပၸံပညာရွင္ မင္ဒီလိ ႏွင့္ ေလယာဥ္ပ်ံသန္းေရးဆိုင္ရာ သိပၸံပညာရွင္ အာဘယ္ဟူရိုဒဗီလ္နဖ္ တို႔မွာထင္ရွားသူမ်ား ျဖစ္ၾကသည္။

 

ဦးေ႐ႊအိုးဟာ နပိုလီယံဘုရင္ရဲ႕ ၾကယ္တာရာတံဆိပ္ကိုပါ လက္ခံရရွိခဲ့ပါတယ္။ ကိုယ္တိုင္ကလည္း သိပၸံပညာအေပၚတြင္ စိတ္ပါဝင္စားသူျဖစ္သည္။

ဘဝနိဂုံး

ဦးေ႐ႊအိုးသည္ ျပင္သစ္နိုင္ငံမွ ၿမိဳ႕ျပအင္ဂ်င္နီယာဘြဲ႕ႏွင့္ နပိုလီယံဘုရင္၏ ၾကယ္တာရာတံဆိပ္တို႔ကို ရရွိခဲ့သူ ေခတ္ပညာတတ္တစ္ဦးျဖစ္ေသာ္လည္း သီေပါမင္းပါေတာ္မူၿပီးေနာက္ ၿဗိတိသွ်တို႔ထံတြင္ ဝင္ေရာက္အမႈမထမ္းခဲ့ေပ။

ျမန္မာနိုင္ငံအထက္ပိုင္း ေက်ာက္ေျမာင္းၿမိဳ႕တြင္ ေရခဲစက္လုပ္ငန္းကို တည္ေထာင္ခဲ့ၿပီး အားလပ္ခ်ိန္မ်ားတြင္ စာဖတ္ျခင္း၊ လက္ဆြဲဘာဂ်ာတီးျခင္းတို႔ျဖင့္ အနားယူေလ့ရွိသည္။ သီးသန႔္စာၾကည့္ခန္းတြင္ စာအုပ္မ်ားကို စားပြဲေလးလုံးျဖင့္ ထားရွိဖတ္ရႈေလ့ရွိသည္။

ဦးေ႐ႊအိုးသည္ အသက္ ၆၉ႏွစ္အ႐ြယ္ ၂၂၊ ဒီဇင္ဘာ၊ ၁၉၀၅တြင္ ကြယ္လြန္ခဲ့သည္။ ၿဗိတိသွ်တို႔ လက္ေအာက္အမႈမထမ္းသည့္ စိတ္ဓာတ္ရွိသူ၏ မ်ိဳးဆက္မ်ားအျဖစ္ သားဦးခင္ေမာင္ႀကီးမွာ အက္ဖ္ေအဘြဲ႕ရေသာ္လည္း ဟုမၼ႐ူးအယ္ဒီတာအျဖစ္သာ တာဝန္ထမ္းခဲ့သည္။

ဦးခင္ေမာင္ႀကီး ႏွင့္ ေဒၚႏု တို႔၏သား(ဦးေ႐ႊအိုး၏ေျမး) သခင္စံၫႊန႔္မွာလည္း တိုင္းျပည္အတြက္ ေျခတစ္ဖက္ေပးဆပ္ခဲ့သည့္ ျမန္မာ့လြတ္လပ္ေရးတိုက္ပြဲဝင္ စစ္မႈထမ္းေဟာင္းတစ္ဦး ျဖစ္သည္။

 

Credit

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published.