မောင်သာရ

တချိန်တုန်းကစာပေလောကမှာအရမ်းနာမည်ကြီးခဲ့တဲ့စာရေးဆရာတယောက်ရှိခဲ့ဘူး။နာမည်က မောင်သာရသူ့စာအုပ်တွေကိုစွဲစွဲလမ်းလမ်းကိုဖတ်ခဲ့ဘူးတယ်။

Note: ဆရာ့ဝတ္တူစာအုပ်မျက်နာဖုံးကာဗာတွေစုဆောင်းနေလို့မိတ်ဆွေတို့ဆီမှာကာဗာမျက်နာဖုံးရှိခဲ့ရင်ကော်မန့်မှာပို့ပေးစေချင်။

မတ်တပ်ရပ် လို့လမ်းမှာငို

ဝတ္တူနဲ့အမျိုးသားစာပေဆုရခဲ့။အဲဒီဝတ္တူရေးဖို့ဆရာကိုယ်တိုင်လေးဘီးတက္ကစီမောင်းပြီးကားသမားဘဝကိုလေ့လာပြီးရေးခဲ့။ဆရာကစာအုပ်တအုပ်ရေးပြီဆိုရင်အဲဒီလောကကိုထဲထဲဝင်ဝင်လေ့လာပြီးမှရေးတတ်တာဆရာ့ရဲ့အလှ။လေးကောင်ဂျင်လောကကိုရေးဖွဲ့ထားတဲ့ဝတ္တူတအုပ်လည်းရှိ။

ဆရာကုန်ဈေးတန်းအောက်လမ်းမှာနေခဲ့တုန်းကလည်းမိသားစုချင်းခင်ခဲ့ကြ။ဆရာ့သားတွေနဲ့ဘော်လုံးကန်ဖက်တွေ။အဖေကစာပေစီစစ်ရေးမှာလုပ်တော့လည်းဆရာ့စာအုပ်တွေစီစစ်ခဲ့ရ။ဆရာနဲ့သိကျွမ်းဆရာ့စာအုပ်တွေကအဲဒီခေတ်ကမဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)ဥပဒေနဲ့ခဏခဏငြိစွန်းဆင်ဆာကတော်ရုံနဲ့မကျလာ။

အဖေပြောပြတဲ့ဟာသတပုဒ်တရက်

အဖေ့ရုံးခန်းမှာဆရာမင်းသိခ်လည်းရောက်ဆရာလည်းရှိနေ။ဆရာမင်းသိခ်ကဆရာသာရကိုအကြံပေး။ဆရာ့ဇတ်အိမ်တွေကလက်ရှိခေတ်ကိုနောက်ခံထားတော့ဆင်ဆာညှိပြီပေါ့။ကျနော်လိုဟိုးအန်းတစ်ခေတ်လမ်းမတော်ဖိုးတုပ်တို့ခေတ်ဆားပုလင်း‌နှင်းမောင်။ဘုံပြတ်ဘမောင်တို့ရဲ့ခေတ်တွေကိုနောက်ခံထားရင်ဘာဆင်ဆာမှညှိစရာမရှိ။ဆရာကသဘောကျပြီးဟားတိုက်ရယ်။

အဖေပြောပြတဲ့ဆရာ့အကြောင်း

စိတ်ဝင်စားစရာကလောင် နာမည်‌မောင်သာရဘယ်လိုဖြစ်လာသလဲဆိုတာ။ဖဆပလခေတ်ကရန်ကင်းမြို့တည်တော့Slogan ဆောင်ပုဒ်တခုထွက်ပြည်တော်သာရမည်။အဲဒီက သာရဆိုတဲ့နာမည်မှာမောင်ထဲ့လိုက်တော့မောင်သာရဖြစ်သွားတာ။

ဆရာ့နာမည်အရင်းကသိန်းလွင်။ဆရာကသူ့စာအုပ်နာမည်ပေးတာလည်းလှပ။ဆရာ့မူကအနဲဆုံးminimumစာလုံး၅လုံးဖြစ်ရမယ်။၅လုံးထက်မနည်းရဘူး။ပိုခွင့်ရှိ။သူ့စာအုပ်နာမည်တွေကမဖတ်ခင်ကထဲကဆွဲဆောင်မူရှိ။အကြိုက်ဆုံးစာအုပ်နာမည်တခုကဆရာ့ရဲ့နာမည်ကြီးဝတ္တူတပုဒ်((ထမီကျွတ်၍လွတ်လိုက်သည်))((စီးပလေ့စေ မောင်မသုတ်နဲ့)) အဲဒီနာမည်လည်းလှ။

မရှင်းသေးတာတခုက

အချို့ကညာရွှေတခက်ကြွေရွက်စောကဆရာ့ရဲ့ပထမဆုံးဝတ္တူလို့လည်းပြောကြ။ဂျာနယ်တခုမှာတော့မျိုးမမပကာသနီလို့လည်းရေးထား။ဘယ်ဟာမှန်သလဲတော့မသိ။ဆရာကစာအုပ်ရေးရင်ဟိုတယ်မှာနေပြီးMoodမူဒ်အပြည့်နဲ့ရေးတယ်။Orient hotel (ပပဝင်းရုံအရှေ့က) မှာတည်းတာများတယ်။ဆရာ့ရဲ့စာပေအပေါ်မှာထားတဲ့ရိုးသားမူတခု။ငွေကြေးဆိုတဲ့ပေတံနဲ့အနုပညာကိုမလဲခဲ့ဘူး။

အဲဒီခေတ်ကနာမည်ကြီးစာရေးဆရာတယောက်(နာမည်ထိန်ချန်ထားမယ်)ဆိုရင်ရှဲဒိုးရေးခိုင်းပြီးဆရာကသူ့နာမည်တပ်ရုံဘဲ ဝင်ငွေရွှင်ပြီပေါ့တအုပ်ပြီးတအုပ်။ဆရာမောင်သာရကတော့ဘယ်တော့မှအဲဒီလိုမလုပ်ခဲ့။၈၀ကျော်ကျော်တုန်းကလည်းသာရမဂ္ဂဇင်းထုတ်လိုက်သေး။

ဝတ္တူတိုတပုဒ် နုနုရည်အင်းဝရဲ့နမ်းမှာလားမောင်ရယ်မွှေးတဲ့ရှင့် ကတော်တော်လေးဟိုးလေးတကျော်ဖြစ်ခဲ့။အဲဒီဝတ္တူကိုထောက်ခံသူနဲ့မထောက်ခံတဲ့အုပ်စုတွေကြားငြင်းကြခုန်ကြနဲ့စိတ်ဝင်စားဖို့ ကောင်း။

ဘာဘဲပြောပြောတချိန်တုန်းကမောင်သာရဆိုတဲ့Gifted ပါရမီရှင်စာရေးဆရာတယောက်မြန်မာ့စာပေလောကမှာရှိခဲ့ဘူးတယ်ဆိုတာနောက်မျိုးဆက်တွေကိုသိစေချင်တာဒီပိုစ်ရဲ့ messageပါ။

Credit : ကျော်လှ@Lalu Bhai

Likes:
0 0
Views:
700
Article Categories:
Booksမောင်သာရ

Leave a Reply

Your email address will not be published. Required fields are marked *